ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 30, 2011

Tragedy...of a sad boy...

>
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ သူငယ်ချင်းစဖြစ်တယ်။
နောက်တော့ သူတို့ ခင်မင်သွားကြတယ်။
ကောင်လေး စိတ်ထဲမှာ ကောင်မလေးနဲ စကားမပြောရရင် မနေနိုင်၊ ပြီးတော့ သူနဲ့ စကားပြောနေရရင် လောကကြီးကိုမေ့နေခဲ့တယ်။

ကောင်လေးမှာ မိန်းကလေးသူငယ်ချင်းဆိုလို့ အဲ့ကောင်မလေးပဲရှိသတဲ့။
ကောင်လေးဟာ သူဘာဖြစ်နေပြီလဲ သူရိပ်မိပေမယ့် သူ့ ကိုသူ ထိန်းတယ်။ဘာလို့ ဆို အဲဒီကောင်မလေးဟာ သူလိုချင်တဲ့ မိန်းကလေးပုံစံနဲ့ ဆန့် ကျင်ဘက်ဖြစ်နေလို့ ပဲ။

နောက်တော့ ကောင်လေးဟာ သူ့ နှလုံးသားကို အနိုင်ပေးလိုက်တယ်။
သူကောင်မလေးကို ချစ်တော့မယ်ပေါ့။

ဒါပေမယ့် မဟုတ်ပါဘူး။ ကောင်လေးဟာ ကောင်မလေးကို ဖွင့်ပြောလိုက်တယ်။
သူငယ်ချင်း နင့်ကို ငါချစ်မိနေပြီ ဒီတော့ "ငါနင့်အပေါ်ကူညီလုပ်ကိုင်ပေးခဲ့တာတွေက စေတနာတွေမှန်ပေမယ့် နောက်ထပ်ငါလုပ်ပေးမှာတွေက သန့် ရှင်းတဲ့ စေတနာတွေမဟုတ်တော့ဘူး။"
(ကောင်လေးက ထင်ခဲ့တယ် သူကောင်မလေးကို ချစ်ခွင့်ပန်တယ်ဆိုတာဟာ သူငယ်ချင်းခင်မင်မှုအပေါ်အခွင့်ကောင်းယူတာ။ ဒါဟာ မလုပ်သင့်တဲ့ ကိစ္စဆိုပြီးပေါ့)
"ဒီတော့ နင့်ကို ငါထာဝရနှုတ်ဆက်ပါတယ် သူငယ်ချင်း။ ငါဟာ အခွင့်အရေးသမားမဟုတ်ပါဘူး။"

သူအရှည်ကြီးရေးဖွဲ့ ထားတဲ့ စာကို ကောင်မလေးဆီပို့ ခဲ့တယ်။ (သူက အချစ်နဲ့ ကိုယ်ကျင့်တရားဆိုတာကို လှဲလှယ်လိုက်တာပဲ။)

ဒါပေမယ့်.......
ကောင်မလေးဟာ...သူထင်ထားသလို သူ့ အပေါ် ဆက်ဆံမှုတွေ မရပ်တန့် ခဲ့ဘူး။ ကောင်မလေးကို သူမေးခဲ့တယ်
"ငါဘာဆက်လုပ်ရမလဲ? ငါနင်နဲ့ သူငယ်ချင်းအဖြစ်ဆက်ရှိနေရမှာလား"
ကောင်မလေးက ပြောတယ်
"နင့် စိတ်ကို နင်ပဲ ပိုင်ပါတယ်။ နင်ညအိပ်တော့မှ သေချာစဉ်းစားကြည့်ပါ။ ဒါဆိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ရမယ်" တဲ့။

ဒါကို ကြားတော့ ကောင်လေးက ဇဝေဇ၀ါဖြစ်သွားသတဲ့။ နောက်တော့ နဂိုကတည်းကမှ ချစ်နေရသူဆိုတော့....ကောင်မလေး ကို သူမေးတယ်
"ငါဟာ အခွင့်အရေးသမားလို့ တော့ နင်မထင်ပါဘူးနော်"
ကောင်မလေးက "နင့်ကို အခွင့်အရေးသမားလို့ ငါဘယ်တုန်းကမှ မထင်ခဲ့ပါဘူး" တဲ့။

