ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြန်မာသံရုံးမှာ မြန်မာအလုပ်သမားဒုဝန်ကြီးနဲ့ ဘန်ကောက်မြို့ အခြေစိုက် မြန်မာ သံအမတ်ကြီးတို့ ဦးစီးပြီးတော့ ယူအင် အပါအ၀င် နိုင်ငံတကာ အင်ဂျီအိုတွေနဲ့ မြန်မာ အလုပ်သမားအဖွဲ့ တချို့ကို ဖိတ်ခေါ်ပြီးတော့ မြန်မာနိုင်ငံသား ကူညီစောင့်ရှောက်ရေးအသင်း ဆိုပြီး ဖွဲ့စည်းလိုက်တယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်မားတွေနဲ့ နိုင်ငံတကာရောက် မြန်မာတွေ ၀မ်းမြောက်ခဲ့ကြတယ်။
ထိုင်းမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ပြဿနာတွေထဲကအချို့ကို ပြောရရင် (၁) တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို အလုပ်သမားများ ကိုင်ဆောင်ခွင့်မရရှိခြင်း၊(၂) အလုပ်သမားတစ်ဦး တရားဝင်ဖြစ်ဖို့လုပ်ငန်းရှင် တစ်ဦးရဲ့အဆုံးအဖြတ်ပေါ်တွင် တည်မှီနေခြင်း၊(၃)အလုပ်သမားများထံမှ လုပ်ငန်းရှင်က ငွေများ ယူထားသော်လည်း အချိန်လွန်မှ မလုပ်သေးသည်ကိုသိသဖြင့် ငွေလည်းဆုံး တရားမ၀င် အလုပ်သမားဖြစ်သွားခြင်း၊(၅) မတော်တဆ ထိခိုက်သေဆုံးမှု (၆)လုပ်ငန်း ခွင်အတွင်း အသက်သေဆုံးခြင်းနှင့် ခြေလက်အင်္ဂါများ ပြတ်တောက်သွားခြင်း၊(၇) လုပ်အားခ မရရှိခြင်း၊ (၈) ရက်ပေါင်ယူထားခြင်း၊(၉) အသက်အာမခံကြေး၊ပြန်ပို့ကြေး အဖြစ်ဖြတ်တောက်ထားခြင်း၊ (၁၀) အလုပ် ကိုနာရီဝက်ခန့် ကြိုဆင်းခိုင်းပြီး နာရီဝက်ခန့် နောက်ကျပြီးမှ အလုပ်လွှတ်ခြင်း၊(၁၁) အိမ်ဖေါ် အလုပ်သမား များ နားရက်မရှိ နေ့စဉ် နာရီပေါင်းများစွာ အလုပ်လုပ်နေရခြင်း၊ (၁၂) လုပ်အားခများကို မပေးချင် တာကြောင့် အလုပ်သမား တွေရဲ့တရားဝင် စာရွက်စာတမ်းတွေကိုဖျက်ဆီး၊ဖျောက်ဖျက်ခြင်း၊သိမ်းထားခြင်း၊ ပုလိပ်ကိုခေါ်၍ဖမ်းဆီးခိုင်းခြင်း၊(၁၃) အချိန်ကုန်ခံပြီး အလုပ်သမား စာရွက် စာတမ်းကို ပြောင်းရွှေ့မပေးပဲ ၊ပုလိပ်ကြေး ဟူ၍လစဉ် ဖြတ်တောက်ခြင်း၊

(၁၄) မဲဆောက်နှင့် နယ်စပ်တို့မှ မြန်မာအလုပ်သမားများ မယ်ဆိုင် နှင့် ရနောင်းမြို့များသို့ ယာယီပတ်စပို့ လုပ်ကိုင်ရန် လျှောက်ထား၍ မရခြင်း၊(၁၅) လူကုန်ကူးမှု နှင့် အခန်း ပိတ်လှောင် ခိုင်းစေခြင်းကို ကယ်တင်နိုင်ရန် ပြဌာန်း ထားသည့် ထိုင်းလူကုန်ကူးမှု ဥပဒေများ မှာ လူကုန်ကူး ခံရသူအတွက် အထူး နစ်နာဆုံးရှုံးခြင်း၊ လူကုန်ကူးသူတို့အား အရေးယူနိုင်ရန်အတွက် အထူးခက်ခဲနေခြင်း၊ ဥပမာ။ ။လူကုန်ကူးခံရသူကိုယ်တိုင် (သို့) မိသားစုဝင်တစ်ဦးဦးက လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့သို့ ကိုယ်တိုင်လာရောက်တိုင်ကြားမှ၊ ဓါတ်ပုံနှင့်မြေပုံများ နှင့် လူကုန်ကူးသူများ၏
ဓါတ်ပုံနှင့် ရုပ်ပုံများ ရေးဆွဲ သက်သေခံမှ တရားရုံးမှ ဖမ်းဝရမ်းကျမှ သွားရောက်ဖမ်းဆီးပါတယ်။
ဖမ်းဆီးကယ်တင်ပြီးနောက် ချာတာ(ခ)ကယ်ဆယ်ရေးစခန်း ဟုခေါ်သော အကျဉ်းထောင်
တစ်မျိုးဟု ဆိုနိုင်သော စခန်းတွင် အနည်းဆုံး ၃လမှ ၆လထက်မနည်း ၀င်ငွေ တစ်ပြားတစ်ချပ်မှ မရပဲ နေ
ထိုင်ရမှာဖြစ်တယ်။ ဖမ်းဆီးခါစက နိုင်ငံတကာအဖွဲ့အစည်းများ၊ ထိုင်းနှင့်မြန်မာအစိုးရများ အပြင် အလုပ် သမားဝန်ကြီးဌာနများ အင်ဂျီအို အဖွဲ့ကြီး လာရောက် ဓါတ်ပုံရိုက် ဟိုမေး ဒီမေး အားပေး စကား
လာပြောကြတယ်၊ ဆုံးရှုံးခဲ့တဲ့လုပ်အားခတွေကို မေးတယ် ။မျှော်လင့်ချက်တွေပေးတယ်။ ပြီးတော့ဒီအဖွဲ့
တွေအကုန်လုံး ဖုန်းဆက်လို့တောင် ကိုင်ဖေါ်မရတော့ဘူး။
ချာတာထဲမှာ လပေါင်းများစွာ ထိုင်းအစားအစာ သကြားရည်နဲ့ ချက်တဲ့ဟင်းတွေကို စားပြီးတော့ ဟိုနေ့
လွတ်နိုး ဒီနေ့လွတ်နိုးနဲ့ လူကုန်ကူးခံရတဲ့ မြန်မာအ လုပ်သမားများခမျာ မျှော်လင့်ချက်များ တဖြည်း
ဖြည်းနည်းပါးလာတာက လက်တွေ့ပါ။
(မဲဆောက်မှ မြန်မာအလုပ်သမားများ)

ကယ်ဆယ် ရေး စခန်း(ချာတာ)ထဲမှာလည်း အသွင်မတူ စရိတ်မတူတဲ့ လူမျိုးတွေနဲ့ ရောနှောထားတယ်၊ အသဲရောင် အသားဝါ ဘီပိုးရှိသူ နဲ့ တီဘီ လို ရောဂါသည်တွေနဲ့ ရောနှောထားတယ်။ ချာတာ ကို အုပ်ချုပ်သူ တွေကလည်း အချိန်ကြာလာတာနဲ့ အမျှ အပြစ်ရှိလို့ ဖမ်းဆီး ထောင်ချထားတဲ့ ရာဇ၀တ်သား တစ်ယောက်လို့ ပြောဆို ဆက်ဆံလာတယ်။
၃လကနေ ၆လအထိ ကြာလာတဲ့အခါ လူကုန်ကူးခံရသူတွေမှာ ဖိနပ်ပြတ်၊ အတွင်းခံဘော်လီကြိုးပြတ်
ခေါင်းလျှော်ရည်မရှိ၊ ဆပ်ပြာမရှိ၊ အမျိုးသမီး အသုံးအဆောင် နထ္တိ ဖြစ်လာခဲ့ကြတယ်။ မြန်မာအစား အသောက်တွေကို စားချင်လာတယ်။ ဘာမှ မလိုချင်ကြတော့ဘူး။ မိဘဆီ ပြန်ရရင်ပြီးရောစိတ်ဓါတ်တွေ ကျလာကြတယ်။
ကယ်မှားမိတဲ့ ကျွန်ုပ်တို့လို အဖွဲ့သေးသေးလေးကတော့ ပျားတုတ်တာနဲ့ အတူတူပါ။ အဆဲလည်းခံရ။ အစားအစာနဲ့ လိုအပ်တာတွေကိုလည်း သွားပို့ရနဲ့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်ကြရတယ်။
နွန်ထဘူရီ ရေလယ်ကျွန်းမှာရှိတဲ့ အမျိုးသမီး ကယ်ဆယ်ရေးစခန်းထဲမှာဆိုရင် မိသားစုကို ဖုန်းလုံးဝ ဆက်ခွင့်မရကြဘူး။ ပြည့်တံဆာတွေ ရူးသွတ်သူတွေနဲ့ ရောနှောထားတယ်။ နှစ်များအကြာမီက ဒီကယ်ဆယ်ရေးစခန်းက ထွက်ပြေးလို့ လှေသမားက အဓ္ဓမပြုကျင့်ပြီးမှ စခန်းထဲပြန်ပို့တာတွေ၊ စိတ်ဖိစီးမှုများလွန်းလာတာကြောင့် စခန်းတွင်းက ရေစင်က နေခုန်ချပြီး မိမိကိုယ် အဆုံးစီရင်သွားသူတွေ ရှိတယ်လို့ကိုယ်တိုင်ကြုံဖူးတဲ့မြန်မာအလုပ်သမတွေကပြောပြခဲ့ပါတယ်။ပန်းရောင်ဘတ်နဲ့ နယ်ကျော် ပြီးသွားလာတဲ့အလုပ်သမားကို ထိုင်းဥပဒေမှာ ဘတ်ငွေ ၅၀၀ ဒဏ်ကြေးရိုက်ရမယ်လို့ ပြဌာန်းထားပေမယ့် လက်တွေ့မှာ ဘတ်ငါးထောင်၊တစ်သောင်းပေးမှပြန်လည်လွှတ်ပေးတတ်ပါတယ်။
အဓိက ပြောနိုင်တာက ထိုင်းရဲတွေ ဆိုင်ကယ်နဲ့ ကားနဲ့  မြို့ရွာတွေမှာ ပတ်ပြီးတော့ လမ်းမှာ တွေ့ သမျှ မြန်မာဟူသမျှကို ပတ်စပို့ရှိရှိ မရှိရှိ ဖမ်းဆီးတယ်၊၊ငွေညှစ်တယ်၊လက်ကိုင်ဖုန်းကိုသိမ်းတယ်၊ ပါတဲ့ငွေတွေကို ယူတယ်၊ မိန်းကလေးငယ်ငယ်များကို အခါအားလျှော်စွာ ဗလက္ကာယပြုကျင့်တာလည်းရှိတယ်။
တရုတ်နိုင်ငံလို ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံကြီးကလာဖို့အတွက် ပေးရတယ်ဆိုလည်းတစ်မျိုးပေါ့။ မလေးရှားလို နိုင်ငံကလာချင်လို့ ပေးရရင်လည်း နားထောင်လို့ကောင်းသေးတယ်။ ထိုင်းကနေပြီးတော့ မိခင်နေရပ်ရင်းကို ပြန်ဖို့ မဲဆောက်ကို ကားခ လေးရာ ၀န်းကျင်သာရှိပေမယ့် ပွဲစားကို ဘတ်ငွေ နှစ်ထောင်ကျော်ပေးပြီးမှ သွားလို့ရတဲ့အနေအထားဟာ အလွန်အရုပ်ဆိုးပါတယ်။နယ်စပ်ကိုရောက်တော့
နယ်ခြားစောင့် ၀င်းခြံထဲ(ကိုသုံးလုံးဂိတ် စသည်) ကို ပဲ ထိုင်းအာဏာပိုင်တွေက ပို့ပေးပါတယ်။ အပြင်ထက်ရဖို့ အတွက် ဘတ်ငွေ နှစ်ထောင်ကျော် ပေးမှ လွတ်မြောက်ပါတယ်။

ထိုင်းကိုလာပြီး အလုပ်လုပ်ဖို့ နေ့စဉ်လာနေတဲ့ မြန်မာအလုပ်သမားတွေ ပွဲစားနဲ့ တစ်ဆင့်လာရတယ်။ တရားမ၀င်လာနေကြတာကြောင့် ပြဿနာ တွေအမြဲပေါ်ပေါက်နေတယ်။ မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိသရွှေ့ မြန်မာတွေ ထိုင်းနိုင်ငံအတွင်းကို လာနေကြမှာပဲ။ ဘယ်နည်းနဲ့ အလွယ်ကူဆုံး အသက်သာဆုံး တရားဝင်လာနိုင်အောင်ပြင်ဆင်နိုင်မလဲ။
ထိုင်းက အလုပ်သမားတွေက ဒီပြဿနာတွေကို အကူအညီတောင်းဖို့ မြန်မာအလုပ်သမား ကူညီစောင့်
ရှောက်ရေးအသင်းကို ၀မ်းမြောက်ဝမ်းသာ စောင့်ကြိုနေကြတယ်လို့ သိရတယ်ဗျာ။
**ကျော်သောင်း**
(ဘန်ကောက်မြို့ အခြေစိုက် မြန်မာသံရုံး)

No comments:
Post a Comment