ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 4, 2012

နှလုံးသားလှသူ

>
ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။ (မာဃဒေ၀ အလင်္ကာ)
နှလုံးသားလှသူ ဆိုတာ စိတ်ထားဖြူစင်ရိုးသားဖြောင့်မတ်သူကို ရည်ညွှန်းတယ်လို့ ကျနော်ယူဆ ပါတယ်။ မြင့်မြတ်သောနှလုံးသားပိုင်ရှင်လို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ စိတ်နေ သဘောထားက သာမန်လူတွေလို နှလုံးသားရဲ့ခံစားမှုကို အမြဲဦးစားပေး ဆုံးဖြတ်လုပ်ကိုင် တတ်သူမဟုတ်ဘဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကြောင်းတရား အခြေအနေအရပ်ရပ်အပေါ် မှန်မှန်ကန်ကန် နှိုင်းချိန်စဉ်းစားပြီး လိုအပ်ရင် နှလုံးသားအလိုဆန္ဒကို ထိန်းချုပ်မျိုသိပ်ထားနိုင်စွမ်း ရှိသူပါ။
တစ်ပါးသူအပေါ်မှာလည်း မုဒိတာစိတ် အပြည့်အ၀ ထားနိုင်သူ၊ ရိုးသားမှုကိုမြတ်နိုးတန်ဖိုးထားတတ်သူ မျိုးဖြစ်ပါတယ်။
ကျနော်နားလည်မိသလောက် ရိုးသားမှုကို ဖော်ကျူးရာမှာ အလိုက်ဖက်ဆုံး ဝေါဟာရတွေက ဖြူစင်မှုနဲ့ဖြောင့်မတ်မှု လို့ထင်ပါတယ်။ ရိုးသားဖြူစင်မှု၊ ရိုးသားဖြောင့်မတ်မှု စသဖြင့်။ ရိုးသားမှု ဆိုတာ ညစ်ပေစွန်းထင်းမှုမရှိခြင်း၊ ကွေ့ကောက်ရှုပ်ထွေးမှုကင်းခြင်း လို့ ဖွင့်ဆိုနိုင်တာပေါ့ဗျာ။ ဒါကြောင့် ရိုးသားမှုရှိသူရဲ့ ရုပ်ဆင်းအင်္ဂါကို ကြည့်လိုက်ရင် တည်ငြိမ်အေးချမ်းမှုရှိပြီး မျက်နှာမြင်ချစ်ခင်စရာပါ။ စိတ်ထား ဖြူစင်ရိုးသားသူနဲ့ ယုတ်မာကောက်ကျစ်သူ မျက်နှာချင်းဆိုင်တွေ့တဲ့အခါ “ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့” ဖြစ်ရပါတယ်။ မတရား အမှုစီရင်ရာမှာ အပြစ်မရှိတရားခံရဲ့မျက်နှာထားနဲ့ ထောင်ဒဏ်အမိန့်ချမှတ်တဲ့ တရားသူကြီးမျက်နှာမျိုး နေမှာပေါ့။
ရိုးသားမှုက နှလုံးသားကို ကိုယ်စားပြုပြီး တွေးခေါ်မြော်မြင်ဆင်ခြင်တုံတရားကတော့ ဦးနှောက်ရဲ့ အလုပ်ပါ။ မီးခတ်ကျောက်နဲ့လောင်စာ Frequency ညိတဲ့အခါ အလင်းရောင်ပေးတဲ့မီးတောက် ထွက်ပေါ်လာ သလို နှလုံးသားလှလှနဲ့ အမြော်မြင်ကြီးကြီးဦးနှောက်တို့ ပေါင်းစပ်မိတဲ့အခါ လူသားထုကို ဦးဆောင်လမ်းညွှန်မှု ပေးနိုင်သော ခေါင်းဆောင်အဖြစ်ပေါ်ထွန်းလာပါတယ်။
မဝေးလှတဲ့မျက်မှောက်ခေတ်မှာကိုပဲ နှလုံးသားလှတဲ့ခေါင်းဆောင်တွေ ကျနော်တို့မြင်တွေ့ခဲ့ကြရ၊ မြင်တွေ့နေရဆဲပါ။ သူတို့က သမိုင်းကိုအမှန်အတိုင်း ဖွင့်ဆိုနိုင်သလို သမိုင်းလိုအပ်ချက်ကိုလည်း လက်တွေ့ ကျကျ ဖြည့်ဆည်းပေးနိုင်သူတွေဖြစ်ပါတယ်။
တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လဆင်မင်ဒဲလားက “အတိတ်နာကျည်းချက်တွေကို ကြိတ်မှိတ် ဖြေဖျောက်ပစ်ရပါတယ်” လို့ဆိုလိုက်တဲ့အခါ လူဖြူတွေရဲ့ အသားအရောင်ခွဲခြားမှုဝါဒ စနစ်ဆိုး အောက်မှာ လူမည်းအများစုကြီး လူနဲ့သူနဲ့မတူအောင် နှိပ်စက်ညှင်းပန်းခံရပုံကို စာအုပ်ထဲမှာသာ ဖတ်ဖူးပေမဲ့ ကျနော်တို့ မျှဝေခံစားပေးနိုင်ပါတယ်။ မင်ဒဲလားကိုယ်တိုင် သိမ်ငယ်နုံချာတဲ့ရပ်ဝန်းမှာ မွေးဖွားရှင်သန်ခဲ့ပြီး ဘ၀ တစ်လျှောက်လုံး အဓမ္မစနစ်ရဲ့ ထုထောင်းမှုခံစားခဲ့ရတဲ့ နားကျည်းချက်တွေကို ဒီတစ်သက်မေ့နိုင်ပါ့မလား။ ဒါပေမဲ့ မင်ဒဲလား ထောင်ကလွတ်လာပြီးနောက် သူ့ပုံပန်းသဏ္ဌာန်ကြည့်ရတာ လူဖြူအစိုးရအပေါ် နာကျည်းတဲ့ ဟန်အမူအယာ အရိပ်အယောင်လေးတောင် မတွေ့ရဘူးလို့ သူ့လူရင်းမိတ်ဆွေတွေရဲ့ ရေးသားချက်တွေကို ဖတ်ဖူးပါတယ်။
ဇင်ဘာဘွေဝန်ကြီးချုပ် မော်ဂန်ချန်ဂရိုင်းက “နာကျင်ခံစားခဲ့ရသူတွေရဲ့ ညည်းတွားသံတွေ နဲ့ ကျူးလွန်သူတွေရဲ့ ဒဏ်ခတ်ခံရမှာ စိုးရွံ့တဲ့ အကြောက်တရား ဒီနှစ်ခုကြားမှာ ဟန်ချက်ညီညီ ရပ်တည်လှုပ်ရှား နေပါတယ်” ဆိုတဲ့အခါမှာလည်း ဇင်ဘာဘွေပြည်သူတွေရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေး ရည်မှန်းချက် ရုန်းကန်လှုပ်ရှားမှုခရီးကြမ်းမှာ ကြွေလွင့်ပျက်သုန်းခဲ့ရတဲ့ အသက်တွေ၊ဘ၀တွေနဲ့ ကျန်ရစ်သူ တွေရဲ့ သောကနဲ့မျှော်လင့်ချက်တွေကို ကျနော်တို့ မှန်းဆကြည့်နိုင်ပါတယ်။ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ မူဂါဘီဂိုဏ်းသားတွေ အကြိမ်ကြိမ်ကြိုးစားတာ ခံခဲ့ရတဲ့ကြားက သေကံမရောက်သက်မပျောက်ခဲ့လို့သာ လက်ရှိ အနေအထားနဲ့ ခုလိုစကားမျိုးတွေ သူပြောနေနိုင်တာပါ။ ဖိနှိပ်မှုရှိတဲ့စနစ်တစ်ခုအတွင်းမှာ ဖိနှိပ်ခံရသူတွေ သာမက ကျူးလွန်သူတွေပါ စိတ်မလုံခြုံမှု ဝေဒနာကို ထပ်တူခံစားရတဲ့အကြောင်း သူ့စကားမှာ အထင်းသား ပေါ်လွင်နေပါတယ်။
သူတို့ရဲ့ နာကျည်းခဲ့တဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို လူတွေမသိအောင် ဘယ်လောက်ပဲဖုံးဖိထား ထား နှလုံးသားချင်းနီးစပ်သူတွေကတော့ သိနေမှာအမှန်ပါပဲ။ လှပတဲ့အနာဂတ်တစ်ခုကို ပုံဖော်နိုင်ဖို့ အတွက် သူတို့ကိုယ်ရေးကိုယ်တာ နာကျည်းချက်တွေကို အရောင်မှိန်ထားတာ ဖြစ်ပါလိမ့်မယ်။
သူတို့တတွေရဲ့ တိုက်ပွဲလမ်းကြောင်းတစ်လျှောက်မှာ အကြမ်းမဖက်ရေးနည်းလမ်းကို အများဆုံး အသုံးပြုခဲ့သလို အာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်တဲ့အချိန်မှာလည်း ပြေလည်နိုင်မယ့် အာဃာတ ကင်းစင်ရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခဲ့လို့ ရည်မှန်းချက်ပေါက်ခဲ့ပါတယ်။ မှတ်သားစရာက ဘယ်လောက် အင်အားကြီးတဲ့စစ်တပ်ပဲရှိရှိ၊ ဘယ်လိုသစ်လွင်ဆန်းပြားတဲ့ လက်နက်ပဲပိုင်ပိုင် နှလုံးသားပုပ်သူဟာ ယာယီသာ အသာစီးရနိုင်ပြီး ရေရှည်မှာ နှလုံးသားမြင့်မြတ်သူကို အသိအမှတ်ပြု ဆက်ဆံလာရတယ် ဆိုတာပါပဲ။
ကျနော်တို့နိုင်ငံမှာလည်း ဆယ်စုနှစ်အတန်ကြာ တိုင်းပြည်ရဲ့ကံကြမ္မာကို ထင်သလိုလွှမ်းမိုးချယ်လှယ် လာတဲ့ စစ်ဗိုလ်ချုပ်ကြီးများနဲ့ အဲဒီကာလတစ်လျှောက်လုံး ပြည်သူလူထုနဲ့အတူ အဖိနှိပ်ချေမှုန်းခံဘ၀နဲ့ ကြံ့ကြံ့ခံရပ်တည်လာတဲ့ ဒီမိုကရက်တစ်အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေအကြား သင့်မြတ်ရေး လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနေပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ဖို့ဆုံးဖြတ်လိုက်တဲ့ နိုဝင်ဘာ ၁၈ ရက် NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ လုပ်နေတဲ့အလုပ်တွေဟာ တကယ်တော့ စွန့်စားချက် တွေပဲလို့ ပြောရမှာပဲ။ စွန့်စားချက်ဆိုပေမဲ့လည်း မျက်စိစုံမှိတ်ပြီးတော့ စွန့်စားခြင်းမဟုတ်ပါဘူး။ အခြေအနေကို သုံးသပ်ပြီးတော့ စွန့်စားသင့်တဲ့ အချိန်ရောက်လို့ စွန့်စားမယ်ဆိုပြီးတော့ ဆုံးဖြတ်တာဖြစ်ပါတယ်” “စွန့်စား တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတော့ တစ်ရာ ရာခိုင်နှုန်းအောင်မြင်ခြေရှိတယ်လို့ ကျွန်မတို့ မပြောနိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါ။

တစ်ရာ ရာခိုင်နှုန်း အောင်မြင်ခြေရှိတဲ့ အလုပ်မျိုးမှ လုပ်မယ်ဆိုရင်တော့ နိုင်ငံရေး လုပ်လို့ လုံးလုံးမဖြစ်ပါဘူး။ နိုင်ငံရေးမှာ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်း အာမခံချက် ရှိတယ်လို့ မဖြစ်နိုင်ပါဘူး” လို့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအခြေအနေကို လက်တွေ့ကျကျ သုံးသပ်ပြောဆိုသွားတာ တွေ့ရပါတယ်။ စွန့်စားလုပ်ဆောင်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်ချက်တွေလည်း တစ်ပုံတစ်ပင်ကြီးရှိနေတာပါ။

နှစ်ကာလကြာရှည်စွာ ကိုယ်နဲ့ထိပ်တိုက်ရန်ဘက်ဖြစ်ခဲ့ရသော တစ်ဘက်အင်အားစုကို အရှိန်မပျက် ဆက်လက်ဆန့်ကျင်ရတာ လွယ်ကူပေမဲ့ မတူညီမှုတွေဘောင်ကျဉ်းပြီး တူတာတွေလက်တွဲလုပ်ဆောင်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းတဲ့အလုပ်ကတော့ ဘယ်နည်းနဲ့မှ မလွယ်ကူနိုင်ပါ။ အထူးသဖြင့် အဘက်ဘက်က အသာစီး ရယူထားတဲ့ သူတွေနဲ့ထိတွေ့ ဆက်ဆံရေးလုပ်ရတာ ပိုပြီးခက်ခဲမှာပါ။ ခုလိုချိန်မှာ ဘယ်လောက်တော်တဲ့ ခေါင်းဆောင်ဖြစ်ဖြစ် လွှတ်တော်ထဲမှာ လူတစ်ကိုယ်ဆန္ဒမဲတစ်မဲသာ ပေးလို့ရတယ်ဆိုတဲ့ သမရိုးကျ ကိန်းသေ တွက်နည်းနဲ့ အလုပ်မဖြစ်နိုင်ပါဘူး။ အဖွဲ့အစည်း အင်စတီကျူးရှင်း အားမကောင်းသေးချိန်မှာ ပုဂ္ဂိုလ်တစ်ဦးချင်း ရဲ့ အရည်အသွေးနဲ့သြဇာလွှမ်းမိုးနိုင်မှုက သိပ်ကိုအရေးကြီးတယ်လို့ မြင်မိပါတယ်။

အခုလို မြန်မာပြည်ကို နိုင်ငံတကာခေါင်းဆောင်တွေ ဥဒဟို လာရောက်နေချိန်၊ အစိုးရခေါင်းဆောင် တွေနည်းတူ ဒေါ်စုကိုလည်း အရေးတယူတွေ့ဆုံညှိနှိုင်းမှုတွေလုပ် နေချိန်မှာ ဒေါ်စုပြောလိုက်တဲ့ စကားတစ်ခွန်း တိုင်းဟာ ကမ္ဘာ့ခေါင်းဆောင်တွေနားထဲ တိုးလျှိုပေါက် ရောက်နိုင်တဲ့ပါဝါရှိနေတာ မြန်မာပြည်သူတွေအတွက် ကံကောင်းမှုတစ်ရပ်ပါပဲ။
စစ်ခေါင်းဆောင်တဖြစ်လဲ လက်ရှိအစိုးရနဲ့လွှတ်တော်ခေါင်းဆောင်တွေက ဒေါ်စုအပေါ် နွေးထွေးလှိုက် လှဲစွာ ဆက်ဆံတဲ့နေရာမှာ အကြောင်းတရားများစွာ ရှိနေတာမှန်ပေမယ့် သူတို့ကိုလွှမ်းမိုးအရောင်ရိုက်ခတ်နေ တဲ့ ဒေါ်စုရဲ့ရိုးသားမှုဂုဏ်ဟာ အထင်ကရဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့ဘက်က နည်းလမ်းမျိုးစုံသုံးပြီး ဒေါ်စု နဲ့ NLD ကို နာလန်မထူနိုင်အောင် နှိပ်ကွပ်ခဲ့ပေမဲ့ မရခဲ့ဘူးလေ။ နောက်ဆုံးတော့ ပုဏ္ဏကဘီလူးနဲ့ ၀ိဓူရ အမတ်တို့ရဲ့ဇာတ်သိမ်းလို ဖြစ်ရတာပါပဲ။ ပြီးတော့ သူတို့ထဲမှာ ဒေါ်စုအပေါ် ပစ်ပစ်ခါခါမုန်းသူတွေရှိသလို လေးစားရင်းစွဲရှိသူတွေလည်း ပါမှာပါ။ တချို့ဗိုလ်ချုပ်ကြီးတွေဆို ရောက်လေရာအရပ်မှာ ဒေါ်စုကို ရစရာ မရှိအောင် အမနာပ ဆဲရေးတိုင်းထွာခဲ့ကြတယ်။ ခုတော့ ကိုယ်ပြုသမျှမကောင်းမှုကံ ကိုယ်သာခံ၊ ဒီဘ၀မှာပဲ အကျိုးပေး ကုန်ကြပြီ။ အသေဆိုးနဲ့ နိဂုံးချုပ်သွားသူတွေ၊ အရှင်လတ်လတ် ဘ၀သေနေသူတွေ။
သေချာတာက ဖြူစင်ရိုးသားပြီး ငြိမ်းချမ်းရေးတရားကိုသာ လက်ကိုင်ထားတဲ့ ဒေါ်စုနဲ့ ပူးပေါင်း ဆောင်ရွက်မှသာ အတိတ်ကသူတို့ရဲ့အမှားတွေအတွက် သက်သက်ညှာညှာ ပြည်ဖုံးကားချနိုင်မယ်ဆိုတာ ဒီလူကြီးတွေ ကောင်းကောင်း သဘောပေါက်ထားပုံရတယ်ဗျ။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျဉ်းကလည်း လက်ရုံးရည်အားကိုးသမားတွေဘက်ကို သိပ်မျက်နှာသာမပေးတော့ဘူးလေ။ ခုချိန်ခါမှာ ဒေါ်စုပြောလေ့ရှိသလို ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းကို သတိရှိရှိနဲ့မိမိရရ ဆုပ်ကိုင်အသုံးချနိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အရောင်လက်လာနိုင်ပါတယ်။
ရိုးသားမှုမှာ ဂုဏ်အရှိန်အ၀ါရှိပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ဖော်ဆောင်နေပါတယ် ဆိုတဲ့အချိန်ဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့မဟာဗျူဟာ မြန်မာပြည်ကို အာရုံစိုက်လာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်နေတော့ ဒီအခြေအနေမှာ နှလုံးရည်အားပြုတဲ့ခေါင်းဆောင်တွေ ဦးဆောင်မှုနေရာကို ရယူဖို့ ထိုက်သင့်ချိန်လို့ ဆိုချင်ပါတယ်ဗျာ။
ဒေါ်စုဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ အမြန်ဆုံးအောင်မြင်ပါစေ။

**ဝေမော်**
၁ ဇန်န၀ါရီ ၂၀၁၂

--
Posted By lu bo

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)