ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 31, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>
**ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ.. ချန်ပီယံများရဲ့ ချန်ပီယံဆုဆွတ်ခူး**

(မက်ဒရစ်၊ ဒီဇင်ဘာ ၂၈)
ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ ယခုနှစ်အတွက် Champion of the Champion 2011 ဆုကို ဆွတ်ခူးသွားတဲ့အကြောင်း ပြင်သစ်နေ့စဉ်ထုတ် သတင်းစာတစ်စောင်က ရေးသားဖော်ပြထားပါတယ်။ ချန်ပီယံများရဲ့ ချန်ပီယံလို့အမည်ပေးထားတဲ့ ဒီဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအနေနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ ဆု
တစ်ခုဖြစ်ပါတယ်။ သူဟာ ချန်ပီယံများရဲ့ ချန်ပီယံလို့ ဆိုရလောက်အောင် တကယ်ကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။
မက်ဆီဟာ လွန်ခဲ့တဲ့သတင်းပတ်က ဂျပန်နိုင်ငံ ယိုကိုဟားမားမှ ကျင်းပသွားတဲ့ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲမှာ ဆန်တို့စ်အသင်းကို လေးဂိုး-ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ နှစ်ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။ မက်ဆီဟာ ဒီပြိုင်ပွဲမှာ ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကမ္ဘာ့ကလပ်ဖလား ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလည်းဖြစ်ပါတယ်။ မကြာမီမှာ ကမ္ကာ့ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ထပ်မံဆွတ်ခူးနိုင်လိမ့်မယ်လို့ ရေပန်းစားနေပါတယ်။ (အင်တာနက်)

**ကန်းထရီးအဆိုတော်တေလာဆွစ်ရုပ်ရှင်တေးအယ်လ်ဘမ်ထွက်မည်**
(လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၈)
ကမ္ဘာကျော် ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဟာ မကြာမီထွက်တော့မည့် The Hunger Games လို့အမည်ရတဲ့ တေးအယ်လ်ဘမ်မှာ အော်စကာဆုရ ကမ္ဘာကျော် အနုပညာရှင်တီဘွန်းဘားနက်နဲ့ အတွဲခွေထွက်လာဖို့ရှိပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းသီချင်းတွေကို စုစည်းထားတာဖြစ်ပြီး ၂၀၁၂ ခုနှစ်မတ်လထဲမှာ ထွက်မယ်လို့ဆိုပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲမှာ အခြားနာမည်ကြီးအဆိုတော်တွေလည်း တစ်ပုဒ်စ၊ နှစ်ပုဒ်စပါဝင်သီဆိုပေးထားပါတယ်။

အဆိုတော်တေလာဆွစ်က The Civil War လို့အမည်ရတဲ့ တေးဂီတနဲ့အတူ Safe and Sound လို့အမည်ရတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်လည်းထွက်ရှိလာပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ I Tunes မှာ အရောင်းရဆုံး တေအယ်လ်ဘမ်ဖြစ်လာပါတယ်။ The Hunger Games လို့အမည်ရတဲ့ အဆိုတော်တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်မှာ အဓိကသရုပ်ဆောင်တွေအဖြစ် ဂျင်နီဖာလောရင့်၊ ဂျို့စ်ဟွတ်ချာဆင်နဲ့ ၀ုဒီဟာရီဆင်တို့က သရုပ်ဆောင်ပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ The Hunger Games ရုပ်ရှင်ဇာတ်ကားအတွက် သီဆိုပေးထားတဲ့အယ်လ်ဘမ်ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မြောက်အမေရိကမှာရှိတဲ့ ပါနမ်းလို့အမည်ရတဲ့ ဒေသတစ်ခုရဲ့ဆယ်ကျော်သက်လေးများနဲ့ မိန်းကလေးများ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အကြောင်းကို ထင်ဟပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို လာမယ့်နှစ် မတ် ၂၃ ရက်မှာ အမေရိကန်၌ ပြသမယ်လို့ သိရပါတယ်။ (အင်တာနက်)

**တာဇံရုပ်ရှင်ကားများထဲက ဇာတ်လိုက်ကျော် မျောက်ဝံ သေဆုံး**
(ပမ်းဟာဘွာ၊ ဒီဇင်ဘာ ၂၈)
တာဇံရုပ်ရှင်ကားများ၏ ဇာတ်လိုက်ကျော်ဖြစ်သည့် ချင်ပန်ဇီမျောက်ဝံသည် အသက် ၈၀ အရွယ်၌သေဆုံးခဲ့ကြောင်း ၄င်းနေထိုင်ကျက်စားရာ ဘေးမဲ့တောဥယျာဉ်မှ သတင်းထုတ်လွှင့်ခဲ့သည်။ ပမ်းဟာဘွာနယ်မြေအတွင်းရှိ ဆန်ကောစ်ပရိုင်းမိတ်ဘေးမဲ့ ဥယျာဉ်တွင် ကျောက်ကပ် ဝေဒနာဖြင့်ဒီဇင်ဘာ ၁၄ ရက်က သေဆုံးခဲ့ခြင်းဖြစ်သည်။ ဇာတ်လိုက်ကျော်မျောက်ဝံလိမ္မာကြီးသည် ၁၉၆၀ ခုနှစ်များအတွင်း ရိုက်ကူးခဲ့သည့်တာဇံရုပ်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အကြား၌လည်း ရုပ်မြင်သံကြားဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မျောက်ဝံဖြစ်သည်။ ရုပ်ရှင်များတွင် သရုပ်ဆောင်ခဲ့သည့် ထိုမျောက်ဝံသည် လက်ပန်းချီးရေးခြယ်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းနှင့် ဂီတသံတချို့ နာထောင်ရခြင်းများကိုလည်း နှစ်ခြိုက်သည့် မျောက်ဝံဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။ (အင်တာနက်)

**ဂရမ်မီကိုးဆုရ အဆိုတော် လီဂျန်း...စူပါမော်ဒယ်တိဂျန်းနဲ့ စေ့စပ်လိုက်ပြီ**
(လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၈)
R & B အဆိုတော် ဂျွန်လီဂျန်းဟာ ကမ္ဘာကျော်စူပါမော်ဒယ် ခရစ်ဆိုင်းတိဂျန်းနဲ့ လက်ထပ်ဖို့စေ့စပ်လိုက်ကြပြီဖြစ်ပါတယ်။ သူတို့စုံတွဲဟာ စေ့စပ်ပွဲပြီးတဲ့နောက်မော်လ်ဒိုက်ဗ်ကို အပျော်ခရီးထွက်ခဲ့ကြပါတယ်။ လီဂျန်းနဲ့တိဂျန်းတို့ဟာ ၂၀၀၇ ခုနှစ်ကတည်းက ဆုံတွေ့ခဲ့ကြပြီး ချစ်ကြိုက်ခဲ့ကြတယ်လို့ အဆိုတော်လီဂျန်းနဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ (အင်တာနက်)

**ကွာရှင်းခဲ့တဲ့ အာနိုးတို့ဇနီးမောင်နှံ နှစ်သစ်ကူးအကြိုမှာ အတူနေထိုင်**
(လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၈)
ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးအာနိုးဟာ နှစ်သစ်ကူးအကြိုကာလမှာ ကွာရှင်းပြတ်စဲပြီးဖြစ်တဲ့ ဇနီးဟောင်းမာရီယာရှရီဗာနဲ့ ကလေးတွေနဲ့အတူတကွ လာရောက်နေထိုင်ခဲ့ပါတယ်။ မင်းသားကြီးအာနိုးဟာ ကယ်လီဖိုးနီးယားပြည်နယ်ဘရင့်ဝုဒ်မြိုကမှာရှိတဲ့ မာရီယာရှရီဗာတို့နေထိုင်ရာနေအိမ်ကို လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကစပြီး လာရောက်နေထိုင်တဲ့အကြောင်း ရှရီဗာမိသားစုနဲ့ ရင်းနှီးတဲ့သတင်းရပ်ကွက်က ပြောပါတယ်။ (အင်တာနက်)

စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)