**ကဲ …မှတ်ပြီလား**
ဟိုင်းဝေးလမ်းမကြီးနံဘေးရှိ စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်။ အဝေးပြေးကုန်တင်ကားကြီးတစ်စင်း ဆိုင်ရှေ့တွင်လာရပ်သည်။ ဒရိုင်ဘာက ဆိုင်ထဲဝင်လာပြီး စားပွဲထိုးအမျိုးသမီးအား ထမင်းကြော်တစ်ပွဲနှင့် ကော်ဖီတစ်ခွက်မှာသည်။ ပြီးတော့ ဆိုင်ထောင့် စားပွဲတစ်လုံးမှာ ထိုင်ပြီး အေးအေးဆေးဆေး စားနေသည်။ ခဏနေတော့ ဆိုင်ကယ်စီး လမ်းသရဲ သုံးကောင် ဆိုင်ရှေ့ရောက်လာသည်။ ဆိုင်ကယ်များကိုရပ်ပြီး ဆိုင်ထဲဝင်ကာ ရမ်းရမ်းကားကားတွေလျှောက်လုပ်သည်။ ထရပ်ကား ဒရိုင်ဘာ၏ ထမင်းကြော်ပန်းကန်ကို ယူစားသည်။ တစ်ယောက်က ကော်ဖီခွက်ကိုယူပြီး မော့ချလိုက်သည်။ နောက်တစ်ယောက်က စော်ကားမော်ကားနှင့် ရန်စသော စကားများကို နားမခံသာအောင်ပြောသည်။
ထရပ်ကားဒရိုင်ဘာမှာ ဘာတစ်ခွန်းမှပြန်မပြော။ ထမင်းကြော်ဖိုးနှင့် ကော်ဖီဖိုးကို စားပွဲထိုးအမျိုးသမီးထံမှာရှင်းပေးပြီး ဆိုင်အပြင်ကို အေးအေးဆေးဆေး ထွက်သွားသည်။ ဆောင့်ကြွားဆောင့်ကြွားဖြစ်နေသော လမ်းသရဲတစ်ကောင်က လှောင်ပြောင်သောအသံဖြင့် စားပွဲထိုးအမျိုးသမီးအား လှမ်းပြောသည်။

" တွေ့လား အသည်းလေး။ အဲဒီငနဲက အလကား ငကြောက်။ ဘာမှသုံးမရတဲ့ကောင် "
စားပွဲထိုးအမျိုးသမီးက ခပ်အေးအေးပဲပြန်ပြောသည်။
" ဟုတ်ပါရဲ့ရှင်။ သုံးမရတာမှ ကားလဲကောင်းကောင်းမောင်းတတ်ပုံမရဘူး။ ဆိုင်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ် (၃) စင်းကို တက်ကြိတ်သွားလိုက်တာများ မှုန့်မှုန့်ညက်ညက်ကို ကြေနေတာပဲ "
--
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment