ဒီကနေ့ နိုင်ငံစီးပွားရေးကို ကိုင်လှုပ်နိုင်တဲ့ လက်မဲကြီး တစ်စုံရှိပါတယ်။
လက်မဲကြီး တစ်ဖက်က နောက်ကွယ်က စစ်အာဏာရှင်တွေ လိုင်စင်ကိုဗန်းပြပြီး
ထူထောင်ပေးခဲ့တဲ့ စီပွားရေးလုပ်ငန်းရှင်တွေရဲ့လက်ထဲက ပိုက်ဆံပုံကြီးပါ။
စားအုံးဆီသွင်းခွင့် ဒီဇယ်သွင်းခွင့် ကားသွင်းခွင့် တယ်လီဖုန်းပေးခွင့်
ဆန်အတ်စပို့ ပဲအိတ်စပို့ စတဲ့ အခြားနိုင်ငံတွေမှာ
လူတိုင်းအလွယ်တကူရနိုင်တဲ့ အခွင်းအရေးတွေကို လက်ဝါးကြီးအုပ်
မတန်တဆဈေးတွေ ဖြစ်အောင်လုပ်ပြီး ရထားတဲ့ ပိုက်ဆံပုံကြီးပါ။
ကျွန်းသစ် ရေနံ သဘာဝဓါတ်ငွေ့ ကျောက်မျက်ရတနာ ရွှေ နဲ့ ငါးဖမ်းခွင့်စတဲ့
ဘိုးဘွားအမွေအနှစ်တွေကို မောင်ပိုင်စီး တဖြဲနှစ်ဖြဲလုပ် နိုင်ငံခြားက
ပထွေးတွေဆီ အတင်းလက်သိပ်ထိုးရောင်းပြီး ရထားတဲ့ ပိုက်ဆံပုံကြီးပါ။
နောက်ထပ်လက်မဲကြီးတစ်ဖက်ကတော့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ လက်ထဲက
စာရင်းမရှိ အင်းမရှိ ဗဟိုဘဏ်ကနေ ရိုက်ထုတ်ထားတဲ့ ပိုက်ဆံပုံကြီးပါ။
(ဦးသန်းရွှေတစ်ဦးတည်းပိုင်တာကိုက မနဲပါဘူးတဲ့။ ငါးထောင်တန်တွေကို
ရထားအစီးလိုက်တင်ပြီး ရထားတွဲအရှည်ကြီးနဲ့ လှိုင်ခေါင်းထဲမှာ
သိမ်းထားတယ်လို့ သိရပါတယ်။)
အဲဒိပိုက်ဆံတွေ ဒီအတိုင်းထုတ်သုံးလိုက်ရင် ငွေကြေးဖောင်းပွမှုလည်းဖြစ်မယ်
ငွေတန်ဖိုးလည်းကျသွားမယ်လေ။
ဒီတော့ ငွေတန်ဖိုးလည်းငြိမ်ရမယ် ငွေကြေးဖောင်းပွမှုလည်းမဖြစ်ရအောင်
လှည့်ကွက်တွေထုတ်လာရတယ်။
အလွယ်ဆုံးနည်းကတော့ ပြည်သူတွေလက်ထဲက ငွေတွေကို တစ်ဖက်လှည့် သိမ်းတဲ့နည်းပါပဲ။
ခုပဲကြည့်လေ ကားပါမစ်ဖိုးကိုက ငွေကျပ် သိန်းတစ်ရာလောက်ရှိတယ်တဲ့။
နိုင်ငံတကာက ပညာရှင်တွေကို မေးကြည့်ကြပါ၊ လူတိုင်းလိုအပ်တဲ့
သာမန်အိမ်သုံးလူစီးကားတွေကို (ပြည်တွင်းမှာမထုတ်နိုင်လို့)
ပြည်ပကမှာတဲ့အခါ သွင်းခလိုင်စင်ကြေးချည်းပဲ ဒေါ်လာ တစ်သောင်းနှစ်ထောင်
(သိန်းတစ်ရာ)လောက်ပေးနေရမယ်ဆိုရင် အဲဒီတိုင်းပြည် တိုးတက်ပါ့မလား။ ကဲ
ကားအစီးတစ်သိန်းသွင်းမယ်ဆိုပါတော့၊ ကားတစ်စီး သွင်ခွင့်ပါမစ်က ကျပ်
တစ်ကုဋေဆိုတော့ ကားတစ်သိန်းဆို ကျပ်ကုဋေပေါင်းတစ်သိန်းပေါ့။

ဟန်းဖုန်းတွေလည်း ဒီလိုပဲလေ။ အရင်ဈေး ဆယ့်ငါးသိန်း၊ အခုငါးသိန်းတဲ့၊
နိုင်ငံတကာမှာ တစ်ဒေါ်လာကျော်ကျော်နဲ့ ရနေတဲ့ ဟန်းဖုန်းဆင်းကတ်ကို
ငါးသိန်း (ဒေါ်လာ၆၂၅) နဲ့ဖုန်းအလုံးရေ သန်း၃၀ ရောင်းမယ်တဲ့။ ဗမာကျပ်ငွေ
ကုဋေပေါင်း တစ်သန်းငါးသိန်းကို ပြည်သူတွေအိတ်ကပ်ထဲက ဆွဲထုတ်မယ်ပေါ့။
ဒါတွေပဲလား မဟုတ်ပါဘူး ဒီ့ပြင်လူမသိ သူမသိ ဗုန်းလိုက်တာတွေ၊
ဗုန်းဖို့လုပ်နေတဲ့အစီအစဉ်တွေ မနဲပါဘူး။
ဒီအစီအစဉ်တွေ ကိုကြည့်ရင် အဲဒီလက်မဲကြီးတစ်ဖက်ထဲမှာ ရှိနေတဲ့ ဗမာငွေတွေ
ဘယ်လောက်များသလဲဆိုတာ အာလုံးစဉ်းစားမိမှာပါ။
အဲဒီလက်မဲကြီးတွေထဲက ဗမာငွေတွေက ဟိုနေရာဈေးကောင်းမယ်ဆိုကြိုဝယ်လိုက်၊
ဒီပစ္စည်းရှားတော့မယ်ဆိုလှောင်ထားလိုက် နဲ့ ဗမာ့စီးပွားရေးလောကထဲ
ဝင်ဝင်ပြီးချယ်လှယ်နေတာ ဘယ်တော့များမှ ဒီဗမာနိုင်ငံ
စီပွားတိုးတက်တော့မှာလဲ၊ ဘယ်တော့များမှ ဒီဗမာပြည်ရဲ့ လူငယ်လေးတွေ အနာဂတ်
အလင်းရောင် ဖြစ်လာမှာလဲ။
လက်ရှိသမ္မတလုပ်နေတဲ့ ဦးသိန်းစိန်ကလည်း လူပါးတစ်ယောက်ပါ။ သူ့အဓိက တာဝန်က
အာဏာရှင် ဦးသန်းရွှေ မိသားစု ဘေးမသီရန်မခ ဖို့ပါ။
နိုင်ငံ့ကောင်းစားရေးလုပ်ချင်ယောင်ဆောင်ပြီး အာဏာရှင်ကို
နောက်ဆုံးထွက်သက်အထိ ကာကွယ်သွားမယ့် အာဏာရှင်ရဲ့ သစ္စာခံ (တိုင်းပြည်ရဲ့
သစ္စာဖောက်လောက်ကောင်) အုပ်စုပါ။
သူတို့က စစ်တပ်ထဲကယူနီဖောင်းလဲလာတဲ့ စစ်ဗိုလ်တွေ နိုင်ငံတော်နဲ့
နိုင်ငံသားတို့အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အသင့်ရှိပါသည် ဆိုတဲ့
စစ်သားတိုင်း ဆိုရတဲ့ အဓိဌာန်ကို ဆိုခဲ့ဘူးတာ ဟုတ်မဟုတ်မသိပါဘူး။
အခုလက်ရှိမှာ သမ္မတ တစ်ယောက်အနေနဲ့ တိုင်းပြည်ကောင်းဖို့ဆိုရင် ဘယ်နေရာက
ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အရိုးကြေကြေ အရည်ခန်းခန်း အနစ်နာခံလုပ်မယ်ဆိုပြီး
အစိုးရတစ်ဖွဲ့လုံးရဲ့ ရှေ့မှာ စံပြဖြစ်အောင် လုပ်နေတာလား၊
ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် ကြိုးစားပါ့မယ်ပြောပြီး
ဝတ်ကျေတန်းကျေ ဟန်ပြသတ်သတ် လုပ်ပြနေတာလား၊ မေးခွန်းထုတ်ဖို့
အချိန်တန်ပြီလို့ ထင်ပါတယ်။

(အဲဒီတုန်းကလည်း ပြည်တွင်းမှာရှိတဲ့ လော်ဘီမီဒီယာတွေက ဒီလို
ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရ ဆိုတဲ့စကားလုံးကိုပဲ
အာဇာနည်တစ်ယောက်ရဲ့ နှုတ်ထွက်စားတစ်ခွန်းလို ချီးမွမ်းခန်းတွေ ဖွင်ခဲ့တာ
ပြန်ကြည့်ရင် သိနိုင်ပါတယ်။)
ကဲ ပြောတာလည်းများသွားပြီ၊ ပညာရှင်အပေါင်းတို့၊ ခင်ဗျားတို့ရဲ့
နောက်ကျောက လက်မဲကြီးတစ်စုံကို ဘာဆက်လုပ်ကြမှာလဲ၊ စဉ်းစားပေးကြပါအုံး၊
သိပ်နောက်မကျခင်ပေါ့။
**Ngar Nya**

No comments:
Post a Comment