**ကိုယ်ချင်းစာပါတယ်**
သင်္ချိုင်းဘေးနားက လမ်းမတွင်ဖြစ်သည်။ လူသူကင်းမဲ့နေသော အာကာလညအခါတွင် ကားပျက်သွားသော မိန်းကလေးတစ်ဦးမှာ အကြီးအကျယ်ထိတ်လန့်နေရှာသည်။ လေသံ၊ ခွေးအူသံများက လည်း သူမအား သွေးပျက်မတတ် ခြောက်ခြားစေသည်။ ကားထဲတွင်ဆက်မနေရဲတော့သော မိန်းကလေးသည် လမ်းမတစ်လျှောက် ခြေဦးတည့်ရာ ထွက်လာခဲ့သည်။ အတော်လေးလျှောက်လာမိပြီး သင်္ချိုင်းကိုလွန်ခါနီးလောက်တွင် ရှေ့မှသွားနေသော လူတစ်ယောက်ကိုတွေ့သည်။ အဖော်ရပြီဖြစ်၍ အားတက်သွားသော မိန်းကလေးက ထိုလူနောက်သို့ပြေးလိုက်သွားသည်။ ထိုလူကလှည့်ကြည့်ပြီး ပြုံးပြသည်။
မိန်းကလေးက မိတ်ဆက်သည့်အနေဖြင့်စကား စပြောသည်။
" ရှင်နဲ့တွေ့တာ တော်သေးတယ်ရှင့်။ ကျွန်မအရမ်းကြောက်နေတာ "
" ခင်ဗျားကြည့်ရတာ တော်တော်လေးကြောက်နေပုံပဲ "
" အိုး ... မကြောက်ဘဲနေမလားရှင့်။ သင်္ချိုင်းကြီးဘေးမှာ တစ်ယောက်ထဲဟာ "
ထိုလူကသက်ပြင်းချရင်း စာနာသောလေသံဖြင့်ပြောလိုက်သည်မှာ ...
" အင်းလေ ... ကျွန်တော်လဲ လူ့ဘ၀တုန်းကတော့ ကြောက်တတ်ခဲ့တာပါပဲ
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment