ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 25, 2011

မြောက်ဥက္ကာလာပမြို့ကအရက်ဆိုင်တစ်ခုမှာလူသတ်မှုဖြစ်ပွား

>

(အခင်းဖြစ်ပွားသည့် ည နွယ်သာကီ လမ်းမပေါ် စုဝေးရောက်ရှိလာသည့် ရက်ကွက်နေ ပြည်သူများ)

(ရန်ကုန်၊ နိုဝင်ဘာ ၂ဝ)
မြောက်ဥက္ကာလာပမြို့၊ နွယ်သာကီ ၆ လမ်းသို့၊ နိုဝင်ဘာ ၁၇ ရက်ညအချိန် ကားများဖြင့် ဝင်ရောက်ပြီး လူတစ်ဦးအား ဓားရှည်များဖြင့် ခုတ်သတ်ခဲ့သည့် မျက်နှာဖုံးစွပ် လူသတ် သမားများ နှင့် ပတ်သက်၍ သံသယ ရှိသူများအား စစ်ဆေးလျက်ရှိကြောင်း ဝေဘာဂီမြို့သစ်ရဲစခန်းမှ တာဝန်ရှိသူများက ဆိုသည်။
ယင်းနေ့ည ၈ နာရီ ၃ဝ မိနစ် ခန့်တွင် နွယ်သာကီ လမ်းမကြီးအတွင်းသို့ ဝေဘာဂီမြို့သစ်ဘက်မှ လိုက်ထရပ်ကား တစ်စီးအပါအဝင် ကား၃ စီး ဝင်ရောက်လာကာ ၆ လမ်း ထိပ်တွင် ရပ်တန့်ခဲ့သည်။ ယင်းနောက် အဆိုပါ လမ်းသွယ် ထိပ်ရှိ 6th Star အရက်ဆိုင် အတွင်း သို့ လိုက်ထရပ်ပေါ်မှ ဆင်းလာသည့် ဓားရှည်ကိုင် မျက်နှာဖုံး စွပ်လူ ၆ ဦး ဝင်ရောက်သွားပြီး သေဆုံးသူ ကိုကျော်မင်း၊ အသက် (၃ဝ) နှစ် အား ခုတ်ခဲ့ကြောင်း ကိုယ်တွေ့မြင်ခဲ့ သူများက ဆိုသည်။
၎င်း လူသတ်သမား ၆ ဦး အနက် ဆိုင်အတွင်းသို့ ၃ ဦိးဝင် ရောက် ခုတ်ခဲ့ခြင်း ဖြစ်ကာ ကျန် ၃ ဦးမှာ အဝ၌ စောင့်နေခဲ့ပြီး ကိုကျော်မင်း ပြေးထွက်လာစဉ်၌ ၄င်း တို့က ထပ်မံ ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း နွယ်သာကီ ၅ လမ်းမှ ကိုယ်တွေ့မြင်ခဲ့သူ တစ်ဦးက ဆို သည်။
”ဘာဖြစ်မှန်းတော့ အစက မသိဘူး။ ရုတ်ရုတ်သဲသဲနဲ့ ဆိုင်ထဲ က ကိုကျော်မင်း ပြေးထွက်လာတော့ တစ်ယောက်ကဓားနဲ့ ခုတ်တယ်။ ပြီးတော့ ရင်ဘတ်ကို ဓားနဲ့ ထိုးပြီး တစ်ချက် မွှေလိုက်သေးတယ်။ ဒီလောက်ဆို ရပြီလို့လည်း ပြောလိုက်သေးတယ်”ဟု ၄င်းက ပြန်ပြောင်းဖြေသည်။
ယင်းသို့ ဖြစ်ပွားစဉ် ဆိုင်အတွင်း၌ ကိုကျော်မင်းနှင့် ခုံချင်း ကပ်လျက်ရှိနေသော သူ၏ သူငယ်ချင်း တစ်ဦးကလည်း ”မင်တက် မိနေတာဗျာ။ ရုတ်တရက်ဝင် လာပြီး ကျော်မင်းကို ဓားတွေနဲ့ ခုတ်တာ။ အကုန်လုံး ကြောင်ပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူ ပြေးထွက်တော့မှ သတိဝင်ပြီး နောက်က လိုက်မိတော့တယ်”ဟု ပြောသည်။
လူသတ်သမားများ လိုက်ပါလာသည့် ကားများ၏ နံပါတ်များကို စတစ်ကာများဖြင့် အုပ်ထားပြီး ကားအနီး၌ ဓားရှည်ကိုင် လူများရပ်နေကာ အနားမကပ်ရန် ခြိမ်း ခြောက် ခဲ့ကြကြောင်း ယင်းအချိန် လမ်းမပေါ် ရှိနေခဲ့သည့် ရပ်ကွက် ပြည်သူများက ဆိုသည်။

”လူတစ်ယောက်ကို သတ်တာ အခုလို ဗြောင်မကျလည်း ရပါတယ်။ အခုဟာက အားလုံး ရှေ့မှာ ဗြောင်ပဲ သတ်သွားတာ။ ကိုကျော်မင်း အရက်ဆိုင်ထဲမှာ ရှိတာ။ သူတို့ ကြိုသိပြီးသားလို့ ထင်တယ်။ သေချာကြိုတင် ကြံစည်၊ စနစ်တကျ ပြင်ဆင်ပြီး သတ်တာပါ။ လူသတ်သမားတွေက ဗြောင်ကျလွန်းတော့ ကိုကျော်မင်းကို သတ်ရုံ တင် မကဘူး။ ကျွန်တော်တို့ ရပ်ကွက်ကိုပါ ခြိမ်းခြောက် လိုက်သလို ခံစားရတယ်။ တရားဥပဒေကိုလည်း ဗြောင်ကျကျ စိန်ခေါ်လိုက်တာပဲ” ဟု (က) ရပ်ကွက်သား တစ်ဦးက နိုဝင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲ ခန့် တွင် ပြောသည်။
အဆိုပါ ကားများပြန်လည် ထွက်ခွာသွားပြီး စတင် ဖြစ်ပွားချိန်မှ ကိုကျော်မင်းအား ဆေးရုံသို့ ပို့ဆောင် သေဆုံးခဲ့ချိန်အထိ ရပ်ကွက် ပြည်သူများကသာ တာဝန်ယူ ဆောင်ရွက်ခဲ့ရပြီး ၄င်း အဖြစ်အပျက် အတွက် ၆ လမ်းအနီးတွင်ပင် ရှိသော ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သို့ ရပ်ကွက်ပြည်သူများစုရုံးကာ အရေး ဆိုခဲ့ကြသည်။
”အဖြစ်အပျက်က အရမ်းမြန်တော့ ဖြစ်ပြီးမှပဲ ကျွန်တော်တို့လည်း သိတော့တယ်” ဟု (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင် က နိုဝင်ဘာ ၁၇ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်ခန့်တွင် ပြောသည်။
အသက် ၄၅ နှစ် ဝန်းကျင် ရပ်ကွက်သား တစ်ဦးက သူ၏တစ်သက် ရန်ကုန်တွင် ယခုလို လူသတ်ခြင်းမျိုး တစ်ခါမှ မကြုံခဲ့ရ ဟု ပြောပြသည်။
”တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အရှိန်ယူနေတဲ့ အချိန်မှာ အခုလို ဂိုဏ်းဖွဲ့ပြီး ဗြောင်လူသတ်ရဲတာ အံ့သြမိတယ်” ဟု အသက် ၃၅ နှစ်အရွယ်ရှိ ရပ်ကွက်သား တစ်ဦး ကလည်း ဆိုသည်။
ယင်းည၌ သေဆုံးသူ ကိုကျော်မင်း ၏မိခင်အား မေးမြန်းကြည့်ရာ ဝေဘာဂီမြို့သစ် ၁ ရပ်ကွက်မှ ရေလုပ်ငန်း လုပ်ကိုင်ပြီး ငွေကြေး ချမ်းသာသူ ကိုသက်ဦးနှင့် သူ၏ သားတို့နှင့် တန်ဆောင်တိုင် လပြည့်နေ့ မတိုင်မီကတည်းက ခိုက်ရန် ဖြစ်ပွားခဲ့ဖူးသည်ဟု ဆိုသည်။
”အဲဒီတုန်းက ကျော်မင်း ခေါင်းကွဲသွားတယ်။ ကျော်မင်းရဲ့ သူငယ်ချင်းလည်း မျက်နှာမှာ တော်တော် ထိသွားတယ်။ ပြီးတော့ ရပ်ကွက်ရုံးမှာပဲ သူတို့ဘက်က လျော်ကြေး ပေးပြီး ကျေအေးလိုက်တယ်” ဟု ကိုကျော်မင်း မိခင်က ဆိုသည်။
ထို့နောက် တန်ဆောင်တိုင် လပြည့်နေ့ ညနေ ၃ နာရီဝန်းကျင် ခန့်တွင် နွယ်သာကီ ၈ လမ်းထိပ်၌ ကိုကျော်မင်း လမ်းလျှောက်လာစဉ် ဆိုင်ကယ်စီးလာသူ ၂ ဦးက ဆိုင်ကယ် ပေါ်မှနေ၍ ဓါးဖြင့်ခုတ်ရာ ကိုကျော်မင်းက ရှောင်လိုက်သဖြင့် မထိ။
”အဲဒီမှာ ကျော်မင်းက ဆိုင်ကယ်နောက်မှာ ထိုင်တဲ့လူကို ဆွဲပြီး ထိုးလိုက်တယ်။ သူတို့ပြန်ပြေးချိန် မှာ ကျော်မင်းကို ဓါးနဲ့ ပစ်ပေါက်တယ်။ မထိဘူး။ အဲဒီဓါးကို ရပ် ကွက် လူငယ်တွေက သိမ်းထားသေးတယ်။ အဲဒီ ဆိုင်ကယ်ပေါ်က လူတစ်ယောက်က သက်ဦးနဲ့ သား ချင်းထဲက မျိုးကြီးလို့ သိရတယ်” ဟု ၄င်းက ထပ်ပြောသည်။
ထိုသို့ဖြစ်ပွားပြီး မကြာမီ ရပ်ကွက် ဥက္ကဋ္ဌ ဦးမင်းဒင်နှင့် ဒုရဲမှူး ထွန်းတင်ဦးတို့ ကိုကျော်မင်း၏ အိမ်ရှေ့ ရောက်ရှိ ခေါ်ဆောင်ရာ ရာနဲ့ချီသော ရပ်ကွက်သားများက ထိုသို့ မလုပ်ရန် ကန့်ကွက်သဖြင့် ပြန်သွားသည်ဟု ကိုကျော်မင်း၏ မိခင်က ပြောသည်။
အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ ၈ လမ်းနှင့် ၇ လမ်းထိပ်မှ ရပ်ကွက်သား များအား မေးမြန်း ကြည့်ရာ အထက်ပါ အတိုင်း မှန်ကန်ကြောင်း အတည်ပြု ပြောကြား ကြသည်။
”စဉ်းစားကြည့်ဗျာ။ ဓားနဲ့ ပေါက်တဲ့သူကို မဖမ်းဘဲ၊ ပြန်ခုခံသူကို ဖမ်းမယ်ဆိုတော့” ဟု ၇ လမ်းထိပ်မှ လူငယ်တစ်ဦးက ပြောသည်။
ဝေဘာဂီရဲစခန်းမှ ဒုရဲအုပ် ဇင်မင်းထွန်းက ”ကိုကျော်မင်းဘက် ကရော၊ ကိုသက်ဦး ဘက်ကပါ အရင် ဖြစ်တဲ့အကြိမ်တွေမှာ လာရောက်တိုင်တာ မလုပ်ခဲ့ကြဘူး။ ကိုကျော်မင်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေ သွားဖမ်းတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဒါတွေဟာ သေပြီးမှထွက်လာတဲ့ သတင်းတွေပါ” ဟု နိုဝင်ဘာ ၁၈ရက် တွင် ငြင်းဆိုသည်။
ကိုကျော်မင်း အသတ်ခံရခြင်း ကိစ္စ၊ ရန်ငြိုး ရှိခဲ့သော ကိုသက်ဦး နှင့် ပတ်သက်မှု ရှိနိုင်သလားဟု ပေါ်ပြူလာနယူးစ် မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်အား နိုဝင်ဘာ ၁၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင် တွင် မေးမြန်းခဲ့ရာ ”ဆက်စက်မှု ရှိနိုင်ပါတယ်” ဟုဆိုသည်။
ကိုယ်တွေ့ မြင်ခဲ့သူ အချို့က လူ သတ်သမား တစ်ဦး၏ အတွင်း အင်္ကျီ ရင်ဘတ်တွင် ဗဟိုစံပြငါးဈေး စာတမ်းကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ အမှုအား ယင်းနေ့ည ၄င်းရပ်ကွက် အတွင်း တာဝန်ကျသော ရဲကင်းမှူးမှ တရားလို ပြုလုပ်ကာ ပ/၅၂၂(၂ဝ၁၁)၊ အမှုအမှတ် ၃ဝ၂/ ၁၁၄ဖြင့် အမှု ဖွင့်ထား ကြောင်း သိရသည်။

**အောင်ခွန်းဆက်၊ မိုးမြင့်မြတ်**

အခင်းဖြစ်ပွားရာ အရက်ဆိုင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)