ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 7, 2011

မဲဆောက်က တိုက်ပွဲကျော် သူမတို့ မင်္ဂလာပွဲနှင့်  သူမတို့၏ ရပ်တည်ချက်များကိုလေးစားမိပါသည်

>
ကျနော်သည် သာမာန်အားဖြင့် မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ ခေါင်းစဉ်ရှာစားသောက်ပွဲများကို တက်ရောက်လေ့၊ သွားရောက်လေ့မရှိပါ။ ရှားသည့်၊ ပါးသည့်ခေတ်ကြီးတွင် သုံးဖြုန်းပျော်ပါးနေခြင်းသည် မစားနိုင်၊ မသောက်နိုင်၍ ငေးမှိုင်နေကြရသော အများပြည်သူတို့ကို စော်ကားမှုတစ်ခုဟူ၍ ရှုမြင်ထားခြင်းကြောင့် လည်းဖြစ်နိုင်ပါသည်။
ဤအယူအဆများအောက်တွင်ပင် ယနေ့မှာဖြင့် အလုပ်သမားအခွင့်အရေးတိုက်ပွဲဝင် အလုပ်သမတစ်ဦးနှင့် သူမ၏ကြင်ဖော်ကြင်ဖက်တို့၏ မင်္ဂလာပွဲတစ်ပွဲကို ကျနော်တို့အဖွဲ့သားများနှင့် ဒေါက်တာလွဏ်းဆွေတို့ပါဝင်လျက် တက်ဖြစ်အောင်တက်ခဲ့ကြပါသည်။ အကြောင်းမှာ ထိုသူမသည် ပြီးခဲ့သော ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့နှင့် ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ နှစ်ရက်စလုံးတွင် မိမိတို့၏အလုပ်သမားအခွင့်အရေးအတွက် ရဲရဲရင့်ရင့်တိုက်ပွဲဝင်ခဲ့သောအလုပ်သမား (၃၀၀) ခန့် အနက်မှ တစ်ယောက်ဖြစ်သောကြောင့် ဖြစ်သည်။ သူမတို့၏ စက်ရုံသည်မဲဆောက်မြို့၊ အရှေ့တောင်ဘက် (၅) ကီလိုမီတာအကွာအဝေးရှိ မယ်ကုကျေးရွာအပိုင် “ဖုပို(ခေါ်)အက်စ်အာ” သိုးမွှေးစက်ရုံဖြစ်သည်။ အဆိုပါစက်ရုံတွင် ထိုစဉ်က အိုတီကြေးမပေးဘဲမာမားခေါက်ဆွဲခြောက်ပေးနေမှု၊ရေနှင့် ထမင်းမသန့်ရှင်းမှု၊ နေ့စဉ်ချုပ်လုပ်နေကြရသော သိုးမွှေးထည်ဒါဇင်ဈေးနည်းပါးမှု၊ သိုးမွှေးထည်ဒါဇင်ဈေးအားမည်သည့် အခါမှ ကြိုတင်မကြေညာပဲလုပ်ပြီးပါမှအလုပ်ရှင် စိတ်ကြိုက်ကြေညာနေမှု၊ မန်နေဂျာနှင့် လိုင်းကြပ်များမှ ဆက်ဆံရေးမောက်မာမှု၊ အရေးကြီးသောကျန်းမာရေးကိစ္စများတွင် တစ်နေ့လုံးမဆိုထားနှင့်၊ အချိန်ပိုင်းခွင့်ပြုချက်ပင်လျှင် မရရှိမှု၊ တနင်္ဂနွေနေ့နှင့် ထိုင်းနိုင်ငံ၏နေ့ကြီးရက်ကြီးများတွင် အလုပ်ခိုင်းစေနေမှုအပါအ၀င် ၂ နှစ်ခန့်ခံစားလာခဲ့ရသော အလုပ်သမားတို့၏ အခွင့်အရေးဆိုင်ရာမြိုသိပ်ရမှုများသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်အလုပ်သမသုံးဦးအားထိုင်းရဲအယောင်ဆောင်များက ကားဖြင့်တင်ခေါ်သွားရာမှစတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအလုပ်သမ ၃ ဦးအား ထိုင်းရဲအယောင်ဆောင်များက မယ်ကုကျေးရွာအတွင်းရှိ သစ်တောဝန်းတစ်ခုထဲတွင်မဖွယ်မရာကြံစည်ရန် ပြင်ဆင်နေကြစဉ်၌သူမတို့ ၃ ဦးကပြန်လည်ထွက်ပြေးလွတ်မြောက်လာကာ စက်ရုံသို့ရောက်လာကြခြင်းဖြစ်သည်။ ထိုသို့စက်ရုံသို့ပြန်လည်ရောက်ရှိလာကြသူများ၏လတ်တလောအကြောင်းရင်းနှင့်မူလနဂိုမကြေနပ်မှုများ ပေါင်းရုံးကာ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် တကြိမ်၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တကြိမ်၊ အလုပ်သမားရပိုင်ခွင့်များအတွက်စက်ရုံရှေ့တွင်လည်းကောင်း၊ မိမိတို့နေထိုင်ရာ အလုပ်သမားတန်းလျားများမှစက်ရုံရှေ့သို့လည်းကောင်း၊ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည်။

ထို့အပြင်စက်ရုံနှင့်အလုပ်သမားများအကြား ပြဿနာမပြီးမပြတ်ဘဲအတူတကွဆက်လက်လုပ်ကိုင်နေကြဆဲမှာပင် အလုပ်သမား ၂၇၆ ဦးတို့သည် ဘတ် ၇၀၀၀၀ တန်စက်ရုံဟောင်းတန်းလျားကြီးကို ငှားရမ်းခြင်း၊ အလုပ်ဖြုတ်ခံရသော အလုပ်သမားခေါင်းဆောင် ၂ ဦးအား အဆိုပါတန်းလျားကြီးတွင် လုံခြုံရေးဝန်ထမ်းအဖြစ် ၁ ဦးလျှင် ဘတ် ၃၀၀၀ ပေးကာ နားလည်မှုဖြင့်ထားရှိခြင်း၊ ရေခမီးခများပေါင်းစုပေးခြင်း၊ အပါအ၀င် ဘတ် ၁၀၀၀၀၀ ခန့်ရှိသော ငွေပမာဏကို ၂ လတိုင်တိုင် ကြံ့ကြံ့ခံရပ်တည် ခဲ့ကြပေသည်။ အဆိုပါတိုက်ပွဲဝင်အလုပ်သမား ၂၇၆ ဦးတို့အား စက်ရုံပိုင်ရှင်မှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လုံးဝအလုပ်ထုတ်ပယ်ခဲ့ပြီးအလုပ်သမားများထံ သို့ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် စာထုတ်အကြောင်းကြားခဲ့ပေသည်။ အလုပ်သမားများ လုံးဝအလုပ်မထုတ်ခံရမှီ စုပေါင်းညီညာစွာ နေထိုင်ရပ်တည်ခဲ့ကြသော “၂ လ” ကြာအချိန်တွင်းတွင် မိမိတို့မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)နှင့် ထိုင်းနိုင်ငံရှေ့နေများကောင်စီဥပဒေအထောက်အကူပြုဌာန LLC အပါအ၀င် မြန်မာနှင့်ထိုင်း အဖွဲ့အစည်းများက ပုံစံမျိုးစုံဖြင့်လာရောက်ဆက်စပ်ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြသည်။ အလုပ်သမားများနှင့် ရင်းနှီးချစ်ကြည်မှုအချို့ကိုအချိန်တိုအတွင်းတည်ဆောက်နိုင်ခဲ့ကြသည်။ ဟော……………… ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့က စပြီး အဆိုပါ ဆက်စပ်ခဲ့ကြသော အဖွဲ့အစည်းအသီးသီး၏ နေရာချထားမှု၊ စားရေးသောက်တာဖန်တီးမှုများမှ သည် သူတို့သူမတို့ ၂၇၆ ဦးအတွက် နွေးထွေးသော ကြိုဆိုမှုများဖြစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ထိုင်းတရားရုံး၌ တရားစွဲဆိုကာအလုပ်သမားများမှာမူ လုပ်ငန်းခွင် အသစ်အသီးအသီးသို့ ပြောင်းရွှေ့လုပ်ကိုင်ကြရင်းယခုဆိုလျှင် ဘန်ကောက်ရောက်သူရောက်၊ မလေးရှားရောက်သူရောက်၊ မဲဆောက်မှာပင် ဒုံရင်းဒုံရင်းခွေသူခွေနှင့် ကျရာဘ၀ဇာတ်ခုံတွင် အလုပ်မျိုးစုံလုပ်ကိုင်နေကြသည်ကို တွေ့မြင်ရသည်။

ကိုင်း…………….. ဒီကနေ့မှာတွေ့ရတဲ့ အပျိုကြီးသူမနဲ့ လူပျိုလေးသူတို့ရဲ့ မင်္ဂလာပွဲက ရန်မကင်း(ခေါ်) တရားဝင်အမည် Royal Knitting Thailand Co,Ltd အတွင်းမှာလုပ်ခွင့်ရတာကိုး။ မဲဆောက်မှာဆိုရင် ရန်မကင်းလိုကိန်းခန်းကြီးတဲ့စက်ရုံ အလုပ်ရုံမျိုးဆိုတာက သူ့ဧရိယာထဲမှာ မင်္ဂလာဆောင်လုပ်ဖို့ဆိုတာ ဝေလာဝေးပေါ့ဗျာ။ ဒါပေမယ့်ဒီနေ့တော့ မင်္ဂလာပွဲကတကယ်ဖြစ်ခဲ့တာဗျို့။ မဲဆောက်က တိုက်ပွဲကျော်သူမတို့မင်္ဂလာပွဲကို တက်ဖြစ်အောင်တက်ရောက်ရင်းသူမတို့ရဲ့ ဒီနေ့အထိရပ်တည်ချက်တွေကို လေးစားရင်းလေးစားနေမိပါတော့တယ်။

**JACBA ၀ိုင်းတော်သားများ၊ ဒေါက်တာလွဏ်းဆွေ၊ သူမနဲ့ ကောင်လေးတို့အတွဲ**

**မင်္ဂလာပွဲလာ ပရိသတ်များ**

**သောင်ရင်း နဂါး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)