ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 12, 2011

ဦးလေးစိုး

>
ကျနော် “ဆိုင်းဘုတ်မရှိသူများ” စာစုလေးကိုရေးလိုက်တဲ့အခါ ဖေ့စ်ဘုတ်မိတ်ဆွေတစ်ဦးကလည်း “ဆိုင်းဘုတ်မရှိသူများနဲ့ဆိုင်းဘုတ်ရှိသူများ” ဆိုပြီး သူ့အမြင်သူ့အတွေ့အကြုံလေးကို ဖြည့်စွက်ရေးသားလာ တယ်ခင်ဗျ။
သူရေးတဲ့စာကို ကျနော်ဖတ်နေရင်းက သူနဲ့နာမည်ခပ်ဆင်ဆင် လူတစ်ယောက်ကို အမှတ်ရလိုက် မိပါတယ်။ အဲဒီသူကတော့ ဦးလေးစိုး။ ဒီနေရာမှာ ဦးလေးစိုး လို့အမည်နာမပြုလိုက်ပေမယ့် ကျနော်တို့ သူ့ကို “ဦးစိုး” လို့ပဲခေါ် ကြတာပါ။ ကျနော်တို့ရွာက စာကြည့်တိုက်မှူးပေါ့လေ။ စာကြည့်တိုက်ဆိုတာက လည်း အရင်တစ်ပတ်ရေးတဲ့စာထဲက ကျနော်ဦးစီးတည်ထောင်တဲ့ စာကြည့်တိုက်မဟုတ်ပါဘူး။ ကျနော်မမွေးခင် ကတည်းက ရွာမှာရှိနေပြီးသားစာကြည့်တိုက်ပါ။ ကျနော်တို့ရွာနဲ့ သူတို့ရွာက ၂ မိုင်လောက်တော့ဝေးတယ် ခင်ဗျ။ လမ်းလျှောက်ရင် ၄၅ မိနစ်လောက် သွားရပါတယ်။

စာကြည့်တိုက်နဲ့စပြီးဆက်သွယ်မိချိန်မှာ ကျနော့်အသက်က ၁၆ နှစ် သူက ၅၀ နီးနီး။ တောသားဆို ပေမယ့်လည်း သူ့ရုပ်သွင်က မြို့သားပုံပေါက်နေတယ်။ ၀၀ဖိုင့်ဖိုင့်၊ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ သူ့နှုတ်ခမ်းက ကွမ်းမစားဘဲကို ရဲနေပြီး ဘိုကပြားလား အောက်မေ့ရတယ်။ သူငယ်ငယ် ရန်ကုန်မှာကျောင်းတက်တုန်းက ရိုက်ထားတဲ့ဓာတ်ပုံထဲမှာ နက်ကတိုင်နဲ့ဆိုတော့ တော်တော်ကြည့်ကောင်းတာပဲ။ ၁၉၆၀ ပြည့်နှစ်မှာ သူဆယ်တန်းအောင်တယ်လို့ သိရပါတယ်။ အဲဒီအချိန်က ကိုးတန်းအောင်ရင် ကြိုက်တဲ့လိုင်းကို ရွေးလို့ရတဲ့ အချိန်။ သူဘာကြောင့် မြို့မှာဝန်ထမ်းမလုပ်ဘဲ ရွာပြန်ပြီးလယ်လုပ်နေရတာလဲ အစပိုင်းမှာ ကျနော်မသိပါဘူး။ နောက်တော့မှ တဖြည်းဖြည်း သိလာရတယ်။ သူက ယုံကြည်ချက်တစ်ခုအတွက် ဘ၀ကိုခြေစုံပစ်ထားတာ။ သူ့မှာတစ်ဦးတည်းသော သားတစ်ယောက်လည်းရှိတယ်။ ကျနော်နဲ့အသက်အတူတူပါပဲ။ သားလေး မီးတွင်းမှာ သူ့ဇနီးဆုံးသွားခဲ့ပြီး ကျနော်နဲ့ဆုံတဲ့အချိန်ထိ အိမ်ထောင်မပြုဘဲနေတာ တွေ့ရတယ်။ သူကလည်း တစ်ဦးတည်း သောသားပါပဲ။ ငယ်ငယ်ကတည်းက အဖေဆုံးသွားပြီး မိခင်မုဆိုးမကြီးနဲ့ အတူနေရတာ။
သူရန်ကုန်မှာ ကျောင်းတက်တုန်းက ပြည်သူ့ဂျာနယ်မှာ ကဗျာလေးတွေ ရေးခဲ့တာ ကျနော်ဖတ်ဖူး ပါတယ်။ ကျောင်းသားလေး ဟယ်ရီတန်အမှတ်တရ။ သူနဲ့အတူ ကျောင်းနေဘက်တွေ ကိုကိုးကျွန်း ရောက်သူ ရောက်၊ ပါတီယူနစ် ဥက္ကဌဖြစ်သူကဖြစ်နဲ့ သူကတော့ လယ်သမားကြီးစစ်စစ်။ ၁၉၈၇ လောက်မှတ်တယ်၊ သူ့လိုပဲဘ၀အဖော်မဲ့နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ်အိမ်ထောင်ပြုလိုက်တယ်။ သားလေးတစ်ဦး ထွန်းကားလာပြန်တယ်။
သူ့နဲ့ရင်းနှီးမှုတာရှည်လာတာနဲ့အမျှ သူ့ကြောင်းကိုလည်း ပိုပိုသိလာရတော့ (သူကိုယ်တိုင်ပြောတာ ထက် အခြားသူတွေပြောတာက များများပါ) ကျနော်သူ့ကို မလေးစားဘဲ မနေနိုင်ဖြစ်ခဲ့ရတာပါ။ သူတို့ရွာမှာ ရွာလယ်လမ်းကို ကျောက်ပြားခင်းဖို့ စုဝေးတိုင်ပင်ကြပြီး သူကရန်ကုန်မြို့ကိုသွား ဘိလပ်မြေရဖို့ စုံစမ်းတယ်။ ရဖို့သေချာပြီဆိုမှ ရွာကိုပြန်လာ ပိုက်ဆံစုပြီး နောက်တစ်ခေါက်သွားထုတ်ဖို့ စီစဉ်ခဲ့ကြတာပါ။ ဖြစ်ချင်တော့ ဘိလပ်မြေက ချက်ချင်းထုတ်လို့ရမယ် အဆင်ပြေလာတယ်။ အဲဒီမှာ သူရွာမပြန်နိုင်တော့ဘူး။ သူ့မှာပါလာတဲ့ ပိုက်ဆံလေးရယ် လိုနေတဲ့ ငွေငါးထောင်ကို ရန်ကုန်မှာရှိတဲ့ သူ့ဦးလေးက ခေတ္တချေးငှားပေးတယ်လို့ ဆိုတယ်။ ဒါနဲ့ ရန်ကုန်-ပြည်ဧရာဝတီသင်္ဘောနဲ့ ဘိလပ်မြေတွေသယ်ပြီး ရွာကိုပြန်လာခဲ့တာပေါ့။
ရွာကလူတွေလည်း အားရ၀မ်းသာပဲ လှည်းတွေနဲ့ဘိလပ်မြေတွေကိုသယ်ပြီး ကျောက်တွေစု၊ သဲတွေ သယ်နဲ့ ၀ိုင်းဝန်းလိုက်ကြတာ၊ ရွာလမ်းတော့ပြီးသွားတယ်။ အစည်းအဝေးလုပ်တုန်းက ဘိလပ်မြေအလှူငွေ ကိုပါးစပ်နဲ့စာရင်းပေးထားကြတာ။ တကယ်လက်တွေ့လည်း လိုက်ကောက်ရော လက်ငင်းမပေးနိုင်ကြသူတွေ ကများနေတယ်။ ဦးလေးစိုးက သိပ်ပြီး စိတ်ရှုပ်မခံပါဘူး။ အိမ်မှာရှိတဲ့ ရွှေထည်ပစ္စည်းတွေ ရောင်းပြီးရန်ကုန်က အကြွေးကို ဖြေရှင်းလိုက်ပါတယ်။ မိုးတွင်းအခါ ရွာလယ်လမ်းပေါ်မှာ ရဟန်းသံဃာတွေ ဆွမ်းခံကြွတဲ့အခါရော လူတွေလျှောက်တဲ့အခါမှာပါ ရွှံ့ဗွက်မရုန်းရဘဲ သွားနေကြတာကိုကြည့်ပြီး သူပီတိဖြစ်နေတာ။ “သူကြီးဘုရား ရွာသားကောင်းမှု” ဆိုရိုးစကားဟာ ဦးလေးစိုးနဲ့တွေ့မှ ပြောင်းပြန်ဖြစ်သွားရတော့တယ်။

