ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 7, 2011

ကျနော် မြင်တဲ့ နိဗ္ဗာန်

>
ကျနော် နားလည်သလောက် နိဗ္ဗာန်ဆိုတာ space လဲ မဟုတ်ဘူး။ additional dimension တစ်ခုလဲမဟုတ်ဘူး။ အသက်ရှင်ရက်နဲ့လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။ လက်ရှိလောကကြီး မြင်နေရသမှလောကကြီးရော ကျမ်းတွေကသက်ပေးတဲ့ တရားတွေ (စာတွေ့များ) အားလုံးဟာ စိတ်ကနေ ထင်ယောင်ထင်မှား ဖန်းဆင်းထားတာပဲဆိုတာကို သိသွားဖို့ပဲ

စဉ်းစားကြည့်လေ။ ကျနော်တို့လောကကြီးဟာ ဒီ အာရုံ ခြောက်ပါးကနေ ပေးထားတဲ့ လောကကြီးပဲမဟုတ်လား။ ဒီ အာရဲု input တွေ မရှိရင် ဘာကျန်မှာလဲ။ အားရုံတွေ ထဲမှာ စိတ်အာရုံကလွဲလို့ ကျန်အာရုံတွေဟာ ဘဝ တစ်ခုဆုံးတိုင်း ပျောက်သွားမယ်။ ပြီးရင် စိတ်အာရုံမှာ ထင်ကျန်ခဲ့တဲ့ သဏ္ဍာန်အတိုင်း အာရုံအသစ်တွေကို ဖန်တီးလိမ့်မယ်။

ဆိုပါစို့ဗျာ။ ရေဆိုပါတော့။ လူတွေတိရစ္ဆာန်တွေက သောက်စရာ ရေချိုးစရာလို့ မြင်မယ်။ နတ်တွေကတော့ ချိုမြတဲ့ အရသာရှိတဲ့ အရည်တစ်မျိုး အဖြစ်မြင်မယ်။ အသူရကာယ်များကတော့ တန်ခိုး လက်နက်သဖွယ် မြင်မယ်။ ပြိတ္တာများကတော့ ပြည်ပုပ်များ သဖွယ်မြင်မယ်။ ဒါဆို ရေလို့ ကျနော်တို့ ပြောနေတာရေလား။ ပြည်ပုပ်လား။ အသုံးချစရာ လက်နက်လား။ နတ်သုဒ္ဒါလား။ ဘာကြီးလဲ။ ဘာမှ ဟုတ်ဘူး။ Relative perception တစ်ခုစီနဲ့ မြင်ချင်တာမြင်နေရတာပဲလေ။ အမှန်က ကျနော်တို့ မြင်နေရတာ ရေမဟုတ်။ ဘာမှ မဟုတ်တာကို သိသွားရင်၊ လောကကြီးမှာ ရှိသမျှဟာ အဲဒီ့အတိုင်းပဲဆိုတာကို သိသွားရင်၊ ဒုက္ခတွေ၊ သုခတွေ ဆိုတာ စိတ်ရဲ့ ကစားမှု သက်သက်ဆိုတာကို သိသွားရင် စိတ်ကို အလုပ်မပေးပဲ အနားယူရအောင် တရားထိုင်ခြင်းနည်းနဲ့ relativism ကြီးကို သိမြင်သွားအောင် လုပ်ယူမယ်ထင်တယ်။ ဒီအခါ ခံစားမှု ကင်းမဲ့ပြီး transcendence ရုပ်နာမ်မဲ့တဲ့ ငြိမ်းချမ်းမှုသက်သက် (အမှန်တရားလို့ ကျနော် မပြောဘူးနော်) ကိုရမယ်။

အဲလိုဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ နောက်ဘဝမှာ သူ မမွေးတော့ဘူးလို့ ပြောတာမျိုးဟုတ်ဘူးနော်။ သံသရာရပ်သွားပြီလို့ သိသွားတာမျိုး မဟုတ်ဘူးနော်။ သံသရာထဲက ဘဝအဆက်တိုင်းတွေဟာ Illusion (လှည့်စားခဲ့တာတွေ) ဆိုတာ သိသွားပြီး သံသရာဆိုတာ ကိုတိုင် (နတ်တစ်ချို့ လည်း သံသရာဆိုတာရှိတယ်ဆိုတာ ကောင်းကောင်းခံစားနိုင်ပါတယ်။ နောက်ဘဝ ရှေ့ ဘဝတွေ မြင်နိုင်ပါတယ်။ လွန်ခဲ့သော ၁ဝနှစ်လောက်က အတိတ်ကို ပြန်ခံစားသလိုမျိုးပဲ သတိရနေတာမျိုး ) သူတို့ ခံစားရ ရှု မြင်ရတဲ့ သံသရာဆိုတာကလည်း illusion တစ်ခုပဲဆိုတာ သိသွားတာမျိုး။

နိဗ္ဗာန်ဆိုတာ အမှန်ကတော့ ရှိတာလည်း မဟုတ်ဘူး မရှိတာလည်း မဟုတ်ဘူး။ သူ့မှာ ရှိတယ် မရှိဘူးဆိုတဲ့ ဂုဏ်ပုဒ်ကိုက ကင်းမဲ့နေတာ။ ပိုက်ဆံ ဆိုတာမသုံးတဲ့ ဒေသတစ်ခု မှာ ပိုက်ဆံမရှိဘူးလို့ ပြောတာ၊ ပိုက်ဆံ ချမ်းသာတယ်လို့ပြောတာ လွဲနေသလိုမျိုး။

ကျနော်က ဘာသာမဲ့နော်။ ဒါကျနော် မြင်တဲ့ ဗုဒ္ဓဘာသာဘောင်ထဲက နိဗ္ဗာန်။ မှန်တယ် ကျနော် ဘာသာရေးကျမ်းတွေ မဖတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ influence တွေ ပါဝင်နေပြီး၊ ဘုန်းကြီး အာဘော်ပဲ ပြန်နင်းမိနေမှာစိုးလို့။ ဘုန်းကြီးတွေ ပြောတဲ့ နိဗ္ဗာန်က loophole တွေ အများကြီး။ အမှားတွေ အများကြီး လို့ ကျနော်ထင်တယ်။ ကျနော် ဟာကတော့ အမှားကို ကြည့်ပြီး ပြန်ပြင်ထားတာဆိုတော့ ပိုတော့ မှန်မယ်ထင်ပါတယ်။

individualist ဖြစ်လွန်းတယ်ပဲပြောပြော ပြောချင်တာပြော။ အမြင်ကတ်ချင်ကတ် မကတ်ရင်နေ။ I don't care :D

**By Kyaw Zwar Lynn**
---
--
စိတ်သည် မည်သည့် အရာပေါ်တွင်မှ ကပ်ညိခြင်း မလျဉ်းမရှိပါစေနှင့်။
**From-လွမ်းနေသူ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)