ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 3, 2011

သင့်ကလေး လူတော်လူကောင်းဖြစ်အောင်

> (Baby Mr Bean)

မိမိတို့ရဲ့ ရင်သွေးငယ်များကို လူချွန်လူကောင်းလေးတွေ ဖြစ်အောင်
ပြုစုပျိုးထောင်ဖို့ဟာ မိဘတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ
တကယ်တော့ လူတစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ ကလေးတွေကို
ကိုယ်ပိုင်စွမ်းဆောင်ရည် ထက်မြက်အောင် မိမိရင့်ကျက်လာအောင်
ကြီးပြင်းခွင့်ပေးရပါမယ်။

ဒီနေ့မိဘတော်တော်များများအနေနဲ့ မိမိရဲ့ ရင်သွေးငယ်တွေကို
ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေနေနိုင်ဖို့
ကိုယ်ခန္ဒာထွားကျိုင်းဖို့နဲ့ ကိုယ်အားကိုယ်ကိုးပြီး အလုပ် တာဝန်
ထမ်းဆောင်စေဖို့ အတွက် ပြုစု ပျိုးထောင်ရာမှာ အားနည်းနေတာကို တွေ့ရပါတယ်။

ကလေးငယ်ဆိုတာ မေတ္တာတရားရယ်၊ လုံခြုံမှုရယ်၊ လွတ်လပ်မှုရယ်ကို
လိုလားကြပါတယ်။ အဲဒီ လိုအပ်ချက်ကို မိဘတွေအနေနဲ့ သိမြင်နားလည်နိုင်ကြဖို့
အရေးကြီးပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မိဘတော်တော်များများဟာ
မိမိရင်သွေးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံဆုံးမတာ၊
ရိုက်နှက် ကြိမ်းမောင်းပြစ်တင်တာတွေပဲ တွေ့နေရပါတယ်။

"လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗာစရိယ မိနှင့်ဖ" လို့
အဆိုရှိပါတယ်။ မိဘတွေရဲ့ နေထိုင်ပြောဆိုမှု အကျင့်စရိုက်ဟာ ကလေးငယ်တွေအပေါ်
ကူးစက် အတုယူစေပါတယ်။ ဒါကြောင့် ရှေးနီတိဆုံးမစာတွေမှာ " အမိယုတ်က
နှုတ်သရမ်း၏ အဖယုတ်က အမူအရာကြမ်းတမ်း၏ " လို့ ဆိုထားပါတယ်။ မိဘဆိုတာ
ကလေးကို ထမင်းနပ်မှန်အောင် ကျွေးရုံ၊ ကျောင်းထားပေးရုံနဲ့
တာဝန်မကျေသေးပါဘူး။ မိမိကလေးကို လူချွန် လူကောင်းဖြစ်အောင်၊
သားကောင်းရတနာဖြစ်အောင် ပြုစုပျိုးထောင်ဖို့လိုပါတယ်။

ဒါကြောင့် ကလေးစိတ်ပညာရှင်များရဲ့ ကလေးငယ် အရွယ်ရောက်ချိန်မှာ
လူချွန်လူကောင်းလေးတွေ ဖြစ်စေမယ့် မှန်ကန်တဲ့ လမ်းညွန်မှုကို
ဖော်ပြလိုက်ပါတယ်။

(၁) ကလေးတွေကို မညာပါနဲ့

မိဘတွေအနေနဲ့ ကလေးတွေကို မလိမ်ရဘူး။ မညာရဘူးလို့
သင်ကြားပြသပေးပေမယ့် မိဘတွေ ကိုယ်တိုင်က ကလေးတွေ
ယုံကြည်စိတ်ချမှုမရှိအောင် လိမ်ညာနေရင် အလုပ်မဖြစ်ပါဘူး။

“သားရေ…အိမ်ရှေ့က ပန်းပင်တွေကို ရေလောင်းထားလိုက်စမ်း၊
ညနေကျတော့ ရုပ်ရှင်လိုက်ပြမယ်”

“ သမီးရေ…အိမ်ရှေ့မှာ အထည်ဖိုးလာတောင်းတဲ့ မိန်းမကြီးလာရင်
မေမေအိမ်မှာ မရှိဘူးလို့ ပြောလိုက်နော်”

ဒီလိုနဲ့ ကလေးတွေဟာ မိဘတွေ အပေါ်မှာ ယုံကြည်မှုနည်းလာပြီး
သူတို့ကိုယ်တိုင်ကလည်း လိမ်ညာတတ်တဲ့ ကလေးလေးတွေ ဖြစ်လာပါလိမ့်မယ်။

တခါက အကြွားသန်တဲ့ မိဘနှစ်ပါးရှိပါတယ်။ သူတို့
အလုပ်ကိစ္စရှိလို့ အပြင်ထွက်မယ်ကြံတိုင်း၊ အစ်မဖြစ်သူနဲ့ နေရစ်ရမယ့် ကလေးက
မလိုက်ရလို့ အော်ဟစ်ငိုယိုလေ့ ရှိပါတယ်။ ဒီတော့ မိဘတွေက…

“ကလေးက ကျွန်မတို့ကို သိပ်ချစ်တာ” ဆိုပြီး ကြွားဝါပါလေရော။

တကယ်တော့ ကလေးဟာ မခွဲနိုင်လို့ ချစ်လွန်းလို့ ငိုယိုတာထက်
မိဘတွေ ပြန်မလာမှာစိုးလို့ သူ့ကို ပစ်ထားခဲ့မှာစိုးလို့
လုံခြုံမှုမရှိတဲ့အတွက်ကြောင့် ငိုယိုခြင်း ဖြစ်လာပါတယ်။ မိဘတွေ အနေနဲ့
သူတို့ပြောတိုင်း ကလေးတွေက ယုံလိမ့်မယ်လို့ ထင်ပြီး
လိမ်ညာခဲ့ကြတာများပါတယ်။

ဖခင်တွေကလည်း ကလေးကို လိမ်တတ်အောင် သင်ပေးတတ်ကြပါသေးတယ်။ ဖခင်က
ကလေးငယ်နဲ့ စစ်တုရင် ကစားရာမှာ ကလေးပျော်အောင်ဆိုပြီး လျှော့ကစားပါတယ်။
ကလေးက အနိုင်ရတော့ ပျော်တာပေါ့။ ဒါပေမယ့် ကလေးက တကယ်ကစားတတ်လာတဲ့အခါ
ဖခင်က သူရဲ့ အမှားကွက်တွေကို မြင်လျက်နဲ့ လျှော့ကစားတယ်ဆိုတာ သိသွားတာနဲ့
ကိုယ့်ကိုကိုယ် ယုံကြည်စိတ် လျှော့ပါးသွားနိုင်ပါတယ်။

ကလေးတွေဟာ အခါပေါင်းများစွာ မိမိကိုယ်မိမိ ကာကွယ်ဖို့
မုသားသုံးလေ့ရှိပါတယ်။ အမှန်အတိုင်း ပြောလို့ ပြင်းပြင်းထန်ထန်
အပြစ်ပေးခံရတိုင်း လိမ်ပြောတာကို ၀ါသနာပါလာပါလိမ့်မယ်။

ကလေးငယ်ရဲ့ အမှားကို နားဝင်အောင် ဖျောင်းဖျပြုပြင်ပြီး
မှန်မှန်ကန်ကန် ရပ်တည်ပေးခြင်းသာ ကလေးငယ်ကို အမှန်တရား လေးစားတတ်လာအောင်
သင်ကြားရာရောက်ပါတယ်။

(၂) ကလေးတွေကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးပါ

ထင်ရှားတဲ့ စိတ်ပညာရှင်တစ်ဦးက ကလေးငယ်ကို သူ့သဘောနဲ့သူ
မဆုံးဖြတ်တတ်ခင်ကတည်းက ဘာကို ရွေးချယ်သင့်တယ်ဆိုတာ သင်ကြားပေးရမယ်လို့
ဆိုပါတယ်။ ဒါပေမဲ့ ကလေးဥာဏ်ရည်ထက် ကျော်လွန်တဲ့ ရွေးချယ်မှုမျိုး
ပြုလုပ်ဖို့တော့ မတိုက်တွန်းသင့်ပါဘူး။

လမ်းလျှောက်ခါစ ကလေးကို သူကြိုက်တဲ့ ၀တ်စုံကို
ရွေးချယ်ခိုင်းတဲ့ အခါ မှန်မှန်ကန်ကန် ရွေးချယ်နိုင်တာ တွေ့ရပါလိမ့်မယ်။
ကလေးဟာ စကားမပြောတတ်သေးပေမယ့် သူကြိုက်တဲ့ မုန့်ကိုတော့ ရွေးချယ်တတ်တာ
တွေ့ရပါလိမ့်မယ်။
(Baby Mr Bean)

အရွယ်ရောက်လာတာနဲ့အမျှ အ၀တ်အစား၊ အစားအသောက်တို့ကို
ပိုပြီးအဆင့်မြင့်မြင့် ရွေးချယ်လာနိုင်ပါလိမ့်မယ်။ ဒါ့ပြင် စာကျက်တာ၊
ရေချိုးတာ၊ ကစားတာ စတာတွေကိုလည်း သူတို့ဘာသာ သူတို့ရွေးချယ်ပါစေ။
ဒီလိုနဲ့ လွတ်လပ်မှုပိုရှိလေ ပိုပြီး ဆုံးဖြတ်တတ်လာလေ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ တချိန်တည်းမှာ ဆုံးဖြတ်ချက်တွေ အများကြီး မချခိုင်းဖို့တော့
လိုပါလိမ့်မယ်။

မိဘများအနေနဲ့ ယတိပြတ် မဆုံးဖြတ်နိုင်ပဲ ဇဝေဇ၀ါဖြစ်နေတာမျိုး
ရွေးချယ်ရခက်နေတာမျိုးတွေကို ရှိနေရင်လည်း ရင်သွေးငယ်တွေဟာ ဝေခွဲရခက်ပြီး
မလုံခြုံမှုကို ခံစားရတတ်ပါတယ်။

တကယ်လို့သာ ကလေးငယ်တစ်ယောက်ကို ငါးနှစ် အရွယ်မှာ လွတ်လပ်စွာ
ရွေးချယ်ခွင့် အလေ့အကျင့် ပြုလုပ်ပေးခဲ့မယ်ဆိုရင် ရင့်ကျက်လာတာနဲ့ အမျှ
အသိဥာဏ်နဲ့ယှဉ်ပြီး ရွေးချယ်ခြင်း အမှုကို ပြုနိုင်ပါလိမ့်မယ်။ ဒီလိုနဲ့
အသက်အရွယ်ရလာတဲ့အခါ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို အသိဥာဏ်နဲ့ ယှဉ်ပြီး
ဝေဖန်ပိုင်းခြားတတ်လာမှာ ဖြစ်ပါတယ်။

(၃) ကလေးငယ်တွေအတွက် ကိုယ်ပိုင်နေရာနဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို သတ်မှတ်ပေးပါ

ကလေးငယ်တွေကို လွတ်လပ်ပျော်ရွှင်စွာ
ကြီးပြင်းခွင့်ရရှိဖို့အတွက် သူတို့ကို ကိုယ်ပိုင်နေရာ ပေးရပါလိမ့်မယ်။
ကိုယ်ပိုင်ပစ္စည်းလည်း သတ်မှတ်ပေးသင့်ပါတယ်။ နို့စို့အရွယ်မှာ
ပုခက်ကလေးတစ်လုံး၊ လက်တွန်းလှည်းလေးတစ်ခု ပိုင်ဆိုင်ခွင့် ပေးရမှာ
ဖြစ်ပြီး နည်းနည်းကြီးလာတာနဲ့အမျှ ကိုယ်ပိုင်အိမ်ရာ၊
ကိုယ်ပိုင်အခန်းငယ်လေးတစ်ခု ဖန်တီးပေးရပါမယ်။ နှစ်နှစ်အရွယ်
ကလေးတစ်ယောက်ဟာ သူပိုင်အခန်းလေးထဲမှာ၊ သူပိုင် ကလေးကစားစရာလေးတွေနဲ့
ကစားနေရရင် ကျေနပ်ပျော်ရွှင်ပြီး တိတ်ဆိတ်နေပါလိမ့်မယ်။

လေးနှစ်အရွယ်လောက်မှာ အိမ်ခြံဝင်းတစ်နေရာမှာ သူ့အတွက်
သစ်ပင်ပန်းပင် ကိုယ်တိုင်စိုက်ပျိုး၊ ကိုယ်တိုင်ရေလောင်းစေပြီး၊
သူစိုက်ပျိုးခဲ့တဲ့ သစ်ပင်လေးကို အရိပ်တကြည့်ကြည့်နေပါစေ။ ဒါတင်မက
သူတို့အတွက် ကိုယ်ပိုင်အသုံးအဆောင်အဖြစ် ပန်းကန်ကလေး၊ ဇွန်းကလေး၊
စာရေးစာပွဲလေး လုပ်ပေးရပါလိမ့်မယ်။

ကလေးဆိုတာ ကစားဖော်မက်တတ်တာ သဘာဝပါပဲ။ ဒါဟာ
ရံဖန်ရံခါသာလိုအပ်တဲ့အရာ ဖြစ်ပြီး အမြဲတမ်း အဖော်များနဲ့ ကစားခြင်းဖြင့်
မလိုအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေတယ်လို့ ပါမောက္ခတစ်ဦးက ဆိုပါတယ်။
ကလေးတွေအနေနဲ့ တစ်ဦးတည်း ငြိမ်သက်စွာ ကစားနေခြင်းမျိုးလည်း
လိုအပ်လှပါတယ်။

သူရဲ့ ကိုယ်ပိုင်နေရာ၊ ကိုယ်ပိုင်ပစ္စည်းလေးတွေ ရှိတဲ့အတွက် ကလေးဟာ
လုံခြုံမှု ပိုမိုရှိလာတတ်ပါတယ်။

(၄) ကလေးတွေအပေါ် နားလည်ပါ

နို့စို့အရွယ်ကလေးအနေနဲ့ အဓိကအားဖြင့် မိခင်အပေါ်မှာ
မှီခိုနေပါတယ်။ ကလေးငယ်မှာ သဘာဝအရ ပေါ်လာတဲ့ ကြောက်စိတ်ကို မိခင်ကသာ
ဖြေဖျောက်ပေးနိုင်စွမ်းရှိပါတယ်။ နို့စို့ကလေးတစ်ဦး ဆာလောင် နေချိန်မှာ
မိခင်ရောက်မလာရင် စိတ်ဆိုး၊ ကြောက်ရွံ့စွာနဲ့ ငိုယိုတတ်ပါတယ်။
ဒီကြောက်ရွံ့စိတ်ကို လျော့ပါးအောင် ကလေးရဲ့ လိုအပ်ချက်ကို
မိခင်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ မိခင်ကိုယ်စား ဖခင်ဖြစ်စေ၊
ဂရုစိုက်ချစ်ခင်မဲ့ တခြားတစ်ယောက်ကိုဖြစ်စေ တာဝန်ယူ
ထိန်းကျောင်းစေသင့်ပါတယ်။

ကလေးငယ်ကို အိပ်ရာထဲသိပ်ထားပြီး ဟိုနား သည်နားသွားခြင်းဟာ
ကလေးငယ်တွေကို အားငယ်စိတ်၊ သိမ်ငယ်စိတ်များ ဖြစ်ပေါ်စေတတ်ပါတယ်။
ကလေးငယ်တွေ အိပ်ရာထဲမှာ ငိုယိုနေတာမျိုးဟာ ကြောက်စိတ်နဲ့ သိမ်ငယ်စိတ်ကို
ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကိုတော့ လွယ်လွယ်ကူကူပဲ ကုစားလို့
ရနိုင်ပါတယ်။ နွေးနွေးထွေးထွေးဖက်ပြီး သီချင်းဆိုသိပ်တာ၊
ပုံပြင်ပြောပြတာမျိုး ပြုလုပ်ပေးခြင်းဖြင့် ကုသလို့ရပါတယ်။ ကလေးတွေကို
မအိပ်ချင်ဘဲ ကစားနေရာကနေ ဇွတ်တရွတ် အိပ်ရာထဲ ခေါ်သွင်းပြီး
အအိပ်ခိုင်းတာမျိုး ရှောင်ပါ။ ညင်ညင်သာသာနဲ့ ပုံပြင်ပြောပြပြီး
အေးချမ်းစွာ အိပ်စက် အနားယူပါစေ။

(၅) ထမင်းစားချိန်မှာ တစ်ဦးချင်းကို ပြုပြင်ပါ

ကလေးတွေကို အာဟာရ ဖြစ်စေမယ့် ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးနဲ့
လတ်ဆတ်တဲ့ သီးနှံတွေကိုရော၊ နို့ပါဝင်တဲ့ အိမ်လုပ် အချိုမုန့်တွေရော
ကျွေးမွေးရပါမယ်။

ကလေးကို အစားအစာကျွေးမွေးရာမှာ ကလေးစားချင်သလောက် အတိုင်းအတာပဲ
ကျွေးပါ။ ဒါမှ ကလေးစာ အစာစားလိုတဲ့ အခါ မိခင်က ခက်ခက်ခဲခဲ မတိုက်တွန်းရဘဲ
စားသောက်ပါလိမ့်မယ်။

ကလေးဟာ အရွယ်ရလာတာနဲ့အမျှ မုန့်ပွဲပြင်ရာ၊
ထမင်းပွဲပြင်ရာတွေမှာ ကူညီလုပ်ကိုင်လိုစိတ် ရှိလာပါလိမ့်မယ်။ သူတို့
ကူညီလုပ်ကိုင်ပေးတဲ့အခါ “ကောင်လေးက ရှုပ်လိုက်တာ သွားစမ်း” လို့
နှင်မထုတ်ပါနဲ့။ သူတို့ကိုယ် သူတို့ အသုံးမ၀င်ဘူးလို့ ထင်သွားပါလိမ့်မယ်။
သူတို့ရဲ့ ကူညီမှုကို လက်ခံပြီး သူတို့ နိုင်သလောက် တာဝန်ကို
ထမ်းဆောင်ဖို့ ခွင့်ပြုလိုက်ပါ။

ဒါ့ပြင် ကလေးတွေနဲ့ အတူ ထမင်း လက်ဆုံစားဖို့လည်း လိုပါတယ်။
ဒါဟာ ကလေးနဲ့ မိဘ ရင်းနှီးမှုကို ပြသရာ ရောက်ပါတယ်။ ကလေးတွေကို
အစာကျွေးရင်း ညင်သာတဲ့ စကားနဲ့ မိမိလိုသလို ပုံသွင်းပြီး ဆုံးမပါ။
ကလေးတွေဟာ ပျော်ရွှင်မှုရပြီး မိဘစကားကို နာခံလာပါလိမ့်မယ်။

ကလေးအစားစာချိန်မှာ မြည်တွန်တောက်တီးမှုနည်းပြီး
များများပြုံးပါလို့ ကလေးစိတ်ပညာရှင်တစ်ဦးက အကြံပေးထားပါတယ်။

(၆) ပျော်စရာကောင်း ပတ်ဝန်းကျင်ကနေ သတ်မှတ်ပေးပါ

မိဘနှစ်ပါးဟာ အမြဲတမ်း ငြင်းခုန်နေမယ်ဆိုရင် ကလေးများ
အတွက်ရော၊ မိသားစုအတွက်ပါ မကောင်းပါ၊ ကလေးများအတွက်လဲ
လုံခြုံမှုကင်းမဲ့ပြီး ငြိမ်းချမ်းမှုလည်း ပျောက်ဆုံးတတ်ပါတယ်။

တချို့မိဘတွေကတော့ သားသမီးရှေ့မှာ ငြင်းခုန်တာ၊
ရန်ဖြစ်တာမျိုးကို ဂရုစိုက်ပြီး ရှောင်ရှားလေ့ ရှိပါတယ်။ ကလေးဝင်လာတဲ့အခါ
ချက်ချင်းပြုံးပြီး ငြင်းခုန်မှုကို ရပ်စဲလိုက်ပါ။ ကလေးထွက်ပြီး
ကစားတော့မှ ပြန်ပြီး ငြင်းခုန်ကြပါတယ်။ ဒါဟာ ကလေးတွေ အတွက်
အလွန်ကောင်းတဲ့ အကျင့်တစ်ခုပါ။ အမြဲတမ်း ငြင်းခုန်နေတဲ့ မိသားစုမှာ
နေရရင် ကလေးဟာ စိတ်တင်းကျပ်ပြီး စိတ်ဓါတ်ဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။

ကလေးတွေအဖို့ မိဘမေတ္တာကို ခံယူလိုကြပါတယ်။ မိဘနှစ်ပါး
ပြုံးရွှင် ရယ်မောနေတာကိုပဲ တွေ့လိုမြင်လိုကြပါတယ်။ ဒီလို
ချစ်ခင်မြတ်နိုးဖွယ်ရာ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်တာနဲ့ အမျှ ကလေးဟာ
ကြီးပြင်းလာတဲ့အခါ ပြဿနာ အခက်အခဲတွေကို ဖြေရှင်းကျော်လွှားနိုင်ပြီး
ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာပါလိမ့်မယ်။

(၇) ကလေးတွေရဲ့ ဖန်တီးလိုမှုကို ကူညီပါ

ကလေးတွေရဲ့ သဘာဝအရ သိမြင် စူးစမ်းလိုစိတ်၊ ဖန်တီးလို
တီထွင်လိုစိတ်တွေ ကိန်းအောင်းပါတယ်။ ကလေးတွေ ကစားခုန်စားပြုလုပ်တဲ့အခါ
ဟိုလို မကစားနဲ့၊ ဒီလို မကစားနဲ့ ဆိုပြီး ချုပ်ချယ်တာမျိုး
မပြုလုပ်သင့်ပါဘူး။ ကစားခုန်စားခြင်းဟာ ကလေးတွေ အတွက် အကြီးမားဆုံး
ပျော်ရွှင်မှုနဲ့ စိတ်ဓါတ်ဖွံဖြိုးမှု အတွက် အကောင်းဆုံး အလေ့အထ ဖြစ်ပါတယ်။

ကလေးတွေအနေနဲ့ ဖယောင်းတိုင်မီးကို ကိုင်ကြည့်တာ၊
အရုပ်ကလေးတွေကို တစ်ပိုင်းတစ်စစီ ဖြုတ်ကြည့်တာဟာ သူတို့ရဲ့
စူးစမ်းသိမြင်လို စိတ်ကြောင့် ဖြစ်ပါတယ်။ မီးကိုပူမှန်း သိရင် နောက်တစ်ခါ
မကိုင်တွယ်ပဲ နေပါလိမ့်မယ်။

ကလေးတွေဟာ အစားကို ရွေးချယ်စားသလို၊ ကစားရာမှာလည်း သူတို့
စိတ်ကြိုက်ကစားနည်းကို ရွေးချယ်ကစားဖို့ ခွင့်ပြုလိုက်ပါ။

(၈) ကလေးတွေကို ချစ်ပါ

ချစ်ခြင်းမေတ္တာဟာ ကလေးတွေရဲ့ အဓိကလိုအင်ဆန္ဒလည်း ဖြစ်ပါတယ်။
ကံအကောင်းဆုံးကလေးတွေဟာ မိဘက သားသမီးလိုချင်နေတဲ့အချိန်မှာ မွေးဖွားလာတဲ့
ကလေးတွေပဲ ဖြစ်ပါတယ်။ မိဘရဲ့ ဖိနှိပ် ချုပ်ချယ်ခြင်းလည်း မခံရ၊
မိမိစိတ်တိုင်းကျ ရှင်သန်ဖွံဖြိုးခွင့်လည်း ရရှိကြပါတယ်။
မေတ္တာတရားကိုလည်း ရရှိခံစားကြရတဲ့ အတွက် လူတော်လူကောင်းလေးတွေ၊
သားကောင်းရတနာ၊ သမီးကောင်းရတနာလေးတွေ ဖြစ်လာကြပါတယ်။

ကလေးတွေအပေါ် မိဘက ချစ်မေတ္တာပြသပြီး၊ ညင်သာစွာ ပြောဆို
ဆက်ဆံလေ့ရှိတဲ့ မိသားစုအတွင်း ကြီးပြင်းလာရတဲ့ ကလေးငယ်အဖို့
စိတ်ပညာရှင်များရဲ့ အကူအညီလည်း လိုအပ်တော့မှာ မဟုတ်သလို ကြီးလာရင်လည်း
အောင်မြင်တဲ့ လူထူးချွန်တစ်ယောက်ဖြစ်လာမှာ ဧကန်ပါပဲ။

ဒီလိုမဟုတ်ပဲ မိဘတွေအနေနဲ့ကလေးတွေအပေါ် အော်ဟစ်ဆူပူနေမယ်၊
ခြိမ်းခြောက်မာန်မဲနေမယ်၊ ရိုက်နှက်ဆဲဆိုနေမယ်၊ သြဇာအာဏာ သုံးပြီး
စည်းကမ်းတင်းကျပ်စွာနဲ့ လိမ်လည်ပြောဆိုနေကြသူများ ဖြစ်မယ်ဆိုရင် အဲဒီလို
မိဘတွေ အနေနဲ့ မိမိသားသမီး ရတနာတွေ အပေါ် ရင့်ကျက်တည်ငြိမ်သူတွေဖြစ်အောင်
ပျော်ရွှင်ချမ်းမြေ့တဲ့ အောင်မြင်သူတစ်ယောက်ဖြစ်အောင်
ထူးချွန်ထက်မြက်တဲ့သူဖြစ်အောင် ဘယ်လိုမှ လုပ်ဆောင်နိုင်လိမ့်မယ်
မဟုတ်ပါဘူး။
(Baby Mr Bean)

ဒါကြောင့်.....

မိမိရဲ့ ရင်သွေးရတနာတွေကို ထူးချွန်ထက်မြက်တဲ့
လူတော်လူကောင်းလေးတွေ ဖြစ်စေချင်ရင်၊ မိဘဘက်က ဦးစွာ မိမိကိုယ် မိမိ
ပြုပြင်ဖို့ ကြိုးစားရပါလိမ့်ဦးမယ်။

**အောင်သစ်**
(သုတစွယ်စုံ 2004)

Naenuttphur ပြန်လည် တင်ပြသည်။

**From- Sandi**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)