နောက်တစ်ခုက သူ့အမေရဲ့စီးပွားရေးနဲ့ဆိုင်တယ်လို့ ပြောရပါမယ်။ သူ့အမေက ရွာမှာသောင်သာသူ (ဥစ္စာဓနပြည့်စုံသူ)ဆိုတော့ ငွေတိုးလေးဘာလေးပေးတယ်။ တစ်ရွာလုံး သူတို့နဲ့ကင်းသူမရှိသလောက်ပါပဲတဲ့။ သူကတော့ သူ့အမေလုပ်ရပ်ကို မနှစ်သက်ဘူး။ သူ့အမေမသေခင်မှာ နာတာရှည်သဘောဖြစ်ပြီး အိပ်ယာထဲလဲတယ် ဆိုလားပဲ။ အဲမှာ ကြွေးတွေကိုမှန်မှန်လိုက်မတောင်းနိုင်တော့ဘူး။ သူကလည်း ဖိဖိစီးစီး မတောင်းဘူး။ အမေအတွက် လိုသမျှဆေးဖိုးဝါးခကို အိမ်မှာရှိတဲ့ အတွင်းပစ္စည်းလေးတွေထုခွဲရောင်းချပြီး ကုသပေးတယ်။ အမေဆုံးတော့ အိပ်ယာအောက်မှာ အကြွေးစာရင်း စာအုပ်လေးပဲကျန်တော့တယ်လေ။ အဲမှာ သူက စာအုပ်ထဲမှာပါတဲ့ စာရင်းအတိုင်း ကြွေးရမယ့်သူတစ်ဦးချင်းကို လိုက်တွေ့တယ်။ စပြီးယူထားတုန်းက အရင်းအတိုင်းပဲ ပြန်ပေးပါ။ အတိုး ပေးစရာမလိုဘူးလို့ ပြောတယ်။ တချို့က ပေးပြီးပြီလို့ ငြင်းလိုက်တယ်။ အဲဒါဆိုသူက တခါတည်းစာရင်းဖျက်လိုက်တာပဲ။ တချို့ကျပြန်တော့ ရှိတဲ့လယ်ယာ၊လှည်းနွားတွေကို တန်ဖိုး သင့်ပြီး ချပေးကြတယ်။ ဒီလိုလည်းသူက မယူပြန်ဘူး။ နောင်ပြေလည်မှပေးပါဆိုပြီး လှည့်ပြန်လာတယ်။
သူ့စိတ်ထဲမှာ အမေထားခဲ့တဲ့ ပစ္စည်းတွေအပေါ် ဘာမှစွဲစွဲလမ်းလမ်း မရှိသလိုထင်ရတယ်ဗျ။ သူပြော လေ့ရှိတယ်.. “အမေက ငွေတိုးပေးတာဆိုတော့ သူထားခဲ့ပစ္စည်းတွေအပေါ်မှာ ငါသိပ်ပြီး လိပ်ပြာမသန့်ဘူး။ ဒါကြောင့် ဒီပစ္စည်းတွေကိုအခြေပြုပြီး တိုးပွားအောင်လည်း ငါမလုပ်ချင်ဘူး။ ကုန်ချင်ကုန်ပစေ ငါမနှမြောဘူး” တဲ့။ သူ့စိတ်ထဲမှာ အဲလိုကို ယတိပြတ် ဆုံးဖြတ်ထားတာဗျ။
၁၉၈၈ လှုပ်ရှားမှုကြီးအရှိန်ရလာတဲ့အခါ ဘာပြောကောင်းမလဲ၊ ဦးလေးစိုးတို့အဖွဲ့ ရေတွင်းထဲကို ဒိုင်ဗင်ပစ်တဲ့ကိန်း ဆိုက်တော့တာပေါ့( ကျနော် ရန်ကုန်ကိုရောက်နေတဲ့အချိန်)။ သူတို့က Daito ဖယောင်း စက္ကူပေါ်မှာ မင်မရှိတဲ့ ဘောပင်နဲ့စာတွေရေး၊ ထိပ်နားက အလေးတစ်ခုခုနဲ့ဖိထား၊ အောက်နားကို ကဒ်ထူနဲ့ချုပ်၊ ဖယောင်း စက္ကူအောက်မှာ ဖူးစကက်စာရွက်တွေထည့်၊ အပေါ်ကို မိတ္တူကူးဆေး (Gestener Ink) တွေညှစ်ချ၊ မီးချောင်းအကျွမ်းတစ်ခုနဲ့ ဆေးတွေကိုအထပ်ထပ်ဆွဲချလိုက်တာ ဒီမိုကရေစီရေး ကြေညာချက်တွေ တစ်ရွက်ပြီး တစ်ရွက် ထွက်လာတယ်။ ရွာထိပ်က ဘုန်းကြီးကျောင်းဝင်းဟာ သူတို့သပိတ်စခန်းဖြစ်သွားတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နယ်မြေစိုးမိုးရေးလုပ်ဖို့ ဟင်္သာတမှာရှိတဲ့ ခလရ(၁၈)က တပ်စိတ်တစိတ် ရွာနားက ဘုန်းကြီးကျောင်းမှာ လာစခန်းချတယ်။ သူတို့ရောက်ပြီး သုံးလေးရက်အကြာ ရွာအကြောင်း စနဲနာ ပြီးပြီ။ ဘယ်သူတွေဘာလုပ်ခဲ့တယ်ဆိုတာ သိသင့်သလောက်သိပြီးပြီ။ တစ်နေ့နေ့လည်မှာ ဦးလေးစိုးရဲ့အိမ်ကို စစ်သားတွေ ဗြုန်းဆိုလာဝိုင်းပါလေရော။ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားတာပဲ။ ပြီးတော့ သူ့ကိုဘုန်းကြီး ကျောင်း ခေါ်သွားတယ်။
တစ်ရွာလုံး ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ ဟိုရောက်လို့ အရမ်းကန်နှိပ်စက်ကလူ လုပ်နေရင် ဒုက္ခပဲလို့ တွေးပြီး တချို့လူတွေက ကျောင်းပတ်ဝန်းကျင်မှာ ယောင်ပေယောင်ပေလုပ်ရင်း ကျောင်းထဲကို အကဲခတ် ကြတယ်။ ဘာမှရုတ်ရုတ်သဲသဲမဖြစ်လိုက်ဘဲ ညနေ ၄ နာရီလောက်မှာ ဦးလေးစိုး ကျောင်းပေါ်ကပြန်ဆင်း လာတာကို တွေ့တော့မှ အားလုံးစိတ်အေးနိုင်ကြတာ။
ဦးလေးစိုး အိမ်ပြန်ရောက်တဲ့အခါ သူရဲကောင်းတစ်ဦးစစ်မြေပြင်က ပြန်လာသလိုမျိုး ဟိုမှာ ဘာတွေ မေးလဲ၊ ထိုးတာကြိတ်တာ ရိုက်တာနှက်တာရှိလား စသဖြင့်တစ်ယောက်တစ်ပေါက် ဗျူးကြတာပေါ့ဗျာ။ ဦးလေးစိုးက သူ့ဝသီအတိုင်း အေးတိအေးစက်နဲ့ “ဘာမှမလုပ်ပါဘူးဗျာ သိပ်လည်းထွေထွေထူးထူး မမေးပါဘူး၊ ကျောင်းပေါ်ရောက်တော့ ခေါင်းဆောင်တပ်ကြပ်ကြီးက ကျနော့်ကို အကြာကြီးစိုက်ကြည့်နေတယ်။ ပြီးတော့မှ ဦးစိုးပုံကြည့်ရတာတော့ အေးဆေးရိုးသားတဲ့ပုံပဲ။ အဲဒီတော့ ကျနော်ပြောချင်တာက ဦးလေးလည်း အသက်တော်တော်လေးရနေပြီပဲ။ ဘုရားတရားလေးဘာလေးလုပ် အေးအေးဆေးဆေး နေပါဗျာ။ ဒီနိုင်ငံရေး ကိစ္စတွေ ခေါင်းရှုပ်ခံမနေပါနဲ့” လို့ပြောတယ်တဲ့ဗျ။
ဟုတ်လည်းဟုတ်နိုင်ပါရဲ့။ သူ့ဟန်ပန်က စိုးရိမ်တယ်လည်းမဟုတ်၊ ကြောက်တဲ့ဟန်လည်းမပြ။ တကယ့်ရင့်ကျက်သူကြီးလို။ သူက အဲလောက်ကိုအနေအထိုင်ပိရိတယ်။ ကျနော်တို့ စာကြည့်တိုက်အဖွဲ့ဝင် တစ်ယောက်က ထောပနာပြုဖူးတယ်။ “သူ့ပုံကြီးကိုက မဟုတ်တာပြောရင်တောင် ယုံရမယ့်ရုပ်ကြီး” တဲ့။ ဦးလေးစိုးနဲ့ တစ်နေ့လုံးကုန်အောင် စကားထိုင်ပြောကြည့်၊ တစ်ဖက်လူပြောသမျှကို သူ့ခမျာမငြင်းတမ်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတာများ တကယ့်ကိုအားနာစရာကြီး။ ရယ်စရာရှိရင်တော့ သူက ဟန်မဆောင်တမ်း ၀က်ဝက်ကွဲအောင်ရယ်ချပစ်လိုက်တာ။ လူအတော်များများက သူနဲ့စကားပြော ရတာကို ကျေနပ်ကြတယ်။
ကျနော်စာကြည့်တိုက်ကို နောက်ဆုံးအကြိမ်ရောက်ဖြစ်တဲ့အချိန်မှာ အခြေအနေက အတော်ယိမ်းယိုင် နေပါပြီ။ နှစ်တိုင်း သူဦးဆောင်ပြုပြင်နေကျ စာကြည့်တိုက်လေးကို ခေါင်းမိုးမမိုးနိုင်တော့လို့ နီးစပ်ရာ အိမ်တစ်လုံးပေါ်မှာ စာအုပ်တွေပုံထားတာကို တွေ့လိုက်ရတယ်။ အသင်းသားတွေထံက ရန်ပုံငွေလည်း မှန်မှန်မရတော့ဘူးထင်ပါရဲ့။ ကျနော်ရောက်ဖူးနေကျ သစ်သားပျဉ်ထောင်အိမ်ကြီးနေရာမှာ ၀ါးဘိုးကြမ်းခင်း အိမ်ငယ်တစ်ဆောင် အစားထိုးရောက်ရှိနေပေပြီ။
နောက် ၂ နှစ်လောက်အကြာ ကျနော်ရန်ကုန်မှာရှိနေတုန်း ဘတ်စ်ကားပေါ်မှာ ရွာကအသိတစ်ဦးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ဖြစ်ကြတယ်။ ကားပေါ်မှာတွဲလဲခိုစီးနေရင်း ရွာကအကြောင်းတွေပြောဖြစ်ရာက ဦးလေးစိုး ဇနီးဆုံးသွားတာကို သိလိုက်ရတော့တယ်။ မြစ်ကမ်းပြိုလို့ ရွာလည်းရွှေ့လိုက်ရပြီတဲ့။ ဒုတိယအကြိမ်မြောက် လူမမယ်သားတစ်ယောက်ကို အဖော်ပြုရင်း ဘ၀ကိုရုန်းကန် ဖြတ်သန်းနေရမယ့် သူ့ပုံရိပ်ကို ကျနော်မြင် ယောင်နေမိပါတယ်။ အရင်လိုအားမာန်အပြည့်ရှိ နိုင်ပါတော့မလား။ သန့်ရှင်းကြည်လင်သော သူ့အပြုံးနဲ့ နားဝင်ပီယံ သူ့ရယ်သံကို မြင်ရကြားရပါတော့မလား။ နေရာသစ်မှာ လူသစ်၊စိတ်သစ်နဲ့ ဘ၀သစ်တစ်ခုကို တည်ဆောက်နိုင်ပါစေလို့ မရဲတရဲ ဆုတောင်းနေမိပါတယ်။
ကျနော်တို့ရဲ့ဆုံရပ်ဂေဟာ စာကြည့်တိုက်အ၀င်ပေါက်နားမှာ ချိတ်ဆွဲထားတဲ့ စာကြောင်းလေးကို ယနေ့တိုင်မြင်ယောင်နေမိတယ်။
“မိမိ၏ ဇာတိချက်ကြွေမွေးရပ်မြေကို ချစ်ခင်မြတ်နိုးစိတ်သည် မိမိတိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသော မျိုးချစ်စိတ်၏ ဗီဇအခြေခံအုတ်မြစ်ပင်ဖြစ်ပါသည်” (ဟိုချီမင်း)

**ဝေမော်**
၁၀ ဒီဇင်ဘာ ၂၀၁၁

--**From-Lubo**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)