ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 11, 2011

ဂုဏ်

>
ဂုဏ်ဆိုတာ ဘာကိုခေါ်သလဲ ? မေးချင်မိတယ် . ကိုယ်တိုင်လည်း သေချာတွေးကြည့်မိတယ် ခုပြောမှာလည်း ကိုယ်တိုင်တွေးမိတဲ့ အကြောင်းပါ ..။ အကြောင်းအရာတိုင်းမှာ ဂုဏ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ် .။ ငယ်ငယ်တုန်းက ဂုဏ်ဆိုတာကို သီချင်းတွေထဲမှာကြားဖူးတယ် .. သီချင်းက “ဂုဏ် …. ဂုဏ်…ဂုဏ် .. …………. ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် .. .ငွေကိုသာရေလိုသုံးရင် .. တပြည်လုံးမှာ လုပ်သမျှ ဖြစ်မယ်” ဆိုတဲ့ သီချင်းဗျာ လွှမ်းမိုးဆိုတာလားမသိဘူး… ။ သူ့သီချင်းမှာ ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်တဲ့ ။ အင်း ခု ကျနော်တို့အတွေးမှာလည်း ဂုဏ်ဆိုတာ ငွေကိုခေါ်ရမှာလား ….? ။ တွေးစရာပါ။ ဂုဏ်ဆိုတာ ကို့ရဲ့ စရိုက်လို့ ပြောမယ်ဆိုရင်ရော………. ရမလား ။ “ဂုဏ်သိက္ခါ နဲ့ ပတ်သက်လို့ တစ်ခုမှ ကျိုးပဲ မခံဘူး” ဆိုတဲ့စကားမှာ .. ဂုဏ်ဆိုတာ ဘာကိုခေါ်မလဲ ….. အဲ့ဒီမှာ သူ့အဓိပ္ပါယ်က “အကျင့်စရိုက်” ဆိုပြီး အဓိပ္ပါယ်ထွက်တယ်ဗျာ..။ တခြားနည်းနဲ့ တွက်ကြည့်မယ်ဆိုရင် “ဂုဏ်ဆိုတာ အကြောင်းအရာ တစ်ခုကို သတ်မှတ်ထားတဲ့ အနက်” လို့ ယူဆမယ်ထင်ပါတယ် ။ လူ့ဂုဏ်ဆိုရင် . လူတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ ရှိသင့်တဲ့ အကြောင်းအရာ အရည်အချင်း . ၊ အနက် ကို ခေါ်မယ်လို့ ယူဆမိပါတယ် ။

အကြောင်းအရာတိုင်းမှာ သတ်မှတ်ချက် အနက်အဓိပ္ပါယ်ရှိလို့ ဂုဏ်ဆိုတာလည်းရှိပါမယ် … ။ သက်မဲ့ တစ်ခုကို ပြောရမယ်ဆိုရင် .. ဘောပင်တစ်ချောင်းကိုတွေးကြည့် .. “ဘောပင်မှာ သူကနေ စကားလုံးလေးတွေဖန်တီးဖို့အတွက် မှင်ခြစ်ရာတွေကို လုပ်ဆောင်ပေးနိုင်တဲ့ ဂုဏ်သတ္တိ သူ့မှာရှိတယ်” အဲ့လိုပဲ အရာရာမှာ သတ်မှတ်ချက်ဂုဏ်ရှိတယ် … ။ ဒီတော့ အကြောင်းအရာတိုင်းမှာ ဂုဏ်ဆိုတာရှိမယ်ပေါ့… ။

ဂုဏ်ရှိဖို့ကလွယ်ပါတယ် ..။ ဒါပေမဲ့ ကောင်းတဲ့ ဂုဏ်ရှိဖို့က မလွယ်ပါဘူး ။ ကောင်းတဲ့ ဂုဏ်မှာ အကျင့်စရိုက်တွေ မွေးမြူ ကျင့်ဆောင်ရတယ် ၊အတွေးကောင်းတွေ တွေးပေးရတယ် ဒါမှ ကောင်းတဲ့ စိတ်က ကိုယ့်ဆီကပ်ပြီး ကောင်းမှာပါ ။ မကောင်းတဲ့ ဂုဏ်ဘက်ကိုကြည့်မယ်ဆိုရင်လည်း မကောင်းတာတွေ စုပြီး သူ့ သတ္တိ ၊ သူ့အဓိပ္ပါယ်နဲ့ ရှိတာပါပဲ ။

