စက်လှေသမား ကိုကျောက်ကြီးအောင်တယောက် ရာသီဥတုအခြေအနေကြောင့်
စက်လှေကိုနီးစပ်ရာ ရွာတစ်ရွာနားမှာ ကမ်းကပ်ထားလိုက်ရပါတယ်။
ပါလာတဲ့ တခြားသူတွေကမ်းပေါ်တက်ပြီး လျှောက်လည်နေချိန်မှာ ကိုကျောက်ကြီးအောင်က
စက်လှေပေါ်ပါလာတဲ့ ၀န်စည်စလှယ်တွေကို စိတ်မချတာကြောင့်
စက်လှေစောင့်ရင်းကျန်ခဲ့တာပေါ့။
နည်းနည်းညနက်လာတော့ တခြားစက်လှေနှစ်စီး သူ့စက်လှေနားမှာပဲ လာကျောက်ချပြီးရပ်တယ်။
ခဏအကြာ တခြားစက်လှေပေါ်ကလူတွေလဲ အသီးသီးအိပ်သွားကြပေမယ့်
ကိုကျောက်ကြီးအောင်တယောက်ကတော့ သူခိုးရန်ကိုကြောက်လို့ မအိပ်နိုင်ပါဘူး။
ဒီလိုနဲ့ သန်းကောင်ကျော်ချိန်ရောက်လာတော့ တဖြတ်ဖြတ်ရေသံကြားတာနဲ့
ကိုကြောက်ကြီးအောင်လဲ ကမန်းကတန်းစက်လှေခေါင်မိုးပေါ်ပြေးတက်ပြီး ကြည့်လိုက်တဲ့အခါ
လှေကလေးတစ်စီးကိုလှော်ခတ်ရင်း သူ့စက်လှေနားကပ်လာတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။
အဲဒီလူဟာ သူ့လှေကို ကိုကျောက်ကြီးအောင်ရဲ့စက်လှေနဲ့ပူးချည်ပြီး
စက်လှေပေါ်ခုန်တက်လာပါတယ်။
ပြီးတော့ စက်လှေပေါ်ကို ဟိုဒီကြည့်ပြီး ဆန်အိတ်တစ်အိတ်ကိုကောက်ထမ်းလိုက်ပါတယ်။
ဒီအချိန်မှာ ကိုကျောက်ကြီးအောင် သူ့အနီးအနားကိုလှည့်ပတ်ကြည့်လိုက်ပေမယ့်
လက်နက်ကိရိယာသေးသေးမွှားမွှားတောင်မှ မတွေ့ရပါဘူး။
ကြံရာမရတဲ့အဆုံး ကိုကျောက်ကြီးအောင်လဲ - ဒိုင်း - ဆိုပြီး
ပါးစပ်ကအသံကုန်အော်ထဲ့လိုက်ပါတော့တယ်။
အဲဒီတော့မှ သူခိုးလဲဆန်အိတ်ကို ပစ်ချပြီး ရေထဲခုန်ချ ကူးပြေးပါရောလား။
ဘေးနားစက်လှေကလူတွေလဲနိုးလာပြီး ကိုကျောက်ကြီးအောင်စက်လှေပေါ်ကိုပြေးတက်လာကြတယ်။
အကျိုးအကြောင်းရှင်းပြရင်း ကိုကျောက်ကြီးအောင်လဲ
ရေထဲကူးခတ်နေတဲ့သူခိုးကိုရပ်ကြည့်နေမိတယ်။
ခဏအကြာသူခိုးဟာ တဖက်ကမ်းပေါ်ကိုရောက်သွားပြီး ပုဆိုးပြင်ဝတ်လိုက်တယ်။
ပြီးတော့ တယောက်တည်းရေရွတ်လိုက်တဲ့စကားကြောင့် ကြားတဲ့သူတိုင်းရယ်မိမှာပါ။
သူပြောလိုက်တာက.....
--- ငါ့--ခွီးမှပဲ--လန့်လိုက်တာ---တဲ့။
--** lion lady**

No comments:
Post a Comment