ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 4, 2011

ဟင်..အဲလိုကြီးလား.... လန်းစေသော်

>

"ဟင်.. အဲလိုကြီးလား" ကျွန်တော် အံ့ဩတကြီးမေးလိုက်တာကို မအံ့ဩတဲ့ပုံစံနဲ့ ကျွန်တော့ မိတ်ဆွေ စာရေးဆရာက မျက်လုံး တစ်ချက်လှန် ကြည့်တယ် ကိုယ့်လူရေ။ သူ့ပုံစံက ကျွန်တော် ဒီလိုမေးလာမယ် ဆိုတာ သိပြီး သားဆိုတဲ့ ပုံမျိုးပေါ့။

"ကိုယ်လည်း အိပ်မက်များလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆိတ်ကြည့်ရတယ်။ ဒါပေမယ့် အိပ်မက်မဟုတ်ဘူး၊ တကယ်ကွ" အင်း.. ဒီလိုဆို ခက်ချေပေါ့။

အရင်က ကြားဖူးဖတ်ဖူးတဲ့စကားငှားသုံးရရင် 'ကြားရ ကြားရ နားဝမှာမသက်သာပါ့လား' လို့ပဲဆိုရမလား၊ 'တော်ရှာပါတယ် အေ့ တော်ရေ့' လို့ပဲပြောရကောင်းမလား။ ကိုယ့်လူလည်း စဉ်းစားကြည့်နိုင်အောင် ပြောပြရရင် ဇာတ်လမ်းလေးက ဒီလို..ဒီလို။

စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့ ဖြစ်ပြီး ကားနဲ့ဆိုရင် ခက်ခက်ခဲခဲ ခရီးနှင်ရတဲ့ ကလေးမြို့ဆီကို စာရေးဆရာ ဇော်ခိုင်ဦးနဲ့ အခြားစာရေးဆရာ တစ်ဦး၊ စာရေးဆရာမတစ်ဦးတို့ စာပေဟောပြောပွဲ ဖိတ်လို့ ရောက်သွားကြပါသတဲ့။

ပွဲကကလေးမြို့က ကားသင်းတစ်သင်းရဲ့ ကထိန်အောင်ပွဲအဖြစ် အောင်ရတနာကျောင်းတိုက်မှာ ကျင်းပ ခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ သုံးရက် နေ့ကပေါ့။

အဲဒီမှာ ဟောပြောပွဲညမရောက်ခင် နေ့ခင်းပိုင်းမှာ လက်ဖက်ရည်ဆာလာတဲ့ စာရေးဆရာအပေါင်းဟာ မြို့ခံ တစ်ယောက်နဲ့အတူ မြို့ထဲက လက် ဖက်ရည်ဆိုင်တစ်ဆိုင်ဆီကို ထွက်ခဲ့ကြပါရော။

မြို့ထဲက စည်ကားတဲ့ လက်ဖက်ရည် ဆိုင်ဆိုတော့ လူတွေကလည်း စုစုခဲခဲ စည်စည်ကားကားပေါ့လေ။

စာရေး ဆရာတို့လည်း ၀င်ထိုင်ကြတာပေါ့။ ဒီမှာပဲ စာရေးဆရာတို့ ထိုင်ထိုင်ချင်း ဆိုင်ရှင်အမျိုးသမီးက ကောင်တာက နေ ကိုယ်တိုင် ကိုယ်ကျထလာပြီး စာရေးဆရာတို့အုပ်စုထဲက စာရေး ဆရာမကို ထောင့်ချိုးအကွယ်လေးကို ပြောင်းထိုင်ဖို့ လာပြောပါသတဲ့။

အလို၊ ကလေးမြို့က လက်ဖက်ရည် ဆိုင်များဟာ ကက်စတန်မာစိတ်ကြိုက် ထိုင်ချင်တိုင်းထိုင်လို့ မရလေရော့သလား။

လက်ဖက်ရည်သောက်သူတွေ များလွန်းလို့ ၀ိုင်းမှာလူထပ်ဖြည့်ချင်တာ ကြောင့်များလား။ ဒါမှမဟုတ် တနယ် တရပ်ကလာရတဲ့ စာရေးဆရာမမှန်းသိပြီး လေသင့်ရာထိုင်မိရင် လေစိမ်းမိမှာ စိုးရိမ်လို့ ဂရုတစိုက်ပြုမူလေရော့ သလား။

ဒီမှာပဲ စာရေးဆရာဇော်ခိုင်ဦးက ဆက်ပြောပြတော့ ကျွန်တော်လည်း 'ဟင်..အဲလိုကြီးလား' လို့ မေးမိတာပါပဲ။

"အဲဒီဆိုင်မှာ ထိုင်နေတဲ့သူတွေက အနည်းဆုံး အယောက် ၄၀ လောက်ရှိတယ်။ တီဗီတစ်လုံးနဲ့ ဇာတ်ကားပြနေတာကို ၀ိုင်းကြည့် နေကြတာ။ အစပိုင်းတော့ ကိုယ်လည်း ရိုးရိုးဇာတ်ကားပဲ ထင်နေတာပေါ့။ နောက်မှ ညစ်ညမ်း ဇာတ်ကားမှန်း သိရတာ"တဲ့။

ဪ..ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအဖြစ် အသွင်ကူးပြောင်းရာမှာ လွတ်လပ်ခေတ်မီစွာ ပါဝင်နေကြလေ ရော့သလား။

မြို့လယ်ကောင်မှာ ဟင်းလင်း ဖွင့်ထားပြီး ယောက်ျားမိန်းမ၊ အများသူငါ ဥဒဟိုဝင်ထွက်သွားလာ နေကြတဲ့ နေ့ခင်းကြောင်တောင် မွန်းလွဲ ၂ နာရီအချိန်လောက်ကြီးမှာ ဒွေးနှစ်ဖော်ဟ၀ှာပြုနေတာကို ပြတဲ့သူ ကပြ၊ လက်ဖက်ရည်သောက်ရင်း အားပေးနေသူတွေ ကလည်း အားရ ပါးရပါပဲတဲ့။

မျက်နှာတွေ ရှိန်းဖိန်းတက်လာလို့ စာရေးဆရာတို့လူသိုက် ထပြန် ပြေးရပါပေါ့။

ဘာကြောင့်လဲ။

ဘာကြောင့် ဒီလိုရဲရဲ တင်းတင်းလုပ်ရဲတာလဲ။

ဘာကြောင့် ဒီလို ရဲရဲတင်းတင်းလုပ်ခွင့်ရနေတာလဲ။

သူတို့ကို တားမယ့်သူတွေကရော။

မဟုတ်မမှန်တာလုပ်ဖို့အရှက် အကြောက်ကြီး ပါတယ်ဆိုတဲ့ မြန်မာ လူမျိုးတွေကြားမှာ ဒီလိုလူတွေ ဘယ်လောက်များနေပြီလဲ။

"တော်တော်ကို မျက်နှာပူစရာ၊ ရှက်စရာကိစ္စပါပဲ။ ကောင်တာထိုင်တဲ့ဆိုင်ရှင် အမျိုးသမီးမျက်နှာကလည်း အပြောင်းအလဲမရှိ ပုံမှန်ပဲ။ ကျွန်တော်တို့နဲ့ ပါလာတဲ့ မြို့ခံကိုမေးကြည့်တော့ 'ဟုတ်တယ် အစ်ကိုရေ၊ ဒီလိုဇာတ်ကားတွေပြမှ ဆိုင်တွေကလူစည်လို့ ပြရတာ'တဲ့။

ကျွန်တော် ဒီလိုအဖြစ်အပျက် ကြုံရတာကို တော်တော်အံ့ဩမိတယ်။ ကူးစက်ရောဂါမျိုး ဖြစ်တယ်ဆိုတာက တားမြစ် လို့ရဦးမယ်၊ အခုလို မြန်မာ့လူ့ အဖွဲ့ အစည်းရဲ့ ကုတင်ခြေရင်းကို အလွယ်တကူရောက်လာတဲ့ မဖွယ်မရာ ဇာတ်ကားတွေကို အများသူငါလာ ထိုင်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ စီးပွားရေးကြောင့် ဖွင့်ပြထားရပါတယ်ဆိုတာမျိုးက တွေးကြည့်ရင်တော်တော် ကြောက်စရာ ကောင်းနေပါတယ်"လို့ ရွှေအမြုတေ စာပေဆုရထားတဲ့ ဆရာ ဇော်ခိုင်ဦးက စိတ်မသက်မသာနဲ့ ပြောပါရဲ့။

ကလေးမြို့ဟာ ကားလမ်းက သွားရ ခက်ပေမယ့် လေဆိပ်ရှိတဲ့ မြို့ကြီး တစ်မြို့ပါ။ မြို့အရှေ့ပိုင်းမှာ မြန်မာ လူမျိုးတွေ နေထိုင်မှု များပြီး လက်ဖက်ရည်ဆိုင် အများအပြားရှိကြောင်း၊ အဓိကလမ်းမတွေနဲ့ တစ်လမ်းနှစ်လမ်း သာကွာဝေးတဲ့ အတွင်းပိုင်းလမ်းတွေ ထဲက လက်ဖက် ရည်ဆိုင်အချို့မှာလည်း အဲဒီလိုဇာတ် ကားတွေပြတယ်လို့မြို့ခံက ပြောကြောင်း စာရေးဆရာကပြောပါတယ်။

အင်း၊ ခေတ်..ခေတ်။ တားမရ ဆီး မရ၊ မှန်းမရဆမရ၊ သူဖြစ်ချင်သလို ဖြစ်နေပါပေါ့လား။

လူမှုကွန်ရက် အင်တာနက်မှာ ဟိုလိုဒီလို ဇာတ်လမ်းတွေပြန့်သွားတဲ့ ဟိုမင်းသမီးလေးက နာမည်မကျဘဲ ဟုန်းဟုန်းထသွားပါတယ်။

ဒီလထုတ်မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြထားတဲ့ ပွဲတက်လာတဲ့အဆိုတော် သရုပ်ဆောင်မလေးတစ်ယောက် ၀တ်စားထားပုံက အပေါ်က ဇာပ၀ါပါး၊ အောက်က ရင်စည်းလေးနဲ့ ဗိုက်သားက ထင်ထင်ရှားရှား။

လမ်းပေါ်ထွက်လိုက်ရင်၊ စာစောင် မဂ္ဂဇင်းတွေထဲ ကြည့်လိုက်ရင် ကလေးမလေးတွေဝတ်တဲ့ ဘောင်းဘီကလေးတွေက အပြိုင်အဆိုင် တိုတိုလိုက်လာသလားလို့။

ဒီလိုပြောနေလို့ ကျွန်တော်ကရော ဒါတွေမြင်ရရှုရတာ မကြိုက်ဘူးလားတဲ့။

ဟုတ်ကဲ့၊ ဒီလိုမေးလာခဲ့ရင် ကျွန်တော်ဟာလည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် ဖွဲ့စည်းထားတဲ့ ယောက်ျား သားတစ်ယောက်ပါလို့ပဲ ပြောပါရစေတော့ခင်ဗျ။

ဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ..။

နိုင်ငံအရေး၊ အမျိုးသားရေး လှုပ်ရှားမှုတွေကို တက်ကြွစွာလုပ်သူတွေက လုပ်နေချိန်မှာ တစ်ဖက်မှာ စီးပွားရေးကြောင့်ဆိုပြီး အရှက် တရားကိုခွာကာ မဟုတ်မဟပ်တွေကို လူမြင်ကွင်းရှေ့ ပြောင်ပြောင်တင်းတင်း လုပ်ဝံ့သူတွေကို တွေ့ရတဲ့အခါ၊ ယဉ်ကျေးမှုကို ထိန်းဖို့ဆိုပြီး တစ်ဖက်မှာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲမျိုး ၀င်သူတွေက ၀င်နေချိန် မှာ တစ်ဖက်မှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး မောင်နဲ့ နှမ၊ သားနဲ့အမိ မကြည့် မမြင်ဝံ့တာတွေကို လူမြင်ကွင်းမှာ အုပ်စုလိုက်ဝိုင်းကြည့် နေတာမျိုးကို ကြားရတဲ့အခါ.. ကြောက်မိ၊ အံ့ဩမိ တာတော့ အမှန်ပါပဲ။

အံ့ဩလို့မှ မဆုံးသေးဘူး၊ ကလေးမြို့က မိတ်ဆွေတစ်ယောက်နဲ့ အင်တာနက်မှာ တွေ့မိပါတယ်။

သူကလည်း ဂျာနယ် စာမျက်နှာတွေပေါ်မှာ တွေ့တွေ့နေရတဲ့ မီဒီယာသမားတစ်ယောက်မို့ ကလေးမြို့က လက်ဖက်ရည်ဆိုင် အကြောင်း ထပ်မေးမိတော့..

"ဟုတ်တယ်ဗျ။ အခုနောက်ပိုင်းတော့ အဲဒီဘက် သိပ်မရောက်ဖြစ်တော့ဘူး။ အဲဒီနားမှာ ဆိုင်နှစ်ဆိုင်က အပြိုင်ဖြစ်နေတာ၊ တခြား ဆိုင်တွေက သူတို့လောက် မဆိုးဘူး။ တစ်ဆိုင်နဲ့ တစ်ဆိုင်က ဓာတ်မီး တိုင်ငါးတိုင်လောက်ပဲဝေးတာ။ ကျွန်တော်တို့မြို့ ဖြစ်နေတော့၊ ဒီအကြောင်းကြီးကလည်း မရေးမကောင်းဖြစ်နေတာ"လို့ ပြောပါတယ်။

အဲဒီဆိုင်မှာ သမီးအပျိုနှစ်ယောက်ရှိပြီး တစ်ယောက်ကဘွဲ့ရလို့ သိလိုက်ရတော့ ကျွန်တော့မှာ 'ဟင်..အဲလိုကြီးလား' ဖြစ်သွားရ ပြန်ပေါ့။ အခုနောက်ပိုင်းတွေ့ရတဲ့ မှုခင်းသတင်းတွေထဲမှာ မုဒိမ်းမှုတွေကို အရင်ကထက် အတွေ့ရများလာသလားလို့။

မယုံကြည်နိုင်စရာ အဆန်းတွေလည်း ပါရဲ့၊ နိုင်ငံရပ်ခြားက သတင်းတွေဆို ပိုဆိုးပါတယ်။

တစ်နေ့က မော်ဒန်သတင်း ဂျာနယ်ထဲမှာ ဖတ်လိုက်ရတာ၊ ဒီနိုင်ငံမှာ တစ်နှစ် မပြည့်သေးတဲ့ကာလအတွင်း ကလေးသူငယ် အမှုပေါင်း (ကလေးငယ် တွေသာဖြစ်ပြီး တခြားမပါသေးပါဘူး) ၄၄၀ ကျော်မှာ ၇၀ ကျော်က ကလေးငယ် တွေကို အဓမ္မကျင့်စော်ကားမှု တွေဖြစ်ကြောင်း တွေ့လိုက်ရပါတယ်။

ကျွန်တော်လေ..အမျိုးသားရေးနဲ့ဆိုင်တဲ့ ဒီလိုလူမှုရေး ယဉ်ကျေးမှု နယ်ပယ်သာ မကပါဘူး၊ မြန်မာတွေနဲ့ ပတ်သက်ပြီး ဘယ်နယ်ပယ် မှာပဲဖြစ် ဖြစ် 'ဟင်..အဲလိုကြီးလား'လို့ ထပ် ရေရွတ်ဖြစ်မှာကို ကြောက်မိပါရဲ့ ကိုယ့်လူရာ။

http://www.myanmar.mmtimes.com/2011/upper/546/upper10.html
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

**From-htar htar**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)