ခုတလော ကျနော်တို့ လူငယ်တွေကြားမှာ သတိထားမိတာ တစ်ခုရှိတယ် ။ အဲ့ဒါက တော့ အရက်သောက်ခြင်းနဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြ ဂုဏ်ဖော်ကြတဲ့ အဖြစ်ပါ.။ အရက်သောက်တဲ့ လူတိုင်းဟာ အရက်သောက်သူအချင်းချင်း .. “အရက် ဘယ်လောက်သောက်ကြောင်း ဘယ် ပမာဏခန့် သောက်ကြောင်း ဘယ်လောက် ဆို မမူးဘူး ၊ ဘယ်တုန်းက ငါတို့ ဘယ်မှာသောက်တာ ၊ နောက် ဘယ်ကောင်က ဘယ်လို မှောက်သွားတာ” စသဖြင့် ဂုဏ်ဖော်ပြောကြတာတွေ ကြားမိပါတယ် .. ။ ကိုယ်ကတော့ မသောက်လို့ ဘာမှ ဝင်မပြောပါဘူး(ကြေငြာခြင်းမဟုတ်ပါ :P )..။ ဒါပေမဲ အပေါင်းအသင်းဖြစ်နေတော့ သူတို့စကားတွေက ကိုယ့်ဆီ ရောက်လာတော့လည်း တွေးမိပြန်ရော… ။

ဘယ်အတွက်တွေးမိလဲ ၊ ဘယ်အတွက် ရည်ရွယ်တွေးမိလဲ ၊ ဆိုရင် ကိုယ့်နိုင်ငံအတွက်ပါ ကိုယ့်လူမျိုးအတွက်ပါ ။ အရက်သောက်ခြင်းကြောင့် တိုးတက်မှု မရလာနိုင်ပါဘူး .။ ဒါကို လူတိုင်းနားလည်ပါတယ် ။ သောက်တဲ့ လူတိုင်းလည်း သိကြပါတယ် ။ သိသိကြီးနဲ့လည်း လုပ်ဖြစ်အောင် လုပ်ကြပါတယ် ။ လူတစ်ယောက် အရက်သောက်တာမှာ ကောင်းကျိုးဆိုးကျိုး နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူနှစ်ယောက် ဆန့်ကျင်ဘက်အရပ်ကို ဦးတည်ပြေးနေသလို ဖြစ်နေပါလိမ့်မယ် ။ ဟုတ်ပြီ …လူတစ်ယောက် အရက်သောက်ပြီ ………………ထိုလူ ရမဲ့ အ၇ာတွေက ………..

၁။ အရက်သောက်တဲ့ သူကို မည်သူမှ မလေးစားပါ ။

၂။ အရက်သောက်ခြင်းကြောင့် မမှားသင့်တာ မှားတတ်ခြင်း ။

၃။ အရက်သောက်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်ခြင်း ။

၎။ လူမှုဆက်ဆံရေး ချို့ယွင်းခြင်း

၅။ အရက်ဆိုတာ ဦးနှောက်ကို ထုံထိုင်းစေပါတယ် (ချွင်းချက် အရက်သောက်မှ စာကောင်းကောင်းရေးနိုင်တယ်ဆိုတဲ့ စာရေးဆရာများ ရှိတတ်သည်)။

၆။ အရက်သည် ပိုက်ဆံပေးဝယ်ရ၏ ။ ထိုကြောင့် ပိုက်ဆံကုန်မည် ။ ထိုကုန်သော ပိုက်ဆံကို ဆင်းရဲသောသူအတွက် မိသားစု စားဝတ်နေရေးနေရာမှာ အသုံးချမယ်ဆိုရင် ၊ ချမ်းသာသောသူအတွက် ကူညီမဲ့နေသူကို ကူညီခြင်းဖြင့် အသုံးချမယ်ဆိုရင် … လောကကြီး လှပလာပါလိမ့်မယ် . ခုထက် ပိုအေးချမ်းလာပါလိမ့်မယ် ။ သူတို့ကိုယ်တိုင်က အေးချမ်းတာ လှပတာကို လိုချင်ကြပါတယ် ။ ဒါပေမဲ့ လုပ်နေတာက လိုချင်တာကိုရဖို့ ဆန့်ကျင်ဘက်ဖြစ်နေကြပါတယ် .။

၇။ အရက်သောက်လို့ သေသွားရင်တောင် နာမည်ကောင်းမကျန် ပါ ..။ မည်သူမဆို ကိုယ်သေပြီး အချိန်မှာ နာမည်ကောင်း ကျန်ချင်ကြသူများသာဖြစ်ပါတယ် ။ ကိုယ့်မွေးချင်းအသိုင်းအဝိုင်းလောက်မှာပဲဖြစ်ဖြစ်ပေါ့ နာမည် ကောင်းကျန်ဖို့ကို တောင်းတကြမိမှာပါ .။

၈။ ကိုယ်တစ်ယောက် တည်းဖြစ်နေလို့ နိုင်ငံအားလျှော့ မသွားပါဘူးကွာလို့ မယူဆပါနဲ့ ။ ကိုယ်လိုလူပေါင်း များလာရင် နိုင်ငံတိုးတက်ရေးအားလျှော့သွားပါတယ် ။ လူက ကိုယ့်နိုင်ငံတိုးတက်ချင်တယ် . ကိုယ့်လူမျိုး တိုးတက်ချင်တယ်သာ စိတ်ရှိနေတာ .. ၊ အဲ့ဒီလို .. ပြောပြီးနေတာ ။ ကိုယ်က တိုးတက်မဲ့ အညွန့် တစ်ခုကို အောက် ဆွဲချနေသလို ဖြစ်သွားပါလိမ့်မယ် ။

၉။ အရက်သောက်ခြင်းကြောင့် သူတော်ကောင်းတရား ပျက်သွားပါလိမ့်မယ် ။(ဘာတွေလဲဆိုရင် .. ကောင်းတဲ့ အကျိုးဖြစ်စေတာ သူတော်ကောင်းတရားပါ :P )

၁၀။ သတ္တိများ လျှော့နည်းသွားခြင်း ။ အရက်စွဲသောက်ခြင်းကြောင့် သတ္တိတွေနည်းသွားတာပါလို့ သွယ်ဝိုက်ပြောချင်ပါတယ် ။ ဘာကြောင့်လဲဆိုရင် အရက်စွဲသောက်တဲ့ လူတစ်ယောက်ဟာ အရက်မကောင်းကြောင်းကို တွေးမိပါလိမ့်မယ် ။ သူအရက်ဖြတ်ဖို့လည်း တွေးမိမှာပါ ။ ဒါပေမဲ့ အရက်မဖြတ်နိုင် ဖြစ်နေခြင်းဟာ အရက်ဖြတ်ဖို့ သတ္တိနည်းလို့ပါ .။ သူ့စိတ်မှာ စိတ်အားသတ္တိတွေ ခန်းသွားပါပြီ ။ ဒီတော့ အာရုံတွေဟာ စွမ်းအားနည်လာပါတယ် ။ အဲ့ဒီလိုနဲ့ အများပြောနေကြ “အရက်ကြေးကျွန်ဘဝ” ကို ရောက်ရှိသွားပါတော့တယ် ..။ (ပြောစရာ ရှိနေမည်လား … “မင်းမသောက်လို့ သူများသောက်တာတွေ လျှောက်ပြောနေတာလား ” ဆိုပြီးလေ .. အမှန်တော့ ကျနော် တို့ဟာ လူသားတွေပါ .. အားလုံး တပြေးညီ ရှိပါသည်)

အထက်ကပြောတာတွေဟာ ဂုဏ်ကနေ တဆင့် အရက်သမား ဂုဏ်သိက္ခါကိုပါ ရည်ညွှန်းပြီး ပြောထားတာပါ .။ ခုခေတ်လူငယ်လေးများ နှင့် ကျနော်တို့အရွယ်လူငယ်တွေမှာ အပေါင်းအသင်းဆုံပြီဆိုရင် အရင်ဆုံးတွေးလိုက်ကြတာကတော့ဘီယာ ၊ အရက် ဆီကိုပါ …။ အဲ့ဒီလိုနဲ့ သောက်စလေးတွေ ရှိလာကြတာပါ။ အဲ့ဒီမှာ အရက် တခါမှ မသောက်ဘူးသူဟာ သူများတိုက်တာကြောင့် ၊ မြှောက်ပေးတာကြောင့် အရက်သောက်ဖြစ်သွားတတ်ပါတယ်..။ တစ်ခါသောက်ရုံနဲ့ “ပထမဆုံးမို့ ..ဘာမှ မဖြစ်ပါဘူး”ဆိုတဲ့ အတွေး စတွေးမိပါမယ် ။ ထိုအတွေးဟာ မှားပါတယ် ။ အဲ့အတွေးကနေပြီးနောက် ကြုံတဲ့အခါ “ငါအရင်တခါကလည်း သောက်ဖူးတာပဲ ခုတစ်ခါလည်းဘာမှ မဖြစ်ပါဘူး” ဆိုပြီး အတွေးကို ကူးသွားပါတယ် ။ နောက် အဆင့် “သူများတွေလည်း သောက်နေကြတာပါပဲ” ဆိုပြီး သတ်မှတ်လိုက်ပြန်ရော။ အဲ့ဒီလိုနဲ့ အရက်သောက်ခြင်းကို အဆင့်ဆင့် ရင့်သထက် ရင့်လာကြပါတယ် ။ နောက်ဆုံးစိတ်ညစ်တာနဲ့ မလွဲမသွေကြုံလာလို့ မလှုပ်သာမလွန့်သာ အချိန်မျိုးမှာဆိုရင်တော့ သူအမှတ်ရမှာက သူသောက်နေကြ အရက်ကိုပါ ။ “စိတ်ညစ်လို့ အရက်ကို သောက်တယ်” ဆိုတဲ့ အစွဲလေးကို သူကျင့်သုံးသွားပါပြီ ။ ဒီလိုနဲ့ အရက်သောက်ခြင်း လမ်းစဉ်ကနေ့  စိတ်ကို မထိန်းနိုင်ခြင်းက သူ့ကို လမ်းဆုံးသို့ တွဲခေါ်သွားကြောင်းပါ ..။ ဒါဟာ ဖြစ်နေကြ အကြောင်းအရာကို ပျမ်းမျှ ပြောပြခြင်းပါ ။ တခြားနည်းလမ်းများဖြင့်လည်း စခန်းသွားနေကြတာတွေ ရှိကြပါတယ် ။

နောက် ပြောချင်တာကတော့ ယောက်ျားလေးတွေသာမကပဲ မိန်းကလေးတွေပါ အရက်သောက်လာကြတာပါ။ ဒါကို ခေတ်ကြီးက ပြောင်းလဲတိုးတက်လာတယ်လို့ ပြောရမလိုပင် ဖြစ်နေပါပြီ။ ဘာလို့လဲဆို ခုနောက်ပိုင်းမှာ မိန်မတွေအရက်သောက်ကြပါသည် ။ အပြစ်ပြောခြင်းမဟုတ်ပါ ။ နိုင်ငံတကာနှင့်ယှဉ်ပြီး တွေးပါလို့ ပြောရင်လည်း တွေးပြပါမည် ။ ဟုတ်ကဲ့ သူများနိုင်ငံတွေမှာ မိန်းမတွေ အရက်သောက်ပါသည် ထို့ကြောင့် မြန်မာမိန်းကလေးများ အရက်သောက်ခြင်းကို မထူးဘူးဟု ယူဆပါမည်လော ။ နောက် သူများနိုင်ငံတွေ ချမ်းသာနေပါသည် ထို့ကြောင့် မြန်မာနိုင်ငံသည်လည်း ချမ်းသာပါသည်ဟု ပြောလို့ ရနိုင်မည်လော ..။ ဒါတွေးစရာပါ ။ စည်းလုံးမှု ရှိစေချင်ပါသည် ။ ငါတစ်ယောက်ကြောင့် ဘာမှ မဖြစ်ပါဘူး ဟု မတွေးစေလိုပါ …။ ငါပေါင်းမြောက်များစွာ ကြောင့် ဖြစ်နေတာ ဆုံးရှုံးနေတာ သတိမထားမိကြတာပါ ။ ဒီတော့ မည်သူမဆို မြန်မာနိုင်ငံသားများ မိမိကိုယ်ကိုယ် မိမိ ဘာဆိုတာ သိစေချင်ပါသည် ။ မိမိ လုပ်သင့်တာကိုလည်း သိစေချင်ပါသည် ။ မည်သူပြောမှ သိရမည်ဟု မဆိုလိုပါ ။ သူများပြောမှ သိခြင်းထက် မိမိဘာသာ သိခြင်းက ပိုမြတ်ပါသည်။ အများပြောနေကြ “မျိုးချစ်စိတ်” ဆိုတာကို ကိုယ့်နှလုံးသားထဲမှာ သေချာ ပုံဖော်ကြည့်စေချင်ပါသည် ။ အားလုံး အားလုံးပါပဲ လူငယ်တွေရော လူကြီးတွေရော ပါပဲ .. နိုင်ငံဂုဏ် အမျိုးဂုဏ်ဆိုတာကို အသိထဲမှာသာ ရှိပြီး ရင်ထဲမှာ တကယ်မြတ်မြတ်နိုးနိုး ရှိနေခြင်း နည်းနေပါသေးသည်။

ကျနော့ဘလော့ စာတွေမှာ နိုင်ငံ ကိုသုံးထားလို့ နိုင်ငံရေးဟု မဆိုပါနှင့် ။ ကိုယ့်အိမ်မှာနေပြီး ကိုယ့်အိမ်အကြောင်း မပြောကောင်းရာ ဟု မည်သူမျှ မယူဆပါ ။ ခု စာပေဟောပြောပွဲတွေမှာ လူငယ်တွေ တိုးတက်ဖို့ကို ဦးတည်ပြောနေတာတွေကို အရမ်းကျေးဇူးတင်ပါသည် .။ သူတို့ပြောချက်တွေမှာ ခွန်အားတွေ ပါပါသည် .. ။ လေးစားပါသည်။ အသိစိတ်ဓါတ် တိုးတက်လာတဲ့ လူငယ်တိုင်းကို လေးစားပါသည် ။လူငယ်တွေသည် မြန်မာနိုင်ငံအတွက် ခွန်အားများဖြစ်ပါသည်။ ခုလက်ရှိ ကိုယ့်အသိစိတ်ဓါတ်မှာ မကောင်းတာများရှိနေရင်လည်း ပြင်စေချင်ပါသည်။ လူတိုင်းမကင်းဟု ဆိုနိုင်သည် သို့သော် လူတိုင်း ကင်းလို့ရပါသည်။ ကိုယ့်ဂုဏ်သိက္ခါကို ကိုယ်ပဲ သိပါသည်။ ကိုယ့်လိပ်ပြာ ကိုယ်လုံစေဖို့လိုပါသည်။

ကျနော့်ဘလော့ကို ဖတ်မိတဲ့ သင့်ဆီမှာလည်း မြင့်မြတ်တဲ့ ဂုဏ်သိက္ခါ တွေ ကိန်းနေဖို့ ကျနော် တိုက်တွန်းလိုပါသည် ..။ ပျော်ရွှင်ချမ်းမြေ့သော အနာဂတ်ကို ဖန်တီးနိုင်ဖို့ သင့်လက်တွေ ပါဝင်ဖို့ လိုပါသည် ။ ထို့အတွက် ကျေးဇူးတင်ပါသည် .။

အတွေးကောင်းပေါင်းမြောက်များစွာဖြင့် မိမိဘဝကို ထုဆစ်ပြီး… သက်လုံကောင်းကြပါစေ …………………။

**ဘာနေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)