ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 6, 2011

မာန်မာန၊အာဃာတတွေ ခ၀ါချပါတော့

>
ဒီဇင်ဘာ ၃ ရက်နေ့ မနက်စောစော အိပ်ယာထသွားတိုက်နေတုန်း ရေဒီယိုဖွင့်ထားမိသည်။ အဲဒီအချိန်မှာ-

“ကျနော်အသက်(၉၂)နှစ်ပြည့်ပါပြီ၊ ကျနော့်မွေးနေ့မှာ မြန်မာပြည်သူလူထုတစ်ရပ်လုံး ဒီမိုကရေစီ အမြန်ဆုံး ရပါစေလို့ ဆန္ဒပြုဆုတောင်းပေးပါတယ်”

ထူးခြားဆန်းပြားလှသည့် မွေးနေ့ဆုတောင်း။ ပုံမှန်အားဖြင့်ဆိုလျှင် လူတစ်ယောက်ရဲ့မွေးနေ့မှာ ဆွေမျိုး မိတ်သင်္ဂဟများမှ မွေးနေ့ရှင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးတာကိုသာ ကျနော်ကြားဖူးတာ များသည်။ ယခုတော့ ထူးထူးခြားခြား မွေးနေ့ရှင်က သူချစ်သော တိုင်းသူပြည်သားများအတွက် သူ့မွေးနေ့ ရောက်တိုင်း ဆုမွန်ကောင်း တောင်းခြွေလေ့ရှိတာကို ကြားနေရ၍ဖြစ်သည်။ တစ်နှစ်မဟုတ်၊ နှစ်နှစ်မဟုတ်၊ နှစ်စဉ်နှစ်တိုင်း ကြားကြားနေရသည်။

ထိုမွေးနေ့ရှင်ကား နှယ်နှယ်ရရ မဟုတ်၊ သူလိုကိုယ်လို သာမန်အရပ်သူအရပ်သားလည်း မဟုတ်။ သူ့ အတ္ထုပ္ပတ္တိ သမိုင်းက မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ခွဲမရအောင်ချိတ်ဆက်နေသည်။ လွတ်လပ်ပြီး မြန်မာပြည်၏ အချုပ်အခြာကို ထိပါးကျူးကျော်လာသူ တိုင်းတပါးမိစ္ဆာတွေကို တိုက်ထုတ်မောင်း နှင်သည့်သမိုင်း၏ အထင်ကရသင်္ကေတလည်းဖြစ်သည်။

သူသည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် အကြီးမားဆုံးလူထုအုံကြွမှုကြီးဖြစ်သော ၁၃၀၀ ပြည့်အရေးတော်ပုံ မှာ ပါဝင်ခဲ့သည်။ မြန်မာ့တပ်မတော်၏ ကနဦးသန္ဓေတည်ရာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေး စစ်တိုင်းကြီး ၁၀ တိုင်းအနက် တိုင်း၎ ကို ဦးဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် စစ်တိုင်း ၂ ခုသာရှိသေးသော တပ်မတော်တွင် စစ်တိုင်း၂ခုလုံးကို တစ်လှည့်စီဦးစီးကွပ်ကဲခဲ့သည်။ တရုတ်ဖြူ ဆန့်ကျင် ရေးစစ်ပွဲ၌ သူမတူအောင်ထူးချွန်စွာ စစ်ရေးအစွမ်းပြနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြီးလျှင် ဒုတိယအားထားရဆုံး စစ်ခေါင်းဆောင်ဖြစ်သည်။ တပ်မှအငြိမ်းစားယူပြီးနောက် ဆရာကြီးသခင်ကိုယ် တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ထိုသူကား ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ပင်ဖြစ်ပါသည်။

ကျနော်ငယ်ငယ်က မြောက်လေဖြူးဖြူး ဆောင်ဦးညချမ်း လရောင်ဆမ်းချိန်၊ ကျနော်တို့ကလေးတစ်သိုက် စောစောအိပ်ရာ မ၀င်တတ်။ လယ်ကွင်းထဲက စပါးတွေရိတ်သိမ်းချိန် တလင်းထဲမှာ အလုပ်ရှုပ်နေသော မိဘများကို အဖော်ပြုကာ တလင်းနယ်ရင်းလှည်းစီးတတ်ကြသည်။ ကောက်ရိုးတွေကြားမှာ ဆော့ကစားတတ် သည်။ ကျနော့်ဦးလေးဝမ်းကွဲက စစ်ပြန်စစ်မှုထမ်းတစ်ဦး။ လှည်းစီးနေရင်း အိပ်ငိုက်လာတော့ သူက စစ်မြေပြင် အတွေ့အကြုံတွေ ပြောပြတတ်သည်။

သူပါဝင်ခဲ့သော တရုတ်ဖြူဆန့်ကျင်ရေးစစ်ပွဲအကြောင်း။ စစ်မြေပြင် ချီတက်စဉ် ခေတ္တစခန်းချအနားယူရာ၌ သူတို့တိုင်းမှူး ဗိုလ်ချုပ်ကျော်ဇောက အမြိန့်သားဇိမ်ယူမနေ၊ ရဲဘော်တွေရဲ့ကျန်းမာရေးအခြေအနေကို အမြဲလိုက်လံမေးမြန်းတတ်ပြီး အားပေးနှစ်သိမ့်စကားပြောကြားတတ် သည်။ စစ်မြေပြင်တိုက်ပွဲများမှာလည်း နောက်တန်းလုံခြုံသည့်နေရာမှ အမိန့်ပေးမနေဘဲ ရဲဘော်များနှင့် နီးကပ်စွာအတူနေ၍ ဦးစီးကွပ်ကဲတတ်သည်ဟုဆိုသည်။ ထို့ကြောင့်လည်း သူတို့စိတ်ဓာတ်အမြဲတက်ကြွနေ ပြီး ကိုယ့်ထက်အင်အား အဆမတန်သာလွန်သော ရန်သူများကို အောင်မြင်စွာတိုက်ခိုက်နိုင်ကြောင်း ပြောပြပါ သည်။ ထိုကတည်းကပင် ကျနော့်နှလုံးသားမှာ ဗိုလ်ကျော်ဇော၏ပုံရိပ်က သူရဲကောင်းတစ်ဦးဖြစ်နေခဲ့သည်။

ကျောင်းနေအရွယ်ရောက်လို့ မြန်မာ့သမိုင်းမှာ ဗိုလ်မှူးကြီးဗထူး အကြောင်းသင်ရပြန်သောအခါ နောက်ထပ် သူရဲကောင်းတိုးလာရပြန်သည်။

ကျနော် ရန်ကုန်နှင့်ရွာ အသွားအပြန်လုပ်တိုင်း သုံးဆယ်ဘူတာကို အခေါက်ပေါင်းမရေတွက်နိုင်အောင် ဖြတ်သွားခဲ့ရသည်။ ဆုံးဆယ်ဘူတာကို ရထားဆိုက်တိုင်းလည်း ကျနော်မရောက်ဖူးသော ဆိုင်းစုရွာလေးမှ ဗိုလ်ချုပ်ကျော်ဇော နေအိမ်ရှိမည့်နေရာကို မှန်းဆကြည့်မိသည်။

သုံးဆယ်မြို့မကျောင်းကူးတံတားထိပ်မှာ ဗိုလ်စိန်မှန်ပန်းခြံရှိသည်။ သာယာဝတီမြို့မှာ ဗိုလ်စိန်မှန်လမ်းရှိ သည်၊ ဗိုလ်မြဒင်လမ်း ရှိသည်။ ရန်ကုန် တာမွေမြို့နယ်မှာ ဗိုလ်စိန်မှန်လမ်းရှိသည်။ လက်ပံတန်းမြို့မှာ ဗိုလ်ဖုန်းမြင့် လမ်းရှိသည်။ အခြားသောမြို့တွေမှာလည်း အခြားသော ခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေ ရှိနေနိုင်ပါသည်။ သို့သော် သာယာဝတီ၊သုံးဆယ်သား စစ်စစ် ဗိုလ်ကျော်ဇောနှင့် ပတ်သက်သည့်အမှတ်တရ ဘယ်နေရာမှာမှ ကျနော်မတွေ့ရဘူးပါ။ ကျနော်ဝမ်းနည်းမိပါသည်။ တောခိုသွားလို့ သူ့သမိုင်းဖျောက်ဖျက် ခံရတာလား တွေးမိသည်။ ကွန်မြူနစ်အယူအဆရှိ၍ ဆိုလျှင်တော့ လုံလောက်မည်မထင်ပါ။ ဗိုလ်မှူးကြီး ဗထူးလည်း ကွန်မြူနစ်ပါတီဝင် ဖြစ်သည်။ သို့ပေမယ့် ယနေ့ တပ်မတော်ခေါင်းဆောင်များ လေ့ကျင့်ပျိုးထောင် ပေးရာ ဗထူးတပ်မြို့ရှိသည်။ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ဗိုလ်ဗထူးလမ်း ရှိသည်။ သမိုင်းကို လူတွေက ဖန်တီးလိုက်ကြသည်။

ဝိဓူရသခင်ချစ်မောင်က ကျနော့်အဖေ၏ ငယ်သူငယ်ချင်းဖြစ်ပါသည်။ ၁၉၈၈ အတွင်း ဘဘအိမ်သို့ ကျနော် မကြာခဏရောက်ဖြစ်သည်။ ဘဘနှင့်လည်း စကားတွေပြောဖြစ်သည်။ ဘဘက အမှတ်တရဖြစ်ရပ်လေးတစ်ခု ကိုပြောပြဖူးသည်။ ဖဆပလခေတ်အတွင်းက တစ်နေ့မနက်စောစော သူအိပ်ယာထမျက်နှာသစ်နေတုန်းမှာ ခြံဝင်းအတွင်းသို့ အမျိုးသမီးတစ်ဦးသမီးငယ်လေးလက်ဆွဲကာ ၀င်ရောက်လာသည်။ ဘဘကိုတွေ့တော့ “ဒါ သခင်ချစ်မောင်ရဲ့အိမ် ဟုတ်ပါသလားရှင်” ဟုမေးပါသည်။ ဘဘက ဟုတ်မှန်ကြောင်း၊ မိမိဟာ သခင်ချစ်မောင် ဖြစ်ကြောင်းပြော၍ ဧည့်ခန်းမှာ နေရာပေးပါသည်။ ဧည့်ခန်းမှာထိုင်ကြသောအခါ အဆိုပါအမျိုးသမီးမှ “ကျမက ကာနယ်ချစ်ကောင်းရဲ့ ဇနီးပါ။ မနေ့ကပဲ သူနဲ့သွားတွေ့ဖြစ်ခဲ့ပါတယ်။ သူက သခင်ချစ်မောင်ဆီကို လွှတ်လိုက်လို့ လာတာပါ။ သူကမှာလိုက်တယ်၊ သူ့အတွက် ဘာမှမပူပါနဲ့၊ ပမညတ အတွင်းညီညွှတ်မှုရဖို့ အတတ်နိုင်ဆုံးကြိုးစားကြပါလို့ မှာလိုက်ပါတယ်ရှင်” ဟုပြောကြောင်း ဘဘပြန်ပြောပြသဖြင့် ကျနော်သိရပါ သည်။ ဘဘက “တကယ့်ကိုရှားတဲ့ လူပဲကွာ၊ ကိုယ်ကိုယ်တိုင် ကြိုးတိုက်ထဲရောက်နေတာတောင်မှ ကိုယ့်အတွက် မစဉ်းစားဘဲ အပြင်ကလူတွေအတွက် လှမ်းပူပန်နေလိုက်သေးတယ်” ဟု သက်ပြင်းချရင်း ပြောပါသည်။

ကျနော် ခပ်ငယ်ငယ်က စွဲစွဲလန်းလန်းဖတ်ဖူးခဲ့သော ကာနယ်ချစ်ကောင်းရေးသည့် “အနှစ်နှစ်ဆယ်” စာအုပ်ထဲ က အဖွင့်စာတန်းလေးကို သတိရမိပါသည်။ “တိုင်းပြည်အတွက် အနှစ်နှစ်ဆယ် လုပ်ကိုင်ပြီးနောက် ကိုယ့်ကိုယ် ကိုယ် ပြန်ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်” တဲ့။ နောက်ပြီး ကာနယ် ချစ်ကောင်းကို သေဒဏ်ကြိုးမိန့်ချခါနီးမှာ ဖတ်ကြားသွားသော တရားသူကြီး(ဦးသန်းနွဲ့ ထင်သည်) ၏အမိန့် ဖတ်ကြားသံကိုလည်း စိတ်ကူးဖြင့် ကြားနေမိသလိုလို။ “တရားခံဖြစ်သူသည် ဖက်ဆစ်တော်လှန်ရေး၊ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ စွန့်စားတိုက်ပွဲဝင်ခဲ့သော်လည်း...” နောက်ပိုင်းစာသားတွေမှာ တရားသူကြီး၏ အသံတိုးညှင်းသွားသည်ဟု ဆိုပါသည်။ ခုလိုပြစ်ဒဏ်ချမှတ်ရတာ စိတ်မကောင်း၍ပဲလား၊ ကိုယ့်လိပ်ပြာကိုယ်မလုံ၍ပဲလား ကာယကံရှင် ကိုယ်တိုင်မှပင် အတတ်သိပါလိမ့်မည်။

ကာနယ်ချစ်ကောင်းနှင့်ပတ်သက်၍ နောက်ထပ်စိတ်မကောင်းစရာသတင်းကိုတော့ ဟင်္သာတမှ မိတ်ဆွေ ဦးလေးတစ်ဦး ပြောပြသဖြင့် သိခွင့်ရခဲ့ပါသည်။ အနောက်ရိုးမတောင်ခြေ ရွာတစ်ရွာမှာ တာဝန်ထမ်းဆောင်ရင်း မထင်မရှားကွယ်လွန် သွားခဲ့ရသည် ဟူ၍။

ကျနော်တို့က သမိုင်းကို လေ့လာကြပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက် သူတွေကို လေးစားတန်ဖိုးထားပါသည်။ ဒီနေရာမှာ သူတို့၏နိုင်ငံရေး အယူအဆနှင့် ရပ်တည်မှုကို အလေးပေး မပြောလိုပါ။ သူတို့အားလုံး တိုင်းပြည်နှင့်လူမျိုးကို ချစ်ကြကြောင်းသာ အဓိကထားဆွေးနွေးချင်ပါသည်။ တိုင်းပြည်ကို ချစ်ကြသူချင်းအတူတူဆိုလျှင် တိုင်းပြည်နှင့်လူမျိုးကောင်းရာကောင်းကျိုးအတွက် ပုဂ္ဂိုလ်ရေး အမုန်းတွေကို ဖယ်ရှားသင့်ပါသည်။ ဂိုဏ်းဂနစိတ်တွေကိုလည်း ဖြေလျှော့သင့်ပါပြီ။

တိုင်းပြည်နှင့်လူမျိုး သူ့ကျွန်ဘ၀ကလွတ်မြောက်ရေးအတွက် အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦး အသက်(၉၀) ကျော် အိုမင်းတွင်းဆုံးရောက်ချိန်မှ သူတပါးတိုင်းပြည် မှာ ဘ၀နိဂုံးချုပ်ရတော့ အခြေဆိုက်နေသည်။

ဒီဇင်ဘာ(၃)ရက်နေ့ရောက်တိုင်း “ကျနော်အသက်(--) ပြည့်ပါပြီ။ ကျနော့်မွေးနေ့မှာ မြန်မာပြည်သူပြည်သား အပေါင်း ဒီမိုကရေစီ အမြန်ဆုံး ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဆိုသည့် တုန်ရီနွမ်းလျသည့် မွေးနေ့ရှင်၏ ဆုတောင်းသံကို ကျနော်တို့ ကြားလာရတာကြာပါပြီ။ နောင် ဘယ်လောက်ကြာသည်ထိ ကြားနေရဦးမည်နည်း။ နောက်ထပ် ဘယ်နှစ်နှစ်ရော ကြားခွင့်ရပါဦးမည်နည်း။

သူလည်း သူ့မွေးဖွားရာဇာတိ ဆိုင်းစု ရွာလေးကို ပြန်ချင်ပါလိမ့်မည်။

**ဝေမော်**

၅ ဒီဇင်ဘာ ၂၀၁၁

http://www.facebook.com/#!/notes/wai-maw/%E1%80%99%E1%80%AC%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%94%E1%80%A1%E1%80%AC%E1%80%83%E1%80%AC%E1%80%90%E1%80%B1%E1%80%90%E1%80%BC-%E1%80%81%E1%81%80%E1%80%AB%E1%80%81%E1%80%BA%E1%80%95%E1%80%AB%E1%80%B1%E1%80%90%E1%80%AC%E1%80%B7/206519106093902

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)