၂၀၁၂ခုနှစ်ဆန်းပြီဖြစ်သလိုဆယ်စုနှစ်တစ်ခုရဲ့နှစ်ခုမြောက်ကျော်လွန်ခဲ့ခြင်းလည်းဖြစ်ပါတယ်
။ ဒီအချိန်ဟာ စာဖတ်သူအတွက် ရည်မှန်းချက်အသစ်တွေ ချမှတ်နိုင်ဖို
့အတွက်အခါသင့်ပါပြီ။လူအများစုက
ရည်မှန်းချက်တွေ ချမှတ်ဖို့ ဖြစ်လာမှာပဲလို့ ပြောကြပါတယ်။
ဒီလိုသံသယတွေနဲ့ပြောကြာတာကိုနားထောင်နေမယ့်အစားကောင်းတဲ့ဘက်ကကြည်ကြရမှာပါ။
ကွန်ဖြူးရှပ်က ပြောဖူးပါတယ်။ “ လူတစ်ယောက်ဟာ ရည်မှန်းချက်မထားရင် ဘဝရဲ
့ထိုးနှက်တာကို ခံရဖို့ 
သေချာပါတယ်” တဲ့။
၁၉၅၃ ခုနှစ်မှာ ယေးတက္ကသိုလ်က ကျောင်းသားတစ်ခု
ဘွဲရခဲ့ကြတယ်။ဆယ်နှစ်ကြာတဲ့အခါ
မှာ ပြန်လည်တွေ့ ဆုံပွဲလေး လုပ်ကြတယ်။ လေ့လာကြည့်ကြတော့ သူတို
့အတန်းရဲ့ထိပ်ဆုံးကသုံးရာခိုင်နှုန်း
က ကျန်တဲ့ ကိုးဆယ့်ခုနှစ်ရာခိုင်နှုန်းထက် လာစာတွေ သုံးဆပိုပြီး
ရနေကြတာကို တွေ့ ကြရတယ်။ ခြားနား
ချက်ကတော့ သူတို့ အုပ်စုထဲက သုံးရာခိုင်နှုန်းက ဘဝမှာအောင်မြင်ဖို
့အတွက်ရည်မှန်းချက်တွေချမှတ်ခဲ့ကြ
တဲ့အတွက်ဆိုတာ သိရှိကြရတယ်။ ဒီအဖြစ်က စာဖတ်သူကို ရည်မှန်းချက်တွေ
ချမှတ်ဖို့ တွန်းအားဖြစ်ပေါ်
စေပါသလား။
စီးပွားရေသမားတစ်ယောက်က သူ့ ရဲ့ ပိုက်ဆံအိတ်ထဲမှာ သူ
့ရဲ့ ရည်မှန်းကို ကတ်ပြားလေး
ပေါ်မှာရေးပြီး ထည့်ထားပါတယ်။ အိတ်ထဲကပိုက်ဆွကိုထုတ်လိုက်တိုင်း
ကတ်ပြားလေးကို သတိထားပြီ။
ကြည့်ပါတယ်။ အဲဒီကတ်ပြားလေးက သူ့ ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို
အရောက်လှမ်းဖို့  အသုံးဝင်လှတဲ့ သ
တိပေးတဲ့ အရာလေးဖြစ်ပါတယ်။
ရည်မှန်းချက်တွေ ချမှတ်ဖို့  အကောင်းဆုံးနည်းလမ်းက
ဘာပါလဲ၊ လမ်းညွှန်ချက်အဖြစ် ဖြစ်
သင့်တဲ့ ရည်မှန်းချက်များက-
( ၁ ) မရ အရယူဖို့ တွန်းအားပေးခြင်း
သင်လိုလား တောင့်တအရေးကြီးတဲ့
ရည်မှန်းချက်တွေကို တစ်နည်းမဟုတ် တစ်
နည်းနဲ့ ရယူနိုင်အောင် ချမှတ်ပါ။ သင့်ကိုယ်သင် လှုံ
့ဆော်တွန်းအားပေးမယ်ဆိုရင် ရည်မှန်းချက်တွေ ရယူ
နိုင်ဖို့  ဖြစ်နိုင်ချေတွေ ပိုပြီး မြင့်တက်လာပါလိမ့်မယ်။
သင့်ရဲ့  အတွင်းစိတ်က အသံကို နားထောင်ကြည့်ပါ။
နောင်နှစ်ခါမှမဟုတ် နောက်ဆယ်နှစ်မှာ
သင်မဖြစ်မနေ ရယူရမည့်အရာတွေက ဘာတွေပါလဲ။
( ၂ ) အဓိပ္ပါယ်ပြည့်ဝဖို့ လိုအပ်ခြင်း
သင့်ရဲ့  ရည်မှန်းချက်တွေမှာ
အကြောင်းအရင်းရှိရပါမယ်။ သင်က သင့်ရဲ့ ဝင်ငွေကို အ
ဆင့်တစ်ဆင့်အထိ ရယူဖို့ ရည်ရွယ်တယ်ဆိုရင် အကြောင်းအရင်းက ဘာပါလဲ။

အဲဒီငွေနဲ့  သင်ဘာလုပ်ချင်ပါသလဲ။ သင်တိုးတက်ကောင်းမွန်တဲ့သူ ဖြစ်လာအောင် ဒီငွေက ဘယ်လိုဖန်တီးနိုင်ပါမလဲ။
သင့်ရဲ့  ရည်ရွယ်ချက်တွေထဲမှာ
အခြေခံအကြောင်းအရာတွေထည့်ပြီး စဉ်းစားပါ။
( ၃ ) တိတိကျကျ သတ်သတ်မှတ်မှတ်ဖြစ်ခြင်း
သင့်ရဲ့  ရည်မှန်းချက်တွေက ပိုပြီးတိကျမယ်ဆိုရင်
ရည်မှန်းချက်တွေ အပေါ်မှာ အာရုံစူး
စိုက်ဖို့  ပိုပြီး လွယ်ကူပါလိမ့်မယ်။ သင့်ရဲ့  ဦးနှောက်က အပူရှိန်ကို
ရှာဖွေနေတဲ့ ဒုံးကျည်နဲ့ တူပါတယ်။ သင့်
ဦးနှောက်ထဲက မသိစိတ်က သင့်စိတ်ထဲကို တိကျတဲ့ ရည်မှန်းချက်တွေကို
အလိုအလျောက် ညွှန်ကြားသ
ညာ ပေးရပါလိမ့်မယ်။ ရယူနိုင်ဖို့ ကိုလည်း ရှာဖွေပေးပါလိမ့်မယ်။
တိကျခြင်းနဲ့ အတူ ရိုးရှင်းခြင်းကလည်း
ကောင်းမြတ်ခြင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရိုးရှင်းပြီး
တိကျတဲ့ ရည်မှန်းချက်တွေကို ရည်ရွယ်ထားစေလိုပါတယ်။
( ၄ ) လက်ဆုပ်လက်ကိုင် ပြနိုင်ခြင်း
ပျော်ရွှင်ချမ်းမြေ့မှုကို ရည်မှန်းချက်အဖြစ်
စာရင်းသွင်းချင်ပါါသလား။ ဒါက ထိတွေ့ လို့ မရသ
လို တိုင်းတာလို့ လည်း မရပါဘူး။ ပျော်ရွှင်မှုနဲ့  အားရကျေနပ်ခြင်းကို
စားဖတ်သူ ဘယ်လို တိုင်းတာသတ်
မှတ်ပါသလဲ။ သင့်ရဲ့ ရည်မှန်းခထျက်တွေကို လက်ဆုပ်လက်ကိုင်
ပြနိုင်အောင်ကြိုးစားပါ။ သင်ထိတွေ့ နိုင်ပြီး
တိုင်းတာလို့ ရမယ့် တစ်ခုခုကိုဖြစ်ပါတယ်။ ထိတွေ့ လို
့ရနိုင်မယ်ဆိုရင်တိုးတက်လာတဲ့အမဆ အထောက်
အထား သာဓကကို သတိထားမိလာပါလိမ့်မယ်။

( ၅ ) တာဝန်ရှိခြင်း
သင့်ရဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် တခြားသူများမကို
ထိခိုက်နစ်နာစေမယ့် ရည်မှန်းချက်တွေကို
မချမိပါစေနဲ့ ။
.. “ ...အောင်မြင်ကြောင်း အထောက်အကူများ....”
အာရုံငါးမျိုးဖြစ်တဲ့ အမြင်၊ အကြား၊ အထိအတွေ့ ၊ အနံ့ ၊ အရသာတို
့ကို သင့်ရဲ့ ရည်မှန်းချက်တွေ
ထဲ ထည့်သွင်းပါ။ သင့်ရဲ့ ရည်မှန်းချက်များး ပိုပြီး ထင်ထင်ရှားရှာ်း
ဖြစ်လာပါလိမ့်မယ်။ ပွဲကြည့်သူလိုသဘော
ထားပြီး ရည်မှန်းချက်တွေကို မြင်လာအောင်ကြည့်ပါ။
သင်က တိုက်ခန်းတစ်ခန်း ဝယ်ယူလိုတယ်ဆိုရင် ဥပမာအားဖြင့် ဧည့်ခန်းက
ဘယ်လိုပုံစံဖြစ်မလဲဆို
တာ မြင်ယောင်ကြည့်လိုက်ပါ။ ပြတင်းပေါက်ကို ဖွင့်လိုက်တဲ့အခါ
ဘယ်လိုအသံတွေကို ကြားရမလဲ။ ကြမ်း
ပေါ်က ကော်ဇောရဲ့ အတွေ့ အထိ၊ မီးဖိုခန်းက ဟင်းချက်နေတဲ့ အနံ့ ၊
ထမင်းစားခန်းထဲက သင်ကြိုက်နှစ်
သက်တဲ့ ဟင်းရဲ့ အရသာတွေကို စိတ်ကူးပုံဖော်ကြည့်ပါ။
အာရုံငါးမျိုးကို သင့်ရဲ့ ရည်မှန်းချက်တွေထဲကို
ပေါင်းစပ်ကြည့်တဲ့အခါ သူတို့ က သင့်ရဲ့ အစိတ်အ
ပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။
...“ဆုချီးမြင့်ခြင်း”..........
ရည်မှန်းချက်ပန်းတိုင်ကို သွားရာလမ်းတစ်လျှောက်မှာ
ဆုလာဘ်များကို စာရင်းလုပ်ကြည့်
ပါ။ စိတ်လှုံဆော်ချက်ရဲ့  နိယာမက ဆုလာဘ်တစ်ခါရပြီးရင် ထပ်ခါတလဲလဲ
ရတတ်တယ်လို့ သတ်မှတ်
ထားပါတယ်။
ရည်မှန်းချက်တစ်စိတ်တစ်ပိုင်း အောင်မြင်တဲ့အခါ
သင့်ကိုယ်သင် DVD တစ်ချပ်၊ စာအုပ်တစ်
အုပ်၊ ကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုးစတဲ့ အသေးစားလက်ဆောင်လေးတွေနဲ့ 
ချီးမြှင့်လိုက်ပါ။
ဘယ်လောက်သေးငယ်တဲ့ဆု ဖြစ်ပေမယ့် သင့်ရဲ့ နောက်လာမယ့်အဆင့်ကို ရယူနိုင်ဖို
့တွန်းအားပေးတဲ့
အင်းအားအဖြစ် ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။
.......“ အဓိကမဟုတ်တဲ့ တိုးတက်မှုများ”.........
သင့်ရဲ့ ရည်မှန်းချက်တေါကို အဓိကမဟုတ်တဲ့ အရာများနဲ
့ဝန်မပိပါစေနဲ့ ။ ကံဆိုးတဲ့အချိန်များနဲ့ 
ရင်ဆိုင်ရတဲ့အခါမှာ ရည်မှန်းချက်တွေကို မပျောက်စေဘဲ ဆက်လက်ကြိုးစားပါ။
ဇွဲမလျှော့ခြင်းက အောင်
မြင်ခြင်းရဲ့ သော့ချက်ဖြစ်ပါတယ်။ အောင်မြင်သူအားလုံးက မဆုတ်မနစ်
ကြိုးစားအားထုတ်ကြတယ်။ စစ်
စလီ ( Sicilian ) စကားပုံတစ်ခုက ထိရောက်လှပါတယ်။
“ သင့်ရှေ့ မှာ တံခါးတစ်ချပ်က ပိတ်နေတဲ့အခါ ပွင့်နေတဲ့ အဓိက
ဂိတ်တံခါးကို ရှာဖွေပါ”.
ကြိုးစားလိုစိတ်များ အမြဲတန်းဖြစ်ပေါ်နိုင်ကြပါစေ........
**mrsorcerer**

No comments:
Post a Comment