*
ဒီဇင်ဘာပိတ်ရက်ကလေး ရလိုက်တော့  ၀မ်းသာလိုက်တဲ့  ဖြစ်ခြင်း...ခရီးတစ်ခေါက်လောက် ထွက်ဖို့ စဉ်းစားလိုက်တော့ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားကိုမျက်စိထဲပြေးမြင်လိုက်တာနဲ့  သွားဖိုဆုံးဖြတ်ချက်ချလိုက်ပါတယ်..မိသားစုတွေကလည်းတညီတညွတ်တည်း....
ဒီလိုနဲ့ ရောက်သွားရော ဆိုပါစို့ ဗျာ...ကင်မွန်းစခန်းကနေ တောင်တက်ကားနဲ့  ရသေ့ တောင်ထိစိးပြီး တော့ ရသေ့ တောင်ကနေ ရင်ပြင်တော်ပေါ်ကတော့  လမ်းလျှောက်ရင်းနဲ့ ပဲ ဖြေးဖြေးခြင်းပဲတက်ဲ့ ပါတယ်
ကျိုက်ထီးရိုးမရောက်တာ သုံး လေးနှစ်တော့ ရှိပါပြီ ၊ အသက်ကပဲ တစ်နှစ်ထက်တစ်နှစ် ကြီးလာလို့ လာ တောမသိဘူးအရင်နှစ်များကလောက်မြန်ဆန်မှုမရှိတောတာကိုယ်ကိုကိုယ်သတိထားမိလိုက်ပါတယ်.. .ဒါပေမယ်ဘုရားဖူးချင်တဲ့ဆန္ဒကများနေတောဘာကိုမှ
အမှုမထားမိတောပါဘူး......အဲ... .တောင်ပေါ်ရောက် တော့ မှ ကျွန်တော်မျက်လုံးပြူးရပါပြီ.....
ရင်ပြင်တော်ပေါ်မှာခြေချစရာနေရာမရှိလောက်အောင်ကိုလူတွေအပြည့်..ဘုရား ဘုရား…မလာခင်တုန်းကတော့ဒီလောက်များမယ်မထင်ထားမိဘူး.. အဲ..အပြေးအလွှားပဲဘုရားဦးချပြီးတော့အခန်းရှာဖွေရေးစတင်ရပါတော့တယ်…အခန်းခဈေးနှူန်း
တွေကလည်းကြီးမှကြီး…တော်ပါသေးရဲ့ အိပ်လိုရရုံအခန်းလေးတခန်းရလိုက်တော့မှပဲ ကျွန်တော်စိတ်အေးရတော့ တယ်…ပစ္စည်းတွေ နေရာချပြီးတော့ မှပဲ အေးအေးဆေးဆေး ဘုရားကို တ၀ကြီးဖူးပြီး ရင်ပြင်တော်အနှံ့  ကျွန်တော်ရဲ့ စပ်စုရေးစတင်ပါတော့ တယ်။
မြန်မာပြည်အနှံ့ မှ ရောက်လာကြသော ဘုရားဖူးများကို ကြည့်ရင်း ဗုဒ္ဓဘာသာဝင်တိုရဲ့  ကျိုက်ထီးရီုးစေတီတော်မြတ်ကြီးအပေါ် ကြည်ညိုသဒ္ဒါတရားထက်သန်မှုကို သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်….ကျွန်တော်အဓိက ပြောချင်တဲ့ အကြောင်းအရင်းက ခုမှစတာပါ….
ကျိုက်ထီးရီုးစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်မှာ အရင်အာဏာရှင် အစိုးရလက်ထက်မ အပြုအမူများကိုယ္ခုလည်းတွေနေရပါသေးတယ်….
ကျွန်တော်သွားတဲအချိန်တောင်ပေါ်မှာတော်တော်လေးအေးနေပါတယ်.လေကလည်းအရမ်းတိုက် နေတာ…..မှတ်မှတ်ရရ ၂ရက် ဆက်တိုက်အေး နေတာပါ..ဘယ်လောက်အေးလဲဆိုရင် မနက်ပိုင်း နဲ့  ညခင်းပိုင်းမှာ ဘုရားတောင် ရှိ ခိုးလို့ မရပါဘူး..
ညဆိုရင် ရင်ပြင်တော်ပေါ်မှာ အိပ်တဲ့  ဘုရားဖူးတွေ အကုန်လုံး နီးပါး မိမိတို့ နေရာကနေဘယ်မှမထွက်တော့ပဲ စောင်/ဖျာ တို့ နဲ့ ကာရံထားတဲ့  အကာအကွယ်လေးထဲမှာပဲ တိုးဝှေ့ ပူးကပ်ပြီးစောင်ခေါင်းမှီးခြုံပြီးကွေးနေကြတော့ ပဲ၊ အဲဒါ
ညဦးပိုင်းနော်…ညနက်ဆိုရင် စဉ်းစားကြည့် ကြတော့ ဗျာ…နောက်နေ့  မနက်စောစော(၄:၃၀)လောက် ကျွန်တော် တိုမိသားစုအာရုံဆွမ်းလေးကပ်ဖို့ ထလာတာနေရာမရှိတောပါဘူး.

.စေတီတော်ကြီးရှေ့ မှာမှန်ဆောင်လေး တဆောင် ရှိပါတယ်..အဲဒီအဆောင်လေးထဲမှာဘုရားဝတ်ပြုဖို့ သုံးကန့်  ခွဲထားပါတယ်..ညာဖက် အခြမ်းမှာ ကတော့  သံဃာတော်များဝတ်ပြုနေတာတွေ့ ရပါတယ်..ဘယ်ဖက်မှာတော့ ဘုရားဖူးတွေ တိုးဝှေ့ ပြီး ၀တ်ပြုနေတာ နေရာတောင်မရှိတော့ ပါဘူး ။အဲ…အလယ်မှာတော့  နှစ်ယောက်သုံးယောက်ပဲတွေ့ ရတော့  ကျွန်တော်လည်း ၀မ်းသာရ ၀င်သွားတော့  အ၀မှာစောင့် နေတဲ့ သူက တားလိုက်ပြီး “ဘယ်အဖွဲ့ ကလည်း ၊စာရင်းပေးထားလား” လို့ မေးပါတယ်.. စာရင်းပေးမထားရင် ၀င်လို့  မရဘူး ဒါ အဘ တို့ အတွက် အထူးခန်း တဲ့ …ကျွန်တော် တော်တော်လေးအံ့သြသွားပါတယ်....ကျွန်တော်သိတဲ့  အထူးခန်းဆိုတာ ဆေးရုံတို့  စားသောက်ဆိုင်တို့  ဟော်တယ်တို့ မှာပဲ ကြားဖူးတာပါ...အဲဒီအစောင့် ကလဲ
တဖက်လှည့် သွားပြီးမသိချင်ယောင်ဆောင်နေပါတယ်…
အဲဒီအချိန်အုပ်စုတစ်စု ရောက်လြာ့ပီး အခန်းထဲဝင်သွားပါတယ်..အစောင့်ကတွေတော့ ခုနကလိုပဲမေးပြီးပြန်နှင်ထုတ်လိုက်တဲအခါတစ်ယောက်စီ
ပြန်ထွက်လာတာ တွေ့ လိုက်ရပါတယ်..ကျွန်တော်လည်း အပြင်ကနေ ရပ်ပြီး စောင့် ကြည့် နေတာပေါ့ ..ဖြစ်ချင်တော့ ပြန်ထွက်လာတဲ့  သူတွေထဲမှာ အသက်အားဖြင့် ၆၅၊၇၀ လောက် ရှိပြီလို့ ထင်ရတဲ့  အဖွား
နှစ်ယောက် မပါပဲ ကျန်နေပါတယ် ၊ခုနကလူတွေကို အစောင့် က ရှင်းပြနေတုန်း ဒီအဖွားနှစ်ယောက်က ပါလာတဲ့ဆွမ်းဗန်းလေးတွေကိုရှေ့ှကစင်လေးပေါ်တင်ပြီး ကန်တောဖို့ တောင် လက်အုပ်လေးချီပြီး
ထိုင်နေကြပါပြီ...အဲဒီတော့ မှအစောင့် ကတွေ့ ပြီး အတင်းမောင်းထုတ်လို့ုအဖွားတွေခမျာတင်ထားပြီးသား ဆွမ်းဗန်းလေးတွေကို ယူပြီး အပြင်က လေတဟူးဟူးတိုက်နေတိုက်နေပြီးတော့  အေးလွန်းလှတဲ့ 
ကျောက်ပြားပေါ်မှာပဲ ထိုင်ပြီး ဆွမ်းကပ်လိုက်ပါတော့ တယ်..ဘယ်လောက်မှ မကြာပါဘူး ခြေထောက်တွေ အေးလွန်းလို့ ဆိုပြီး ထပြန်သွားပါတော့ တယ်…ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတယောက်
အနေနဲ့  ဒီလိုမဖြစ်သင့် ဘူးလို့ ထင်ပါတယ်..အာဏာရှင် အဘ တွေမှဘုရားဝတ်ပြုတတ်တာ မဟုတ်ပါဘူး..သာမန်အရပ်သားတွေက ပိုလို့ တောင် ဘုရားတရားမြဲကြပါသေးတယ် တော်ရုံ သဒ္ဒါတရားရှိရုံနဲ့  ရထားတတန် ၊ကားတတန်၊တောင်ခြေကနေ ခြေကျင်လျှောက်ပြီးတော့  ဒီတောင်ပေါ်ကို ရောက်မလာပါဘူး။ ဒီ အဘ တွေမှနွေးနွေးထွေးထွေးနဲ့  ဘုရားရှိခိုးတတ်တာမဟုတ်ပါဘူး..သာမန်ပြည်သူတွေကလည်းလူပါပဲ
သူတို့ လည်း ချမ်းတတ်ပါတယ် အေးတတ်ပါတယ်..ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကြားဖူးနေတာကတော့ ဘုရားရိပ် တရားရိပ်ဆိုတာ အင်မတန်မှကို ငြိမ်းအေးစေတယ် ဆိုတာပါပဲ..ခုလို
ခွဲခြားမှုဆိုတာ မရှိပါဘူး…မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိစဉ်ကတည်းက ဘုရားရဲ့ မေတ္တာရိပ်ကို အယုတ်အလတ်အမြတ် မရွေးခိုဝင် နားနေနိုင်ပါတယ်..ဘုရင်က ဘယ်နေရာ၊ သူဋ္ဌေးကဘယ်နေရာ၊ သူတောင်းစားကဘယ်နေရာရယ်လို့  မရှိဖူးပါဘူး..ဘုရင်ပဲဖြစ်ဖြစ်၊ စိတ်မနှံ့ရူးသွပ်နေသူပဲဖြစ်ဖြစ် ၊သူတောင်းစားပဲဖြစ်ဖြစ် ဘုရားအရိပ်အောက်မှာ တတန်းတစားတည်းပါပဲ၊
ဘုရားရင်ပြင်တော်ပေါ်မှာ ဆောက်ထားတဲ့  ကျောင်း၊ဇရပ် ဆိုတာ ဘယ်သူများပိုင်ဆိုင်ပါသလဲ…ဒီကျောင်း၊ဇရပ် တွေကိုလှူဒါန်းထားတဲ့  အလှူရှင်များကလည်း နေရာခွဲခြားပြီး ရေစက်ချ လှူဒါန်းခဲ့ မည်
မထင်ပါ….ကျိုက်ထီးရိုးဘုရား ဆိုတာ မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတခုပါပဲ… နောက်ပြီး ကျွန်တော်တို့  နိုင်ငံကို ခုဆိုရင် ကမ္ဘာလှည့် ခရီးသွားတွေလာရောက်လည်ပတ်မှုဟာ အတော်လေးကိုများပြားလာတာ တွေ့ ရပါတယ်၊ ဒီလို စိတ်ဓါတ်ယုတ်ညံ့  အောက်တန်းကျစွာ ခွဲခြားတဲ့ အပြုအမူများကိုသာကမ္ဘာလှည့် ခရီးသွားတွေ တွေ့ ရှိသွားခဲ့ ရင်အင်မတန်မှကိုရှက်စရာကောင်းပါတယ်….ဒီလိုအပြုအမူမျိုးဟာလွပ်လပ်ပြီးတရားမျှတမှုရှိအောင်ကြိုးစားနေတဲ့ လက်ရှိအစိုးရရဲ့ မူနဲ့ လည်းတခြားစီပါပဲခုဆိုရင်ကျွန်တော်တို့ု တိုင်းပြည်မှာပြောင်းလဲမှုတွေတော်တော်များများတွေနေရပါပြီဒီလိုပြောင်းလဲမှုတွေထဲမှာလည်း အဘတို့ ကိုဦးစားပေးရတဲ့ခေတ် လည်း ပြောင်းလဲသင့် ပြီလို့ ထင်မိပါတယ်ခင်ဗျာ…..
**၀ါဆို…**

No comments:
Post a Comment