ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကိုပေါ့။ ကိုယ်က ဖွင့်ပြောတော့မယ်ပေါ့။
အဲဒီမှာ တန်းပြီး "ဟဲ့ ငါနင့်ကိုချစ်တယ်" လို့ တော့ မပြောချင်ဘူးပေါ့။
လှလှပပလေးနဲ့ သွယ်ဝိုက်ပြီး ကိုယ်လိုချင်တဲ့ နေရာကို စကားလမ်းကြောင်းလွှဲ
ပြီးမှ ပြောချ။
ကဲ ဒီပညာရပ်မှာ စာဖတ်သူ ဘယ်လောက်ကျွမ်းသလဲ လက်တည့် စမ်းသွားကြည့်ပါလား... အပျော်ပေါ့။
**လိုရမယ်ရ မိန်းကလေးရဲ့ ကိုယ်ရေး အကျဉ်းချုပ်**
နာမည် : အူကြောင်ကျားမ
အသက် : 19 မပြည့်တပြည့်
အိမ် : ထရံလေးဖက်ကာ ဓနိမိုး ကြမ်းပေါက်
ပညာရေး : တစ်တန်းဆယ်ခါကျ မူလတန်းကျောင်းထွက်
ကျောင်း : နွား ဆိတ် စသည်
ဝါသနာ : အလှပြင် မှန်ကြည့် ။ပြန်တခါ အလှပြင် မှန်ကြည့်။ ပြန်တခါ.........etc etc
အလုပ်အကိုင် : ကြမ်းတိုက် အ၀တ်လျှော် အိမ်သာဆေး

နောက်တာပါ။ ကိုယ်ချစ်တဲ့ လူဆိုမှတော့ ကျနော်က ဘယ်လိုလုပ်နာမည်တွေဘာတွေ သိပါ့မလဲ။
သေချာလဲပြောကျနော်....ဒါမှ
အပြောလေးက ကောင်းတော့ မချောလေးက ဖယောင်းလို ပျော့လို့ အရည်ပျော်ကျပြီပေါ့ဗျာ။
ဝန်ခံချက် : ကျွန်ုပ်၏ ကိုယ်ပိုင်ဦးနှောက်မှ ကူးယူဖော်ပြသည်။
Regards,
Haroon1992

No comments:
Post a Comment