**ဗန်ကောက်မြို့လယ်တွင် ရေကြီးမှုကြုံ**
(ဗန်ကောက်၊ နိုဝင်ဘာ ၄)
ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်၌ ရေကြီးမှုကြုံတွေ့လျက်ရှိရာ ဒွန်မောင်းလေဆိပ်အပါအ၀င် မြို့လယ်နေရာအတော်များများတွင် ရေကြီးမှုဖြစ်ပေါ်လာကြောင်း နိုဝင်ဘာ ၄ ရက်တွင် ထိုင်းတာဝန်ရှိသူများက ပြောကြားသည်။ ဗန်ကောက်မြို့လယ်တွင် ရေကြီးမှုမဖြစ်စေရေး ကာကွယ်လျက်ရှိသော်လည်း မြို့၏ငါးပုံတစ်ပုံမှာ ရေအောက်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။ ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် သေဆုံးသူပေါင်း ၄၃၀ကျော်ရှိသွားပြီဖြစ်သည်။
သို့သော် ဗန်ကောက်၌ စက်မှုဇုန်တစ်ခုမှာ ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည့် အခြေအနေသို့ ရောက်ရှိနေသည်။ စက်ရုံအချို့မှာလည်း ရေများဝင်ရောက်နိုင်သည့် အခြေအနေရှိနေကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**တရုတ်နိုင်ငံ၌ ကျောက်မီးသွေးမိုင်းတွင်းပေါက်ကွဲ၊ မိုင်းလုပ်သား လေးဦးသေဆုံးပြီး ၅၇ ဦးပိတ်မိနေ**
(ဆန်မင်စီရာ၊ နိုဝင်ဘာ ၄)
တရုတ်နိုင်ငံ ဟီနန်ပြည်နယ်အလယ်ပိုင်းတွင်ရှိသော ကျောက်မီးသွေးမိုင်းတွင်းတစ်တွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၄ ရက်အထိသေဆုံးသူ လေးဦးနှင့် မြေအောက်၌ မိုင်းလုပ်သား ၅၇ ဦးပိတ်မိနေဆဲဖြစ်ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ ၄င်းမိုင်းတွင်းမှာ ဆန်မင်စီရာမြို့အနီး ကျန်ကျူအမည်ရှိ ကျောက်မီးသွေးမိုင်းတွင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုင်းတွင်းမှာ မြေအောက်အနက် မီတာ ၇၆၀ အထိရှိပြီး မီတာ ၄၈၀ အနက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်ဖြစ်သည်။ မြေအောက်၌ ပိတ်မိနေသောမိုင်းလုပ်သားများကို ကယ်ဆယ်နိုင်ရေး ကြိုးစားလျက်ရှိသည်။ပိတ်မိလုပ်သားများကို ကယ်ဆယ်နိုင်ရေးအတွက် ဟီနန်ပြည်နယ်အုပ်ချုပ်ရေးမှူး ရို၈န်မိုအပါအ၀င် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်နေကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**အာကာသယာဉ် လေ့လာစောင့်ကြည့်ရေးစခန်းသြစတြေးလျ၌ တရုတ်နိုင်ငံ ဖွင့်လှစ်ထား*
(ဟောင်ကောင်၊ နိုဝင်ဘာ ၅)
တရုတ်နိုင်ငံသည် အာကာသယာဉ် လေ့လာစောင့်ကြည့်ရေးစခန်းစတစ်ခုကို သြစတြေးလျနိုင်ငံ၌ ဖွင့်လှစ်ခွင့်ရရှိထားပြီးဖြစ်ကြောင်း ဟောင်ကောင်တွင်ထုတ်ဝေသော တရုတ်ပြည်တောင်ပိုင်း နံနက်ခင်းသတင်းစာအမည်ရှိ သတင်းစာတစ်စောင်က နိုဝင်ဘာ ၅ ရက်တွင် ရေးသာညးဖော်ပြသည်။ အဆိုပါစခန်းသည် သြစတြေးလျနိုင်ငံအနောက်ပိုင်း ပါ့သ်မြို့မြောက်ဘက် ၂၁၇ မိုင်အကွာတွင် တည်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံက ရှင်ကျို့ ၈ အာကာသယာဉ်လွှတ်တင်စဉ်အတွင်း အဆိုပါအစခန်းကို အသုံးပြုကာ အာကာသဒုံးပျံယာဉ်ပျံသန်းမှုကို လေ့လာစောင့်ကြည့်ခဲ့ကြောင်း သတင်းတွင်း ရေးသားဖော်ပြသည်။ အမေရိကန်နှင့် ဥရောပအာကာသ အေဂျင်စီတို့၏ အာကာသယာဉ်လေလာစောင့်ကြည့်ရေးစခန်းများကို သြစတြေးလျနိုင်ငံ၌ ဖွင့်လှစ်ခဲ့ကြသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။ သြစတြေးလျနှင့် အမေရိကန်နိုင်ငံတို့၏ ပူးတွဲပြိုဟ်တုစခန်းကို သြစတြေးလျနိုင်ငံ အယ်လစ်စပရင်းမြို့အနီး၌ ဖွင့်လှစ်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အမေရိကန်နိုင်ငံ၏ မဟာမိတ် သြစတြေးလျနိုင်ငံ၌ တရုတ်နိုင်ငံ၏ အာကာသယာဉ်လေ့လာစောင့်ကြည့်ရေးစခန်းဖွင့်လှစ်ထားမှုနှင့် ပတ်သတ်၍ အမေရိကန်အစိုးရက တရားဝင်ကန့်ကွက်ရန်ရှိ၊ မရှိ မသိရကြောင်း သတင်းတွင်ဖော်ပြသည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
(ဒွန်မောင်းလေဆိပ်)

No comments:
Post a Comment