**(ဇန်န၀ါရီ ၂၁၊ မြတ်ညို-အလွတ်သတင်းထောက်)**
ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ရှိသော TYC ပုဇွန်အလုပ်ရုံမှ အလုပ်သမားတစ်ရာကျော်တို့ အား အကြောင်းပြချက်မခိုင်လုံပဲ အလုပ်မှ ထုတ်ပယ်လိုက် ကြောင်း အလုပ်သမားများက ပြောသည်။
ဇန်န၀ါရီလ ၁၉ ရက်နေ့ က အလုပ်ဆင်းသွားကြသည့် အလုပ်သမားများအား ဘတ်နှင့် ယာယီပတ်စပို့
လုပ်ရန် ပေးသွင်းထားကြသည့် ငွေများနှင့်အတူ အလုပ်ထုတ်ပယ် သဖြင့် နစ်နာကြေးအဖြစ် တစ်ဦးစီ
ဘတ်ငွေ တစ်ထောင်စီ ပေးလျှော်ကာ အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။
အလုပ်သမား ကိုတာ က“ အလုပ်သမား ၁၂၀ လောက်ရှိတယ်၊ ကျနော်တို့က ဘတ်မရှိဘူးလေ၊ ဘတ်လုပ်ဖို့ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးတော့ ကျနော်တို့ ဘာတတ်နိုင်မလဲ။ ဘတ်လုပ်တဲ့ အချိန်မှာ လုပ်ခွင့် မရ လိုက်တော့ တရားမ၀င် အလုပ်သမား ဖြစ်နေရတော့တာပဲလေ”

အဆိုပါ အလုပ်ရုံတွင် မြန်မာအလုပ်သမားများ ထောင်ချီပြီးရှိသည်။ အလုပ်ထုတ်ပယ်ခံရသည့် အလုပ် သမား များမှာ လုပ်သက် ၆လမှ ၂လ အတွင်းရှိကြသူများဖြစ်ကြသည်။ ပုဇွန်မြောက်များစွာ ၀င်လာသည့် အခါ
မြန်မာအလုပ်သမားများအား ရသမျှ ခေါ်သွင်းလိုက်သော်လည်း အလုပ်အကိုင် ပုံမှန်ဖြစ်လာသည့်အခါ
အကြောင်းတစ်စုံတစ်ရာမရှိပဲ အလုပ်ထုတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း မဟာချိုင်မှ အလုပ်သမားအရေး
ကူညီဆောင်ရွက်သူ ကိုခိုင်ကြီး ကပြောသည်။
“ မတရား အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ သတင်းကို ကျနော် ကြားကြားချင်း လိုက်သွားတယ်၊ အလုပ်သမားတွေက ဘတ်မရှိတော့ ကြောက်ကြတယ်။ အလုပ်သမား တစ်ယောက်ကို အလုပ်ထုတ်ချင်တိုင်း ထုတ်လို့ မရဘူးလေ။ အလုပ်သမားကလည်း ထွက်ချင်းတိုင်းထွက်လို့မရဘူး။ အလုပ်သမားဥပဒေမှာ ပြဌာန်းထားတာ ရှိပါတယ်။ ပွဲစားကလည်း ကျနော် ပြောပြတာကို အလုပ် သမားတွေ နားမထောင်စေဘူး။
ဘုရားပို့မယ် ဆိုပြီး ကားပေါ်တင်သွားလိုက်တယ်” ဟုပြောသည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမားများအား အလုပ်သွင်းပေးသည့် ပွဲစားက မဟာချိုင် စာဟာခွန်တွင်ရှိသော ၀တ်ဖန်ထိုင်း နော်လဆင်ဘုရား သို့ ခေါ်ယူပို့ ဆောင်ခဲ့သည်။ ထို့ နောက် အလုပ်သမားများနေထိုင်ရာ
ထိုင်ယူနစ် အလုပ်ရုံအနီး သို့ရောက်ရှိသည့် အခါ အလုပ်သမား ၆ဦးတို့ အား မဟာချိုင်ပုလိပ်တို့ ဖမ်းဆီး
ခေါ်ဆောင်သွားခဲ့သည်။
ရဲစခန်းကိုရောက်ရှိသွားပြီး စစ်ဆေးသည့် အခါ ဖမ်းဆီးခံရသူများတွင် တစ်လလျှင် ဘတ်ငွေ ၅၀၀ စီ ပေးသွင်းရသည့် မဟာချိုင်အတွင်း ပုလိပ်အာမခံ လက်မှတ် လုပ်ထားသူများဖြစ်သဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်။ အလုပ်သမားများက စိတ်ပျက်လက်ပျက် ဖြစ်နေချိန် လမ်းတွင် လူများရှုပ်ထွေးနေ
သဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း ပြန်လည် လွတ်မြောက်လာသည့် အလုပ်သမားများကပြောသည်။

No comments:
Post a Comment