**တွမ်ခရစ်၏ Mission Impossible လက်မှတ်ရောင်းချမှုမြင့်တက်**
(လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၇)
**ဟောလိဝုဒ်ရုပ်ရှင်မင်းသား တွမ်ခရုစ်၏ နောက်ဆုံးရိုက်ကူးထားသော Mission Impossible ရုပ်ရှင်ကားသည် အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်သုံးရက်တွင်း လက်မှတ်ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ ၂၆.၅ သန်းရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။

လက်ရှိအခြေအနေအတိုင်းလက်မှတ်ရောင်းချပါက ၁၀ ရက်အတွင်း လက်မှတ်ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ ၅၈.၉၇ သန်းအထိရရှိနိုင်မည်ဟု လက်မှတ်ရောင်းချရမှု အမြင့်ဆုံးဖြစ်လာဖွယ်ရှိသည်။ (အင်တာနက်)
**ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဆေးဖရစ်ပုံရိပ်လွှာ**
(လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၇)
ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ၂၀၁၁ ခုနှစ်အတွင်း အောင်မြင်မှုအရှိဆုံးလူငယ်အမျိုးသမီးသရုပ်ဆောင်ကတော့ အမင်ဒါဆေးဖရစ်ပဲဖြစ်ပါတယ်။ ဟောလိဝုဒ်မှာတော့ ၂၀၁၁ ခုနှစ်ရဲ့ ပရိသတ်အားပေးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးဖြစ်ပါတယ်။ အသက် ၂၆ နှစ်သာရှိသေးတဲ့ ဆေးဖရစ်ဟာ ၂၀၁၁ ခုနှစ်အတွင်းမှာ Red Riding Hood ဇာတ်ကားနဲ့ In Time အမည်ရှိ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားမှုကို ပရိသတ်တွေ နှစ်သက်သဘောကျခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၁၁ နှစ်အရွယ်က စတင်ပြီး မော်ဒယ်လ်တစ်ဦး၏ဘ၀ကို ငယ်ငယ်ရွယ်ရွယ်နဲ့စတင်ခဲ့တဲ့ ဆေးဖရစ်ဟာ အသက် ၁၅ နှစ်မှာတော့ ရုပ်ရှင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကတော့ As the world turns All My Children ဇာတ်ကားပဲဖြစ်ပါတယ်။ ဆေးဖရစ်ဟာ အနုပညာပါရမီရှင်တစ်ဦးဖြစ်တာမို့ ကိုယ်တိုင်သီချင်းရေးသူနဲ့ ကိုယ်တိုင်သီဆိုသူလည်းဖြစ်တဲ့အပြင်တခြား အဆိုတော်တွေ အတွက်လည်း သီချင်းတွေရေးပေးနေသူဖြစ်ပါတယ်။ Plasti အမည်ရှိတဲ့ ရုပ်ရှင်ကားကို ဆေးဖရစ်ပါဝင်သရုပ်ဆောင်ခဲ့ရာက ၀င်ငွေအမေရိကန်ဒေါ်လာ ၁၂၉ သန်း အထိ ရရှိခဲ့ပါတယ်။

အဲဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးသရုပ်ဆောင်ဆုဆွတ်ခူးရရှိခဲ့ပြီး Best On-Screen Team နဲ့ MTV Movie Award ရှိခဲ့ပါတယ်။ ဆေးဖရစ်ဟာ ဖခင်ဖြစ်သူ ဂျက်နဲ့ မိခင်ဖြစ်သူ အင်န်းတို့က မွေးဖွားလာသူဖြစ်ပြီး တစ်ဦးတည်းသော အစ်မဖြစ်တဲ့ ဂျန်နီဇာဆေးဖရစ်နဲ့အတူ နေထိုင်သူဖြစ်ပါတယ်။အစ်မဖြစ်သူဂျန်နီဖာဆေးဖရစ်ကလည်း တေးဂီတပညာရှင်
တစ်ဦးဖြစ်ပြီးအော်ဂင်တီးခတ်သူဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ်သာရှိ သေးတဲ့ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးဖရစ်က အမျိုးသားမိတ်ဆွေ ပေါများသူဖြစ်ပေမယ့် အခုထိအိမ်ထောင်မပြုသေးတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါကြောင်း။ ။ (အင်တာနက်)
**တောင်ကိုရီးယားရုပ်ရှင်မင်းသား လီမင်ဟို၏ဇာတ်ကားသစ် ၂၀၁၂ ခုနှစ်ဆန်း၌ပြသမည်**
(ဆိုးလ်၊ ၂၇ ဒီဇင်ဘာ)
တောင်ကိုရီးယား ထိပ်တန်းရုပ်ရှင်မင်းသား လီမင်ဟိုသည် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း၌ ထုတ်လွှင့်ပြသတော့မည့် The One and Only အမည်ရှိ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ထားရာ မပြသမီကပင် ပရိသတ်များစိတ်ဝင်စားမှုရရှိနေကြောင်း အက်စ်ဘီအက်စ်ရုပ်မြင်သံကြားလိုင်းက သတင်းထုတ်ပြန်သည်။ တောင်ကိုရီးယားနိုင်ငံတစ်ဝန်းတွင် ယင်းဇာတ်ကားနှင့်ပတ်သတ်ပြီး အားပေးလိုသည့်ပရိသတ်များ၏ ဆန္ဒရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ (အင်တာနက်)
**ဘောလိဝုဒ် ရုပ်ရှင်ကားများ ၀င်ငွေစံချိန်တင်ရရှိ**
(မွမ်းဘိုင်း၊ ဒီဇင်ဘာ ၂၇)
အိန္ဒိယ ဘောလိဝုဒ်ရုပ်ရှင်ကားများသည် ၂၀၁၁ ခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံးစံချိန်တင်နိုင်ခဲ့သည်။ ယခုနှစ်အတွင်း ဘောလိဝုဒ်ရုပ်ရှင်ကားများပြသမှုမှာ ၀င်ငွေ ၁၉.၂၅ ဘီလီယံ ရရှိခဲ့မှုထက် ပိုတိုးလာသည်။ အထူးသဖြင့် မင်းသားဆယ်လ်မန်ခန်းပါဝင်သရုပ်ဆောင်ထားသည့် Body guard နှင့် Singharn တို့ကို ပရိသတ်အားပေးမှုအများဆုံးဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment