ဗြိတိန်နိုင်ငံမှ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ ဒီအန်အေ မျိုးဗီဇ မှာ အချောင်းတစ်ချောင်း ( extra stand) ပါလာတဲ့ အတွက် ကမ္ဘာ့ပထမဆုံး ဒီအန်အေအပိုပါတဲ့ကလေးအဖြစ် သတ်မှတ်ခံလိုက်ရပါတယ် ။ အသက်နှစ်နှစ် သာရှိသေးတဲ့ Alfie Clamp စာ Warkwickshire - Nuneaton မှဖြစ်ပြီး မွေးလာစဉ်က အမြင်အာရုံ ချို့ယွင်းနေခဲပါတယ် ။ ဒါ့အပြင် အခြား ပြင်းထန်တဲ့ ချို့ယွင်းချက်ပေါင်းများစွာ (disabilities) တွေပါလာခဲ့ပြီး ဒါဟာ ဆရာဝန်တွေဖို့ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ခဲ့ပြီး စမ်းသပ်မှုပေါင်းစစ်ဆေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ရပါတယ် ။

သူတို့ရှာတွေ့ခဲ့တာကတော့ သူ့ရဲ့ ၇ ခုမြောက် ခရိုမိုဆုမ်းမှာ အပိုချောင်း (extra arm) ပါလာခဲ့ပြီး ဒါဟာ ကမ္ဘာပေါ် မှာ ဘယ်တုန်းကမှ မှတ်တမ်းတင်ဖူးခြင်းမရှိသေးတဲ့ တွေ့ရှိမှုတစ်ခုလည်းဖြစ်ပါတယ် လို့ Daily Mail မှာ ဖော်ပြထားပါတယ် ။
ဆရာတွေအတွက် ဦးနှောက်ခြောက်စရာကတော့ ဒါဟာ အလွန်ရှားပါးတဲအခြေအနေတစ်ခုဖြစ်ပြီး ဒီလို အရာအ တွက်သတ်မှတ်ဖို့ရာ နာမည်တောင်မရှိခဲ့ပါဘူး ။ ဒါအပြင် ဒီကလေးရဲ့ အသက်ရှင်မှု ရာခိုင်နှုန်း နဲ့တကွ တိုးတက်လာမှု စတာတွေကို ခန့်မှန်းဖို့ရာကလည်း စဉ်းစားတွေးခေါ်ဖို့ရာ ခက်ခဲလှပါတယ် ။ သူ့မိဘတွေဖြစ်တဲ့ Gemma နဲ့ Richard Clamp တို့ကတော့ သူတို့ကလေးကို အိမ်ကိုပြန်ခေါ်လာတုန်းက တစ်ခုခုတော့ မှားနေခဲ့ပြီလို့ ခံစားခဲ့ရပါတယ်လို့ဆိုပါတယ် ။

ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူဟာ အသက်ရှုခြင်း ရပ်ဆိုင်းသွားပြီး နှုတ်ခမ်းတွေ ပြာလာခဲ့ပြီး အလျှင်အမြန်ပဲ ဆေးရုံကို တင်ခဲ့ရပါတယ် ။ သူ့ရဲ့ အခြေအနေကြောင့် ၃ လအ ရွယ်အထိ သူ့ကို ထိတွေ့မြင်ဖို့ရာ ခက်ခဲတဲ့အခြေအနေကြောင့်ဆေးရုံမှာပဲ အရေးပေါ်ကု သ မှုတွေပေးနေခဲ့ရတယ် ။ သူ့မှာ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်က ဗီတာ မင်တွေနဲ့အာဟာရတွေကို စုပ်ယူနိုင်ဖို့အတွက်ဆေးတွေရဲ့ အကူအညီကိုများစွာယူနေခဲ့ရပါတယ် ။
Clamps မှာ ဆယ်နှစ်အရွယ်အစ်မတစ်ယောက်ရှိပါတယ် သူမကတော့ ကျန်းမာနေခဲ့ပြီး ဒီအန်အေကတော့ သူ့အစ်မ မှာ ပုံမှန်ပဲဖြစ်ပါတယ် ။
http://www.rxpgnews.com/
**သက်တန့်ချို**
--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►

No comments:
Post a Comment