ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 22, 2011

အိမ်မက်ဆိုးတို့သက်ဝင်ချိန်

>
စပါးအဝယ်ဒိုင်ထံမှ ပြန်လာကတည်းက ကိုရွှေအေး မျက်နှာမကောင်းသည်ကို ဇနီးဖြစ်သူ မခင်မြင့် သတိထားမိသည်။ ဧကန္တစပါးဈေးကျနေ၍ဟုသာ ထင်မိသော်လည်း ကောင်းသည်ဆိုးသည် ဝင်ပြောလေ့မရှိသူမို့ ကိုရွှေအေးဖွင့်ပြောလာချိန်ကိုသာ စောင့်နေတာ အကောင်းဆုံးဟု တွေးလိုက်သည်။

ကိုရွှေအေးနှင့် မခင်မြင့် တို့၏ အိမ်ထောင်သက်မှာ ကြာမြင့်လှပြီ။ အရာရာ ကိုရွှေအေး သဘောအတိုင်းသာ ဖြစ်စေသဖြင့် ခွန်းကြီးခွန်းငယ် ကတောက်ကစ စကားများဖူးသည် မရှိခဲ့ကြ။

“ဦးလေးမောင် ရေ.. ပြန်တက်ကြစို့”

တက်မကိုင်သူ ဦးလေးမောင်ကို လှမ်းပြောသည့် ကိုရွှေအေးစကားကြောင့် မခင်မြင့်ကိုယ်တိုင် အံ့သြသွားရသည်။ ဦးလေးမောင်ကိုယ်တိုင်လည်း အံ့အားသင့်သွားဟန်တူသည်။ မခင်မြင့် မနေသာ၍ ဝင်မေးလိုက်သည်။

“ မနားတော့ဘူးလား အကို.. ပြန်တက်တော့မလို့လား”

“မနားတော့ဘူး မြင့်ရယ်။ အကိုတို့ အခုပဲ ပြန်ကြပါစို့။ ဦးလေးမောင် စက်နှိုးဗျာ”

မခင်မြင့် နားမလည်နိင်သော်လည်း ကိုရွှေအေး စကားအတိုင်း ပြန်ကြဖို့ ဆုံးဖြတ်လိုက်တော့သည်။ ကိုရွှေအေးနှင့် မခင်မြင့်တို့က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေတစ်စီးဖြင့် အစုန်အဆန် သွားလာကာ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ နယ်များရှိ တန်တစ်ရာဆန်စက်များမှ ဆန်များကို ရန်ကုန်သို့ ပို့ပေးသည့် အလုပ်လုပ်ကြသူများဖြစ်သည်။ ယခင်အခေါက်များက ဆန်အိတ်များချပြီးတိုင်း တစ်ရက်တန်သည် နှစ်ရက်တန်သည် မော်တော်ဆိပ်တွင်ကပ်၍ မြို့ပေါ်တက်ကာ လိုအပ်သည့်ပစ္စည်းများကို ဝယ်ခြမ်းခြင်း ၊ ဘုရားဖူးခြင်းများ ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ယခုအခေါက်တွင် ချက်ချင်း အထက်ဘက် ပြန်တက်မည်ဆိုတာကြောင့် အံ့သြမိလေသည်။

ခင်ပွန်းဖြစ်သူ မျက်နှာမကောင်းသည့်အပြင် ယခုလိုအခြေအနေကြောင့် ထူးခြားမှု တစ်ခုခုတော့ ရှိနေမှန်း မခင်မြင့် နားလည်လိုက်၏။ အထက်ဘက်သို့ ပြန်တက်လာသည့် လမ်းတစ်လျှောက် ကိုရွှေအေး၏ အပြုအမူက ဆန်းကြယ်နေသည်။ မော်တော်ဦးတွင် ထိုင်ပြီး မြစ်ကမ်းဘေးဝဲယာကို ကြည့်လိုက် မြစ်ပြင်ကျယ်ကို ငေးလိုက် ဖြစ်နေပုံကို မခင်မြင့် ထမင်း ဟင်းချက်ရင်း ၊ မော်တော်ဝမ်းထဲမှ ရေကဲ့ထုတ်ရင်း တွေ့နေရသည်။ ကိုရွှေအေးက မခင်မြင့်နှင့်မရခင်ကတည်းက ဧရာဝတီမြစ်ကို အမှီပြုပြီး လှေထိုးသားဘဝ ၊ အိုးသည်ဘဝ များဖြင့် ရုန်းကန်လှုပ်ရှားခဲ့သူဖြစ်သည်။ မခင်မြင့်က ဧရာဝတီမြစ်ကမ်းနံဘေးရွာသူဖြစ်သည်။ ကိုရွှေအေး၏ အိုးများကို ဝယ်ယူရင်းမှ ဖူးစာဆုံ၍ ညားခဲ့ကြခြင်းဖြစ်သည်။ အိမ်ထောင်သည်ဘဝ အစပိုင်းက ခက်ခဲကြမ်းတမ်းခဲ့သည်။ ဧရာဝတီမြစ်သည်သာ သူတို့၏အိမ်ယာဖြစ်သလို ၊ သူတို့အတွက် လုပ်ကိုင်စားသောက်စရာ ထမင်းရှင်လည်းဖြစ်သည်။ အိုးလှေလေးထဲတွင် လင်ကိုယ်မယားနှစ်ယောက် နေထိုင်ကာ ကမ်းနံဘေး ရွာစဉ်တစ်လျှောက် အစုန်အဆန်သွားလာ လုပ်ကိုင်ခဲ့ရင်းမှ တဖြေးဖြေးနှင့် စီးပွားရေးတိုးတက်လာပြီး ယခုလို စက်လှေဖြင့် လုပ်ကိုင်နိင်သည့် အဆင့်ထိ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ငွေကြေးအတန်ငယ် စုဆောင်းမိသော်လည်း ကိုရွှေအေးက အခြေတကျ အိမ်ယာဝယ်ကာ နေထိုင်လိုစိတ်မရှိဘဲ စက်လှေပေါ်တွင်သာ နေထိုင်သူဖြစ်သည်။

“ မင်းအိမ်နဲ့ မနေတတ်ပါဘူးကွာ။ ဒီမြစ်ကြီးပေါ်မှာ နေရတာပဲ ငါစိတ်ချမ်းသာတယ်။ ကလေးဘဝထဲက ဒီမြစ်ပေါ်မှာပဲ နေလာတာ ။ သေတဲ့အထိ ဒီမြစ်ကြီးထဲမှာပဲ နေမယ်ကွာ။ သေရင်လည်း ဒီမြစ်နံဘေးမှာပဲမြုပ်။”

ဟုဆိုလေ့ရှိသည်။ ကြာလာတော့ မခင်မြင့်ကိုယ်တိုင် အိမ်ယာနှင့်နေဖို့ပင် မတွေးမိတော့။ သျှောင်နောက်ဆံထုံးပါ ဆိုသလို လင့်အလိုအတိုင်း မခင်မြင့်လည်းနေထိုင်ရင်း ယခုတော့ သူကိုယ်တိုင်လည်း မြစ်သူတပိုင်းဖြစ်နေခဲ့ပြီ။ ကိုရွှေအေးပြောဖူးသလို သေလျှင်လည်း ဒီမြစ်ပေါ်မှာသာ သေမည်ထင်သည်။

တစ်နေ့လုံး ကိုရွှေအေးက စကားမပြော။ ငေးငေးငိုင်ငိုင် သက်ပြင်းတချချဖြင့် စိတ်ညစ်နေဟန်ပေါ်သည်။ ကိုရွှေအေးကို ကြည့်ရင်း မခင်မြင့်လည်း စိတ်မကောင်းဖြစ်မိသည်။ သူ့ယောကျာ်းတွင် စိတ်ဆင်းရဲစရာ ကိစ္စရှိနေမှာ သေချာသည်။ သူ့ကို ဖွင့်မပြောဘဲ ကြိတ်ပြီးခံစားနေသည်ကို မကြည့်ရက်တော့ပါ။ ညစာ စားပြီးချိန်တွင် ကိုရွှေအေး ထိုင်နေသည့် မော်တော်ဦးကိုသွားပြီး ကိုရွှေအေးနံဘေးတွင် ငြိမ်ငြိမ်သက်သက် ဝင်ထိုင်သည်။ ကိုရွှေအေးက တစ်ချက်လှည့်ကြည့်ပြီးနောက် ဘာမျှ မပြောဘဲ ပြန်လှည့်သွားသည်။ မခင်မြင့် ကိုရွှေအေးလက်မောင်းကို ဖွဖွဆုပ်ကိုင်ပြီး မေးမိသည်။

“အကို ဘာဖြစ်နေတာလဲဟင်။ မျက်နာလည်းမကောင်းဘူး။ စပါးဈေးတွေကျနေလို့လားဟင်”

လောကဓံ၏အထုအထောင်းကို ခံခဲ့ရသည့် ကိုရွှေအေးအတွက် စပါးဈေးကျရုံနှင့် ယခုလောက် ဝမ်းနည်းမည် မဟုတ်မှန်းသိသော်လည်း ဘာဖြစ်မှန်း သေချာမသိရ၍ အခုလိုမေးလိုက်ခြင်းဖြစ်သည်။ ကိုရွှေအေးက ခေတ္တတိတ်ဆိတ်နေပြီးမှ မခင်မြင့်၏ လက်ဖဝါးကိုဆုပ်ကိုင်ပြီး တချက်ဖျစ်ညစ်လိုက်သည်။ စိတ်ညစ်စရာ တစ်ခုခု ရှိနေ၍ အားပေးဟန်တူသည်။

“ မပြောချင်ပေမယ့် ပြောပြရမှာပဲမြင့်ရယ်။ မြင့်ကိုယ်တိုင်နဲ့လည်းသက်ဆိုင်နေတာပဲလေ”

ကိုရွှေအေးစကားကြောင့် မခင်မြင့် ရင်တုန်သွားမိသည်။

“ ဘာများဖြစ်လို့လည်း အကိုရယ် မထိတ်သာ မလန့်သာရှိလိုက်တာ”

“ဟုတ်တယ်မြင့်ရယ်။ မထိတ်သာ မလန့်သာထက်တောင် ပိုဆိုးနေပါပြီ။ အကို မနက်က ဆန်တက်ပို့ရင်းနဲ့ သတင်းကြားခဲ့ရတယ်။ အကိုတို့ ဒီဧရာဝတီမြစ်ကြီးကို ပိတ်ဆို့ပြီး ဆည်ဆောက်နေပြီတဲ့ကွယ်။”

“ဘုရား...ဘုရား အဲ..အဲဒီတော့ ဒီမြစ်ကြီးက ဘာတွေဖြစ်သွားမှာလဲဟင်”

“ သူတို့ပြောသလောက် အကိုကြားခဲ့ရတာတော့ အဲဒီလို ဆည်ဆောက်လိုက်ရင် ရေတွေက အရင်လို လွတ်လွတ်လပ်လပ် မစီးဆင်းရတော့ဘူးတဲ့လေ။ ဆည်ကနေ လွှတ်ပေးသလောက်ပဲ စီးရမှာ။ ဆည်ထဲမှာ ရေနဲရင်နဲသလို များရင်များသလို စီးရမှာလေ။ နောက်ပြီး အကိုတို့ရဲ့ ဒီမြစ်ကြောင်းတစ်လျှောက် ပါတ်ဝန်းကျင်တွေလည်း ထိခိုက်မယ်တဲ့။ ဒီမြစ်ကြီးကို အမှီပြုနေထိုင်ကြတဲ့ ရေနေသတ္တဝါတွေ ငှက်မျိုးစိတ်တွေအထိဆိုးကျိုး ဖြစ်စေမယ်တဲ့။ နောက်ပြီး ဒီမြစ်ရဲ့ ရေကို အသုံးပြုကြရတဲ့ တောင်သူတွေ စိုက်ပျိုးရေးသမားတွေ မြစ်ကမ်းနံဘေးရွာတွေအတွက်လည်း ဆိုးကျိုးပဲ ဖြစ်စေမယ်လို့ ပြောတာ ကြားခဲ့ရတယ် မြင့်ရယ်။”

“ အို.. အဲဒီလောက် ဆိုးကျိုးတွေ အများခံပြီး ဘာလုပ်ဖို့များ ဒီဆည်ကို ဆောက်ရတာလဲ”

“လျှပ်စစ်ထုတ်ဖို့တဲ့လေ။ ရင်နာဖို့အကောင်းဆုံးက အဲဒီလျှပ်စစ်ကို အကိုတို့နိင်ငံသုံးဖို့အတွက်မဟုတ်ဘူးတဲ့။ တခြားနိင်ငံကိုရောင်းဖို့တဲ့လေ။ တောက် !!! ”

ကိုရွှေအေးတစ်ယောက် ပြောရင်းနှင့် ဒေါသထွက်လာကာ မော်တော်ဦးကို လက်သီးဖြင့်ထုချလိုက်၏။ မခင်မြင့်ကိုယ်တိုင်လည်း ဘဝတွင်တစ်ခါမျှ မဖြစ်ပေါ်ဖူးသည့် ဒေါသများဖြင့် အံတင်းတင်း ကြိတ်ထားမိသည်။

“ ဒါ ငါတို့ရဲ့ မြစ်။ ငါတို့တမျိုးသားလုံးရဲ့ မြစ်ကွ။ ငါတို့ ဘိုး ဘေး ဘီ ဘင်တွေ လက်ထက်ကတည်းက ပိုင်ဆိုင်ခဲ့ကြတဲ့ မြစ်။ ခုလို လုပ်ချင်တိုင်း လုပ်စရာမှ မဟုတ်တာ။ အသဲနာလိုက်တာကွာ။ တောက် ”

တောက်တခေါက်ခေါက်ဖြင့် ဒေါသများဆူဝေနေသော ကိုရွှေအေးကို မခင်မြင့် ဖျောင်းဖျပေးချင်စိတ် မရှိတော့။ ဒီသတင်းက ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးသည့် လူတိုင်း ဒီ့ထက်မလျှော့သည့် ဒေါသများ ခံပြင်းနာကျည်းမှုများ ဖြစ်ကြမည်မှန်း သဘောပေါက်မိသည်။ နှစ်ဦးသား စကားဆက်မပြောဖြစ်ဘဲ မြစ်ပြင်ကျယ်ကိုသာ ငေးနေမိကြတော့သည်။ ဘာမျှမသိသည့် မြစ်ရေပြင်ကြီးကတော့ လရောင်အောက်တွင် လှိုင်းကြက်ခွပ်လေးများ တလက်လက်ထကာ လှပနေသည်။ မြစ်ပြင်မှ တိုက်ခတ်လာသည် လေများကလည်း အေးမြလတ်ဆတ်ကာ ဒေါသနှင့် နာကျည်းမှုများကို တတ်နိင်သမျှဖြေဖျောက်ပေးနေပုံရ၏။

ထိုညက မခင်မြင့် တော်တော်နှင့် အိပ်မပျော်ခဲ့ပါ။ တလူးလူးတလိမ့်လိမ့်ဖြင့် စိတ်ညစ်ညူးဖွယ် အတွေးများသာ ဝင်နေမိသည်။ ဒီမြစ်ကြီးပေါ်တွင် လုပ်ကိုင်စားသောက်နေသည့် သူတို့အတွက် ရှေ့လျှောက်ထို့ထက်ပို၍ စိတ်ညစ်ရတော့မည်။ ဝမ်းနည်းနာကျင်ဖွယ် အိပ်ပျက်ညများသည် ဧရာဝတီချစ်သူတိုင်းကို စောင့်ကြိုနေတော့မည်။ မိုးလင်းခါနီးမှ မခင်မြင့် မှေးခနဲ အိပ်ပျော်သွား၏။ အိပ်ပျော်ချိန်မှာတောင် လွတ်မြောက်နိင်ခြင်းမရှိခဲ့။ အိမ်မက်ဆိုးတို့က စောင့်ကြိုနေပြန်သည်။

...............................

ကွင်းပြင်တစ်ခုလုံး လူတွေ ပြည့်နှက်နေ၏။ နေရောင်ခြည်က မလင်း မချင်း ။ မှိုင်းမှိုင်းညို့ညို့။ အားလုံး၏ အကြည့်က တနေရာထဲသို့ စု နေသည်။ မြင်ကွင်းက လှိုက်မောဖွယ်ရာပင်တည်း။ ကြိုးအထပ်ထပ် အတုပ်ခံထားရသော အမယ်အို တစ်ယောက်ကို လမ်းတလျှောက် အတင်းဆွဲခေါ်ကာ တောင်ကုန်းထက်သို့ ခေါ်ငင်နေသည်။ ထိုတောင်ကုန်းအမည်က မရဏတောင်ကုန်းဖြစ်သည်။ ကွပ်မျက်ခံရသူများအတွက် ဘဝအဆုံးသတ်ရာ တောင်ကုန်းဖြစ်သည်။ မရဏတောင်ကုန်းသို့ သွားရာလမ်းတစ်လျှောက် ဘေးနှစ်ဘက်တွင် လူအုပ်ကြီးက ပြည့်ကျပ်နေ၏။ ကြိုးတုပ်ပြီး ဆွဲခေါ်ခံနေရသော အမယ်အိုကို ကြည့်နေကြသည့် လူအားလုံးရင်ထဲတွင် ဝမ်းနည်းခြင်းနှင့် ယူကျုံးမရဖြစ်ခြင်းများ တူညီစွာဖြစ်ပေါ်နေသည်။
ခံပြင်း ဒေါသဖြင့် အော်ဟစ်နေသံများကလည်း ဘဝဂ်ညံနေ၏။

“မတရား မလုပ်ကြနဲ့”
“အခု ပြန်လွှတ်ပေး”
“ အမေ့ကို မသတ်ပါနဲ့။ မသတ်ပါနဲ့ တောင်းပန်ပါတယ်”
“အမေ.... အမေ...”
“ကယ်ပေးကြပါ”
“ကြည့်မနေကြနဲ့ အမေ့ကို ဝိုင်းလုကြလေ.. ဘာလုပ်နေကြတာလဲ”

လူအုပ်ကြီး၏ တစ်ယောက်တစ်ပေါက်အော်သံထဲတွင် ကျွန်မ၏ အော်သံလည်း ပါဝင်နေခဲ့သည်။ အမယ်အိုကို ဆွဲခေါ်လာသည့် သူများ မရဏတောင်ကုန်းသို့ ရောက်ရန် တဖြေးဖြေးနီးလာသည်နှင့်အမျှ အော်သံများလည်း ပို၍ဆူညံလာသည်။ အမေအိုက ကျွန်မရှိရာဘက်ကို လှည့်ကြည့်သည်။ ညှိးနွမ်းနေသော်လည်း ရင့်ကျက်တည်ငြိမ်မှုအပြည့်နှင့် မဟာဆန်လှသော အမေအို၏မျက်နာကို မြင်လိုက်ရချိန် ကျွန်မရင်ထဲတွင် ဝမ်းနည်းခြင်းများ လှိုက်ဆူလာသည်။ ကျွန်မစိတ်မထိန်းနိင်တော့ပါ။ အာခေါင်ခြစ်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်မိတော့သည်။

.........................................

“ မသတ်ပါနဲ့ မသတ်ပါနဲ့”

“ မြင့်... မြင့် ဘာဖြစ်တာလဲ”

ကိုရွှေအေး လှုပ်နှိုးတာကြောင့် မခင်မြင့်လန့်နိုးလာ၏။ အိမ်မက်ဆိုး မက်နေကြောင်း သတိပြုမိသွားသည်။ ရေတခွက်သောက်ပြီးချိန်အထိ ဝမ်းနည်းခြင်းက မပျောက်နိင်သေး။ ရင်ထဲတွင် တုန်ရင်နေမိ၏။ အိပ်ရေးမဝသဖြင့် မျက်လုံးများက ကျိန်းစပ်နေသည်။ အာရုဏ်ပင် လင်းကျင်းလုပြီ။ ကျွန်မစိတ်ထဲတွင် တိုးတိုးလေး ဆုတောင်းလိုက်၏။

“ ဒါဟာအိမ်မက်ဆိုးသာ ဖြစ်ပါရစေဘုရား။ ဒီအိမ်မက်ဆိုးတွေ ဘယ်တော့မှ အသက်မဝင်လာပါစေနဲ့တော့”

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)