ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 25, 2011

အခွင့်အလမ်းဖြစ်တဲ့ ခါးသီးမှု

>
ကျွန်တော်တို့တစ်တွေ အနေနဲ့ စိတ်လှုပ်ရှားစရာ တစ်ခုနဲ့ တွေ့ကြုံမိတဲ့ အခါ
နာကျင်ခြင်းနဲ့ ပြင်းထန်စွာ ခံစားရခြင်းတွေကို တွေ့ကြုံ ကြရပါတယ်။
ဘယ်လိုအချိန်မှာ အဲဒီလို ဖြစ်တတ်သလဲ၊ လူမှုရေး ဒါမှမဟုတ် ငွေရေးကြေးရေးနဲ့
ပတ်သက်တဲ့ မမျှော်လင့်တဲ့ အရာ တစ်ခုခုကို ရုတ်တရက် တွေ့ကြုံလာရတဲ့
အချိန်မှာပေါ့၊ အဲဒီအရာပေါ်မှာ ထိန်းချုပ်ကွပ်ကဲလို့ မရတဲ့အခါ အထက်က
ဆိုခဲ့တဲ့ နာကျင်ခြင်းနဲ့ ပြင်းထန်စွာ ခံစားရခြင်းတို့ကို
တွေ့ကြုံရပါတယ်။ ပြင်းထန်စွာ ခံစားရခြင်း ဆိုတာက အဲဒီလို တွေ့ကြုံရတဲ့
အချိန် အတောအတွင်းမှာ အကူအညီ ကင်းမဲ့တဲ့ သဘောကို သက်ရောက်နေပါတယ်။
တွေ့ကြုံရတဲ့ အချိန်အခါ အပိုင်းအခြားက ရှည်လျားလေလေ အဲဒီလို
ခံစားရလေလေပါပဲ။ အဲဒါဟာ အလွန်းပြင်းပြတဲ့ စိတ်သောက ဝေဒနာ အခြေအနေကို
ရောက်လာနိုင်တယ်။ ကျွန်တော်တို့တစ်တွေ အနေနဲ့ အဲဒါမျိုးကို
တွေ့ကြုံခဲ့တဲ့အခါ ကြောက်ရွံ့ လာတတ်တယ်။ ဒါမှမဟုတ် ကျွန်တော်တို့အနေနဲ့
ကျွန်တော်တို့ရဲ့ ဘဝအတွက် မရေရာ မသေချာတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာတတ်တယ်။
ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကြမ္မာဆိုး ဝင်လာတယ်လို့ ခံစား
ရတတ်ပါတယ်။ ကိုယ်ချစ်ခင် နှစ်သက်တဲ့ သူတစ်ဦးဦး သေဆုံးသွားတဲ့အခါ
ကိုယ်ချစ်ခင် နှစ်သက်တဲ့ သူက ကိုယ့်ကို ခွဲခွာသွားတဲ့ အခါ မတော်တဆ
ထိခိုက်မှုဖြစ်လို့ ဒဏ်ရာကြောင့် ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ
ဒဏ်ရာဖြစ်တဲ့အခါ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နာတာရှည်ဖျားနာ ဖြစ်တဲ့အခါ
ကျွန်တော်တို့တစ်တွေ အနေနဲ့ ပြင်းထန်စွာ ခံစားရမှု ဖြစ်လာနိုင်ပါတယ်။
ခံစားမှုက မြင့်တက် လာနိုင်ပြီး တခြားသူတွေက နားလည်မှု လွဲတာကိုလည်း
ကြုံတွေ့ရတတ်ပါတယ်။
ဘာ့ကြောင့်လဲ ဆိုတော့ အဲဒီလို ခံစားရတာတွေက ကိုယ့်ကိုယ်ကိုယ်တောင်
ဖော်ပြနိုင်စွမ်း မရှိလို့ပါပဲ။ တစ်ယောက်ယောက်ဟာ ပြင်းထန်စွာ နာကျင်မှုကို
ခံစားရပြီဆိုရင် သူ့အနေနဲ့ သူ့ရဲ့ ဘဝမှာ အလုံးစုံကျရှုံးပြီလို့
ထင်မြင်လာတတ်တယ်။ မျှော်လင့်ချက်တွေ မရှိတော့ဘူး။ ထွက်ခွာသွားပြီလို့လည်း
ထင်မြင် လာတတ်ပြန်တယ်။

ဘယ်လိုပဲဖြစ်ပါစေ အသိဉာဏ်ပညာနဲ့
သည်းခံနိုင်စွမ်းအား ရှိမယ် ဆိုရင်တော့ အဲဒီလို ခံစားမှုတွေကို
ရွှေအခွင့်အရေးအဖြစ် ပြောင်းလဲ ပစ်နိုင်ပါတယ်။ အဲဒါကို အကြောင်းပြုပြီး
ပန်းတိုင်ကို ချမှတ်နိုင်ရမယ်။ ပန်းတိုင်ရဲ့ အဓိပ္ပာယ်ကို
ဖွင့်ဆိုနိုင်ရမည်။ ဦးဆောင် လမ်းပြမှုကို ရှာဖွေနိုင်ရမယ်၊ ပြီးတော့
အကောင်းမြင်တဲ့ အတွေးအမြင်တွေကို ပျိုးထောင် နိုင်ရပါမယ်။

ခံစားရမှုရဲ့အကြောင်းရင်းတွေ အားလုံး ဆိုလိုရင်း အဓိပ္ပာယ်တွေ အားလုံးနဲ့ တွေ့ထိ ဆက်ဆံ
ကြည့်ပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ တိုးတက်မှု ခရီးလမ်းမှာ အနှောင့်အယှက်
အတားအဆီး ဖြစ်နေတာတွေကို ကျော်လွှား နိုင်ရပါမယ်။ အဲဒါကို
ပြီးမြောက်နိုင်စေတဲ့ နည်းလမ်းတွေကလည်း အများအပြား ရှိကြပါတယ်။
ပထမအနေနဲ့ကတော့ ခွန်အား ဖြစ်စေမယ့် အရာအားလုံး အပေါ်မှာ အာရုံ
စူးစိုက်ရမယ်။ ပြီးတော့ အကောင်းဆုံး ဖြစ်နိုင်မှု အတိုင်းအတာတွေရဲ့
ကန့်သတ်ချက်တွေ အပေါ် သဘောပေါက် နားလည်ရမယ်။ အကောင်းမြင်တတ်တဲ့ သူတွေနဲ့
အပြန်အလှန် အကျိုး သက်ရောက်မှု ရှိအောင် ပြုလုပ်ရမယ်။

သဘာဝပတ်ဝန်းကျင်မှာ လမ်းလျှောက်တာ၊ တစ်ဦးတည်း နေတာ၊ တိတ်ဆိတ်စွာ စာဖတ်တာ
ဒါမှမဟုတ် တေးဂီတသံတွေ နားထောင်တာ အားလုံးတို့ဟာ အပြုသဘော
တွေးတောဖို့အတွက် အကြောင်းရင်းတွေ ဖြစ်စေနိုင်ပါတယ်။ အပြုသဘော တွေးတောတယ်
ဆိုတာက ကျွန်တော်တို့ကို ဆက်သွယ်နေတဲ့ အရာ အားလုံးအပေါ် အကောင်းဘက်ကနေ
ရှုမြင်ခြင်းပဲ ဖြစ်ပါတယ်။ ဘဝနဲ့ ဆက်သွယ်ထားတဲ့ အပြန်အလှန် ဆက်သွယ်မှုတွေ
အပေါ်မှာ ကျွန်တော်တို့ရဲ့ မျက်စိတွေကို ဖွင့်ထားရပါမယ်။ အာရုံကို
စူးစိုက် ထားနိုင်ရမယ်။ အဆိုးမြင်ရှိတဲ့ လူတွေကို ရှောင်ရှားတာကတော့
အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဆိုး မြင်တတ်တဲ့ သူတို့တစ်တွေရဲ့
အရည်အသွေးက စိတ်ဓာတ်ကို ကျအောင် ပြုလုပ်နိုင်လို့ ဖြစ်ပါတယ်။
ထပ်လောင်းပြီးတော့ ဒုက္ခ တွေကိုလည်း အပိုထပ်ဆောင်း ပေးနိုင်ပါတယ်။
ဖြစ်နိုင်မယ် ဆိုရင် အဆိုးမြင်တဲ့ ပတ်ဝန်းကျင်ကိုလည်း
ရှောင်ရှားသင့်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ မျှော်လင့်ချက်၊ ယုံကြည်မှု၊
အကောင်းမြင်ခြင်းတို့က တောင်တွေကို ရွှေ့ပေးနိုင်တဲ့ စွမ်းအင်သတ္တိတွေ
ဖြစ်ကြတယ်။ အဲဒါတွေက ကြောက်ရွံ့ခြင်းတွေကို နှိမ်နင်း အောင်မြင်နိုင်ပြီး
ဂရုဏာစိတ်ထား ရှိခြင်းနဲ့ ချစ်ခြင်းမေတ္တာတို့က ပြန်လည် ဖြေရှင်းနိုင်ဖို့
အတွက် ခွန်အားတွေ ဖြစ်စေပါတယ်။ အဲဒီလို ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်မှာ
ရှိနေတာက အကောင်းဆုံးပါပဲ။ ခံစားရမှုတွေနဲ့ ဆက်ဆံတဲ့ ဒီ့ပြင်
နည်းလမ်းတစ်ခုကတော့ ဗဟုသုတနဲ့ ပညာရှိမှုတို့ကို ရယူဆည်းပူး လေ့လာနိုင်တဲ့
အရည်အချင်း ရှိဖို့ပါပဲ။ ဆိုလိုတာက ကိုယ်နေထိုင်တဲ့ အဝိုင်းအဝန်းထဲမှာပဲ
ကိုယ့်လို ဒုက္ခမျိုး ခံစားမှုမျိုးတွေကို ကြုံခဲ့တဲ့သူတွေ၊ ခံစားရတဲ့
သူတွေ ရှိပါလိမ့်မယ်။

သူတို့တစ်တွေက အဲဒါတွေကို ဘယ်လို ကျော်လွှားခဲ့သလဲ ဆိုတာကို လေ့လာ
ဆည်းပူးရပါမယ်။ ကောင်းမွန်ပြီး အကျင့်သီလနဲ့ ပြည့်စုံတဲ့
အဖွဲ့အစည်းတွေကို ရှာဖွေရပါမယ်။ သူတို့တစ်တွေက ကိုယ့်ကို လေ့လာပြီး
ကိုယ့်ရဲ့သတိကို မြှင့်တင်ပေးပါလိမ့်မယ်။ ခန္ဓာကိုယ်လိုပဲ စိတ်ဓာတ်အနေနဲ့
ခွန်အားရှိဖို့ အာဟာရရှိဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ဆိုင်ရာဆိုင်ရာ
ဘာသာတရားတွေ အရ ဝတ်ပြု ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်း၊
ဂါထာမန္တန်များ ရွတ်ဖတ်ခြင်း စတာတွေကလည်း စိတ်ခွန်အားကို မြင့်တက်စေတဲ့
အရာဖြစ်တယ်။ သဘာဝတရားရဲ့ အပြန်အလှန် ဆက်သွယ်မှုကို ဘာသာတရားတွေက တစ်ဆင့်
နားလည်မှု ရနိုင်ပါတယ်။ ခွန်အားကသာ ခွန်အားကို ဆွဲငင်နိုင်ပါတယ်။
ယုံကြည်မှုတွေက ခွန်အားကို ဖြစ်စေနိုင်တယ်။ အားအင်အနည်းဆုံး
ဖြစ်နေရင်တောင် ယုံကြည်မှုက အပြန်အလှန်အားဖြင့် အမှန်တရားကို
ဆုပ်ကိုင်နိုင်ပါတယ်။ ကိုယ်တွေးထင် ယုံကြည်သမျှ ခွန်အားကို
ဖြစ်စေနိုင်တယ်။ အထက်က ဖော်ပြခဲ့တဲ့ နည်းလမ်းတွေ အားလုံးကို စုစည်းပြီး
မျှော်လင့်ချက်နဲ့ ငြိမ်သက်မှုကို ရယူနိုင်တယ်။ မျက်မှောက်ကာလ အတွင်းမှာပဲ
မျှော်လင့်ချက်နဲ့ ယုံကြည်မှုကို မွေးဖွားနိုင်တယ်။ လတ်တလောကာလမှာ
ယုံကြည်မှုကြောင့် မယုံနိုင်စရာ အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။

ခွင့်လွှတ်ခြင်း၊ ကုသခြင်းနဲ့ ဂရုဏာတရားတွေအတွက် အကောင်းမြင် ရှုထောင့်က
တွေးတောခြင်းဟာ ခါးသီးမှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပေးနိုင်တာ
ဖြစ်တယ်။ ပြီးတော့ ပြုမူဆောင်ရွက်မှုတွေကြောင့် အနာဂတ်ကို
ကြောက်ရွံ့မှုလည်း မရှိတော့ပါဘူး။ အဲဒီနောက် ပြင်းထန်စွာ နာကျင်ခံစားရမှု
လမ်းကြောင်းကနေ တိုးတက် အောင်မြင်မှု လမ်းကြောင်းကို ပြောင်းလဲ
သွားနိုင်ပါတယ်။ ပြီးတော့ ဝမ်းနည်းကြေကွဲမှုတွေကနေ နက်ရှိုင်းတဲ့
ပျော်ရွှင်မှုဆီ လှည့်ပြောင်း သွားမှာ ဖြစ်ပါတော့တယ်။

အညွှန်း - အိန္ဒိယစာရေးဆရာ Rashmi Singla \ Adversity As Opportunity

**သူရထိုက်**
Written by Opportunity Journal

**From-ကိုတင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)