ပျော်သွားတဲ့ ကောင်လေးက မျှော်လင့်ချက်များစွာနဲ့ ကောင်မလေးကို မရဲတရဲ အဖြေတောင်းတယ်။
သူ့ ကိုပြန်ချစ်နိုင်မလားဆိုတာကို ပေါ့။

ကောင်မလေးကလဲ စဉ်းစားဦးမယ်လို့ ပြောတယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် သူပြောမယ်ပေါ့။ Yes or No ဆိုတာကို။

နုံအအ ကောင်လေးဟာ သူ့ ရဲ့ လှပပြီး အပြစ်ကင်းတဲ့ ကောင်မလေးဆီက စဉ်းစားဦးမယ်လို့ အဖြေကြားရတာနဲ့ တင် အပျော်ကြီးပျော်နေခဲ့တယ်။

ဘယ်လောက်တောင်လဲဆို ကားစီးရင်း ကောင်မလေးအကြောင်းတွေးပြီးပါသွားလိုက်တာ သူ့ အိမ်နဲ့ အဝေးကြီးကိုပဲ။

**ကံဆိုးမှုစတင်ခြင်း**

ကောင်လေးဟာ မမျှော်လင့်ပဲနဲ့ သတင်းတစ်ခုသိရသတဲ့။ ဒါကတော့ ဖြင့် ကောင်မလေးမှာ ရည်းစားရှိတယ်ဆိုတာကိုပဲ။
မယုံနိုင်စွာပဲ ကောင်လေးဟာ ကောင်မလေးကို မေးသတဲ့.......
ကောင်မလေးက ကောင်လေးကို ရှင်းပြခဲ့ပုံအရ သူဟာ အဲဒီ သူ့ ရည်စားဆိုတာကို တွဲနေရတဲ့ အဓိကအကြောင်းရင်းက အဲဒီလူက သူ့ ပေါ်အလွန်တရာမှ ကောင်းလွန်းတယ်။
ပြီး သူတို့ ကနှစ်ဖက်မိဘ စေ့စပ်ထားတယ်။
ဒါပေမယ့် ကောင်မလေးဟာ ကောင်လေးကို မျှော်လင့်ချက်တွေ ပေးသွားတယ်။
ဘာလဲဆို "သူအဲဒီ သူ့ ရည်းစားဆိုတဲ့ သူကို လက်ထပ်ဖို့ ကို စဉ်းစားနေတုန်းပါဆိုတာပဲ။

ကောင်မလေးရဲ့စကားများအရ အဲဒီလူဟာ အလွန်တရာမှ မိန်းမရှုပ်ပွေခဲ့ဖူးတယ်။
ကောင်လေးအနေနဲ့ သူ့ စိတ်ဟာ အဲဒီသူထက်တော့ အများကြီးသာတာကို ရိပ်မိတယ်။

ထိုအခါမှာ.......................................
ကောင်လေး...ဟာ ရူးသွပ်စွာနဲ့ ပဲကောင်မလေးကို ဆက်ချစ်နေဖို့ ဆုံးဖြတ်ခဲ့တယ်။

သို့ သော်ငြား ကောင်လေးစိတ်ထဲမှာ စည်းတစ်ခု ခြားသွားတယ်။

ကောင်လေးက ကောင်မလေးကို အပတ်တိုင်း စာသင်ပြပေးတယ်။ ကောင်မလေးက အလုပ်တဖက်နဲ့ မအားမလပ်တော့ ကောင်လေးဆီကပဲ စာပြန်သင်တာပေါ့။

ကောင်လေးဟာ
ကောင်မလေးနဲ့ အတူထိုင်ချင်ပေမယ့်
ကောင်မလေးကို အကြာကြီးစိုက်ကြည့်ချင်ပေမယ့်
ကောင်မလေးနဲ့ အတူတူ နီးကပ်စွာ လမ်းမှာလျှောက်သွားချင်ပေမယ့်
ကောင်မလေးကို သူ ဘယ်လောက်ချစ်ကြောင်းတွေပြောချင်ပေမယ့်
ကောင်မလေးအပေါ်အရမ်းဂရုစိုက်ချင်ပေမယ့်

ကောင်မလေးဟာ တပါးသူရဲ့ ရည်းစားဆိုတာကို သူ့ စိတ်ထဲမှာ သိနေရတော့ ကောင်လေးအနေနဲ့ ဘယ်လို မှ မဖော်ထုတ်မပြသ၀ံ့ဖူး။

သူ့ စိတ်ထဲမှာ
အကယ်၍များ ငါဒီလိုတွေ လုပ်ခဲ့ရင် ပတ်ဝန်းကျင်က ကောင်မလေးကို မကောင်းထင်တော့မှာပဲ ဆိုတာကို အမြဲတမ်းတွေးတွေးမိတယ်။

ကောင်လေးဟာ ကောင်မလေးကို အရမ်းလဲတန်ဖိုးထားတယ်။ ကောင်မလေးတစ်ခါတစ်လေ ခပ်ဟော့ဟော့ ၀တ်လာလို့ တခြားသော ကောင်လေးတွေ စိုက်ကြည့်နေရင် ကောင်လေးဟာ စိတ်ထဲမှာ နေလို့ မရလောက်အောင် ခိုးလို့ ခုလုဖြစ်တယ်။

ကောင်လေးဖြစ်စေချင်ခဲ့တာက ကောင်မလေးဟာ အိနြေ္ဒရှိရှိနဲ့ ကုနြေ္ဒရှိရှိနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေချင်ခဲ့တယ်။

တစ်နေ့ တော့ ကောင်လေးက အခွင့်အရေးတစ်ခုရှိလိုက်တယ်။ အဲဒါကို အသုံးချပြီး သူလုပ်လိုက်တာ ကောင်မလေးနဲ့ သူ့ လက်ရှိရည်းစားက ပြတ်သွားတယ်။
ကောင်လေးကတော့ ပျော်နေတာပေါ့။ အစပိုင်းတွေမှာ သူဟာ သူများရည်းစားကို ကြားဖြတ်လုတဲ့ သူအဖြစ်မျိုးကို လုံးဝရွံမုန်းခဲ့ပေမယ့် ကောင်မလေးရဲ့ရည်းစားဟာ လုံးဝမကောင်းတဲ့ လူမှန်းတဖြည်းဖြည်းသိလာတာကြောင့် ကောင်မလေးကို သူ သက်သေပြလိုက်တာပေါ့။
အဲဒီလူက မကောင်းကြောင်းကိုပေါ့။

ကောင်လေးမသိလိုက်တာက ကောင်မလေးနဲ့ အဲဒီလူကြားမှာ နှစ်နှစ်ဆိုတဲ့ သံယောဇဉ်ကြိုးကြီးရှိနေတာကိုပဲ။
မကြာလိုက်သောကာလ အတွင်းမှာ ကောင်လေး နားထဲကို မိုးကြိုးတွေပစ်ချလိုက်ပြန်တယ်။

ကောင်မလေးနဲ့ သူ့ ရည်းစားက ပြန်တွဲနေပြီပေါ့။ ကောင်လေးဟာ အိမ်မက်တွေ တစ်ခါရိုက်ချိုးခံလိုက်ရသလိုဖြစ်သွားတယ်။ ဘယ်သူ့ ကိုဒေါသထွက်လို့ ဘယ်သူ့ ကိုဘာပြောရမှန်း မသိစွာနဲ့ နံရံတွေကိုသာ လက်သီးနဲ့ တ၀ုန်းဝုန်းထိုးနေခဲ့တယ်။

နောက်တော့................................
ကောင်လေးဟာ ကောင်မလေးအပေါ် အရမ်းရိုးရိုးသားသားနေနေတာတွေကို တဖြည်းဖြည်းလျှော့လိုက်တယ်။
ကောင်မလေးကို အိမ်တွေဘာတွေ အတင်းလိုက်ပို့ တာပေါ့။

စာမေးပွဲနီးလာတော့ ကောင်မလေးက သူတို့ အချစ်အကြောင်းတွေခနထားပြီး စာပဲလုပ်ကြရအောင်လို့ ပြောတယ်။ ဒါကိုကောင်လေးက အကောင်းမှတ်ပြီး လိုက်လျောခဲ့တယ်။

ဒီလိုနဲ့ စာမေးပွဲဖြေဖို့ တစ်ပတ်လောက် အလိုမှာ ကံတရားရဲ့ အကူအညီကြောင့်ကောင်လေးဟာ ကောင်မလေးရဲ့ ရည်ရွယ်ချက်တွေကို သိသွားတယ်။

ကောင်မလေးဟာ သူ့ ရဲ့ အချစ်ကို ခုတုံးလုပ်ပြီး သူ့ ဆီကနေ စာတွေ သင်နေရုံ သက်သက်မျှပဲ ဆိုတာ ကောင်လေး သိရှိလိုက်သတဲ့။ စာမေးပွဲပြီးသွားရင် သူ့ ကိုအကြောင်းတစ်ခုခုပြပြီး ကောင်မလေးက ငြင်းလိုက်တော့မှာကိုလည်း ကောင်လေးသိလိုက်သတဲ့။

ကြေကွဲစွာနဲ့ ကောင်လေးဟာ စောစောစီးစီးနောက်ဆုတ်ခဲ့တယ်။ ကောင်မလေးကို သူဖွင့်ပြောလိုက်တယ် သူ့ ကိုစဉ်းစားပေးနေတာတွေ ရပ်လိုက်ပါလို့ ပေါ့။

ကောင်လေး စိတ်ထဲမှာ
ကောင်မလေးကို သူစာသင်နေတာတွေ ကောင်မလေးအတွက်လုပ်ပေးနေတာတွေဟာ ကောင်မလေးဆီက အချစ်ကို ရဖို့ သက်သက်လုပ်ပေးနေတာတွေ မဟုတ်ဘူးဆိုတာ ကောင်မလေးသိစေချင်တာ လဲပါတယ်။

စာသင်တာတွေ မပြတ်ခဲ့သလို ကောင်လေးဟာ စာမေးပွဲရက် အတွင်းမှာလဲ ကောင်မလေးကို ကူညီခဲ့ပါတယ်။
ကောင်မလေးရည်းစားက ကောင်မလေးကို စာမေးပွဲရက်အတွင်းတွေမှာ ကျောင်းလိုက်ပို့ တယ်။
ကောင်လေးဟာ သူ့ ရှေ့မှာ သူမြတ်နိုးတဲ့ ကောင်မလေးကို တခြားသူနဲ့ တွေ့ ရတော့ ပြုံးတယ်။
သူ့ စိတ်ထဲမှာ ငိုယိုနေတာ ကောင်မလေးကို မသိစေခဲ့ဘူး။

နောက်ဆုံး စာမေးပွဲတွေ ပြီးသွားတဲ့ အထိ ကောင်မလေးဆီက တိကျတဲ့ အဖြေတစ်ခုကို ကောင်လေးမရဘူး။

နောက်တော့ ကောင်လေးက ပေါ်ပေါ်တင်တင်ပဲ မေးလိုက်သတဲ့။
ကောင်မလေးကို ပါးစပ်ကလဲ ပြောခိုင်းတယ်။ "နင့်ကို ငါဒီတစ်သက်မချစ်နိုင်ပါဘူး" လို့ ပြောပေးပါ။သူထွက်သွားပါ့မယ်ပေါ့။
ကောင်မလေးကမပြောဘူး။ ကောင်မလေးအနေနဲ သူ့ အပေါ်ဒီလိုကောင်းခဲ့တဲ့ ကောင်လေးကို အဲဒီလို စကားမျိုးပြောမထွက်လို့ ပါလို့ ပဲပြန်ပြောတယ်။
သို့ သော်ငြား ကောင်မလေးဟာ သူ့ အနေနဲ့ ကောင်လေးကို သူဒီတစ်သက်မချစ်နိုင်ပါဘူးဆိုတာကို ကောင်လေးသိအောင်တော့ သွယ်ဝိုက်ပြီးပြောသွားသတဲ့။

ကောင်လေးဟာ ဘာမှမဖြစ်သလို အမူအရာမျိုးနဲ့ လမ်းခွဲခဲ့တယ်။
အဲဒီတစ်ညလုံး ကောင်လေး ငိုနေခဲ့တယ်။

နောက်တော့ သူဟာ ခြေဦးတည့်ရာတွေလျှောက်သွားတယ်။ တွေ့ တဲ့ အုတ်ခုံမှာ ထိုင်ပြီး သူပြန်စဉ်းစားတယ်။ သူ ကောင်မလေးကို ချစ်နေခဲ့တုန်းက တခြားသောဘယ်မိန်းကလေးကိုမှ သူစိတ်မ၀င်စားခဲ့။
ကောင်မလေးအတွက်နဲ့ သူ ၁၅မိုင်လောက်ဝေးတဲ့ ခရီးကနေ တကူးတက လာပြီး စာသင်ပေးခဲ့တယ်။

ဒါတွေ အားလုံးဟာ အချည်းနှီးမဖြစ်ဖူးဆိုတာကောင်လေးသိပေမယ့်...........
သူ ထင်ထားတဲ့ ပုံစံအတိုင်း.....
သူ့ စိတ်ကူးထဲက အတိုင်း......
သူ့ အိမ်မက်ထဲက လိုမျိုးဖြစ်မလာမှန်း
သိလိုက်ရတော့ သူမခံစားနိုင်တော့...........

သူ့ ရဲ့ တန်ဖိုးရှိလှတဲ့ အချစ်တွေဟာ အလကားဖြစ်သွားသလိုလို............
သူ့ အချစ်ကို အသုံးချသွားခြင်းအပေါ်မှာ ကောင်လေးဟာ ယူကြုံးမရဖြစ်ခဲ့တယ်။
ကောင်မလေးအနေနဲ့ သူ့ ကိုမချစ်ပါဘူး ပွင့်ပွင့်လင်းလင်းပြောခဲ့မယ်ဆိုရင်တောင် သူဟာ ကောင်မလေးကို ဆက်ပြီး သူငယ်ချင်းကောင်းတစ်ယောက်လို ကူညီနေမှာပါလို့  သူ့ စိတ်ထဲကနေ ကောင်မလေးကို ပြောနေမိတယ်...........................

နောက်တော့ ကောင်လေးဟာ ညဘက်တွေ မအိပ်တော့ဘူး....................
အရင်တုန်းက မိန်းကလေးတွေကို လေးစား တန်ဖိုးထားခဲ့ပေမယ့် အခုကျတော့ မိန်းကလေးတွေကို ကြောက်ပါကြောက်လာသတဲ့.............
အချစ်ဆိုတာအပေါ်အယုံအကြည် နည်းပါးလာတဲ့ ကောင်လေးဟာ................

သူ့ ကိုယ်သူ ဘာဖြစ်လို့ ဖြစ်မှန်း မသိနိုင်စွာနဲ့ ပဲ လျှောက်သွားနေခဲ့တယ်........
သူ့ အဖို့ အခုအချိန်မှာ ကဗျာတွေရေးပြီး အချိန်ကုန်နေခြင်းသာ အကောင်းဆုံးလို ဖြစ်နေသတဲ့..............

**ဝေယံ**

**From-Haroon**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)