**ကမ္ဘာကျော် ဒေးဗစ်ဘက်ခမ်း ၂၀၁၄ ခုနှစ်အထိ ဆက်ကစားနိုင်**
(လန်ဒန်၊ ဇန်န၀ါရီ ၂၀)
ကမ္ဘာကျော်ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်းသည် ၂၀၁၄ ခုနှစ်အထိ အမေရိကန်ကလပ်တစ်ခုဖြစ်သည့် အယ်လ်အေဂလက်ဆီနှင့် စာချုပ်သစ်ချုပ်ဆိုပြီး စာချုပ်သက်တမ်းကုန်ဆုံးသည့်တိုင် ကြေးစားဘောလုံးသမားလောကတွင် ဆက်လက်ရှိနေနိုင်ကြောင်း ၄င်းကမျှော်လင့်ထားသည်။ အသက် ၃၇ နှစ်အရွယ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဘက်ခမ်းသည် မေဂျာလိဂ်ကလပ်အယ်လ်အေဂလက်ဆီနှင့် နှစ်နှစ်သက်တမ်းစာချုပ်သစ် ချုပ်ဆိုထားပြီ ဖြစ်သည်။ မန်ယူနှင့် ရီးရဲမက်ဒရစ်တို့တွင် ကစားခဲ့သော ဘက်ခမ်းသည် လက်ရှိစာချုပ်အရ အသက် ၃၉ နှစ်တိုင်အောင် ဘောလုံးလောကတွင် နာမည်တစ်လုံးနှင့် ကျော်ကြားနေဦးမည်ဖြစ်သည်။ (အင်တာနက်)

*၂၀၁၂ှScreen Actors Guild Awards ရုပ်ရှင်မင်းသားလီယိုနာဒိုနှင့် မင်းသမီးဂလန့်ကလို့စ်တို့ ရေပန်းစား**
(လော့စ်အိန်ဂျလိစ်၊ ဇန်န၀ါရီ ၂၀)
၂၀၁၂ Screen Actors Guild Awards များကို ဇန်န၀ါရီ ၂၉ ရက်မှာ အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့မှာ ရွေးချယ်ချီးမြှင့်တော့မှာ ဖြစ်ပါတယ်။ (၁၈) ကြိမ်မြောက် အဲဒီဆုရွေးချယ်ချီးမြှင့်ပွဲမှာ အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုအတွက် အမည်စာရင်းပါရှိပြီး ရေပန်းစားနေသူကတော့ ကမ္ဘာကျော်ဟောလိဝုဒ်ရုပ်ရှင်မင်းသား လီယိုနာဒိုပဲ ဖြစ်ပါတယ်။ လီယိုနာဒိုဟာ j.Edgar ဇာတ်ကားမှာ အကောင်ဆုံးသရုပ်ဆောင်ထားတာမို့ ဒီဆုကိုရရှိဖို့ ရေပန်းစားနေသူဖြစ်ပါတယ်။

အကောင်ဆုးံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိမယ့်သူတွေစာရင်းမှာတော့ ရေပန်းစားအစားဆုံးက ရုပ်ရှင်မင်းသမီးဂလန်းကလို့စ် (GLENN CLOSE) ဖြစ်ပါတယ်။ သူမတော့ Albert Nobbs ဇာတ်ကားမှာ ထူးချွန်ပြောင်မြောက်စာ သရုပ်ဆောင်ထားတာမို့ ဆုရရှိမယ်လို့ရေပန်းစားနေသူဖြစ်ပါတယ်။ (အင်တာနက်)
**ပရီးမီးယားလိဂ်တွင် ဂိုးအများဆုံးသွင်းထားသူများ**
၁။ ဗန်ပါစီ အာဆင်နယ် ၁၈ဂိုး
၂။ ဘာဘာ နယူးကာဆယ် ၁၅ဂိုး
၃။ အဂူရို မန်စီးတီး ၁၄ဂိုး
၎။ ရွန်နေ မန်ယူ ၁၃ဂိုး
၅။ ယာကူဘူ ဘလက်ဘန်း ၁၂ဂိုး
၆။ ဒီဇီကို မန်စီးတီး ၁၁ဂိုး
၇။ အဒီဘာယော စပါး ၉ဂိုး
၈။ ဖလက်ချာ ၀ူလ်ဗာဟမ်တန် ၉ဂိုး
၉။ လမ်းပတ် ချယ်လ်ဆီး ၉ဂိုး
၁၀။ စတာရစ် ချယ်လ်ဆီး ၉ဂိုး
(အင်တာနက်)
*
**မင်းသား အက်စ်ယောင်းနှင့် မင်းသမီးဒီဂါမို ချစ်သူများဖြစ်ကြောင်း ထုတ်ဖော်ပြောကြား**
(လော့စ်အိန်ဂျလိစ်၊ ဇန်န၀ါရီ၊ ၂၀)
အသက် ၃၀ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသားအက်စ်ယောင်းနှင့် အသက် ၂၄ နှစ်အရွယ်ရုပ်ရှင်မင်းသမိး ဒီဂါမိုတို့သည် ၂၀၁၀ ခုနှစ်က အတူပါဝင်သရုပ်ဆောင်ခဲ့သော Hair ဇာတ်ကားမှ စတင်ကာ ချစ်သူများဖြစ်ခဲ့ကြခြင်းဖြစ်သည်။ ရုပ်ရှင်မင်းသမီးဒီဂါမိုကလည်း မိမိတို့သည် ချစ်သူဖြစ်ခဲ့ကြသည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ ပရိသတ်ကြီးအား ယခုမှထုတ်ဖော်ပြောကြားခြင်းဖြစ်ကြောင်း မိမိတို့အနုပညာလုပ်ငန်းများ၊ အတူတကွလုပ်ကိုင်ကြဦးမည်ဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment