ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 22, 2011

ပျင်းသောနေ့

>
ပျင်းစရာ အလွန်ကောင်းသောနေ့တနေ့၏ အစ ဖြစ်ပါသည်…။
အိပ်ရာမှ မထချင်အောင် ပျင်းနေမိသည်။ ခွင့်ယူပြီး ဆက် အိပ်နေရရင် ကောင်းလေမလားဟု တွေးမိသော်လည်း တနေ့တာ လုပ်ရမည့် အလုပ်များက ခေါင်းထဲကို စီကာ စဉ်ကာ ရောက်လာကြသည်…။ မတတ်သာသည့်အဆုံး ပျင်းပျင်းနှင့် အိပ်ရာမှ ထလိုက်ရသည်…။

ရာသီဥတုကလဲ ကိုယ့်ကို နဲနဲလေးမှ မျက်နှာသာမပေးပါ…။
မိုးမလင်းခင်ထဲက ရွာနေသော မိုးကလဲ ရုံးချိန်နီးလေ ပိုသည်းလေ…။
အို… ပျင်းစရာ ကောင်းပေစွ။

မိုးမှောင်မှောင်နှင့် အမြန်မောင်း လမ်းမကြီးပေါ်မှာ ကားတွေအားလုံး ဘရိတ်မီးလေးတွေ တလက်လက်နှင့် အနှေးမောင်း ပြိုင်နေကြသည်။ ကားတွေလဲ မိုးအေးသောကြောင့် ပျင်းနေကြပုံပေါက်သည်။ တလိမ့်လိမ့်နှင့် လိမ့်နေကြပုံမှာ လိပ်များအလား...။ သည်အတိုင်းဆို ရုံးကိုတော့ ရောက်တော့မှာပါပဲ…။

အချိန်လွန်မှ ရုံးကိုရောက်တော့လဲ အချင်းချင်း မိုးအေးသောကြောင့် အလုပ်လာရသည်မှာ အင်မတန်မှ ပျင်းစရာကောင်းကြောင်းတွေသာ သူ့ထက်ငါ အပြိုင်အဆိုင် ပြောဆိုနေကြသည်။ ပျင်းပျင်းနှင့် ကော်ဖီတခွက် သွားဖျော်မိသည်။ ပြီးတော့ ပျင်းပျင်းနှင့် ဂျီတော့ခ် ဝင်ကြည့်မိသည်။ တဆက်တည်းမှာ ဖေ့စ်ဘွတ် လဲ ဝင်မိပါသေးသည်။

အို… အားတက်စရာ… ကိုယ့်လို လူတွေချည်းပါပဲလား…။
သူတို့တွေ အားလုံးနီးနီး စိုစွတ်စွတ် ရာသီဥတုကြောင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းကြောင်းတွေ အသီးသီး ရေးထားကြသည်။ အိပ်ရာထဲမှာ စာအုပ်ကလေးတအုပ်နှင့် ကွေးနေရသော် ကောင်းလေစွ ဟု ရေးသားထားသူ တယောက်ကို အားပေး ထောက်ခံထားကြသူ အတော်ပင် များပြားသည်ကို တွေ့ရလေသည်။။

ဂျီတော့ခ် မှ သူငယ်ချင်း မိတ်ဆွေများနှင့် အပျင်းပြေ စကားစမြည်များ ပြောဆိုကြသည်။ တနေ့တနေ့ စက်ရုပ်တရုပ်ပမာ အလုပ်လုပ်ရသည့် ဘဝကြီးကို ပျင်းရိကြောင်းတွေသာ အပ်ကြောင်းထပ်သည်။ တချို့ကတော့ စားရမှာ ပျင်းလို့ ချက်တောင် ချက်မစားတော့ဘူး ဆိုပဲ…။ သည်နေရာမှာတော့ ကိုယ်နဲ့ နဲနဲ သဘောထားချင်း တိုက်ဆိုင်သည်။ ကိုယ်က အစာ စားရမှာ ပျင်းသူတယောက်လေ… သို့သော် ပျင်းပျင်းနဲ့ ချက်တော့ ချက်ပါသည်။ စိတ်ပါလျှင် ပိုပိုပြီး ကောင်းကောင်း မွန်မွန် ချက်တတ်ပါသည်။ (ကိုယ့်အကြောင်းသိသူတွေ ထောက်ခံမဲ ပေးကြပါ…)

သည်လိုနှင့် နေ့လည်စာ စားချိန်ရောက်လာသည်။ မိုးလေးကလဲ တစိမ့်စိမ့်…။ အပြင်ထွက်စားရမှာ ပျင်းသောကြောင့် KFC မှာစားရန် အားလုံး သဘောတူကြသည်။ မိုးအေးအေးထဲမှာ ရောက်လာရသောကြောင့် KFC တွေ အနည်းငယ် အေးနေသည်မှလွဲ၍ စားကောင်းပါသည်။ စားပြီးတော့ အသီးသီး နေရာတွင် ပြန်ထိုင်ကြပြီး ရသမျှ အချိန်လေးမှာ ဘလော့ဂ် ဖတ်သူက ဖတ်၊ ရုပ်ရှင်တို့ ယူကျူ့တို့ ကြည့်သူတွေက ကြည့်…။ သည်တွင် အံ့သြစရာကောင်းပုံက ဘယ်သူ့ ဘယ်သူ ဆီကမှ ဘလော့ဂ်ဖတ်ရတာ ပျင်းလိုက်တာ… ရုပ်ရှင်ကြည့်ရတာ ပျင်းလိုက်တာ… သီချင်းနားထောင်ရတာ ပျင်းလိုက်တာ… ဟူသော အသံမျိုး မကြားရခြင်းပင်။

အချိန်တန်တော့ ဖတ်လက်စတွေ ကြည့်လက်စတွေ နားထောင်လက်စတွေ အသာ ချပြီး အလုပ်ပြန်စဖို့ ပြင်ကြရသည်။ တခဏ အကြာမှာ စားထားသော KFC ၏ တန်ခိုးတော်ကြောင့် မျက်စေ့များ လေးစင်းလာသည် ဟူသော အသံများ ဟိုမှ သည်မှ ကြားလာရသည်။ အလုပ်ထဲမှာ အာရုံစိုက်၍ မရတော့ပြီ ဟု ဆိုကာ အသီးသီး ကော်ဖီဖျော် ထွက်ကြပြန်သည်။ ပြီးတော့ သူ့မှာ ကိုယ့်မှာ ရှိနေတတ်ကြသော စားစရာ အချို အချဉ် များ ရှာဖွေကာ လဲလှယ် စားသောက်ကြပြန်သည်။ အိပ်ချင်ပြေ အပျင်းပြေ မတ်တပ် မတ်တပ် ဟိုလျှောက် သည်လျှောက် လျှောက်နေကြသည်။ ထို့အပြင် “ပျင်းလိုက်တာနော်… ၆ နာရီရယ် မြန်မြန်ထိုးပါတော့…” ဟု ရေရွတ်နေသူရှိသလို ၆ နာရီထိုးရန် မည်၍ မည်မျှ လိုသေးသည်ကို တိုင်းတာ တွက်ချက်နေသူလဲ ရှိသည်။

ရုံးမဆင်းခင် ပျင်းပျင်းနှင့် ဂျီတော့ခ်မှာ သူငယ်ချင်းတွေနှင့် စကားပြောမိသေးသည်။ မီးစိမ်းလေး လင်းနေသော သူငယ်ချင်းတယောက်ကို “ပျင်းလိုက်တာဟာ…” ဟု ပြောလိုက်သောအခါ သူက “အင်းလေ… ငပျင်းတွေကလည်း တဖြည်းဖြည်းနဲ့ များ များလာတယ်…” ဟု ထောက်ခံလေသည်။ နောက်တယောက်ကတော့ ကိုယ့်ကို “ပျင်းတယ်… သီချင်းဆိုပြပါ…” ဟု ပြောလာသောကြောင့် အခြေအနေ အချိန်အခါ နှင့် လိုက်ဖက်ညီသော သီချင်းတပုဒ် ဆိုပြလိုက်မိသေးသည်။

Rain.. Rain… Go Away…
Come again Another Day…
All the Children Want to Play…
Rain.. Rain… Rain… Go Away…!!!

ကဲ… မကောင်းလား…။

သူငယ်ချင်းနှင့် စကားပြောနေစဉ် အပျင်းပြိုင်ကြသူများ အကြောင်း ပုံပြင်ကို သတိရနေမိသေးသည်။ သို့သော် ထိုပုံပြင်ကိုတော့ အားလုံး သိပြီးသား ဖြစ်နေသည်က တကြောင်း၊ ပြောရမှာ ပျင်းနေသည်က တကြောင်းတို့ကြောင့် မပြောဖြစ်တော့ပါ။

သည်လိုနှင့် အိမ်ပြန်ချိန်ရာက်လာသည်။ အိမ်ပြန်ရမှာ ပျင်းလိုက်တာ ဟု ပြောမည့်သူများ ရှိနေမလားဟု အသာ နားစွင့်နေမိသေးသည်။ သို့သော် မည်သူမျှ မပြောကြ။ ပျော်ပျော်ပါးပါးနှင့် အလှအပများ ပြင်ဆင်ကာ အိမ်ကိုပြန်ကြလေသည်။

အိမ်ရောက်သောအခါ ကိုယ့်ရုပ်ကိုကြည့်ကာ ဘယ်လို ကောက်ချက်ချလိုက်ကြသည် မသိ…။ “ညစာ ချက်ရမှာ ပျင်းနေလား… ပျင်းရင် အပြင်မှာ သွားစားကြမယ်လေ မိုးလဲ တိတ်သွားပြီ…” ဟု ချစ်သူများက ဆိုလာသောကြောင့် သဘောတွေ့သွားသည်မှာ ဆိုဖွယ်ရာမရှိ…။ ကိုယ့်လို ပျင်းတတ်သောသူတွေကြောင့် ဆိုင်ပြည့်နေသည်။ သည်လိုနှင့် ညစာကို အပြင်မှာ ပျင်းပျင်းနှင့် စားခဲ့သည်။

အိမ်ရောက်သောအခါ အများပြည်သူများ တီဗွီကြည့်နေကြစဉ် ကိုယ်က ရေမိုးချိုးပြီး ကော်ဖီ တခွက်ဖျော်၊ ဖတ်လက်စ စာအုပ်တအုပ် ကောက်ကိုင်ကာ ဇိမ်လုပ်ရန် စိုင်းပြင်းလေသည်။ ဘယ်လောက်မှ မကြာလိုက် ဟု ထင်ရသည်။ အချိန်ကား ၁၂ နာရီ ခွဲနေလေပြီ…။ မအိပ်ချင်သေးသော်လည်း ပျင်းပျင်းနှင့် အိပ်ရတောာ့မည်။ မနက်ဖြန်လဲ ပျင်းပျင်းနှင့်ပင် အလုပ်သွားရပေအုံးမည်။ သေချာတာတခုကတော့ ကိုယ် စိတ်မဝင်စားပဲ ပျင်းရိသော အရာများအတွက် အချိန်တွေ ကုန်နိုင်ခဲသလောက် ကိုယ် စိတ်ပါဝင်စားပြီး ပျော်မွေ့သော အရာများအတွက်မူကား အချိန်တို့သည် အလွန်တရာမှ ကုန်ဆုံးလွယ်သည်ပဲ…။

ကိုယ်သည် အစစ အရာရာတွင် သေချာချင်သူ တယောက်ဖြစ်သည်။
ထိုအခါ ကုန်လွန်သွားသော နေ့စွဲများတွင် စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ၊ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်စရာရှိသည်များကို ဝတ္တရားအတိုင်း (ပျင်းပျင်းနှင့်) လုပ်ကိုင်နေကြရင်း အချိန်တွေကုန် နေကြရသည်မှာ ကိုယ်တယောက်ထဲ မဟုတ် ဆိုသည်ကို သေချာချင်သော စိတ်ဆန္ဒကြောင့် ဤပိုစ့်ကို ရေးပါသည်။ ပျင်းတတ်သောသူ အချင်းချင်း ပျင်းဖေါ်ညှိသည် ဟုလည်း ဆိုနိုင်ပါသည်။

စိတ် သဘောထားချင်း တိုက်ဆိုင်သူများ အားပေးခြင်းအမှု ပြုကြပါကုန်…။

**Thet Wai**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)