ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 5, 2011

နိုင်ငံခြားသားများ ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၂ ဒဂုံရွှေအောင်လံ

>
မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတစ်ပွဲကို နိုင်ငံခြားသားလက်ဝှေ့ကျော်များက ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ဒဂုံရွှေအောင်လံ မြန်မာရိုးရာလက်ဝှေ့ ပြိုင်ပွဲ ကြီး(၂၀၁၂)သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေက Park Royal Hotel တွင် ကျင်းပခဲ့ရာ အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ ဒဂုံဗျူရီ ကုမ္ပဏီ လီမိတက်၊ မြန်မာမီဒီယာ ဂရု(ပ်)တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ပြည်တွင်းပြည်ပသတင်းစာ ဆရာများ၊ စာနယ်ဇင်းများ၊ လက်ဝှေ့ ကလပ်များ၊ လက်ဝှေ့သမားများ စုံညီစွာ တက်ရောက် ခဲ့ကြသည်။

ယခုနှစ် စတုတ္ထအကြိမ်အဖြစ်ကျင်းပသော ဒဂုံရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးတွင် ပထမဆုံးအကြိမ်အဖြစ် အာမေးနီးယား၊ ရုရှား၊ ထိုင်းနှင့် အီရန်နိုင်ငံတို့မှ လက်ဝှေ့သမားများ ပါဝင်ထိုးသတ်မည် ဖြစ်သည်။

ပြိုင်ပွဲ အနေဖြင့် အလွတ်တန်းဒဂုံရွှေအောင်လံ၊ ပထမတန်းဒဂုံရွှေအောင်လံ၊ ဒုတိယတန်း ဒဂုံရွှေအောင်လံနှင့် အထူးဒဂုံ ရွှေအောင်လံ အတန်းများ ခွဲခြားထားသည်။

ပြိုင်ပွဲကို သုဝဏ္ဏအမျိုးသား အားကစားရုံ(၁)တွင် ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၈ ရက်နေ့များတွင် ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ် ပွဲစဉ်များကို လည်းကောင်း၊ ၂၀၁၂ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အလွတ်တန်း၌ စောငမန်း(မြန်မာ)နှင့် ကစ်တီပွန် တို့သည်လည်းကောင်း၊ ပထမတန်း၌ ရန်နိုင်အောင် (မြန်မာ)နှင့် ဆွာလွန်တို့ သည်လည်းကောင်း ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။

ထိုနေ့တွင်ပင် ဒုတိယတန်း၌ စောအုန်းမြင့်နှင့် သတ္တိအောင်၊ စိုးမိုးဟိန်းနှင့် စိုးထက်ဦး၊ သပြေညိုနှင့် ဒေါင်းသည်းခြေ၊ သားသားနှင့် ကညော ထူးတို့သည် ကွာတားဖိုင်နယ်ပွဲများ အဖြစ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အလွတ် တန်း၌ ရန်ကြီးအောင်(မြန်မာ)နှင့် ဒါဗစ်၊ ပထမတန်း၌ ထွန်းထွန်း(မြန်မာ)နှင့် ဘီရီဆော့ဗ်တို့ပွဲများ အပြင် ဒုတိယတန်း ဆီမီးဖိုင်နယ်နှစ်ပွဲတို့ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။

ထိုနေ့တွင် အထူးဒဂုံ ရွှေအောင်လံလုပွဲအဖြစ် စိုးလင်းဦး (မြန်မာ)နှင့် မန်ကွန်ထွန်(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး၊ငါးချီစိန်ခေါ် ပွဲအဖြစ် ဒေါနအောင်(၀ါဆို)နှင့် စနေထွန်း(အလင်းရောင်) တို့အပါအ၀င် အခြားလေးချီစိန်ခေါ်ပွဲများထိုးသတ် မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်န၀ါရီ ၈ ရက်နေ့တွင် အလွတ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ဒဂုံရွှေအောင်လံဗိုလ်လုပွဲများနှင့် အထူး စိန်ခေါ်ပွဲအဖြစ် မြန်မာနိုင်ငံအလွတ်တန်းချန်ပီယံဟောင်းနှစ်ဦးဖြစ်သည့် ၀မ်းချိုင်းနှင့် ရွှေဝါထွန်းတို့ပွဲ၊ အထူးဒဂုံ ရွှေအောင်လံလုပွဲအဖြစ် ၀င်းထွန်း (မြန်မာ)နှင့် မာဆွတ်(အီရန်)တို့၏ပွဲ၊ ငါးချီစိန်ခေါ်ပွဲအဖြစ် ရွှေထွန်းယုံ (ဘိလပ် မြေစက်ရုံ)နှင့် ရွှေသိန်းအောင်(တောင် ကလေး) တို့သည် ယှဉ်ပြိုင်ထိုးသတ်ကြ မည်ဟုသိရသည်။

ဒဂုံရွှေအောင်လံ၊မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကြီးသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အာမေးနီးယားနိုင်ငံမှ ချာချက်ထရီယမ် ဒါဗစ်မှာ အာမေးနီးယားနိုင်ငံလုံးဆိုင်ရာ ကိုယ်ခံပညာပေါင်းစုံအတိုက်ပြိုင်ပွဲ ချန်ပီယံသုံးကြိမ်ရရှိထားကြောင်းသိရှိရသည်။

ပထမတန်းတွင် ၀င်ရောက်ယှဉ် ပြိုင်မည့် ရုရှားနိုင်ငံမှ ဆာရီကော့ဗ်သည် ရုရှားနိုင်ငံလုံးဆိုင်ရာ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံနှင့် နိုဂိုယော့ပြည်နယ် ကိုယ်ခံပညာပေါင်းစုံချန်ပီယံဖြစ်သည်။

အီရန်နိုင်ငံမှ မာဆွတ်မှာ အီရန်နိုင်ငံ မွေထိုင်းချန်ပီယံနှင့် ၂၀၀၄ ခုနှစ် ကမ္ဘာ့ မွေထိုင်းချန်ပီယံဖြစ်သည်။ ထိုင်းနိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်မည့် ပသျှူးလက်ဝှေ့ ကျော်များဖြစ်သည့် ကစ်တီပွန်၊ ဘွာလွန်၊ မန်ကွန်ထွန်တို့မှာ ဖူးခက်ခရိုင်၊ ဟတ်ရိုင် ခရိုင်နှင့် ကရူဘီခရိုင် တို့မှ ဒေသဆိုင်ရာ ချန်ပီယံများဖြစ်ကြောင်းသိရသည်။

ဆုကြေးငွေ ကျပ် ၃၄၂ သိန်းချီးမြှင့်မည့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး ဒဂုံရွှေအောင်လံ မြန်မာ့ ရိုးရာလက်ဝှေ့ပြိုင် ပွဲကြီးကို ဒဂုံဗျူရီ ကုမ္ပဏီမှ တစ်ဦးတည်း စပွန်ဆာအဖြစ် အဓိကပံ့ပိုးကူညီထားပြီး မြန်မာမီဒီယာဂရု(ပ်)က စီစဉ်ကျင်းပမည်ဖြစ်သည်။

ရိုးရိုးတန်း ကျပ် ၅,၀၀၀ နှင့် အထူးတန်း ၀င်ကြေး ကျပ် ၁၅,၀၀၀ ဖြစ်သည်။

**လင်းဇော်ထက်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)