ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 21, 2011

အချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲ

> **ဘယ်အချိန်မှာငြင်းဆိုရ မယ် ဆိုတာ လေ့လာ သင်ယူပါ**

-အရာအားလုံးကို သင်မလုပ် ဆောင်နိုင်ပါ၊
-သင်ပြီးစီးအောင် မလုပ်ဆောင် နိုင်တာတွေကို မဆောင်ရွက်ပါနဲ့။(တာဝန် မယူပါနဲ့)
-သင့်ရည်ရွယ်ချက်များအတိုင်း တစ်သမတ်တည်းဆောင်ရွက်ပါ။
အခုထိဖော်ပြခဲ့တဲ့ နည်းဗျူဟာတွေ ဟာ ယေဘုယျစီးပွားရေးဆိုင်ရာ အလေ့ အကျင့်တွေနဲ့ သက်ဆိုင်ပါတယ်။ အခု သင်တို့ဘဝမှာ အသုံးချနိုင်မယ့် ကိုယ်ရေး ကိုယ်တာနည်းဗျူဟာတွေကို ဆက်လက် တင်ပြပါမယ်။ သင့်အချိန်ကို သင်ဘယ်လို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်မလဲဆိုတဲ့ အပေါ် အကျိုးသက်ရောက်မှုရှိပါမယ်။ ဒီမဟာဗျူဟာတွေရဲ့ ပထမအဆင့် ကတော့ သင့်တော်တဲ့ နေရာမှာ ငြင်းဆန် နိုင်စွမ်းရှိရပါမယ်။ ဦးဆောင်သူ တစ်ယောက်ရဲ့ ဘဝဟာ သင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို သင်တတ်နိုင်သလောက် ပေးစွမ်းဆောင်ရွက်နေရတာဖြစ်ပါတယ်။ ဒါဟာ ပြောင်းလဲသွားမှာ မဟုတ်ဘဲ ဦးဆောင်သူတစ်ယောက်အနေနဲ့ သင့် တာဝန်များ ပိုမိုများပြားလာပြီး အရင်ထက် ပိုမိုဆောင်ရွက်ပေးရမယ်ဆိုတာ သင့်ကိုယ် သင် သိလာပါမယ်။ ငြင်းဆန်ဖို့ လေ့လာသင်ယူနေစဉ်မှာ သင့်ရဲ့ တာဝန်တံခါးကို ပိတ်ထားဖို့ ပြော တာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း သင့် အတွက် အဆင်သင့်ဖြစ်မယ့် အချိန်မှာ တတ်နိုင်သလောက် ကတိပေးထားတာကို ပြည့်မီအောင်နဲ့ အမြင့်မားဆုံးပြီးစီးအောင် ဆောင်ရွက်ဖို့ သေချာသထက် သေချာ အောင် လုပ်ဆောင်ရပါမယ်။

ငြင်းဆန်နိုင်စွမ်းရှိဖို့ သင့်အနေနဲ့ အောက်ပါ အခြေခံသဘောတရား(၃) ချက်ကို လက်ခံရပါမယ်။
(၁) အရာအားလုံးသင်မလုပ်ဆောင် နိုင်တာကို သဘောပေါက်ပါ။
(၂) လိုအပ်သော အချိန်ကာလ အတွင်း မပြီးစီးနိုင်မှန်းသိတဲ့ လုပ်ငန်း သို့မဟုတ် စီမံချက်ကို လုပ်ဆောင်ဖို့ သဘောမတူပါနဲ့။
(၃) သင့်အတွက်ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေနဲ့ တစ်သမတ်တည်းမဖြစ်တဲ့ အလုပ်တွေကို လုပ်ဆောင်ပါမယ်လို့ ကတိကဝတ်မပြုပါနဲ့။ တကယ်လို့ ဒီအခြေခံ သဘော တရား (၃)ချက်ကို သင့်စိတ်ထဲမှာ မှတ်သားထား ရင် တချို့တောင်းဆိုချက်တွေကို ဘာ ကြောင့် ပယ်ချရသလဲဆိုတာ ရှင်းပြဖို့ လွယ်ကူသွားပါမယ်။ ပြီးတော့ သင့်အနေနဲ့ဆောင်ရွက်ဖို့ ဦးစားပေး အဆင့် ခွဲထားတဲ့အရာတွေကို ပြီးစီးအောင် ပိုမိုဆောင်ရွက်နိုင်စွမ်းရှိလာ တာကို တွေ့ရပါမယ်။

စောင့်ဆိုင်းနေရသောသင့်အချိန်ကို အသုံုံးးပြုပါ။

- အဝေးပြေးကားပေါ်မှာ ခရီးသွား နေချိန်၊
- ဆေးခန်းမှာ ဆရာဝန်ကိုစောင့် နေချိန်၊
- လေယာဉ်ကိုစောင့်နေချိန်
-(ချိန်းဆိုထားသည့်နေရာ/ အစည်းအဝေးတို့တွင်)သင်စောပြီးရောက် နေသောအခါ၊ ကိုယ်ပိုင်အချိန်စီမံခန့်ခွဲမှု စွမ်းရည် နောက်တစ်မျိုးကတော့ စောင့်ဆိုင်းနေရ သော သင့်အချိန်ကို ကောင်းကောင်း အသုံးချဖို့ပဲဖြစ်ပါတယ်။ ပျမ်းမျှ တစ်နေ့ တာ ကာလအတွင်း ဘာမှမလုပ်ဘဲ အချိန် တွေ ဘယ်လောက်ကုန်လွန်သွားခဲ့တယ် ဆိုတာ သင်တို့စဉ်းစားဖူးပါသလား။ ဘာ အလုပ်မှ မလုပ်ဘူးလို့ သင်စီစဉ်ခဲ့တာ မဟုတ်ပေမဲ့လည်း အဲဒီလိုဖြစ်သွားခဲ့ပါ တယ်။ တကယ်လို့ အဲဒီအချိန်တွေကို သင် အသုံးပြုနိုင်ခဲ့မယ်ဆိုရင် သင်ပြီးစီးသွား မယ့် အလုပ်တွေကို စဉ်းစားကြည့်ပါ။ ဥပမာအားဖြင့်-
- ရထားပေါ် သို့မဟုတ် ဘတ်စ် ကားပေါ် ရုံးသွား၊ ရုံးပြန် သင်ကုန်လွန် သွားသောအချိန်၊
- ဆရာဝန် သို့မဟုတ် သွားဆရာဝန် ဆီမှာ သင့်အလှည့်ကို စောင့်ဆိုင်းနေချိန်၊
- လေယာဉ်စီးနေချိန်၊ လေယာဉ် စောင့်နေချိန် သို့မဟုတ် သင့်ဝန်စည် စလည်များ ရွေးရန်စောင့်ဆိုင်းနေချိန်၊
-အလုပ် သို့မဟုတ် အစည်းအဝေး ကို သတ်မှတ်ချိန်ထက် သင်စောရောက် နေသောအခါ သင်ကုန်လွန်သွားသော အချိန်၊
အဲဒီလို အချိန်ကာလတွေကို နည်း လမ်း(၂)ခုနဲ့ သတ်မှတ်ကြည့်ပါ။ သင့် အနေနဲ့ အဲဒီအချိန်တွေကို ဖြုန်းတီးချိန် (ဝါ) ကုန်လွန်သွားသောအချိန် ဒါမှမဟုတ် လက်ဆောင်ရတဲ့ အချိန်လို့မှတ်ယူနိုင်ပါ တယ်။

တကယ်လို့ သင့်အနေနဲ့ အဲဒီအချိန် ကို လက်ဆောင်ရတဲ့ အချိန်လို့ စဉ်းစား လိုက်မယ်ဆိုရင် သင်ဟာ အလုပ်တွေကို ပြီးစီးအောင်ဆောင်ရွက်နိုင်မယ့် အခွင့် အလမ်းအဖြစ် အဲဒီအချိန်ကို အသုံးချနိုင် ပါတယ်။ ဒါပေမဲ့လည်း အချိန်ကာလရှည် ကြီးတော့ မလိုအပ်ပါဘူး။ အောင်မြင်တဲ့ လူအများစုက သူတို့ စောင့်ဆိုင်းနေချိန်မှာ ပြီးစီးအောင်လုပ် ဆောင်နိုင်တဲ့အရာတွေ အများကြီးဆိုတာ သူတို့ရှာဖွေတွေ့ရှိကြပြီးဖြစ်ပါတယ်။

- စာပေးစာယူပြုလုပ်ခြင်း
- ပေးစာများနှင့်ရုံးတွင်းစာများ
- စာအုပ်များ သို့မဟုတ် တိပ်ခွေ များ/စီဒီများ သင့်ရဲ့စောင့်ဆိုင်းချိန်တွေကို အသုံးပြုမယ့် နည်းတစ်နည်းက သင်စောင့် ဆိုင်းနေချိန်မှာ ပြီးစီးအောင်လုပ်ဆောင်နိုင် မယ့် သူနဲ့အတူပါလာတဲ့ အကြောင်းအရာ များပဲဖြစ်ပါတယ်။ ဥပမာအားဖြင့်စာများ

စာများဖတ်ခြင်း

သင့်ရဲ့စာတွေကို သင်နဲ့အတူယူသွား ပြီး သင်စောင့်ဆိုင်းနေသောအချိန် ဒါမှ မဟုတ် ခရီးသွားနေချိန်မှာ အဲဒါတွေကို ဖတ်ဖို့ပဲဖြစ်ပါတယ်။ တချို့ PDA တွေက email သုံးလို့ရပါတယ်။ ဒါကြောင့် သင့် အနေနဲ့ ရထားပေါ်၊ လေယာဉ်ပေါ် ဒါမှ မဟုတ် ဆရာဝန်ရဲ့ ရုံးခန်းမှာ သင့် email တွေကို ဖတ်ရှုနိုင်ပါတယ်။

ပေးစာများနှင့် ရုံးတွင်းစာများရေးသားခြင်း

သင်စောင့်ဆိုင်းနေစဉ်မှာ note pad ဒါမှမဟုတ် PDA ကိုထုတ်ပြီး ပေးစာနဲ့ ရုံးတွင်းစာတွေရေးသားနိုင်ပါတယ်။ သင့်ရဲ့ Planner မှာအချိန်နဲ့တစ်ပြေးညီ နောက်ဆုံးအခြေအနေကို မှတ်သားနိုင် ပါတယ်။

တိပ်ခွေများ ဒါမှ မဟုတ် CD များဖတ်ရှုခြင်း/နားထောင်ခြင်း

စာအုပ်တစ်အုပ် ဒါမှမဟုတ် မဂ္ဂဇင်း တစ်အုပ် ဒါမှမဟုတ် တိတ်ခွေတစ်ခွေ သင်နှင့်အတူ သယ်သွားပါ။ သင့် PDA ထဲကို စာအုပ်တွေ၊ ဆောင်းပါးတွေကူးယူ သွားနိုင်ပါတယ်။ သင့်စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် ဆောင်းပါးတွေကို ဖတ်ဖို့ သင့်ရဲ့ schedule ထဲမှာ အချိန်မရှိပါဘူး။ သင့်အနေနဲ့ ရွှေ့ဆိုင်းခံရလို့ သည်းညည်း မခံနိုင်ဖြစ်နေမယ့်အစား သင့်ရဲ့ ကိုယ်ပိုင် ဗဟုသုတနဲ့စွမ်းရည်တွေ တိုးတက်ဖို့ ပြည့်စုံ တဲ့ အချိန်အဖြစ်မှတ်ယူပြီး စာဖတ်ရင်း အချိန်ကို အသုံးချနိုင်ပါတယ်။

**လက်ထဲမှာ ရှိတဲ့ အလုပ်ကို အာရု့စိုက်ပါ**

- သင့်ရည်ရွယ်ချက်အပေါ်မှာ အာရုံစိုက်ပါ၊
- ကြားဖြတ်အနှောင့်အယှက်များ ကို အာရုံမစိုက်ပါနဲ့၊ ဦးဆောင်သူတစ်ဦးအနေနဲ့ သင် တာဝန်ထမ်းဆောင်နေချိန်မှာ လုပ်ငန်း များစွာကို အစဉ်ပြေစေဖို့ မဖြစ်ဖြစ်အောင် စီစဉ်ဆောင်ရွက် ရပါတယ်။ တခြား နည်း လမ်းလည်းမရှိပါဘူး။ ဒါပေမဲ့လည်း စိတ် ထဲမှာ သိနေရမယ့် အရေးကြီးတဲ့ မဟာဗျူ ဟာတစ်ခုကတော့ လတ်တလောလက်ရှိ အလုပ်ပေါ်မှာ လုံးဝအာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ ဆောင်ရွက်စရာများနေတဲ့ အခါ သင့်စိတ်ထဲမှာ အာရုံစူးစိုက်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အောက်ဖော်ပြပါတွေကို လုပ်ဆောင်နိုင် စွမ်းရှိရင် သင့်အချိန်ကို ကောင်းစွာ အသုံး ချနိုင်မှာဖြစ်ပါတယ်။

**သင့်ရည်ရွယ်ချက်ပေါ်မှာ အာရုံစိုက်ပါ**

သင့်မှာ အလုပ်ပြီးစီးအောင် လုပ် ဆောင်ရမယ့် ကတိတွေ၊ အလေးထားစရာ တွေရှိကောင်းရှိပါမယ်။ ဒါပေမဲ့လည်း လတ်တလော သင်လုပ်ဆောင်နေတဲ့ အလုပ်တစ်ခုထဲအပေါ်မှာသာ အာရုံစိုက် ထားခဲ့ရင် ပိုမိုပြီးစီးအောင် သင့်အနေနဲ့ ဆောင်ရွက်နိုင်ပါတယ်။

**ကြားဖြတ်အနှောင့်အယှက်များအပေါ် အာရုမစိုက်ပါနဲ့**

ဖုန်းဖြေဆိုဖို့ မရှိလို့၊ ဧည့်သည်ချိန်း ဆိုထားတာမရှိလို့ သင်အချိန်ပေးနိုင်တဲ့ အခါ သင့်ရဲ့အာရုံစူးစိုက်မှုဟာ အခြေခံဆုံး အဆင့်မှာရောက်နေတယ်ဆိုတာ သင်သိ ပါလိမ့်မယ်။ တစ်ချိန်လုံးလည်း သင် သီးသန့်နေလို့မရနိုင်ပါဘူး။ ဒါပေမဲ့လည်း တချို့အချိန်တွေမှာ ကြားဖြတ်အနှောင့် အယှက်တွေကနေ ရှောင်ရှားခြင်းဖြင့် သင့် ကြိုတင်မျှော်မှန်းထားတဲ့ အချိန်ထက် လျှော့ပြီး လုပ်ငန်းများအောင်အောင်မြင် မြင် ပြီးမြောက်အောင်ဆောင်ရွက်နိုင် ပါတယ်။ ဖုန်းခေါ်ဆိုတာတွေကို မဖြစ်မနေ ပြန်ဖြေရမယ်ဆိုရင် နောက်တစ်ကြိမ် ပြန်ခေါ်ဖို့ ဒါမှမဟုတ် နောက်နေ့မှ တွေ့ဆုံဖို့ မေးမြန်းရင်း ကြားဖြတ်အနှောင့် အယှက်တွေကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရပါမယ်။

**သင့်ကိုယ်ပိုင် အဓိက အချိန်ကိုစဉ်းစားပါ**

- မနက်ပိုင်းဖြစ်မလား၊
- ညနေပိုင်းဖြစ်မလား၊
-ညဥ့်နက်ပိုင်းဖြစ်မလား၊ သင်ဟာ နေမထွက်ခင် အိပ်ရာက ထပြီး အလုပ်စလုပ်တဲ့ သူတွေထဲက တစ်ယောက်လား၊ သင့်အလုပ်လုပ်ချိန်ဟာ ညနေခင်းအစောပိုင်းလား၊ ညနေစာစား ပြီးမှလား၊ ဒါမှမဟုတ် သင်ဟာ တကယ့်ကို ခက်ခဲတဲ့ အလုပ်တွေကို လုပ်ဖို့ညဥ့်နက် ပိုင်း တိတ်ဆိတ်ချိန်ကို ကြိုက်နှစ်သက်တဲ့ သူလား၊ လူတိုင်းဟာ မတူညီကြပါဘူး။ ကွဲပြားခြားနားကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုတွေ ရတဲ့အချိန် ဒါမှမဟုတ် ဈာန်ဝင်နေတဲ့ အချိန်မှာ ဆောင်ရွက်တဲ့ အလုပ်ဟာ တကယ့်ကို ထိထိရောက်ရောက်နဲ့ စော စောစီးစီးပြီးတယ်လို့ သုတေသနအများစု မှာ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ဒါဟာ အမြဲတော့ မမှန်ကန်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အဓိက အချိန်ရှိတယ်ဆိုတာ အဲဒီ လေ့လာစူးစမ်းမှုကပဲ အသိအမှတ်ပြုပါ တယ်။ သင့်ရဲ့အလုပ်ကို စီမံတဲ့အခါ သင့်ရဲ့ ကိုယ်ပိုင်အဓိက အချိန်ကို စဉ်းစားပါ။ တကယ်လို့ သင်ဟာ အကောင်းဆုံးအလုပ် တစ်ခုကို စောစောလုပ်ဆောင်ခဲ့တယ် ဆိုရင် ပုံမှန်လုပ်ဆောင်ရမယ့် အလုပ်ကို တစ်နေ့တာရဲ့ နောက်ပိုင်းမှာ ဆောင်ရွက် ဖို့ စီစဉ်ပြီး စိန်ခေါ်မှုပိုများတဲ့ အလုပ်တွေ ကို သင့်ရဲ့ အကောင်းဆုံးအခြေအနေမှာ လုပ်ဆောင်ဖို့ အာရုံစူးစိုက်ဆောင်ရွက်ရ ပါမယ်။ တကယ်လို့ နောက်မှ လုပ်ဆောင်ဖို့ အမှန်တကယ်မဖြစ်နိုင်ရင် မနက်ပိုင်းမှာ ပုံမှန်လုပ်ဆောင်စရာတွေကို ကိုင်တွယ် ဖြေရှင်းပြီး ပိုမိုခက်ခဲတဲ့အလုပ်တွေကို နောက်မှ လုပ်ဆောင်ဖို့ထားလိုက်ပါ။

