မင်္ဂလာပါခင်ဗျာ။ ။ ဒီကနေ့ မနက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ ဘန့်ဆောင်ခွဲရပ်ကွက်ကြီး မူလယူကလစ်တန်းနေရာမှာ ကရင်လူငယ်များအစည်းအရုံး(KYO) ကော်မူးရာအထူးဒေသရဲ့ “ဆောင်းရာသီ အားကစားပြိုင်ပွဲတွေ” စတင်ကျင်းပတာ တွေ့ရပါတယ်။
ကရင်လူငယ်ခေါင်းဆောင်တွေကဦးစီးကျင်းပတာဖြစ်ပေမယ့် ရွှေကရင်တိုင်းရင်းသားတွေသာမက မြန်မာ
အလုပ်သမားအလွှာပေါင်းစုံကလည်း ပါဝင်ယှဉ်ပြိုင်ကြတာတွေ့ရပါတယ်။ ဒီကနေ့ ပြိုင်ပွဲပေါင်းစုံဖွင့်ပွဲမှာ အမျိုးသား ဘောလုံးအသင်း (၇)သင်း၊ အမျိုးသမီးဘောလုံးအသင်း(၂)သင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အမျိုးသားဘောလုံးအသင်း(၇)သင်းကို ကြည့်မယ်ဆိုရင်
1. မဲဆောက်၊ ဘန့်ဆောင်ခွဲရပ် နွားဈေးအသင်း၊
2. ယူကလစ်တန်း (အ၀င်းကုန်း) အသင်း၊
3. လွမ်းညကုန်းအသင်း၊
4. ကြူကီစက်ရုံအသင်း၊
5. ကော့ကျိုက်ကုန်းအသင်း၊
6. မူလယူကလစ်ကုန်းအသင်း၊
7. အနာဂတ်သစ်ရပ်ကွက် (ခေါ်) မဲဆောက် မြူနီစပါယ် အမှိုက်ပုံကြီးအသင်း
တို့ပဲဖြစ်ပါတယ်။ အမျိုးသမီး ၂ သင်းကတော့ လွမ်းညကုန်းအသင်းနဲ့ နွားဈေးအသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။ မဲဆောက်မြို့ အနောက်မြောက်ပိုင်းကကျေးရွာတစ်ရွာလိုဖြစ်နေတဲ့ ဘန့်ဆောင်ခွဲ ရပ်ကွက်ကြီးမှာ ဒီကနေ့ ဘယ်လိုဆင်နွှဲကြမယ်ဆိုတာ ဓာတ်ပုံလေးတွေရှုစားကြပါဦး။
**ကရင်လူငယ်များ အစည်းအရုံးကော်မူးရာအထူးဒေသ ဥက္ကဌမှ အမှာစကားပြောကြားနေစဉ်**
** ကော်မူးရာအထူးဒေသ၊KYO အတွင်းရေးမှူးမှ အမှာစကားပြောကြားနေစဉ်**
** ရွှေ့ပြောင်း အလုပ်သမားအကျိုးဆောင် JACBA အဖွဲ့ ဥက္ကဌမှ အမှာစကားပြောကြားနေစဉ်**
**ပရိသတ်များနဲ့ အားကစားပွဲမြင်ကွင်း**
** ဘောလုံးကွင်းထဲမှာ နေရာယူကြပုံ**
** ဆွဲရေးကတော့ မုန့်ဟင်းခါးပါပဲ**
သတင်း - သောင်ရင်းနဂါး

No comments:
Post a Comment