
နိုင်ငံရေး လူမျိုးရေး ဘာသာရေး
အရေးတကာ့အရေးထက်
လတ်တလော ကိုယ်ရေးကိုယ်တာ က
ရှေ့ရောက်ရောက်လာတယ် . . .
စွန့်လွတ်ပြစ်လိုက်မယ်
ရဲဝံ့ပြစ်လိုက်မယ်
အနာခံပြစ်လိုက်မယ်
အခုတော့ ခဏလေး
အိမ်ပြန်လိုက်ဦးမယ် . . .
ရှေ့တန်းက တိုက်လိုက်ချင်ပေမယ့်
အမေ ကလဲ လူမမာ
ဇနီးမှာ လဲ ကိုယ်ဝန်ရာ
ကလေးတပြုံ က ပညာရှာနေတာဆိုတော့
စိတ်သွားတိုင်း ကိုယ်မပါ
တောက် !
နေနှင့် ဦးပေါ့ကွာ . . .

အခုတော့
အိမ်ဦးခန်းက ပက်လက်ကုလားထိုင်လေးမှာ
ရေဒီယိုလေးကိုဖွင့် စိတ်ကူးနဲ့ပဲ ရွက်လွင့်
စင်မြင့်ပေါ်မှာတရားဟောလိုက်
လွတ်တော်မှာ အဆိုပြူလိုက်
မြန်မာလူမျိုးတွေကို မြှင့်တင်လိုက်
ဗုဒ္ဓဘာသာအကြောင်း ဥရောပတခွင်တရားလှည့်ဟောလိုက်
အဲ့ အဲ့
မိန်းမရေ ခေါ်သလားဟေ့
ငါ လာပြီလေ
စိတ်ကူးယဉ်ကမ္ဘာပြိုပျက်
ကုလားထိုင်ပေါ်က အဆင်းခလုတ်တိုက်
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေကြား
ခဏခဏ မောဟိုက်ရတာပါပဲ . . .
**မာဃလုလင်**
နိုင်ငံရေး လူမျိုးရေး ဘာသာရေး
အရေးတကာ့အရေးထက်
လတ်တလော ကိုယ်ရေးကိုယ်တာ က
ရှေ့ရောက်ရောက်လာတယ် . . .
စွန့်လွတ်ပြစ်လိုက်မယ်
ရဲဝံ့ပြစ်လိုက်မယ်
အနာခံပြစ်လိုက်မယ်
အခုတော့ ခဏလေး
အိမ်ပြန်လိုက်ဦးမယ် . . .
ရှေ့တန်းက တိုက်လိုက်ချင်ပေမယ့်
အမေ ကလဲ လူမမာ
ဇနီးမှာ လဲ ကိုယ်ဝန်ရာ
ကလေးတပြုံ က ပညာရှာနေတာဆိုတော့
စိတ်သွားတိုင်း ကိုယ်မပါ
တောက် !
နေနှင့် ဦးပေါ့ကွာ . . .
အခုတော့
အိမ်ဦးခန်းက ပက်လက်ကုလားထိုင်လေးမှာ
ရေဒီယိုလေးကိုဖွင့် စိတ်ကူးနဲ့ပဲ ရွက်လွင့်
စင်မြင့်ပေါ်မှာတရားဟောလိုက်
လွတ်တော်မှာ အဆိုပြူလိုက်
မြန်မာလူမျိုးတွေကို မြှင့်တင်လိုက်
ဗုဒ္ဓဘာသာအကြောင်း ဥရောပတခွင်တရားလှည့်ဟောလိုက်
အဲ့ အဲ့
မိန်းမရေ ခေါ်သလားဟေ့
ငါ လာပြီလေ
စိတ်ကူးယဉ်ကမ္ဘာပြိုပျက်
ကုလားထိုင်ပေါ်က အဆင်းခလုတ်တိုက်
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေကြား
ခဏခဏ မောဟိုက်ရတာပါပဲ . . .
**မာဃလုလင်**
No comments:
Post a Comment