(ဒီဇင်ဘာလ ၃၁၊ ၂၀၁၁)
ယနေ့ကျရောက်သော နှစ်သစ်ကူးအကြိုပွဲအစီအစဉ်များကို ထိုင်းနိုင်ငံတ၀ှမ်းခရိုင်ဒေသအသီးသီးတွင် ကျင်းပလျက်ရှိရာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့်တာ့(ခ်)ခရိုင်အတွင်းရှိ မြို့နယ်၉ခုတွင်လည်း အလားတူ ပျော်ပွဲရွှင်ပွဲများကို ကျင်းပလျက်ရှိသည်ကိုတွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်)
(ဒီဇင်ဘာလ ၃၀၊ ၂၀၁၁)
ဖြစ်ရပ် ၁။ ။မြန်မာ၊ လာအိုနဲ့ ကမ္ဗောာဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေဆီကနေ ထိုင်းအစိုးရက အိမ်ပြန်စရိတ် ရန်ပုံငွေ ကောက်ခံရေး အစီအစဉ်ဆက်မလုပ်ဘဲ ရပ်ထားဖို့ ရှိတယ်လို့သိရပါတယ်။
နေရပ်ပြန် စရိတ် ရန်ပုံငွေ ကောက်ခံရေးအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းအစိုးရ
ဝန်ကြီးများ အစည်းအဝေးမှာ ဇန်န၀ါရီ ၃ ရက်နေ့ တင်သွင်းမယ်လို့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အလုပ်သမားအိမ်ပြန်စရိတ်ရန်ပုံငွေဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဗောာဒီးယား အလုပ်သမားတွေ အလုပ်ဗီဇာ သက်တမ်းကုန်လို့ မိမိနိုင်ငံပြန်သွားကြတဲ့အခါ ခရီးစရိတ် ထောက်ပံ့ပေးဖို့ အတွက် ရည်ရွယ်ပြီး အလုပ်သမားရေး ဌာနကတဆင့် အလုပ်သမားတယောက်ကို ၂၄၀၀ ဘတ် ကြိုတင်ကောက်ယူမယ့် အစီအစဉ် ဖြစ်ပါတယ်။
ဖြစ်ရပ်၂။ ။ မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်သို့ ငါး၊ ပုစွန် ၊ ကဏန်း စသည့် မြန်မာ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် တရားဝင်နှင့် တရားမ၀င်သည့် နည်းလမ်း နှစ်မျိုးစလုံး ကုန်သွယ်မှု ပြုနေကြရသည်ဟု မြန်မာ ရေချိုပုစွန်ထုပ် ကုန်သည် တဦးက ပြောဆိုသည်။ (ဧရာဝတီ)
(ဒီဇင်ဘာလ ၂၈၊ ၂၀၁၁)
ထိုင်းနိုင်ငံအလယ်ပိုင်းဒေသများတွင် မကြာမီရက်များက ရေလွှမ်းခဲ့မှုကြောင့် ရေနစ်မြုပ်ခဲ့သော ဟွန်ဒါကားများကို ဟွန်ဒါကုမ္ပဏီက ဖျက်ဆီးခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက်၌ သတင်းထုတ်ပြန်သည်။ ဖျက်ဆီးခဲ့သည့် ဟွန်ဒါကားများမှာ အစီးပေါင်း ၁၀၅၅ စီးဖြစ်သည်။ ယင်းကားများမှာ ဟွန်ဒါကုမ္ပဏီထုတ် ဘရီရို၊ ဂျက်ဇ်၊ စီတီး၊ စီဗစ်၊ ဟွန်ဒါအက် ကော့ဒ်၊ စီအာ-ဗွီ အမျိုးအစားကားများဖြစ်သည်။ ယင်းကားများသည် ရေနစ်မြုပ်ခံရမှုကြောင့် အင်ဂျင်မှဆီယိုစိမ့်ခြင်း၊ အင်ဂျင်များထိခိုက်ခြင်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။ အဆိုပါကားများကို ၀န်ချီစက်ဖြင့် ရွှေ့ပြောင်းပြီး ဖျက်ဆီးသည့်နေရာ၌ ထုခြေဖျက်ဆီးကာ သံရည်ကျိုပြီးနောက် ကားပစ္စည်းအစိတ်အပိုင်းများအဖြစ် ပြန်လည်အသုံးပြုမည်ဖြစ်သည်။ (အင်တာနက်)
(ဒီဇင်ဘာလ ၂၇၊ ၂၀၁၁)
မြန်မာအလုပ်သမား ၂ သိန်းခန့် အလုပ် လုပ်ကိုင်နေသည့် ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ အတွက် သီးသန့် ဆေးရုံတခု ဆောက်လုပ်ပေးရန်အတွက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်း ကျန်းမာရေးဝန်ကြီးက ယနေ့ ပြောလိုက်သည်။ (ဧရာဝတီ)
(ဒီဇင်ဘာလ ၂၆၊ ၂၀၁၁)
ထိုင်းနိုင်ငံသို့ အလုပ်သမားပြဿနာ ကူညီဖြေရှင်းရေး လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ကသွားရောက်၍ မြန်မာ အလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေး၊ ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေး၊ အလုပ်သမားများ၏ သားသမီးများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေး၊ တရားဝင် မှတ်ပုံတင်နိုင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးများကို စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။ (ဧရာဝတီ)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ယမန်နေ့က ပထမအကြိမ် မြန်မာစာပေဟောပြောပွဲကိုကျင်းပခဲ့ရာ ဆရာအောင်သင်၊ ဆရာမနုနုရည်(အင်းဝ)၊ ဆရာကျော်ဝင်းနှင့် ကာတွန်းဆရာအော်ပီကျယ်တို့က ဟောပြောခဲ့ကြကြောင်း၊ ပရိသတ် (၁၀၀၀) ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။ (RFA)
(ဒီဇင်ဘာလ ၂၁၊ ၂၀၁၁)
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများရှိ ခရိုင်(၁၇)ခုတွင် “အအေးလှိုင်းကျရောက်ရာဒေသ” အဖြစ်သတ်မှတ်ထားကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ထိုင်းနိုင်ငံမိုးလေ၀သဌာနက ပြောဆိုသည်။ (RFA)
(ဒီဇင်ဘာ ၁၈ရက်၊ ၂၀၁၁)
ယနေ့ကျရောက်သော “နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများနေ့ (၀ါ) နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့” စုပေါင်းလမ်းလျှောက်ချီတက်ပွဲနှင့်အခမ်းအနားတစ်ရပ်ကို ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများနှင့် ၄င်းတို့၏ရင်သွေးကျောင်းသားများအပါအ၀င် အင်အား (၅၀၀)ခန့်ဖြင့် ကျင်းပခဲ့ကြသည်ကိုတွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်)
(ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံမှာ ၂၀၀၈ ခုနှစ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုထဲမှာ တော်ဝင်ဘုရင့်မိသားစုကို ဆန့်ကျင်စော်ကားတာ တွေ ထည့်သွင်းပြောကြားခဲ့မှုနဲ့ အင်္ကျီအနီဝတ်ဆန္ဒပြအဖွဲ့ အမျိုးသမီးခေါင်းဆောင် တစ်ဦးဖြစ်သူ ဒါယန်နီး ချန်းချွန်ဆီလ်ပါကူလ် (Daranee Charnchoeng- silpakul) ကို ဘန်ကောက်မြို့ ပြစ်မှုဆိုင်ရာတရားရုံးတစ်ရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
ဒါးတော်ပီဒို (Da Torpedo) လို့ ၂၀၀၈ ခုနှစ် ဆန္ဒပြပွဲတွေအတွင်း ထင်ရှားခဲ့သူ မစ္စ ဒါယန်နီးကို မူလက ထောင်ဒဏ် ၁၈ နှစ် ချမှတ်ထားတာကနေ အယူခံဝင်ခဲ့တာကြောင့် သူမရဲ့အမှုကို ပြန်လည်စစ်ဆေးပြီး ပြစ်ဒဏ်ကို ပြင်ဆင်ချမှတ်လိုက်တာပါ။ သူ့အနေနဲ့ အခုနောက်ဆုံးပြစ်ဒဏ်အတွက် အယူခံ ထပ်မ၀င်တော့ဘူးလို့ မစ္စ ဒါယန်နီးက ပြောပါတယ်။(VOA)
(ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံတောင်ပိုင်းရှိ FED သည် ဖန်ငါခရိုင်ရှိ တကွယ်ပါနှင့် ဖန်ငါအကျဉ်းထောင် နှစ်ခုတွင် အကျဉ်းကျ ခံနေရသော မြန်မာရွှေ့ပြောင်း အလုပ်သမား အကျဉ်းသားများနှင့် ယမန်နေ့က တွေ့ဆုံခွင့်ရရှိခဲ့ပြီး အကူအညီ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း အကျဉ်းထောင်များသို့ ကိုယ်တိုင်သွား ရောက်ခဲ့သူ ကိုအောင်ကြီးမှ ပြောပါသည်။(ရွှေဟင်္သာသတင်း)
(ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၁)
(ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၁)
ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်က သူ၏ Facebook ကို တာဝန်ယူသည့် အလုပ်အဖွဲ့အား အလုပ်ဖြုတ်လိုက်သည်။ဒီဇင်ဘာလ ၅ ရက်၊ကကျရောက်သည့် ထိုင်းဘုရင်မင်းမြတ်၏မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားနှင့် ဓာတ်ပုံတို့ကို Facebook တွင် ဖော်ပြစဉ်က ယခင် ဘုရင် Ananda ၏ ပုံကို မှားယွင်း ဖော်ပြခဲ့မိသဖြင့် အလုပ်ဖြုတ်လိုက်ခြင်း ဖြစ်သည်ဟု Bangkok Post သတင်းစာ အွန်လိုင်းတွင် ရေးထားသည်။ဝန်ကြီးချုပ်၏ ပြောခွင့်ရ အမျိုးသမီး Thitima Chaisang ကလည်း Facebook အဖွဲ့ကို အလုပ်ဖြုတ်ပြီးဖြစ်ကြောင်း၊ ၀န်ကြီးချုပ်၏ မှားယွင်းမှု မဟုတ်သဖြင့် ဝေဖန်ပြောဆိုမှုများ ရပ်ဆိုင်းသင့်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု The Nation သတင်းစာ အွန်လိုင်းတွင် ရေးထားသည်။မှားယွင်းမှုအတွက် ခွင့်လွတ်ပေးရန် ၀န်ကြီးချုပ်က ဘုရင့်နန်းတော်သို့ ပန်ကြားခဲ့ကြောင်း တနင်္လာနေ့ထုတ် The Nation သတင်းစာတွင် ရေးသားထားသည်။ယခု ၀န်ကြီးချုပ်၏ Facebook တွင် ထိုမှားယွင်းဖော်ပြမှုကို မတွေ့ရတော့ပေ။
(ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၁)
ယနေ့ကျရောက်သော(၈၄)နှစ်မြောက်ထိုင်းဘုရင်မင်းမြတ်၏မွေးနေ့အတွက်ထိုင်းနိုင်ငံတ၀ှမ်း
အခမ်းအနားများကျင်းပခဲ့ကြသည်။
(ဒီဇင်ဘာလ ၄ ရက်၊ ၂၀၁၁)
(ဒီဇင်ဘာလ ၃ ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငဒေသအခြေစိုက်ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ပထ၀ီလမ်းညွှန်မှုကိုရယူကာထိုင်းနိုင်ငံတ၀ှမ်းရေဘေးဒဏ်ခံခဲ့ရပြီး မဲဆောက်ဒေသတွင် ယာယီခိုနားနေကြသူများအား အခြေခံစားသောက်ကုန်နှင့် အခြေခံအိမ်သုံးဆေးအချို့ထောက်ပံ့ခြင်းကို ယနေ့ကွင်းဆင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ (မြန်မာပြည်သားသတင်း)
(ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၁)
မလေးရှားနိုင်ငံတွင် အမျိုးသမီးယာဉ်မောင်းများအား ပန်းရောင်လူစီး ဇိမ်ခံကားများနှင့် ဘတ်စ်ကားများတွင် လေ့ကျင့်မောင်းနှင်မှုများပြုလုပ်ပြီးနောက် ကနဦးခြေလှမ်းတစ်ရပ်အနေဖြင့် အမျိုးသမီးသီးသန့် တက္ကစီများ စတင်ပြေးဆွဲနေပြီဖြစ်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် အမျိုးသမီးများအား ခရီးသွားရာတွင် အနှောင့်အယှက်များမှ ကာကွယ်ခြင်းတစ်ရပ်အနေဖြင့် ရည်ရွယ်ကြောင်း နိုဝင်ဘာ ၂၉ ရက်ကထုတ်ပြန်သည့် အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အမျိုးသမီးတက္ကစီယာဉ်မောင်း ၅၀ သည် ကွာလာလမ်ပူမြို့တွင် စတင်ပြေးဆွဲနေပြီဖြစ်ပြီး အစိုးရအနေဖြင့် အထူးတက္ကစီ အရေးအတွက် ၄၀၀ အထိ တိုးချဲ့သွားမည်စု မျှော်လင့်ထားကြောင်း The Star and New Strait Times သတင်းစာက ဖော်ပြခဲ့သည်။ (အင်တာနက်)
(ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၁)
ယနေ့ကျရောက်သော “ကမ္ဘာ့ခုခံအားလျော့နည်းကျဆင်းသည့်ရောဂါတိုက်ဖျက်ရေး” အထိမ်းအမှတ် (၉) ကြိမ်မြောက် လူထုလမ်းလျှောက်ချီတက်ပွဲကို လူထုကျန်းမာရေးအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားအကျိုးဆောာင်အဖွဲ့များကဦးဆောင်ပြီး ယနေ့ပြုလုပ်ခဲ့ရာလူထု (၈၀၀) ခန့်ပါဝင်ခဲ့ကြသည်။ (မြန်မာပြည်သားသတင်း)ဖစ်ရပ်၂။ ။ မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်သို့ ငါး၊ ပုစွန် ၊ ကဏန်း စသည့် မြန်မာ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် တရားဝင်နှင့် တရားမ၀င်သည့် နည်းလမ်း နှစ်မျိုးစလုံး ကုန်သွယ်မှု ပြုနေကြရသည်ဟု မြန်မာ ရေချိုပုစွန်ထုပ် ကုန်သည် တဦးက ပြောဆိုသည်။ (ဧရာဝတီ)

ယနေ့ကျရောက်သော “ကမ္ဘာ့ခုခံအားလျော့နည်းကျဆင်းသည့်ရောဂါတိုက်ဖျက်ရေး” အထိမ်းအမှတ် (၉) ကြိမ်မြောက် လူထုလမ်းလျှောက်ချီတက်ပွဲကို လူထုကျန်းမာရေးအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားအကျိုးဆောာင်အဖွဲ့များကဦးဆောင်ပြီး ယနေ့ပြုလုပ်ခဲ့ရာလူထု (၈၀၀) ခန့်ပါဝင်ခဲ့ကြသည်။ (မြန်မာပြည်သားသတင်း)
(Mae Sot market)

No comments:
Post a Comment