ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 21, 2011

လူထုကျန်းမာရေး (အများဆုံးပြဿနာပေးတဲ့ အူအတက် )

>

**Public Health*

အူအတက်ရောင် ရောဂါနှင့် ပါတ်သက်ပြီး သိသင့် သိထိုက်သော အရာများကို အမေးအဖြေဖြင့် ဖော်ပြပေးလိုက်ပါသည်။
မေး ။ ။ အူအတက်ရောင်ရောဂါဆိုတာ သေချာသွားပြီဆိုရင် ဘာလုပ်ပေးသင့်ပါသလဲ။
ဖြေ ။ ။ ရောဂါရာဇဝင် မေးမြန်းပြီးလူနာကို စမ်းသပ်တွေ့ရှိရမှုတွေနဲ့ မလုံလောက်သေးတဲ့အခါမှာတော့ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု၊ ပုံရိပ်ဖော် စမ်းသပ်မှုစတာတွေ ပြုလုပ်ပေးရပါတယ်။ ဓာတ်ခွဲခန်း သွေးစစ်ဆေးမှုမှာတော့ Complete Picture ခေါ်တဲ့သွေးရဲ့ ဟေမိုဂလိုဘင်ရာခိုင်နှုန်း ( Haemoglobin Percent )၊ သွေးဖြူဥစုစုပေါင်း အရေအတွက်နဲ့ သွေးဖြူဥအမျိုးအစားအလိုက် အရေအတွက်အပြင် သွေးမွှားဥအရေအတွက်ကိုပါ စစ်ဆေးရပါတယ်။ ဟေမိုဂလိုဘင်ရာခိုင်နှုန်းကိုကြည့်ပြီး လူနာရဲ့ သွေးအားပြည့်ဝမှုအခြေအနေကို သိရှိနိုင်ပါတယ်။ ဒါမှ ခွဲစိတ်မှုကို ခံနိုင်ရည်ရှိ၊ မရှိ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ သွေးဖြူဥ စုစုပေါင်း အရေအတွက်ကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ရောင်ရမ်းနေပါက ပုံမှန်ပမာဏ ထက် များနေတတ်ပါတယ်။ သွေးဖြူဥ အမျိုးအစား အလိုက် စစ်ဆေးမှုကတော့ ရုတ်ခြည်း ရောင်ရမ်းမှုဖြစ်တာလား၊ နာတာရှည် ရောင်ရမ်းမှုလားဆိုတာ ခွဲခြားဖို့ဖြစ်ပါတယ်။ ရုတ်ခြည်း အူအတက်ရောင်ရောဂါမှာတော့ သွေးဖြူဥစုစုပေါင်း ပမာဏဟာ များနေသလို Neutrophil ဆိုတဲ့ သွေးဖြူဥအမျိုးအစားရဲ့ ရာခိုင်နှုန်းဟာ ပိုများနေတတ်တာမို့ ထိုလူနာဟာ အူအတက်ရောင် ရမ်းမှုရောဂါဖြစ်နေပြီဆိုတာ အခွင့်အလမ်းများနေပါတယ်။ ဝမ်းဗိုက်ကို အာလ်ထရာဆောင်း ဓာတ်မှန်ရိုက် စမ်းသပ်မှုမှာတော့ စက်နဲ့ စမ်းသပ်သူရဲ့ အရည်အသွေးပေါ်လိုက်ပြီး အူအတက်ရောင်ရမ်းမှုရှိ၊ မရှိကို သေချာစွာ သိရှိနိုင်ပါတယ်။ အဲဒီစမ်းသပ်မှု တစ်မျိုးတည်းနဲ့တော့ အတည်ယူလို့မရဘဲ လူနာရဲ့ ရောဂါလက္ခဏာ၊ အခြေအနေတွေနဲ့ ဆက်စပ်ပြီး သုံးသပ်ဆုံးဖြတ်ရမှာဖြစ်ပါ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ကြည့်ရာမှာတော့ အူအတက်ဝန်းကျင်က အူတွေဟာ ရောင်ရမ်းမှုအရှိန်ကြောင့် ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ဖောင်းကားလာခြင်း ( Local lleus ) ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ အထက်ပါ စမ်းသပ်စစ်ဆေးမှုတွေက ရောဂါဖြစ်ကြောင်း ညွှန်ပြနေပြီဆိုရင်တော့ အူအတက် ရုတ်ခြည်းရောင်ရမ်းမှု ရောဂါဖြစ်ဖို့ ၉၅ ရာခိုင်နှုန်းကျော် သေချာသလောက်ရှိပါတယ်။ ရာနှုန်းပြည့်သေချာပြီလို့ မဖော်ပြတာကတော့ ဆေးပညာလောကမှာ ရာနှုန်းပြည့် မှန်တယ်၊ မှားတယ်ဆိုတာ အလွန်ရှားပါးလှလို့ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီလို စစ်ဆေးမှုတွေ ပြုလုပ်ပြီးသော်လည်း အူအတက်ရောင်ရောဂါမှန်း မသေချာသေးပါက သမားတော်အနေနဲ့ ဘာလုပ်ပေးသင့်ပါသလဲ။

ဖြေ ။ ။ အခြား ဆင်တူယိုးမှား ရောဂါတွေလည်း ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေ မပေါ်လာသေးတာလည်း ဖြစ်နိုင်ပါတယ်။ စာရေးသူ အနေနဲ့ကတော့ Watch and Proceed မူကိုကျင့်သုံးပါတယ်။ ဒါကဘာလဲဆိုတော့ ရောဂါလက္ခဏာတွေ ထပ်ပေါ်လာသလား၊ ပျောက်သွားသလားဆိုတာ စောင့်ကြည့်စစ်ဆေးပါတယ်။ ရောဂါသက်သာ ကောင်းမွန်သွားပါက လူနာလည်း စိတ်ချမ်းသာပြီး၊ မိမိလည်းအလုပ်သက်သာသွားပါတယ်။ ဒါပေမယ့် မိမိမှာတော့ တာဝန်ပိုကြီးပြီး လူနာရဲ့ ရောဂါလက္ခဏာအခြေအနေတွေကို မကြာခဏ စစ်ဆေးနေဖို့တော့ အထူးလိုအပ်ပါတယ်။ ဒါမှ ရောဂါအခြေအနေ ဆိုးလာတဲ့အခါ အချိန်မီ အန္တရာယ်မများခင် ခွဲစိတ် နိုင်မှာဖြစ်သလို အခြားရောဂါလက္ခဏာတွေ ထပ်ပေါ်လာတဲ့အခါဆိုရင်လည်း ဘာရောဂါဆိုတာ ပိုပြီးတိတိကျကျ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီမူက Wait and See နဲ့ မတူပါဘူး။

အဲဒါက “စောင့်ကြည့်”တာပေါ့ဆိုတာပါပဲ။ ပြန်ပြန်ပြီး အခါခါ စစ်ဆေးမှုတွေ မပါသလို ဘယ်တော့ ခွဲစိတ်ဖို့ ဆုံးဖြတ် တယ်၊ မဆုံးဖြတ်ဘူးဆိုတာ မပါပါဘူး။ စာရေးသူတို့ ငယ်စဉ်က ဆရာသမားတွေက မှတ်မိလွယ်အောင် သင်ပေးလိုက်တာ ဖြစ်ပါတယ်။ နောက်မူတစ်ခုကတော့ “open and see” ဆိုတဲ့ မသေချာရင် ဗိုက်ဖွင့်ကြည့်ပေါ့ ဆိုတာပါပဲ။

ဒါကတော့ သိပ်အလုပ်များတဲ့သူတွေအတွက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ဖို့မလိုတဲ့သူကို ခွဲစိတ်မိပါက မိမိအနေနဲ့ စိတ်ပူနေရပြီး မကြာခဏ သွားစမ်းသပ်ရတာ မလုပ်ရပေမယ့် လူနာအနေနဲ့တော့ အတော်လေး ထိခိုက်နိုင်ပါတယ်။ တချို့လူနာတွေက ခွဲတော့ခွဲတယ်၊ ရောဂါလည်းမပျောက်ဘူးဆိုကာမကျေမနပ် ဖြစ်တတ်ပါတယ်။ ဒါဟာ Open and See Policy ကြောင့် ဖြစ်နိုင်ပါတယ်။ “ Watch and Proceed” လုပ်ရင်တော့ လူနာရဲ့ ရောဂါ အခြေအနေ ပြောင်းလဲနေတာကို အချိန် နဲ့တစ်ပြေးညီ သိရှိနိုင်ပြီး ခွဲစိတ်ဖို့လို၊ မလိုကိုလည်း အချိန်မီ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သမားတော်အနေနဲ့တော့ တကူးတက အပင်ပန်းခံပြီး လူနာကို မကြာခဏ စစ်ဆေးနေဖို့တော့ လိုအပ်လှပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှပဲ လူနာအခြေအနေ တစ်ခုခုပြောင်းလဲတာနဲ့ သိရှိပြီး အခြေအနေမလွန်မီ အန္တရာယ်နည်းနည်းနဲ့ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်မှာဖြစ်ပါတယ်။ တချို့လူနာတွေမှာတော့ ဆေးဝါးနဲ့ ကုသရင်း ရောဂါပျောက်ကင်းသက်သာသွားလို့ ခွဲစိတ်ဖို့ မလိုဘဲလည်း ဖြစ်တတ်ပါတယ်။
မေး ။ ။ အူအတက်ရောင်ရောဂါနဲ့ ဆင်တူယိုးမှားရောဂါတွေကော ရှိပါသလား။
ဖြေ ။ ။ အူအတက်ရောင်ရောဂါဟာ ရုတ်ခြည်းဗိုက်နာလာလို့ ခွဲစိတ်ဖယ်ရှားကုသမှု အများဆုံးလုပ်ပေးရတဲ့ ရောဂါဖြစ်သလို ဆင်တူယိုးမှား ရောဂါတွေကလည်း များပြားလှပါတယ်။ မခွဲစိတ်သင့်တဲ့ ဆင်တူယိုးမှား ရောဂါတွေ ဖြစ်နေတာကို ခွဲစိတ်မိရင်တော့ လူနာအတွက် အကျိုးမရှိဘဲ တစ်ခါတစ်ရံမှာ ဒုက္ခဖြစ်တတ်ကြပါတယ်။ ရောဂါဖြစ်စမှာ အစာမကြေတဲ့ ရောဂါလက္ခဏာတွေဖြစ်တတ်လို့ အစာအိမ်အတွင်း အမြှေးပါးရောင်ရမ်းတဲ့ Gastritis ရောဂါ၊ အူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းတဲ့ ( Duodenitis ရောဂါ၊ အထက်လှန်အောက်လျှော ( Gastroenteritis)၊ အူမကြီးရောင်ရောဂါ ( Colitis)၊ အူတွေကို နောက်ကျောနဲ့ ဆက်သွယ်ပေးထားတဲ့ အဆီပြင်ထဲက အဆီရည်ကျိတ်တွေ ရောင်ရမ်းတဲ့ (Mesenteric Adenitis)ရောဂါတွေနဲ့ မှားယွင်းတတ်ပါတယ်။ ရေယုန်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အသည်းရောင်ရောဂါတွေမှာလည်း အူအတက်ရောင်ရောဂါနဲ့ ဆင်တူတဲ့ ဝေဒနာလက္ခဏာတွေ ပေါ်တတ်ပါတယ်။ အူအတက်ရောင်ရောဂါ အပြင်းအထန်နာလာတဲ့အခါ မှာတော့ မုန့်ချိုအိတ်ရောင်ရောဂါ၊ သည်းခြေအိတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်း ကျောက်တည်ရောဂါ၊ အူတွေရဲ့ သွေးကြောအတွင်း သွေးခဲတဲ့ Mesenteric Thrombosis ရောဂါဝမ်းဗိုက်အတွင်း အူလမ်းကြောင်း ပိတ်ဆို့တဲ့ Intestinal Obstruction ရောဂါတွေနဲ့ ဝှေးစေ့၊ ဝှေးစေ့အညှာ ( Spermatic Cord) တွေ ရောင်ရမ်းခြင်း၊ အူကျွံကျရောဂါ (Hernia) တွေမှာလည်း အူအတက်ရောင်ရောဂါနဲ့ ဆင်တူယိုးမှား လက္ခဏာတွေ ပေါ်တတ်ပါတယ်။ ရင်ခေါင်းထဲမှာ ရှိတဲ့အဆုတ် ဒါမှမဟုတ် အဆုတ်အမြှေးပါးတွေ ရောင်ရမ်းနေပါကလည်း ဝမ်းဗိုက်ညာဘက်မှာပါ နာပြီး အူအတက်ရောင်ရောဂါနဲ့ မှားတတ်ပါတယ်။ အမျိုးသမီးးတွေမှာတော့ တင်ပါးဆုံရိုးကွင်းအတွင်းရှိ သားဥြွပန် ရောင်ရမ်း ( Salpingitis ) ခြင်း၊ သားဥြွပန်သန္ဓေသားတည်ခြင်း ( Ectopic Pregnancy)၊ သားဥအိမ်အရည် အိတ် ( Ovarian Cyst) နဲ့ သားအိမ် အလုံးအဖုတွေ လိမ်ကျစ်ခြင်း ( Pedunculated Fibroid)၊ မမျိုးပွား လိင်အင်္ဂါများ ရောင်ရမ်းခြင်းနဲ့ Pelvic Inflammatory Disease တို့ကိုလည်း ရုတ်ခြည်း အူအတက်ရောင်ရမ်းခြင်းနဲ့ မှားတတ်ပါတယ်။ တကယ်တော့ အူအတက်ရောင်ရောဂါနဲ့ ဆင်တူတဲ့ အခြားရောဂါ တွေကလည်း များပြားလို့ တစ်ခုနဲ့တစ်ခု ခွဲခြားနိုင်ဖို့အတွက် ဒီရောဂါတွေအကြောင်းလည်း နှံ့နှံ့စပ်စပ် သိထားဖို့တော့ လိုပါတယ်။ ဝမ်းဗိုက်ညာဘက်အောက်ပိုင်း နာပါက အူအတက်ရောင်တာပဲလို့ ယေဘုယျ ပြောကြပေမယ့် အားလုံးတော့ မမှန်နိုင်ဘူးဆိုတာ ယခု ဆင်တူယိုးမှား ရောဂါတချို့ကို တင်ပြခြင်းဖြင့် စာရှုသူများ သတိထားစေချင်ပါတယ်။

မေး ။ ။ ဒီဆင်တူယိုးမှားရောဂါတွေနဲ့ အူအတက်ရောင်ရောဂါကို ဘယ်လိုခွဲခြားသိနိုင်ပါသလဲ။
ဖြေ ။ ။ ရောဂါရာဇဝင်နဲ့ ခံစားရမှုဝေဒနာကို အသေးစိတ် ဂဃနဏမေးခြင်း၊ စေ့စေ့စပ်စပ် စမ်းသပ်ကြည့် ရှုစစ်ဆေးခြင်း (လိုအပ်ပါက စအိုအတွင်း လက်ညှိုးထည့်ကာ စမ်းသပ်စစ်ဆေးခြင်း) နဲ့ တင်ပြခဲ့တဲ့ ရောဂါ ရှာဖွေရေး ဓာတ်ခွဲစမ်းသပ်ခြင်း၊ အသံလှိုင်းနဲ့ စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ၉၀ ရာခိုင်နှုန်းကျော်မှာ ဆင်တူယိုးမှားရောဂါများနှင့် ရုတ်ခြည်းအူအတက် ရောင်ရမ်းသော ရောဂါများကို ခွဲခြား သိနိုင်ပါတယ်။ ဒီအပတ်မှာတော့ ဒီမှာ ခေတ္တရပ်နားပြီး နောက်အပတ်မှာ ဒီအူအတက်ရောင်ရောဂါ၏ နောက်ဆက်တွဲရောဂါများ ကုသပေးမှုများ၊ ဘယ်တော့၌ ခွဲစိတ်ဖို့ သင့်၊ မသင့် စတာတွေကို အနည်းငယ် အသေးစိတ် ဆက်လက်ဆွေးနွေးတင်ပြပါမည်။

Ref:Health Digest

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)