(Conn. mayor: Fire that killed 5 not foul play)
**ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ ခရစ္စမတ်ပွဲပြုလုပ်စဉ်မီးလောင်မှုဖြစ်ပွား**
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် ခရစ္စမတ်နေ့၌ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး လူငါးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။ ဖြစ်ပွားမှုမှာ ယင်းနေ့
ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က အစ္စကီပြည်နယ်အလီကီယားမြို့ကာလာအိုကန်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင်
ဒေသတွင်း မိသားစုအချို့ခရစ္စမတ်နေအထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် ယင်းသို့မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုနှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ အဆိုပါမီးလောင်မှုသည် လျှပ်စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ခေါင်းဆောင် အာဂရီမီရိုခရုက ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံသို့ အရေးပေါ်ဆေးကုသရန်အတွက် ပို့ဆောင်ခဲ့သည်ဟုဆိုသည်။ (အင်တာနက်)

**ရုရှားဆယ်သွက်ရေးဂြိုဟ်တုတစ်လုံး ပျက်ကျ**
ရုရှားနိုင်ငံမြောက်ပိုင်းရှိ ပလီဆက်စ်ကော့စ်မိုဒရိုမီအာကာသလွှတ်တင်ရေးစခန်းမှ မကြာမီက လွှတ်တင်လိုက်သည့်ဆိုယုဇ်-၂ အာကာသဒုံးပျံယာဉ်ဖြင့် သယ်ဆောင်သွားသော ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးသည် ဂြိုဟ်ပတ်လမ်းအတွင်းသို့မရောက်မီကမ္ဘာမြေသို့ ထိုးစိုက်ပျက်ကျသွားခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ (အင်တာနက်)
**ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ရေလွှမ်းမှုဖြစ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်**
(မနီလာ၊ ၂၇ ဒီဇင်ဘာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးသည်းထန်းစွာ ရွာသွန်းလျက်ရှိရာ ရေလွှမ်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ဖိလစ်ပိုင်အရာရှိများက ဒီဇင်ဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်ရက်များက မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသခံ ၂၀၀၀ ခန့် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ရေလွှမ်းနိုင်မှု သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာရိုကျွန်းတောင်ပိုင်းတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းလျက်ရှိသည်။ ယင်းဒေသတွင် မိုးရေချိန်လက်မ ၂၀၀ ကျော်ရွာသွန်းလျက်ရှိရာ ရေလွှမ်းမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံများအား ဘေးကင်းရာသို့
အမြန်ရွှေ့ပြောင်းပေးလျက်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံတွင် မကြာမီက တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် ဒေသခံ
၆၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၀၀၀ ကျော်ပျောက်ဆုံးလျက်ဖြစ်သည်။ (အင်တာနက်)
**အင်ဒိုနီးရှားရှိ လိုကန်မီးတောင် ပေါက်ကွဲ**
(ဂျကာတာ၊ ဒီဇင်ဘာ ၂၇)
ယင်းမီးတောင်သည် တိုမိုဟွန်မြို့အနီးတွင်တည်ရှိပြီး မီးတောင်ပေါက်ကွဲမှုအရှိန်ကြောင့် မီးတောင်အနီး ငါးကီလိုမီတာဝန်းကျင်တွင် မြေပြင်လှုပ်ခါမှု ဖြစ်ပေါ်လျက်ရှိသည်။ မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးခိုးနှင့်ပြာမှုများမှာ ဝေဟင်သို့ လွင့်ပျံ့လျက်ရှိသည်။ မီးတောင်ပေါက်ကွဲနေမှုကြောင့် အနီးဝန်းကျင်တွင် နေထိုင်ကြသော ဒေသခံများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားပြီး
သတိပေးချက်များ ထုတ်ပြန်ထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင်အရေအတွက် ၁၀၀ ကျော်ရှိရာ မီးတောင်ပေါက်ကွဲမှုများမကြာခဏဖြစ်ပေါ်လေ့ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment