**ဂျင်နီဖာလောရင့် အော်စကာဆုကြေညာပေးမည်**
(လော့စ်အိန်ဂျလိစ်၊ ဇန်န၀ါရီ ၁၉)
လာမယ့်အော်စကာရုပ်ရှင်ထူးချွန်ဆုပဏာမစာရင်းကိုအဆိုတော်နဲ့ရုပ်ရှင်သရုပ်ဆောင်ဂျင်နီဖာလောရင့်က
ကြေညာပေးသွားမည်လို့ဆိုပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ အဆိုတော်ရုပ်ရှင်သရုပ်ဆောင် ဂျင်နီဖာလောရင့်ဟာလာမယ့်ဇန်န၀ါရီ ၂၄ ရက်မှာ အော်စကာဆုပဏာမရွေးချယ်ခံရသူများ စာရင်းကို ထုတ်ပြန်ကြေညာပေးမယ်လို့ဆိုပါတယ်။ ဂျင်နီဖာလောရင့်ဟာ ပြီးခဲ့တဲ့နှစ်က Winter’ bone ရုပ်ရှင်ကားနဲ့ အော်စကာရုပ်ရှင်ထူးချွန်ဆု ပဏာမရွေးချယ်ခံခဲ့ရပါတယ်။

သူမဟာ The Hunger Games ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ ဒီဇင်ဘာလကားကတော့ လာမယ့်မတ်လမှာ ရုံတင်ပြသမယ်လို့ ဆိုထားပါတယ်။ ရှာရက်နဲ့ ဂျနီဖာလောရင့်တို့ဟာ အော်စကာဆု ၂၄ မျိုးအက်မှ ၁၀ စုကို ကြေညာပေးမှာဖြစ်ပါတယ်။ (၈၄) ကြိမ်မြောက် အော်စကာဆုပေးပွဲ အခမ်းအနားကြီးကို လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျင်းပမှာဖြစ်တဲ့အကြောင်း သိရပါတယ်။ (အင်တာနက်)
**မိုက်ကယ်ဂျက်ဆင်လို ကျော်ကြားလိုတဲ့ ဂျက်စတင်းဘီဘာ**
(လော့စ်အိန်ဂျလစ်၊ ဇန်န၀ါရီ ၁၉)
ကနေဒါ လူငယ်အဆိုတော်လေး ဂျက်စတင်းဘီဘာဟာ လာမယ့်မတ်လမှာ အသက် ၁၈ နှစ်ပြည့်တော့မှာ ဖြစ်တဲ့အကြောင်း၊ သူ့အနေနဲ့ အသက် ၃၀ အရွယ်မှာ မိုက်ကယ်ဂျက်ဆင်လို ကမ္ဘာကျော်တဲ့အဆိုတော်ကြီးဖစ်လိုတဲ့အကြောင်း၊ ဒါပေမယ့် မိန်းမကစ္စနဲ့ယစ်မူးယစ်ဆေးဝါးကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ အဆိုတော် ဂျက်စတင်းဘီဘာဟာ အပျော်အပါးနဲ့ မိန်းမကိစ္စတွေကို ရှောင်ကြဉ်နိုင်သမျှ ရှောင်ကြဉ်မယ်လို့ ပြောနေပေမယ့် လက်ရှိအဆိုတော် ဆီလီနာဂိုမက်ဇ်နဲ့ လပေါင်းများစွာ ချစ်ကြိုက်နေသူဖြစ်ပါတယ်။

သူဟာ အသက် ၁၅ နှစ်အရွယ်ကစလို့ ပထမဆုံးတေးအယ်လ်ဘမ်ထွက်ရှိခဲ့သူဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်းက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးအဆိုတော် တစ်ဦးဖြစ်ပါတယ်။ ဂီတလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်နေဦးမှာ ဖြစ်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment