ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 22, 2012

ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့

>
အစိုးရဖြစ်စေ၊ အုပ်ချုပ်သူဖြစ်စေ မည်မျှပင်ကောင်းမွန်သည် ဆိုငြားအံ့၊ ကာလရှည်ကြာ အပြောင်းအလဲမရှိလျှင် နိုင်ငံရေးအရ တည်ငြိမ်မှု ရှိလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ အားလုံးပါဝင်ခွင့်ရှိပြီး လူ့သဘာဝအရပင်လျှင် နိုင်ငံရေးအာဏာ မရဖူးသူက ရရန် ကြိုးပမ်းခြင်း၊ ရဖူးသူကလည်း ပြန်လည်ရရန် ကြိုးပမ်းခြင်းတို့ ကြုံတွေ့နေရမည်ဖြစ်သောကြောင့် နိုင်ငံရေးအာဏာကို အလှည့်မရသည့် နိုင်ငံရေး အင်အားစုများက တချိန်ချိန်တွင် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းကြမည်မှာလည်း ဓမ္မတာဖြစ်သည်။ ထိုအခါတွင် နိုင်ငံရေး မတည်မငြိမ်ဖြစ်လာပြီး တိုင်းပြည် လည်း နာသည်။ ထို့ကြောင့် အစိုးရဆိုသည်မှာ တစ်ဖွဲ့တည်းက ရေရှည်အုပ်ချုပ်နေလျှင်လည်း မကောင်း၊ အစိုးရအဖွဲ့တွေ မကြာခဏ ပြောင်းလဲနေလျှင် လည်းမကောင်း ဟူသည့်သဘောရှိပြီး ကာလအကန့်အသတ် အတိုင်းအတာတစ်ခုအတွင်း လူထုကို ရွေးချယ်ခွင့်ပေးထားခြင်း ဖြစ်ပေလိမ့်မည်။
ယနေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ခုကို ရောက်နေပြီဆိုသည်မှာ ငြင်းဆန်၍မရသည့် ကိစ္စပင်။ အစိုးရအဖွဲ့သစ်သည် လူဟောင်းများဖြင့် ပွဲထွက်လာသည် ဆိုသော်လည်း နိုင်ငံရေးလမ်းကြောင်းကတော့ အသစ်ဖြစ်နေပြီဖြစ်သည်။ ပို၍ထင်ရှားသည်မှာ စစ်အစိုးရပုံစံမျိုး မဟုတ်တော့ဘဲ လွှတ်တော်တွင် ပြည်သူကို ကိုယ်စားပြုသော ပလေယာအသစ်များ ပါဝင်ခွင့်ရလာပြီဖြစ်သည်။ လာမည့် ရွေးကောက်ပွဲ သုံးလေးခုအတွင်း အစိုးရအဖွဲ့တွင် ပလေယာအသစ်၊ မျက်နှာသစ်များ ထပ်မံတွေ့မြင်ရဖွယ်ရှိပါသည်။ အနီးစပ်ဆုံး လာမည့် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်ပင် လွှတ်တော်၌ မျက်နှာသစ်များ ထပ်မံတွေ့မြင်ရဖွယ်ရှိသည်။ သမ္မတ ဦးသိန်းစိန်နှင့် ဝါရှင်တန်ပိုစ့်တို့ တွေ့ဆုံမေးမြန်းအပြီးတွင် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အတွင်း ပါဝင်လာရေးမှာ ၎င်းအနေဖြင့် လက်ခံရမည့်ကိစ္စဟု ထုတ်ဖော် ပြောကြားခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်မှလည်း ပြည်သူ အတွက် အကျိုးရှိပါက အစိုးရအဖွဲ့အတွင်း ရာထူးရယူသွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားပြီးဖြစ်သည်။
တိုင်းပြည်၏ ပြောင်းလဲလာသော အခြေအနေများအပေါ် မူတည်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမြင်များလည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့ ထားခဲ့သော အမေရိကန် ပြည်ထောင်စုနှင့် အနောက်ဥရောပ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ လာရောက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် နီးကပ်စွာဆက်ဆံသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ဆက်တိုက်ဆိုသလို တွေ့နေရပြီဖြစ်သည်။ အာဆီယံဥက္ကဋ္ဌရာထူးကိုလည်း ၂၀၁၄တွင် စတင်ထမ်းဆောင်တော့မည်ဖြစ်ပြီး ပထဝီနိုင်ငံရေး အခြေအနေကြောင့် လွတ်လပ်သော အာဆီယံ ကုန်သွယ်မှုဇုန်ပေါ်အပြီးတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ရုတ်ခြည်းမြင့်တက်လာနိုင်မည့် အလားအလာကောင်းများလည်း မြင်တွေ့နေရပြီ ဖြစ်သည်။ ရေမြင့်လျှင်ကြာတင့်ဆိုသကဲ့သို့ပင် နိုင်ငံရေး၊ စီးပွားရေးများ ဖွံ့ဖြိုးမှုနောက်တွင် လူမှုရေးဖွံ့ဖြိုးမှုများလည်း ကပ်ပါလာပြီး ယင်းကြောင့် ဖြစ်ထွန်းလာသည့် အကျိုးဆက်များကို ခံစားရမည်မှာလည်း မြန်မာပြည်သူများပင်ဖြစ်ပါသည်။
ထိုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိရန် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲခရီးမှာ ၂၃ နှစ်တာမျှ ကြာမြင့်ခဲ့ရသည်။ နိုင်ငံရေးအင်အားစုများနှင့် မီဒီယာတို့မှာ အခွင့်အလမ်းပေါ်သည်နှင့် ဒီမိုကရေစီ အပြောင်းအလဲအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြရသည်လည်း ဖြစ်သည်။ အထူးသဖြင့် စာပေလွတ်လပ်ခွင့် အထိုက်အလျှောက်ရလာသည့် အချိန်မှစ၍ မီဒီယာမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ သည်။ အချို့သောမီဒီယာများမှာ ယနေ့ကဲ့သို့ နိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက်လာစေရေးအတွက် အပြင်းအထန်ဝေဖန်ခံ၍၊ ကြံ့ကြံ့ခံ၍ ရပ်တည် လာခဲ့ရသည်။ ထို့ကြောင့် မီဒီယာအနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် တာဝန်ကျေခဲ့သည်ဟုပင် ဆိုရမည်ဖြစ်သည်။

သို့သော် ယနေ့မီဒီယာများ၏ လုပ်ရပ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် မီဒီယာတို့ ပေးဆပ်ခဲ့ရသော စေတနာတွေကို ဝေဒနာတွေဖြစ်အောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်။ ဆိုရလျှင် မီဒီယာတွေကိုယ်တိုင်က ၎င်းတို့ ကြိုးပမ်းခဲ့သော နိုင်ငံရေး ပြောင်းလဲမှုကို နောက်ကြောင်းပြန်လှည့်အောင် လုပ်နေကြခြင်းဖြစ်သည်။ ထင်ရှားမြင်သာသည့်ကိစ္စမှာ အန်ကယ်ကြီးကို ပရိုမိုးရှင်းလုပ် ပွဲထုတ်လာကြခြင်းဖြစ်သည်။ မားသားကြီး ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဘရားသားကြီးဆိုသည်မှာ ကိုမင်းကိုနိုင်ဟု ပြောဆိုသုံးနှုန်းကြသဖြင့် အန်ကယ်ကြီးဆိုသူမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ဆိုလိုခြင်းဖြစ်ကြောင်း စာရှုသူအနေဖြင့် သဘောပေါက်နိုင်ပါလိမ့်မည်။ စနေနေ့ နံနက်ပိုင်းထုတ် ရန်ကုန်ခရော်နီကယ် အပတ်စဉ်ထုတ်စာစောင် ခေါင်းကြီးပိုင်းတွင် အယ်ဒီတာဖြစ်သူက “ကျားသေကိုအသက်သွင်းကြသူများသို့” ဟု ခေါင်းစဉ်တပ်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို နိုင်ငံရေးလောကထဲ ပြန်ဆွဲခေါ်ရန် ကြိုးပမ်းနေသည့် မီဒီယာများကို သတိပေးထားသည်ကို ဖတ်လိုက်ရသည်။

အင်တာနက်စာမျက်နှာများတွင်လည်း ဦးခင်ညွန့် နိုင်ငံရေးထဲ ပြန်ဝင်သင့်၊ မဝင်သင့်၊ ယခင်က ဦးခင်ညွန့် ကျူးလွန်ခဲ့သော လူသားချင်း မတရားမှုများကို သင်ပုန်းချေပေးသင့်၊ မပေးသင့် စသည်ဖြင့် အငြင်းပွားသည့် စာတွေလည်း ဆက်တိုက်ဆိုသလို တွေ့လာရသည်။
ထို့ကြောင့် မီဒီယာများအား နိုင်ငံရေးပြောင်းလဲမှုကို ဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်နေသနည်းဟု မေးခွန်းထုတ်ရမလို ဖြစ်လာသည်။ အထက်ကဆိုခဲ့သော ရန်ကုန်ခရော်နီကယ်ခေါင်းကြီးကဲ့သို့ပင် စောင်ရေတက်လို၍လော၊ မသိနားမလည်၍လော၊ သို့တည်းမဟုတ် မည်သို့မည်ပုံ ပြောင်းပြောင်း ပြောင်းဖို့ကအဓိက ယခင်ကစစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီဖြစ်အောင် ပြောင်းခဲ့သည်၊ ယခု ဒီမိုကရေစီမှ စစ်အုပ်ချုပ်ရေးဖြစ်အောင် ပြန်ပြောင်းလိုက်ဦးမည်ဟူသည့် စေတနာတွေကြောင့်လောဟူ၍ အမှန်တကယ်ပင် မေးစရာ၊ တွေးစရာတွေ ပေါ်လာပါသည်။ အမည်တပ်၍ အပြစ်ဆိုရလျှင် လျှပ်တပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် အန်ကယ်ကြီးတို့ပြုလုပ်သော အင်တာဗျူးမှာ စိတ်မချမ်းသာစရာပင်။ ဦးကျော်ဆန်း၏ လက်ကိုင်ဒုတ်ဟု ကင်ပွန်း တပ်ခံရလောက်အောင်ပင် ဦးမြတ်ခိုင်မှာ အန်ကယ်ကြီးကို မြှောက်ထိုးပင်ကော်လုပ်၍ နိုင်ငံရေးအတွင်းပြန်လာရန် ညိုမြလုပ်နေသည်။ နောက် ဂျာနယ်တစ်စောင်မှာ ဖေးဘရိတ်ဂျာနယ် ဖြစ်သည်။ တိုင်းပြည်ကို ယနေ့တိုင် နာလံပြန်မထူနိုင်အောင် လုပ်သွားခဲ့သော ဦးနေဝင်းမိသားစုမှ မြေးဖြစ်သူ ဇွဲနေဝင်းကို သတင်းလုပ်၍ ဖော်ပြလိုက်သေးသည်။ နိုင်ငံရေးနှင့် မည်သို့မျှမပတ်သက်သော မာဖီးယားကို ပွဲထုတ်သည့် ထိုမီဒီယာ၏ ရပ်တည်ချက်ကိုလည်း နားလည်၍မရ။ မိမိတို့ လုပ်ရပ်မည်မျှ အန္တရာယ်ကြီးနေသည်၊ နိုင်ငံတည်ဆောက် ရေးကို မည်မျှ ထိခိုက်သွားစေသည်ဆိုသည်ကို တွေးကြဖို့ကောင်းပါသည်။
စာရေးသူအနေဖြင့် အန်ကယ်ကြီးကို လူတော်တစ်ယောက်၊ တိုင်းပြည်အတွက် အသုံးဝင်သူတစ်ယောက်ဟု လက်ခံနိုင်သည့်တိုင် တိုင်းပြည်ကို နောက်တစ်ကြိမ် အန္တရာယ်မပြုတော့ဟူသည့် ယုံကြည်မှုမျိုး မရှိနိုင်သေးသည်မှာလည်း ပုဂ္ဂိုလ်ရေး ခံစားမှုသက်သက်သာဖြစ်ပါသည်။ အန်ကယ်ကြီးကို အချို့သောပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ထက်ပင် ချစ်ခင်နှစ်သက်ကြသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ဖူးပါသည်။ သို့ရာတွင် အာဏာ ဆိုသည်မှာ တိမ်းမူးရီဝေစေတတ်သည့် သဘောရှိရာ အာဏာခုံပေါ် ပြန်ရောက်သည်နှင့် တပြိုင်နက် ယခင်ကကဲ့သို့သော အာဏာတည်ဆောက်မှုမျိုး မလုပ်နိုင်ဟုလည်း အာမခံ၍မရသည့် အခြေအနေလည်း ရှိပါသည်။ ထို့ကြောင့် အထက်ပါခေါင်းကြီးတွင် ဖော်ပြထားသလိုပင် ကျားသေကို ပြန်၍ အသက်မသွင်းကြခြင်းမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ အန်ကယ်ကြီးအနေဖြင့် ပြစ်ဒဏ်ကျခံရပြီး အကျယ်ချုပ်မှ လွတ်မြောက်လာသဖြင့်သာ ယခင်က ၎င်းကျူးလွန်ခဲ့သော လူသားချင်း အနိုင်အထက်ပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြည်သူတွေက ခေတ္တမေ့လျော့နေကြခြင်းသာဖြစ်သည်။ သို့တည်းမဟုတ် မြန်မာလူမျိုးများပီပီ လွယ်လွယ်ကူကူ ခွင့်လွှတ်လိုက်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။ ခွင့်လွှတ်နိုင်မှုနှင့်အတူ တပါတည်း မေ့ပစ်နိုင်ကြ လျှင် ပိုမိုကောင်းမွန်နိုင်ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ယခင်က ၎င်းကျူးလွန်ခဲ့မှုများကို မေ့မေ့ပျောက်ပျောက်ဖြစ်၍ နိုင်ငံရေးထဲ ပြန်မလာတော့ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတကြီးကဲ့သို့သော ဗိုလ်ချုပ်ဟောင်းများကိုယ်တိုင် လုပ်ဆောင်နေကြသည်ကို အတုယူနိုင်ကြလျှင် ပိုကောင်းပါလိမ့်မည်။
နိုင်ငံရေးဆိုသည်မှာ ဆက်လက်ရွေ့လျားနေမည်သာဖြစ်ပြီး ပါဝင်ပတ်သက်သည့် ဇာတ်ကောင်များသည် တစ်ချိန်ချိန်တွင် သမိုင်းအဖြစ်သာ ကျန်ရှိခဲ့ လိမ့်မည်ဖြစ်သည်။ အန်ကယ်ကြီးကိုလည်း ရာဇဝင်ထဲမှာ ထားခဲ့ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ထိုထက်ပိုလျှင်မူ………………

**အောင်မောင်း**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)