**သင့်အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုပါ**

အလုပ်နဲ့အနားယူချိန်ကြားမှာ ဘဝ ရဲ့ ကျန်းမာတဲ့ ညီမျှမှုရှိတယ်ဆိုတာ ခံယူ ထားဖို့သင့် အောင်မြင်မှုကို ချီးကျူးဂုဏ်ပြု ပါ။ သင်လုပ်ငန်းတစ်ခုပြီးစီးတဲ့အခါ ဒါမှ မဟုတ် စီမံချက်တစ်ခုပြီးပြတ်သွားတဲ့အခါ သင့်ကိုယ်သင် ဆုချီးမြှင့်ပါ။ တကယ်လို့ သင်ဟာ အသင်းအဖွဲ့ပုံစံနဲ့ အလုပ်လုပ်ခဲ့ တယ် ဒါမှမဟုတ် တခြားလူတွေကို တချို့ အလုပ်တွေ ဆောင်ရွက်ဖို့ ကိုယ်စားလွှဲအပ် ခဲ့တယ်ဆိုရင် အဲဒီလုပ်ဆောင်မှုတွေမှာ ပါတဲ့ သူတွေအားလုံးရဲ့ ကြိုးပမ်းအားထုတ် မှုတွေကို အားပေးချီးမြှင့်ပါ။ ချီးကျူးဂုဏ်ပြုတာဟာ စီမံကိန်း စီမံ ခန့်ခွဲမှု (Project Management)အား လုံးမှာ အဓိက အခန်းကဏ္ဍကပါဝင်ပါ တယ်။ သင့်ရဲ့ schedule မှာ ဘယ် လောက်ပဲ ပြည့်ကြပ်နေပါစေ ကောင်း ကောင်းလေးအသုံးချဖို့ အချိန်ရှိတယ်ဆို တာပါပဲ။ ဒါကြောင့် အချိန်ကို စီမံခန့်ခွဲတာကို ပြန်လည်ဆန်းစစ်သုံးသပ်ကြည့်မယ်ဆိုရင်
- ရည်ရွယ်ချက်များချမှတ်ပါ၊ - ဦးစားပေးအဆင့်ခွဲပါ၊
- စီစဉ်ပါ၊ - ဘယ်အချိန်မှာ ငြင်းဆိုရမယ်ဆို တာ လေ့လာသင်ယူပါ၊
- စောင့်ဆိုင်းနေရသော သင့်အချိန် ကို အသုံးပြုပါ၊
- လက်ထဲမှာရှိတဲ့ အလုပ်ကို အာရုံ စိုက်ပါ၊ - သင့်ကိုယ်ပိုင် အဓိကအချိန်ကို စဉ်းစားပါ၊
- အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုပါ၊ ဘဝရဲ့ အရေးကြီးဆုံးအရာတွေနဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်သင့်တယ် ဆိုတာကို ပြောပြတဲ့ အောက်ပါဇာတ်လမ်း တိုလေးကို ဖတ်ကြည့်ပါ။ ဘဝရဲ့အရေးကြီးးသောအရာများ တစ်နေ့မှာ အချိန်ခန့်ခွဲမှု ဂုရုကြီး တစ်ယောက်ဟာ စီးပွားရေးပညာသင် ကျောင်းသားအုပ်စုတစ်စုကို စကားပြော နေပါတယ်။ ပြီးတော့ အောက်ပါအတိုင်း သရုပ်ဖော်ပြပါတယ်။ သူဟာ အုပ်စုရဲ့ အရှေ့မှာရပ်ပြီး သူ့ရှေ့ကစားပွဲပေါ်ကို အဝကျယ်ဖန်ပုလင်းကြီးတစ်လုံးတင်လိုက် ပါတယ်။ ပြီးတော့ ကျောက်ခဲတစ်ခါဇင် လောက်ကို အဲဒီအဝကျယ်ဖန်ပုလင်းကြီး ထဲကို ထည့်လိုက်ပါတယ်။ အဲဒီဖန်ပုလင်း ကြီး အဝအထိ ကျောက်ခဲတွေ ပြည့်သွား ပြီး နောက်ထပ်ကျောက်ခဲတွေထပ်ထည့် လို့ မရတော့တဲ့အခါ သူက ကျောင်းသား တွေကို-
“ပုလင်းပြည့်သွားပြီးလား”လို့ မေး လိုက်ပါတယ်။ အတန်းထဲက ကျောင်းသား တိုင်းက ”ပြည့်နေပါပြီ”လို့ဖြေကြပါတယ်။ အဲဒီအခါ ဂုရုကြီးက “တကယ်လား”လို့ မေးလိုက်ပါတယ်။ ပြီးတော့ သူက စားပွဲ အောက်ကနေ ကျောက်စရစ်ခဲပုံးကို ယူ လိုက်ပြီး အဲဒီပုလင်းကြီးထဲကို ကျောက် စရစ်ခဲတွေ သွန်ချလိုက်ပြီး ကျောက်ခဲတွေ ကြားက လွတ်နေတဲ့ နေရာလေးတွေထဲကို ကျောက်စရစ်ခဲတွေ ဝင်သွားအောင် ဖန် ပုလင်းကို အသာလှုပ်ပေးလိုက်ပါတယ်။ ပြီးတဲ့အခါ ဂုရုကြီးက ကျောင်းသားအုပ်စု ကို “ပုလင်းပြည့်နေပြီလား”လို့ တစ်ကြိမ် ထပ်မေးပါတယ်။ ဒီတစ်ခါမှာတော့ ကျောင်းသားတွေက သဘောပေါက်သွား ပါတယ်။ ကျောင်းသားတစ်ယောက်က “လုံးဝပြည့်သွားတာတော့ မဟုတ်ပါဘူး” လို့ ဖြေတယ်။ အဲဒီတော့ ဂုရုကြီးက- “တော်တယ်”လို့ ပြန်ဖြေလိုက်ပါတယ်။ ပြီးတော့ သူက စားပွဲအောက်ကနေ သဲပုံးကို ထုတ်လိုက်ပြီး အဲဒီပုလင်းကြီးထဲ ကို သဲတွေသွန်ချလိုက်ပါတယ်။ ကျောက်ခဲ နဲ့ ကျောက်စရစ်ခဲတွေကြားကနေ လွတ် နေတဲ့ နေရာလေးတွေထဲကို သဲတွေဝင် သွားကြပါတယ်။

ဂုရုကြီးက- “ပုလင်းပြည့်နေပြီလား”လို့ မေးလိုက် တဲ့အခါ “မပြည့်သေးပါဘူး”လို့ တစ်တန်း လုံးက အော်ကြပါတယ်။ ဒီတစ်ကြိမ်မှာ လည်း ဂုရုကြီးက “တော်တယ်”လို့ပြန်ပြော ပါတယ်။ ပြီးတော့ သူက ရေခရားတစ်ခု ကို ယူလိုက်ပြီး ပုလင်းအပေါ် နှုတ်ခမ်းထိ ရောက်အောင် ရေကို ဖြည့်လိုက်ပါတယ်။ အဲဒီနောက် အတန်းကို ကြည့်ပြီး မေးလိုက် ပြန်ပါတယ်။ “ဒီသရုပ်ပြတာရဲ့ အဓိက အချက်က ဘာလဲ” အဲဒီအခါမှာ ကျောင်းသားတစ်ဦး က လက်ထောင်ပြီး ဖြေပါတယ်။ “သင့်ရဲ့အလုပ်ဇယားမှာ ဘယ် လောက်ပဲ ပြည့်နေပါစေ၊ တကယ်လို့ သင် အမှန်တကယ်ကြိုးစားလုပ်ဆောင်မယ်ဆိုရင် အဲဒီအထဲမှာ အကြောင်းကိစ္စတချို့ ဝင်ဆံ့ ဖို့ အမြဲဖြစ်နိုင်တယ်လို့ ဆိုချင်ပါတယ်” “မဟုတ်ဘူး၊ အဲဒါက အဓိကဆိုလို ရင်း မဟုတ်ဘူး”လို့ ဂုရုကြီးက ပြန်ဖြေ ပါတယ်။ ဒီသရုပ်ပြပုံရဲ့ အမှန်တရားကတော့ “တကယ်လို့ ကျောက်ခဲကြီးတွေကို အရင် မထည့်ခဲ့ဘူးဆိုရင် သူတို့ကို ဘယ်တော့မှ ထည့်လို့ရမှာ မဟုတ်ဘူး(ကျောက်ခဲကြီး တွေကို နောက်မှထည့်မယ်ဆိုရင်ထည့်လို့ ရမှာ မဟုတ်ဘူး)”ဆိုတာပါပဲ။ ဘဝရဲ့ကျောက်ခဲကြီးတွေက ဘာ တွေလဲ၊

မင်းရဲ့သား/သမီး၊ မင်းချစ်တဲ့ သူ၊ မင်းရဲ့ပညာရေး၊ မင်းရဲ့အိပ်မက်တွေ၊ ကိုယ်တန်ဖိုးထားတာတွေ၊ စာသင်ကြား တာတွေ၊ မင်းကြိုက်တာလုပ်နေရတာတွေ၊ မင်းအတွက်အချိန်တွေ၊ မင်းရဲ့ကျန်းမာရေး၊ မင်းရဲ့သူငယ်ချင်းကောင်းတွေ စတဲ့ ဘဝရဲ့ အရေးကြီးတာတွေပေါ့၊ ကျောက်ခဲကြီးတွေ ကို အရင်ထည့်ဖို့ သတိရပါ။ ဒါမှမဟုတ် ရင် သူတို့ကို ဘယ်တော့မှထည့်လို့ရတော့ မှာ မဟုတ်ဘူး။ ကျောက်စရစ်ခဲ၊ သဲနဲ့ရေ တို့ကတော့ ဘဝရဲ့ အရေးမကြီးတဲ့ အရာ တွေပဲပေါ့။ ဒါကြောင့် အရေးမကြီးတဲ့ အသေးအမွှားလေးတွေကို သင့်ဘဝမှာ အရင်ဖြည့်လိုက်မယ်ဆိုရင် ကျောက်ခဲကြီး တွေနဲ့တူတဲ့ သင့်ဘဝရဲ့ အရေးကြီးတဲ့ အရာတွေအတွက် အချိန်ဘယ်တော့မှ ကျန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီည ဒါမှမဟုတ် နံနက် ခင်းမှာ ဒီဇာတ်လမ်းတိုလေးကို သင့်အနေ နဲ့ အလေးအနက်ဆင်ခြင်စဉ်းစားကြည့်ရင်း သင့်ကိုယ်သင် ဒီမေးခွန်းလေးကို မေး ကြည့်လိုက်ပါ။ “မိမိဘဝမှာ ဘယ်အရာတွေက ကျောက်ခဲကြီးတွေလဲ(ဘယ်အရာတွေက အရေးကြီးတာတွေလဲ)၊ အဲဒီနောက် သူတို့ကို သင့်ပုလင်းထဲ အရင်းဆုံးထည့် လိုက်ပါ။” တန်ဖိုးရှိတဲ့အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ။

**အုန်းဝမ်( ရန်ကုန်တက္ကသိုလ် )**
အခွင့်အလမ်းဂျာနယ်

Posted By Mr.Moon

**From-မေမွန်ကျော်**

**ဘယ်အချိန်မှာငြင်းဆိုရ မယ် ဆိုတာ လေ့လာ သင်ယူပါ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)