**တရုတ်နိုင်ငံအရှေ့ပိုင်း၌ ဒိုင်နိုဆောမျိုးစိတ်သစ်ရှာဖွေတွေ့ရှိ**
အဆိုပါ ဒိုင်နိုဆောသည် ကျောရိုးရှိသတ္တ၀ါမျိုးစိတ်အသစ်တစ်ခုဖြစ်ပြီး ၄င်းတို့၏ တင်ပါးမှာ ငှက်များကဲ့သို့ ဖွဲ့စည်းထားသောကြောင်း ငှက်တင်ပါးရှိ ဒိုင်နိုဆောဟု သိရှိထားကြသည်။ အဆိုပါ ဒိုင်နိုဆောများသည် လွန်ခဲ့သည့်နှစ် သန်း ၁၀၀ ခန့်ကတည်းက ရှင်သန်ကျက်စားခဲ့သည့် သတ္တ၀ါများဖြစ်ကြသည်။း သိပ္ပံပညာရှင်များက ယင်းအရိုးစု အစိတ်အပိုင်းတစ်ခုကို သုံးနှစ်ကျော်ကြာ လေ့လာသုတေသနပြုပြီးနောက် ထိုသို့ကောက်ချက်ချခဲ့ခြင်းဖြစ်ကြောင်း အရိုးစုများကိုလည်း ကောင်းမွန်စာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း ကျိကျန်းပြည်နယ် သဘာဝ သမိုင်းပြတိုက်ရှိ ဘူမိဗေဒသိပ္ပံပညာရှင် ကျင်ဝမ်ကျိက ပြောကြားခဲ့သည်။ (အင်တာနက်)
(Five European tourists killed in attack in Ethiopia)
**နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်ငါးဦးအီသီယိုးပီးယားနိုင်ငံ၌ အသတ်ခံရ**
(အဒစ်အဘာဘာ၊ ဇန်န၀ါရီ ၁၉)
အီသီယိုးပီးယားနှင့် အီရီထရီယားနှစ်နိုင်ငံ နယ်စပ်အနီးတွင် နိုင်ငံခြားသားရှစ်ဦး ပါဝင်သည့်အုပ်စုကို လက်နက်ကိုင်များက ပစ်ခတ်ရာတွင် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်ငါးဦး သေဆုံးသွားခြင်းဖြစ်ကြောင်း အီသီယိုးပီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ဇန်န၀ါရီ ၁၇ ရက်က ပြောကြားချက်ကို အီသီယိုးပီးယားရုပ်မြင်သံကြားဌာနက ကြေညာသည်။

သေဆုံးသူ ကမ္ဘာလှည့်ခရီးသည်များသည် မည်သည့်နိုင်ငံသားများဖြစ်သည်ဆိုသောသတင်းကိုမှု မရရှိသေးဟုသိရသည်။ အီသီယိုးပီးယားနိုင်ငံ၌ ဂျာမန်များပါဝင်သည့် ခရီးသွားအုပ်စုအတိုက်ခံရသည့် သတင်းများရရှိထားကြောင်း ဘာလင်မြို့မှ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ (အင်တာနက်)
**ကမ္ဘာ့အမြင့်ဆုံးဝန်ချီစက် တရုတ်နိုင်ငံ၌ တည်ဆောက်**
(ပေကျင်း၊ ဇန်န၀ါရီ ၁၉)
အဆိုပါကမ္ဘာ့အမြင့်ဆုံးဝန်ချီစက်ကို ဟိုင်နန်ပြည်နယ်ဟိုင်နန်မြို့၌ အများပြည်သူတို့ကို ပြသခဲ့သည်။ ၄င်းဝန်ချီစက်ဖြင့် မိုးပျံအထပ်မြင့်အဆောက်အအုံများ တည်ဆောက်ရေးနှင့် အခြားကယ်ဆယ်ရေးလုပ်ငန်းများအပြင် အရေးပေါ်မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဆန်နီကုမ္ပဏီသည် ၂၀၀၇ ခုနှစ် အောက်တိုဘာလကလည်း အမြင့် ၂၁၆ ပေ ၆ လက်မရှိသော ၀န်ချီစက်တစ်ခုပြုလုပ်ခဲ့သေးသည်။ ထို့အပြင် ၂၀၀၉ ခုနှစ် သြဂုတ်လကလည်း အမြင့် ၂၃၄ ပေ ၁.၂ လက်မမြင့်သော ၀န်ချီစက်ကို ပြုလုပ်ခဲ့ရာ ယင်းအချိန်က ကမ္ဘာ့အမြင်ဆုံးဝန်ချီစက်ဖြစ်ခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ် စက်တင်ဘာလက အမြင့် ၂၆၂ ပေ ၉.၅၈ လက်မရှိသော ၀န်ချီစက်တည်ဆောက်ပြီး ထက်မံစံချိန်ချိုးခဲ့သည့်အပြင် ယခုအခါ ကမ္ဘာ့အမြင့်ဆုံးဝန်ချီစက်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**သြစတြေးလျကမ်းလွန်၌ ကျောက်မီးသွေးတင်သင်္ဘော ကိုယ်ထည်အက်ကွဲ**
(ဘရစ်ဘိန်း၊ ဇန်န၀ါရီ ၁၉)
အဆိုပါ ကျောက်မီးသွေးတင်သင်္ဘောသည် လိုင်ဘေးရီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသော နယူးလိဒ်ဗီနီတီကိုအမည်ရှိ ကုန်တင်သင်္ဘောဖြစ်ပြီး ကွင်းစလန်းပြည်နယ်မြောက်ပိုင်း မက်ကားမြို့တောင်ဘက်ဟေပွိုင့်ဆိပ်ကမ်းအနီးရေပြင်၌ သင်္ဘောကိုယ်ထည်အက်ကွဲနေမှုကို တွေ့ရှိပြီးနောက် အရေးပေါ်အကူအညီပေးမှုမျးလုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသင်္ဘောသည် ကျောက်မီးသွေးတန်ချိန် ၆၇၀၀၀ ကို တင်ဆောင်ကာ တရုတ်နိုင်ငံသို့ ဦးတည်ခုတ်မောင်းနေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိ အခြေအနေအရသင်္ဘောမှာ ခရီးဆက်လက်ထွက်ခွာရန် မဖြစ်နိုင်တော့ကြောင်း သြစတြေးလျရေကြောင်းလုံခြုံရေး အာဏာပိုင်အဖွဲ့မှ ဂျိုနသန်ဝီလ်က ပြောကြားသည်။ (အင်တာနက်)
**အီတလီနိုင်ငံ အလယ်ပိုင်း၌ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ**
(ရောမ၊ ဇန်န၀ါရီ ၁၉)
ဖြစ်ပွားမှုမှာ ဘက်ဆာကာရာမြို့အနီးတွင် သွယ်တန်းထားသော မီသိန်းဓာတ်ငွေ့ပိုက်လိုင်းအစိတ်အပိုင်းပေါက်ကွဲဖြစ်ပွားခြင်းဖြစ်သည်။ ထိခိုက်ခံရသည့် ပိုက်လိုင်းအလုပ်သမုးသုံးဦးမှာ ခန္ဓကိုယ်အစိတ်အပိုင်း၏ ၈၀ ရာခိုင်နှုန်းခန့်မီးလောင်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါပိုက်လိုင်းအနီးမြေကြီးတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်စဉ် မြေထိုးယန္တရားယာဉ်တစ်စီးက ၄င်းပိုက်လိုင်းကိုထိုးမိခဲ့ရာမှ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်ပေါက်ကွဲမှုကြောင့် ၄င်းနေရာတွင် အကျယ် ၂၅ မီတာနှင့်အနက် ရှစ်မီတာရှိသော မြေကျင်းကြီးဖြစ်သွားခဲ့ကြောင်း သတင်း၌ ဖော်ပြသည် (အင်တာနက်)
**၀ါရှင်တန်တွင် နှင်းမုန်တိုင်းတိုက်ခတ် ရှစ်နာရီအတွင်း ယာဉ်တိုက်မှု (၉၅) ကြိမ်ဖြစ်**
တာကိုမာနှင့် အိုလန်ပီယာပြည်နယ်အတွင်းရှိ ပီယာစီနှင့် သတ်စတန်စီရင်စုဒေသတို့တွင် ရှစ်နာရီကြာအချိန်အတွင်း ယာဉ်မတော်တဆမှု (၉၅) ကြိမ်ဖြစ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ထရှုပါဂွိုင်ဂေးက ပြောကြားသည်။ အိုလန်ပီယာဒေသတွင် ယင်းနေ့ နံနက် ရ နာရီခွဲက မြေပြင်ပေါ်တွင် နှင်းများခြေနှစ်ချောင်းမြုပ်အောင်အထိ ကျဆင်းခဲ့ပြီး ယခုနှင်းကျမှုသည် ယခင် ၂၄ နာရီတွင်း ၁၄ လက်မအထိ ကျဆင်းခဲ့သည့်စံချိန်ကို ချိုးခဲ့ကြောင်း၊ အိုလန်ပီယာ တောင်းပိုင်းဒေသတွင် နှင်းထုမှာ လက်မ ၂၀ အထိ ကျဆင်းနိုင်ကြောင်း ဆက်တဲလ် အမျိုးသားမိုးလေ၀သဌာနမှ မိုးလေ၀သပညာရှင်ကိုမန်းက ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်၊ မိုးမြင့်လင်းလက်

No comments:
Post a Comment