ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 12, 2011

လင်ဆိုးမယား

>

မိန်းမတစ်ယောက်အတွက်အရေးကြီးဆုံးက သင့်တော်တဲ့အိမ်ထောင်ဖက်ရဖို့ပဲ လို့လူကြီးတွေပြောတာကြားရင် ငယ်စိတ်၊ ငယ်ဂုဏ်လေးနဲ့ရယ်ချင်မိပေမယ့် တကယ့်စေ့စေ့တွေးကြည့်တဲ့အခါမှာတော့ တော်တော့်ကိုအရေးကြီးမှန်းသိလာပါတယ်။ လင်ကောင်းရပြီထား ကိုယ်ကောင်းဖို့လည်းလိုသေးတာကိုး။ အိမ်ထောင်ပြုတယ်ဆိုတာ လှေကြီးတစ်ခုပေါ်မှာ ၊ ခရီးလမ်းတစ်ခုကိုဦးတည်ပြီး ပဲ့ကတစ်ယောက် ၊ လှေဦးကတစ်ယောက် စီ လှော်နေသလိုပါပဲလား။

ကျမအမေရဲ့ညီမ အဒေါ်ဟာ ငယ်ငယ်တည်းကနေ ဆွေမျိုးသားချင်းတွေထဲမှာ သူတစ်ယောက်ပဲ ပညာမတတ်ရှာဘူး။ ဒါပေမယ့် အင်မတန်စည်းကမ်းသေ၀ပ်ပြီး ၊ အချက်အပြုတ် ၊ အချုပ်အလုပ် မိန်းမတာဝန်အကုန်ကျေပွန်တဲ့သူပါ..။ တောမှာနေတဲ့သူတွေဆိုတော့လည်း ရည်းစားသညာမထားဖူးဘဲ အသက်အစိတ်လောက်မှာ ကျမတို့နယ်မှာ တာဝန်ကျတဲ့ဆရာဝန်လေးတစ်ယောက်နဲ့အိမ်ထောင်ကျခဲ့ပါတယ်..။ ဆရာဝန်က မန်းဒလေးသား တရုတ်စပ်..။ ကျမကြားဖူးသမျှတော့ တရုတ်တွေဟာ ပိုက်ဆံအရှာတော်တယ်..။ စကားပုံတောင်ရှိတယ်မလား ကုလားလိုစုပြီး ၊ တရုတ်လိုရှာ ၊ ဗမာလိုမသုံးနဲ့ ဆိုသလိုပေါ့..။ ဒါပေမယ့် ကျမအဒေါ်ကံဆိုးရှာတယ်ပြောမလား။ သူ့ယောက်ျားက ပိုက်ဆံရှာတတ်တဲ့ယောက်ျားမဟုတ်ဘူး။ နယ်ကနေ သူတာဝန်ကျနေတဲ့ မြို့ပေါ်ကို အဒေါ်နဲ့အတူတူပြောင်းရွေ့သွားပြီး မြို့ပေါ်က သူဝန်ထမ်းအိမ်ရာမှာပဲနေကြတယ်..။ အဒေါ်ကတော့ရွာမှာမျက်နှာပွင့်တာပေါ့..။ ညိုချောတို့များ ကိုယ်သာဘွဲ့မရတာ လင်တော့ဆရာဝန်ရအောင်ရှာနိုင်သားပဲ...ပေါ့..။

ဒါပေမယ့် သိပ်မကြာပါဘူး သူတို့မှာ ကလေးတစ်ယောက်ရှိလာပြီး အဒေါ့်ယောက်ျားမကောင်းကြောင်းတွေပေါ်လာတော့တာပါပဲ။ ဆရာဝန်ဆိုပေမယ့် ဆေးကောင်းကောင်းမကု ၊ ပိုက်ဆံမရှာ...။ အစိုးရပေးတဲ့လခလေးကို အိမ်ပြန်မအပ်ဘဲ
ကွမ်းပဲစားနေတယ်..။ အရက်မသောက် ၊ ဆေးလိပ်မသောက်တိုင်းလူကောင်းမဟုတ်ဘူးဆိုရတော့မလိုပါပဲ..။အဒေါ့်ယောက်ျား အရက်လုံးဝမသောက်ဘူး ၊ ဆေးလိပ်မသောက်ဘူး ၊ ကွမ်းစားတာ...လျှာ ၊ ပါးစပ်တစ်ခုလုံး ရဲတွတ်နေအောင်စားတယ်..။ ဆေးခန်းဖွင့်ထားတယ် ဆေးခန်းမှာလူနာတွေတပုံကြီးရောက်နေပြီ ဆရာဝန်ကိုရှာလို့မရဘူး..။ ဘယ်ရောက်နေလည်းမသိ..ကြာတော့လူနာတွေလည်းစိတ်ပျက်လာတာပေါ့..။ ဒီလိုနဲ့ အဲတုန်းကကျမကလည်းတော်တော်ငယ်သေးတော့ သူတို့ပြသနာတွေကိုအတိအကျမသိလိုက်ပါဘူး..။ ကျမအဒေါ်ယောက်ျား ဆရာဝန်ဟာ အလုပ်ကနေထွက်ပြီး မန်းဒလေးကိုပြန်သွားတယ်..။ အလုပ်ထွက်မှန်းမိန်းမလည်းမသိရ..ဆွေမျိုးသားချင်းတွေလည်းမသိရ... ။အဒေါ့်ခမျာ သားလေးကိုယ်ဝန်နဲ့ မျက်ရည်နှပ်ရည် တရွဲရွဲပေါ့..။

ဒီတော့လည်းကံဆိုးတဲ့အဒေါ် ဆွေမျိုးသားချင်းတွေရှိတဲ့နယ်ကိုပဲပြန်လာရတာပေါ့..။ သိပ်မကြာခင်မှာပဲ အဒေါ့်ယောက်ျားပြန်ဆက်သွယ်ပြီး အဒေါ့်ကိုမန်းဒလေးကိုခေါ်သွားပါတယ်..။ ဒီလိုဆိုတော့လည်းဆွေမျိုးသားချင်းတွေစိတ်ချပြီး သူ့မိသားစုလေးနဲ့သူရှိပါစေလေ ဆိုပြီးဝမ်းသာပေးကြရပြန်တာပေါ့..။ မကြာခင်မှာပဲအဒေါ်ဟာ သားလေးတစ်ယောက်ရပြီး.... မန်းဒလေးမှာ နှစ်နှစ်ကျော်လောက်ဇာတ်မြှပ်နေပါတယ်..။ ကျမတို့တွေလည်းမေ့မေ့ပျောက်ပျောက်ရှိနေကြတဲ့အချိန်လောက်မှာ.. ကျမအဒေါ်ဆီက အမေ့ဆီကိုဖုန်းလာတယ်..။ မကြီး လုံးဝသည်းမခံနိုင်တော့ဘူး..။ သူ့ကိုမန်းဒလေးကိုလာခေါ်ပါ..။

သူမပေါင်းနိုင်တော့ဘူးဆိုတော့ ကျမတို့အမေမှာ ပူရပြန်ပြီ...။ ကိုင်း ဘယ်တတ်နိုင်မတုန်း ကိုယ့်ညီမအရင်းပဲလေ... ဒုက္ခ ၊ သုခကိုအတူတူခံကြတာပေါ့ဆိုပြီး... ကျမအဖေ ကို မန်းဒလေးမှာသွားပြီးခယ်မကိုခေါ်ခိုင်းပါတယ်..။

အဖေလည်း နယ်ကနေ ၊ ရန်ကုန် ၊ ရန်ကုန်ကနေ မန်းဒလေး သွားပြီး အဒေါ်ရှိတဲ့နေရာမှာလိုက်ခေါ်ရတာပေါ့..။ ခယ်မပေမယ့် နယ်မှာ အဒေါ်အပျိုဘ၀တည်းက တအိမ်တည်းနေလာခဲ့ကြတာ ကိုယ့်ညီမလိုသဘောထားပြီး ဒုတ်ခရောက်နေတဲ့သူကိုကူညီတဲ့သဘောပါပဲ..။
အဖေ မန်းဒလေးရောက်သွားတော့မှ အဒေါ်ဒုတ်ခတွေကိုမြင်ရပါတော့တယ်..။ တဲသာသာအိမ်ခေါင်မိုးမလုံတဲ့အိမ်မှာ ကလေးတစ်ယောက်နဲ့အဒေါ်..။ ထမင်းစားဖို့ပိုက်ဆံမပေးလို့ ဘေးနားကစက်ရုံက စက္ကူဗူးခွံတွေကို အိမ်ကိုယူပြီး ပုံးလုပ်ပြီးရောင်းနေရတဲ့အဒေါ်..။ နှစ်နှစ်ကျော်အရွယ်သားလေးကိုအိမ်မှာဘယ်လိုထားပြီး ဘယ်လိုအလုပ်ထွက်သွားလုပ်မှာလဲ..။ အဒေါ်ပြောပြရှာပါတယ်..။ ပညာကလည်းမတတ်တော့ သူဘာမှမလုပ်တတ်ရှာဘူး ။ ဒါပေမယ့်အဒေါ်ဟာ အပ်ချုပ်တတ်ပါတယ်..။ အပ်ချုပ်တတ်ပေမယ့် အိမ်မှာရှိတဲ့အပ်ချုပ်စက်ကို သူ့ယောက်ျားဆရာဝန်စုတ်ကြီး ရောင်းစားပစ်လိုက်လို့ ချုပ်စရာမရှိတော့ဘူး..။ ပြီးတော့ ကျမတို့အဒေါ်ဟာ သူ့ဘ၀တစ်လျှောက်လုံးဘွဲ့မရပေမယ့် ဆွေကြီးမျိုးကြီးချမ်းချမ်းသာသာနေလာခဲ့ရတာပါ..။ ခုလို စားစရာမရှိ ၊ ငတ်နေတဲ့ဘ၀..။ လက်ထဲမှာထမင်းစားဖို့ပိုက်ဆံမရှိတဲ့ဘ၀ကို အိပ်မက်တောင်မက်ဖူးရှာမှာမဟုတ်ဘူး..။ ကလေးကလည်းအရမ်းထွားတဲ့အရွယ်ဆိုတော့ နို့မှုန့်ဖိုးမတတ်နိုင်၊ လင်ယောက်ျားက အိမ်ကိုပြန်မလာ...ဘေးအိမ်ကနေအဒေါ့်သားအမိကိုသနားလို့ ဆန်နှစ်ပြည်ပေးတာကို သားလေးကို ထမင်းကျွေးပြီး ကိုယ်တိုင်က ထမင်းရည်သောက်ပြီးနေရပါသတဲ့..။ အဲဒီသတင်းတွေကို ကျမအမေကြားတော့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး အမေ့အခမျာအိပ်ရာထဲလဲလုနီးပါးဖြစ်သွားရပါတယ်..။

ဒါပေမယ့်အဒေါ်ကောင်းတာတစ်ခုက သူ့အမွေအနှစ်ရွှေတိုရွှေစလေးတွေကို သေချာသိမ်းထားပြီး... သူ့သားလေးအတွက်စုထားတာပါ..။ သူအပျိုဘ၀ကနေ မိဘတွေဆင်ပေးထားတဲ့ ဆွဲကြိုး ၊ လက်ကောက်တွေ ၊ လက်စွပ်တွေကတော်တော်များများမရှိတော့ပေမယ့် ..။ တချို့တ၀က်ကို သူ့ယောက်ျားမသိအောင်စုထားပါတယ်..။ ညိုချောရယ်..နင်နှစ်နှစ်သုံးနှစ်ဘယ်လိုစားသောက်နေသလဲလို့မေးတော့ အဲဒီရွှေတိုရွှေစလေးတွေကို ပေါင်လိုက် ပြန်ရွေးလိုက်နဲ့ ပိုက်ဆံလည်အောင်လှည့်သုံးနေရတာပဲမကြီးရယ်ဆိုပြီးပြောရှာပါတယ်..။ ဒီလိုပဲ ကျမအဖေက အဒေါ့်ကိုနယ်ကိုပြန်ခေါ်လာတော့မယ်ဆိုတော့..တာဝန်ရှိတဲ့ လင်ယောက်ျားကိုတိုင်ရတာပေါ့...။ ညိုချောကိုနယ်ကိုပြန်ခေါ်သွားမယ်...သူ့ဆွေမျိုးသားချင်းတွေနဲ့နေပါစေ..ငါတို့တွေစောင့်ရှောက်မယ်ဆိုတော့ သူ့ယောက်ျားကဘာပြောတယ်မှတ်သလဲ..။ သဘောမတူပါ...။ မခေါ်နဲ့ ခေါ်ရင် ကျမအဖေကိုမယားခိုးမှုနဲ့တရားစွဲမယ်ဆိုပြီးပြောပါတယ်..။ ဒါပေမယ့်အဒေါ်ကလုံးဝမနေချင်တော့ဘူး။။ ဒီမှာနေရင် သူတို့တွေခွေးဖြစ်မယ်..။ ကလေးလည်းပညာတတ်မှာမဟုတ်ဘူးဆိုပြီး... တရားရုံးကနေပဲစကားပြောမယ်ဆိုပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ရခိုင်ကိုပြန်လာကြပါတယ်...။

ကျမတို့မိသားစုကလည်းနယ်မှာမနေတော့ဘဲ အဲဒီအချိန်မှာစစ်တွေကိုရောက်နေကြပြီ.။ တကယ်တော့နယ်မှာ ကျမတို့ဘိုးဘွားအမွေအိမ်ရှိပါတယ်..။ အဲဒီအိမ်ကလည်းတကယ်တော့ကျမတို့အမေတို့မောင်နှမတွေအမွေရကြမှာကို အဘွားရဲ့ညီမ မိသားစုကလက်ဝါးကြီးအုပ်ပြီး.... ကျမတို့အမေတို့မောင်နှမတွေတစ်ယောက်မှအမွေမရကြပါဘူး..။ ဒါပေမယ့်လည်းအမေတို့မောင်နှမတွေက အိမ်ကိုအမွေမတောင်းဘဲ အဒေါ်တို့သားအမိကုပေးနေပါ ဒုတ်ခရောက်နေတဲ့သူကို မိဘအိမ်မှာပေးနေပါ...။ အဘွားညီမ အဘွားလေးတို့မိသားစုနဲ့ အဒေါ်တို့သားအမိ စီးပွားရေးလုပ်စားဖို့ ကျမအမေနဲ့အဖေက အရင်းနှီးထုတ်ပေးမယ်ဆိုပြီး မက်လုံးပေးတော့ အဘွားလေးတို့တွေကသဘောတူပြီး... အဒေါ်သားအမိကိုပေးနေပါတယ်..။ ကံဆိုးချင်တော့သိပ်မကြာခင်မှာအဒေါ်သူ့မှာ ဒုတိယကိုယ်ဝန်ရှိမှန်းသိလာတယ်..။ မြွေပူရာမှာ ကင်းမှောင့်ဆိုသလို တပူပေါ်တပူထပ်ဆင့်လာပြန်ပါတယ်..။ ဒုတိယကိုယ်ဝန်ရှိတော့ အမေတို့က ဘယ်တတ်နိုင်လဲ.... ဒုတိယကလေးကိုမွေး... သားအကြီးကို ငါတို့မွေးစားမယ်ဆိုပြီး.. ကျမတို့တူလေး ကောင်းမြတ်ကို ကျမတို့မိသားစုဝင်အဖြစ် အမွေစားအမွေခံမွေးစားပြီး ကျမတို့မိသားစုနဲ့အတူတူ စစ်တွေမှာပဲခေါ်ထားလိုက်ပါတယ်..။

ဒါပေမယ့် ကံဆိုးချင်တဲ့အဒေါ်က လောဘကြီးတဲ့အဖွားလေးမိသားစုရဲ့အနိုင်ကျင့်မှုကိုခံရပြန်ပါတယ်..။ အဖွားလေးတို့နဲ့အဒေါ်တို့ကို ကျမတို့အဖေနဲ့အမေက ကုန်စုံဆိုင်တစ်ဆိုင်ဖွင့်ပေးပါတယ်..။ အကျိုးအမြတ်ကိုတစ်ယောက်တစ်ဝက်ယူ... အမေတို့စိုက်ပေးထားတဲ့ငွေကို ပြန်ဆပ်ကြဆိုပြီး လုပ်ပေးတာပါ...။ ဒါပေမယ့် အဘွားလေးတို့မိသားစုဟာသိပ်လောဘကြီးပြီး...ဆိုင်ကို သူတို့သားအမိတွေပဲရောင်းပြီးအဒေါ်တို့သားအမိကိုအိမ်မှာနေ ထမင်းချက်...စားသောက်..ရိုင်းရိုင်းပြောရရင် ထမင်းစားကျွန်ခံ ဆိုတဲ့ပုံစံမျိုးထားကြတာပါ..။ ဒါကိုကျမတို့အမေကမသိဘူး ..မသိဘူးဆိုရအောင်လည်း ကျမတို့တွေက စစ်တွေမှာ ။ နယ်ကို တစ်လနေလို့တစ်ခါမပြန်နိုင်ဘူး.. သူတို့ဘာတွေဖြစ်နေလဲမသိဘူး .အဒေါ်ကလည်းသူ့အစ်မကိုဒုတ်ခပေးရတာများနေပြီဆိုတော့ သူကြိတ်မှိတ်ခံနေတာပေါ့..။ ဒါကိုမြင်တဲ့အဒေါ့်သူငယ်ချင်းက စစ်တွေကိုသူတကူးတကလာပြီးအမေ့ကိုတိုင်ပါတယ်..။ မကြီးက ညိုချောနဲ့အဘွားလေးတို့တွေကို အမြတ်တစ်ဝက်စီနဲ့ဆိုင်ရောင်းခိုင်းတာ တကယ်တော့မကြီးက ညိုချောအဆင်ပြေအောင်ဆိုပြီး အဘွားလေးတို့မငြိုငြင်အောင်လုပ်တာကို အဘွားလေးတို့ခုတော့ ညိုချောကို အိမ်မှာထမင်းချက်ခိုင်းပြီး..ပိုက်ဆံတွေအကုန်သူလက်ဝါးကြီးအုပ်တယ်ဆိုပြီးလာတိုင်တော့...ကျမတို့တွေနယ်ကို
သွားရပြန်ပါတယ်..။ နယ်ကိုရောက်တော့ ပြသနာကိုဆန်းစစ်လိုက်ပြန်တော့... လာတိုင်တဲ့သူပြောတာဟုတ်နေတာပဲ..။ ဒီမှာပဲ ဆွေမျိုးသားချင်းတွေပြသနာဖြစ်ကြပြန်ပါတယ်..။
အဘွားလေးအခုနေနေတာ ကျမတို့အမေ၊အဖေပိုင်တဲ့အိမ်...။ ခုကျမတို့ညီမအတွက်ဖွင့်ပေးထားတဲ့ဆိုင်ကို သူတို့မိသားစုစားဖို့သောက်ဖို့ဝင်ငွေရအောင်လုပ်ပေးတာကို အဘွားလေးတို့အတွက်လုပ်ပေးတာမဟုတ်ဘူးဆိုပြီး ကျမအမေက ပေါ်တင်ပြောပြီး...။ ဒီဆိုင်အတွက် အမေတို့စိုက်ပေးထားတဲ့အရင်းနှီးထဲက တစ်ဝက်ကိုအဘွားလေးတို့ကိုပေးပါတယ်..။ အမြတ်ငွေတွေကိုတပြားမှမယူဘူး..။ ပြီးတော့အရင်းနှီးတစ်ဝက်ကိုအဘွားလေးတို့ကိုကန်တော့တာ.... ဒီဆိုင်ကိုလုံးဝမပက်သက်ပါနဲ့တော့ဆိုပြီး.... ကိုယ့်ပိုက်ဆံနဲ့ကိုယ်အလျော်ပေးလိုက်တော့မှ အဲဒီဆိုင်ကို ကျမအဒေါ်အပိုင်ရသွားပါတယ်...။ အရပ်ထဲမှာတော့ အမေ့ကိုပြောကြတယ်...တင်တင်အေး သုံးခါနာတဲ့..။
အရင်းထုတ်တော့လည်းကိုယ်ပဲ...။ ကိုယ့်ပိုက်ဆံကိုယ်အလျော်ပေးရတာလည်းသူပဲတဲ့...။ ဒါတွေကအမေ တုံးလို့လုပ်ပေးနေတာတော့မဟုတ်ပါဘူး..။ ကိုယ့်ဆွေမျိုးသားချင်းတွေအလယ်မှာ သူ့ညီမမျက်နှာငယ်မှာစိုးလို့ တတ်နိုင်တဲ့ဘက်ကကူညီတဲ့သဘောပါ..။ ကျမအဖေကလည်းမငြိုငင်ရှာပါဘူး..။ အဲ ပြသနာကမပြီးသေးဘူး အဘွားလေးအိမ်မှာနေနေတဲ့အဒေါ်ကိုအဘွားလေးကနှင်ချတာပါ..။ ညိုချောက ဘုံပျောက်ရပြန်ပြီပေါ့..ဒီတော့လည်းမနေသာတဲ့ အမ ကျမအမေက အိမ်လေးတစ်လုံးဝယ်ပေးရပြန်ပါတယ်..။ ဆိုင်ကလည်းအဒေါ့်ရဲ့အားထုတ်မှုကြောင့် သိပ်မကြာခင်ရောင်းအားတက်ပြီး အမေ့စိုက်ပေးထားတဲ့ပိုက်ဆံတွေကိုလည်းပြန်ဆပ်နိုင်လာပါတယ်..။

ပြီးတော့အငယ်ကောင်လေးကိုထပ်မွေးပြီး... ရပ်ကွက်ထဲကလူတွေရဲ့ဝိုင်းဝန်းစောင့်ရှောက်မှုကြောင့် အဒေါ်တို့သားအမိနေသားကျနေကြပါပြီ..။ ကျမတို့နဲ့တူတူနေတဲ့ ကောင်းမြတ်လေးကတော့ ကျောင်းပိတ်ရင်အမေ့ဆီကိုခဏပြန်...ပြီးရင်ကျမတို့ဆီကိုလာပြီး
အဲဒီလိုပျော်ပျော်ပါးပါးနေလာခဲ့တာ..အငယ်ကောင်လေးနှစ်နှစ်သားလောက်အထိပေါ့..။ အဲ..ဆိုင်နဲ့နီးတဲ့အဘွားလေးတို့က ကျမအဒေါ်ကို သူ့အိမ်မှာ(ဘိုးဘွားပိုင်အိမ်မှာ) အိမ်သာတောင်ပေးမတက်လို့..ကျမတို့အဒေါ်ခမျာ သူများအိမ်မှာသွားတက်ရတယ်..။ အဲလိုမေတ္တာထားတဲ့အဘွားလေးပါ..။ အငယ်ကောင်လေးနှစ်နှစ်သားလောက်မှာ သူ့အဖေဟာ နယ်ကိုလိုက်လာပါတယ်...။ ပြီးတော့ အဆင်ပြေနေတဲ့အဒေါ်ကို သူအရင်လိုမဟုတ်တော့ဘူး ဘာညာပြောပြီး ပြန်ပေါင်းချင်တယ်လုပ်တော့..အဒေါ်က အမေနဲ့တိုင်ပင်ပါတယ်..။ ရပ်ကွက်ထဲကလူတွေကလည်း ကလေးတွေအဖမဲ့သားတွေမှမဟုတ်တာ..ညိုချောရယ်နင့်ယောက်ျားလည်းခုဆို နင်နဲ့အတူတူဆိုင်ရောင်းရင် တစ်ဆိုင်ကနေ နှစ်ဆိုင်သုံးဆိုင်ဖြစ်အောင်လုပ်နိုင်တာပေါ့ဆိုပြီး...ကလေးတွေမျက်နှာထောက်ပြီး ကျမအမေ၀ယ်ပေးထားတဲ့အိမ်ပေါ် အဒေါ့်ယောက်ျားရောက်လာပါတယ်..။ ဒါပေမယ့် လူဆိုတဲ့အမျိုးက ဇာတိဆိုတာ ဖျောက်ရခက်တာကိုး..။ အဒေါ့်ယောက်ျားက ကွမ်းစားတဲ့အကျင့်အပြင်..ချဲထိုးတဲ့အကျင့်ပါတိုးလာသေးတယ်..။ ဆိုင်ကိုမကူတဲ့အပြင် ကွမ်းစားလိုက် ၊ ချဲထိုးလိုက်နဲ့ ပြီးတော့ လာဝယ်တဲ့ဖောက်သည်တွေနဲ့ ၇န်ဖြစ်ပါသတဲ့..။ ပြီးတော့ အငယ်ကောင်လေးကိုလည်း သူ့သားမဟုတ်...နင့်ဘာသာနင်နန့်လို့ရထားတာဆိုပြီး ရိုက်ပုတ်နှိုက်စက်တော့ ဒီတစ်ခါကျမအဒေါ်သည်းမခံနိုင်တော့ဘဲ... ငါ့မိသားစုတွေထောက်ပံ့ထားတဲ့အရိပ်မှာလည်းလာနေတယ်... အခက်လည်းချိုးတယ်... ကလေးတွေကိုလည်းနှိပ်စက်တယ်...ပိုက်ဆံမရှာတဲ့အပြင် ချဲထိုးရင်းဖြုန်းတယ်ဆိုပြီး အိမ်ပေါ်ကနှင်ချလိုက်ပါသတဲ့..။ ပြီးတော့အမေ့ကိုဖုန်းဆက်ပြောတယ်..မကြီး...ဒီလူနဲ့ပေါင်းရင် ကလေးနောက်တစ်ယောက်ရတာပဲအဖတ်တင်မယ်...ထုံးစံအတိုင်း ခွေးမြီးကောက် ၊ ကျဉ်တောက်စွပ်သလို ခဏပဲဖြောင့်မှာ အဆင်မပြေဘူး ကွာမယ်..ဆိုပြီး...တရားရုံးမှာသူကိုယ်တိုင်သွားလုပ်ပါတယ်..။ သူ့သူငယ်ချင်းတရားသူကြီးကလည်းကူညီရှာပါတယ်..။ အဲဒီမှာပဲ အဒေါ့် ex- ယောက်ျားလည်း ဘယ်ဆီကိုရောက်လို့ဘယ်ဆီပေါက်သွားမှန်းမသိ...။ အဒေါ်ကတော့ ဆိုင်ရောင်းပြီး သူ့သားတွေအတွက်ပိုက်ဆံရှာနေပါတယ်..။ အကြီးကောင်ကတော့ ခုဆိုရင် ဆယ်တန်း...ကျမတို့မိသားစုနဲ့ပဲနေပါတယ်..။ အငယ်ကောင်ကတော့ ခု သူ့အမေအိမ်မှာပဲခုနစ်တန်းတက်လို့... ဘ၀ကိုအေးအေးချမ်းချမ်းအဆင်ပြေစွာနေနိုင်ကြပါပြီ..။ ကျမအဒေါ်လည်း သူအပျိုဘ၀တစ်လျှောက်လုံးကောင်းကောင်းမွန်မွန်နေလာခဲ့ရသမျှ လင်ဆိုးနဲ့ညားလို့ အသက်လေးဆယ်ကျော်မှအေးအေးချမ်းချမ်းနေရရှာပါတယ်...။

အဲ...ဇာတ်သိမ်းခန်း.... သေခန်းပြတ်ဖြစ်သွားကြတဲ့အဖွားလေးတို့မိသားစုကိုလည်း အဒေါ်ကထောက်ပံ့ပြီး အဘွားလေးသမီးကြီးကို..သူ့ဆိုင်လာလာဝယ်နေတဲ့ နယ်ကဘောစိလေးတစ်ယောက်နဲ့အောင်သွယ်ပေးလို့... သူတို့တွေပြန်လည်ချစ်ကြည်ရေးရသွားကြပါပြီ..။ ခုဆိုနှစ်အိမ့်တစ်အိမ်ပြန်ဖြစ်လို့..။ ဒါပေမယ့်အဒေါ်ကတော့ခဏခဏပြောတယ်...အဘွားလေးတို့က ရွှေရှိမှအမျိုးတော်တာတဲ့...။ သူဘာမှမရှိကြည့်ပါလားတဲ့ ဘာမျက်နှာမှထောက်မှာမဟုတ်ဖူးဆိုပြီး တခါတခါစကားနာထိုးသံကြားပါရဲ့..။ ကျမတို့လည်းနယ်မပြန်ဖြစ်တာ ရှစ်နှစ်လောက်ရှိပြီ..။ အဒေါ်နဲ့တော့အဆက်သွယ်ရှိပါတယ်...။ သူတို့အဆင်ပြေပြေနေနိုင်တယ်ဆိုရင်တော့ ၀မ်းသာရတာပေါ့..။ မိန်းကလေးတစ်ယောက်ဟာလင်ဆိုးနဲ့ညားတော့ ဒုတ်ခရောက်လိုက်တာ...။ ကိုယ်တိုင်လည်း အရွယ်ရောက်လာတဲ့အချိန်မှာ ဘယ်လိုလင်ယောက်ျားမျိုးနဲ့တွေ့မလဲဆိုတာကိုမသိသေးပေမယ့်.. မိန်းကလေးတိုင်းကိုကျမအဒေါ်လိုတော့မဖြစ်စေချင်ပါဘူး...။ ယောက်ျားကောင်းတွေနဲ့ပဲညားကြပါစေ..။

Posted by ဆုမြတ်မိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)