ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 31, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**ကမ္ဘာ့ဒုတိယအမြင့်ဆုံး ရှန်ဟိုင်းတာဝါ တရုတ်နိုင်ငံ၌တည်ဆောက်နေ**

(ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၈)
ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး မိုးပျံအဆောက်အအုံဖြစ်လာမည့် ရှန်ဟိုင်းတာဝါကို တည်ဆောက်ရန်အတွက် မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ အမြင့်ဆုံးပြုလုပ်နေရာ ပြီးဆုံးပြီဖြစ်ကြောင်း
တရတ်အရာရှိများက ဒီဇင်ဘာ ၂၈ ရက်၌ ပြောကြားသည်။ ယခုတည်ဆောက်လျက်ရှိသည့် ရှန်ဟိုင်းတာဝါမှာ
အမြှင့် ၆၃၂ မီတာရှိရာ အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့တွင် တည်ဆောက်ထားသော အမြင့် ၈၂၈
မီတာရှိသည့် ဘူဂျာခါလီဖာထက် ၁၉၆ မီတာနိမ့်သည်။ ရှန်ဟိုင်းမြို့တွင် တည်ဆောက်လျက်ရှိသည့် ၄င်းမိုးပျံ
အဆောက်အအုံကို ၂၀၁၂ ခုနှစ်အတွင်း အမြင့်မီတာ ၄၀၀ အထိရောက်ရှိအောင် တည်ဆောက်သွားမည်ဖြစ်သည်။ ယခုမြေပြင်ပြုပြင်မှုနှင့် အခြေခံအဆောက်အအုံတည်ဆောက်မှုကို သုံးနှစ်ကြာ ပြုလုပ်ခဲ့ရသည်။ (အင်တာနက်)

**ရေနစ်မြုပ်ခဲ့သည့် ဟွန်ဒါကားများ ထိုင်းနိုင်ငံ၌ ဖျက်ဆီး**
(ဗန်ကောက်၊ ဒီဇင်ဘာ ၂၈)
ထိုင်းနိုင်ငံအလယ်ပိုင်းဒေသများတွင် မကြာမီရက်များက ရေလွှမ်းခဲ့မှုကြောင့် ရေနစ်မြုပ်ခဲ့သော ဟွန်ဒါကားများကို
ဟွန်ဒါကုမ္ပဏီက ဖျက်ဆီးခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက်၌ သတင်းထုတ်ပြန်သည်။ ဖျက်ဆီးခဲ့သည့် ဟွန်ဒါကားများမှာ
အစီးပေါင်း ၁၀၅၅ စီးဖြစ်သည်။ ယင်းကားများမှာ ဟွန်ဒါကုမ္ပဏီထုတ် ဘရီရို၊ ဂျက်ဇ်၊ စီတီး၊ စီဗစ်၊ ဟွန်ဒါအက်
ကော့ဒ်၊ စီအာ-ဗွီ အမျိုးအစားကားများဖြစ်သည်။ ယင်းကားများသည် ရေနစ်မြုပ်ခံရမှုကြောင့် အင်ဂျင်မှဆီယိုစိမ့်ခြင်း၊ အင်ဂျင်များထိခိုက်ခြင်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။ အဆိုပါကားများကို ၀န်ချီစက်ဖြင့်
ရွှေ့ပြောင်းပြီး ဖျက်ဆီးသည့်နေရာ၌ ထုခြေဖျက်ဆီးကာ သံရည်ကျိုပြီးနောက် ကားပစ္စည်းအစိတ်အပိုင်းများအဖြစ် ပြန်လည်အသုံးပြုမည်ဖြစ်သည်။ (အင်တာနက်)

**ရထားသံလမ်းပေါ်မှကလေး အသက်ဘေးမှလွတ်**
အင်္ဂလန်နိုင်ငံ လန်ဒန်အရှေ့ပိုင်း၌ ဘတ်တာဝပ်သ်ဒေသအနီး မန်ကွီကျေးရွာနေအသက်သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် သမူ၏ အပေါ်မှ ရထားတစ်စင်းဖြတ်ကျော်သွားသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း အရှေ့ပိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက်က ရထားလမ်းတစ်လမ်းပေါ်တွင် အမတ်လီစီဟူလူဖန်ဒါအမည်ရှိ အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် လဲနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း သူမမှာ အသက်ရှင်နေဆဲ ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ခေါင်းဆောင် ဂျက်ဆင်မန်နာသာက ပြောကြားခဲ့သည်။ ရထားမောင်သူမှာ ရထားလမ်းကြားတွင်လဲလျောင်းနေသည့် အဆိုပါကလေးငယ်အားမြင်ခဲ့သော်လည်း ရထားအရှိန်ကြောင့် မရပ်နိုင်ခဲ့၍ သူမအပေါ်မှ ဖြတ်ကျော်ကာ မောင်းနှင်းခဲ့ရခြင်းဖြစ်ကြောင်း မန်နာသာက ဆက်လက်ပြောကြားခဲ့သည်။ ရထားမှာသူမအပေါ် ဖြတ်ကျော်သွားသော်လည်း ရထားအောက် လွတ်ရုံမျှ သေးငယ်နေခဲ့သောကြောင့် ယင်းမိန်းကလေးမှာ အသက်ဆက်ရှင်နေခြင်းဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)

**မက္ကဆီကိုတွင် အစာအဆိပ်သင့်မှုကြောင့် လူခြောက်ဦးသေဆုံး**
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂွါဒါလာဂျာမြို့ရှိ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစခန်းနှစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် အသက် ၁၅ နှစ်အရွယ်ယောက်ျားလေးတစ်ဦးအပါအ၀င် အနည်းဆုံးလူခြောက်ဦး သေဆုံးကြောင်း ဒေသဆိုင်ရာဆေးဘက်အရာရှိများက ဒီဇင်ဘာ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ ဖြစ်စဉ်မှာ ယင်းစခန်းရှိ လူ ၅၀ ခန့်ကို ကြက်အူချောင်း၊ အသီးအရွယ်နှင့် ထမင်းကျွေးပြီးနောက် ၄င်းတို့သည် အော့အန်ပြီး အစာအဆိပ်သင့်မှုအရိပ်လက္ခဏာပြလာခြင်းဖြစ်ကြောင်း ယင်းပြည်နယ်ကူညီထောက်ပံ့ရေးဌာနမှ ညှိနှိုင်းရေးအကြီးအကဲ အိုစကာမစ်ဂျေက ထိုနေ့နံနက်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ (အင်တာနက်)

စုစည်းဘာသာပြန်- တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)