ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 16, 2012

လူထုကျန်းမာရေး (အဆစ်နာရောဂါ... အဆစ်ရောင်ရောဂါ)

>
**Public Health**

စာရေးသူ ထံသို့ အဆစ်နာ၊ အဆစ်ရောင် ရောဂါရှင် လူနာများ မကြာ ခဏ ရောက် လာ တတ် သည်။ တစ်ခါတစ်ရံ အဆစ် ရောင်ရမ်းပြီး အလွန်အကျွံ နာနေသော လူနာများ ရောက်လာ တတ်သော်လည်း အဆစ် နာရုံ နာပြီး ရောင်ရမ်းခြင်း မရှိသော လူနာက ပိုများသည်။ ရောက်လာသမျှ လူနာ အများစုက လေးဖက်နာဟု မိမိဘာသာ အမည်သညာ သမုတ် ကြသည်က များသည်။
အချို့က အေအက်စ်အို(A.S.O) အဖြေစာရွက် ကိုင်လို့၊ အချို့က အရင် လေးဖက်နာ ဖြစ်ဖူးသည် ဆိုလို့၊ အချို့က လေးဖက်နာ အတွက် Penicillin သောက်နေလို့၊ ထိုးနေလို့ စသည့် အကြောင်း အမျိုးမျိုးဖြင့် မိမိ၏ အဆစ်ရောင် ရောဂါသည် လေးဖက်နာဟု သက်သေ ပြကြသည်။ အဆစ်နာ ရောဂါမှန်သမျှ ကို လေးဖက်နာဟု ယူဆကြသည်။ လေးဖက်နာမှ လွဲပြီး အခြားအဆစ်ရောင် ရောဂါများကို သိပ်မသိကြ။ အခြား အဆစ်ရောင် ရောဂါအမျိုးမျိုး ရှိသေးသည်ကို မသိကြ။
ကျား-မ မရွေး၊ ကလေး၊ လူ လတ်၊ လူကြီး၊ လူအို အရွယ်မရွေး ပျိုပျိုအိုအို အားလုံး မိမိတို့ နာသမျှ၊ ညောင်းညာ ကိုက်ခဲသမျှ၊ အကြော တင်းသမျှ လေးဖက်နာဟု ထင်ကြသည်။ ဇက်ထိုးလျှင်လည်း လေးဖက် နာ၊ ကြွက်သား နာလျှင်လည်း လေးဖက်နာ၊ အဆစ်နည်းနည်း ကိုက်လျှင်လည်း လေးဖက်နာ၊ ဘာနာနာ၊ နာလျှင် လေးဖက်နာဟု တွက်ကြ သည်။ အလွယ်တကူ သတ်မှတ်ကြ သည်။
ခြေ၊ လက် လေးဖက်နာလျှင် ဘာကြောင့် နာနာ နာမည်နှင့် လိုက်အောင် လေးဖက်နာဟု သတ်မှတ်ကြ ပုံရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က လည်း လူနာ တစ်ယောက် သွေးလေး ဖက်နာဖြစ်နေလို့ Pen.V သောက်ရမလားဟု လာမေးသည်။ လူနာကို ကြည့်လိုက်တော့ အသက် ၄၅ နှစ်ခန့် အမျိုးသမီးလူနာ၊ လက်နှစ်ဖက်လုံး၊ လက်ချောင်းလေးများ ကွေးကွေး ကောက်ကောက်နှင့် ပုံအနည်းငယ် ပျက်နေသည်၊ ရောင်ရမ်းနေသည်ကို တွေ့ရသည်။ အဆစ်ငယ် နာတာရှည် ရောင်ရမ်းရောဂါ အာရ်အေ (RA, Rheumatoid Arthritis) မှန်း သိသာသည်။ RA ကို အကြောအဆစ် အထူးကု ဆရာဝန်များက သွေးလေး ဖက်နာဟု ခေါ်ဝေါ်သတ်မှတ်ကြ သည်။
(Rheumatic Fever)

လူသိများသည့် လေးဖက်နာ (Rheumatic Fever)ကို ပိုးလေးဖက်နာ RAကို သွေးလေးဖက်နာ၊SLE ကို အရေပြား လေးဖက်နာဟု ခေါ်ဝေါ် သတ်မှတ်ကြခြင်း ဖြစ်သည်။ လူသိပြီး သော ဝေါဟာရ ဖြစ်သည့် လေးဖက်နာကို အဆစ်ရောင်၊ အဆစ်နာရောဂါ အတွက် ဘုံအဖြစ် သုံးခြင်း ဖြစ်ဟန်တူသည်။ လူနာများက လေးဖက်နာ အမည်ပါသည်နှင့် Pen. V ကို တန်းပြီး သတိရကြသည်။ လေးဖက်နာ နှင့် Pen. V ကို တစ်ခါတည်း အတွဲလိုက် မှတ်လေ့ ရှိကြသည်။

ထို့ကြောင့်လည်း RA, SLE ရောဂါများ တွင်လည်း Pen. V သောက်ရမည်ဟု ထင်မှတ် မှားကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်းအဆစ်နာ၊ အဆစ်ရောင် ရောဂါများအကြောင်း တီးမိခေါက်မိ သိသင့်သည် ထင်သည်။

**အဆစ်နာ၊ အဆစ်ရောင် ရောဂါအမျိုးမျိုး**
လေးဖက်နာဟု လူသိများသော ပိုးလေးဖက်နာခေါ်Rheumatic Fever အပါအဝင် အဆစ်နာ၊ အဆစ် ရောင်ရောဂါ အမျိုးမျိုးရှိသည်။ အမျိုး အစားပေါင်း သောင်းခြောက်ထောင်ရှိ သည့်အနက် အတွေ့ရများသည်မှာ ဂေါက် (Gout) ရောဂါ၊ ဒူးကြီးပေါင်း ရောဂါခေါ် ဇရာနှင့် ဒဏ်ကြောင့်ဖြစ် သည့် ဒူးနာရောဂါ (OA, Osteoarthritis) တို့ဖြစ်သည်။

(Rheumatoid Arthritis)

ရံဖန်ရံခါ သွေးလေးဖက်နာခေါ်RA. (Rheumatoid Arthritis) ခေါ် နာတာရှည်အဆစ်သေးများရောင် ရောဂါ၊ အရေပြားလေးဖက်နာ ခေါ် SLE ခေါ် အရေပြားအဆစ်ရောင် ရောဂါများလည်း တွေ့ရတတ်သည်။

ဆေးပညာသဘောအရ အဆစ်နာ၊ အဆစ်ရောင်ရောဂါများကို အုပ်စု ကြီးသုံးခု ခွဲထားသည်။ ရောင်ရမ်း အဆစ်ရောင်ရောဂါ (Inflammatory)၊ ဇီဝဓာတုဓာတ်ပစ္စည်းများကြောင့်ဖြစ် သည့် အဆစ်ရောင်ရောဂါ (Metabolic) နှင့် ဒဏ်၊ ဇရာတို့ကြောင့်ဖြစ်သော အဆစ်ရောင်ရောဂါ (Degenerative) ဟူ၍ဖြစ်သည်။ ယင်းအုပ်စုတစ်ခုစီ တွင် ထူးခြားချက်များရှိသည်။ ဘယ်နှ ဆစ်၊ ဘယ်အဆစ်၊ ဘယ်လောက် ကြာကြာနာ၊ ဘယ်အချိန်မှာနာ စသည်တို့က မည်သည့်အဆစ်ရောင် ရောဂါဟူ၍ ကွဲပြားစေသည်။ ဓာတ်မှန် နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းများက ရောဂါ အဖြေကို တိတိကျကျ ဖော်ထုတ်ပေး သည်။

**ရောင်ရမ်းအဆစ်ရောင်ရောဂါများ (Inflammatory Arthritis)**

ဆေးပညာ သဘောအရ ရောင်ရမ်းခြင်းတွင် အဆစ်တွင်းသို့ သွေးဖြူ ဥများဝင်ရောက်ခြင်း၊ တစ်သျှူး အရည်ကြည်များ စိမ့်ထွက်ခြင်း၊ အဆစ်နှင့် ပတ်ပတ်လည် ရောင်ရမ်း ခြင်း စသည်တို့ ပါဝင်သည်။ ရောင်ရမ်း အဆစ်ရောင် ရောဂါများ၏ ထူးခြားချက်မှာ ရောင်သည့် အဆစ်သည် နီရဲ၊ ရောင်ကိုင်း၊ ဖောင်းကြွ ၊ နာကျင် လေ့ရှိသည်။ ရောင်နေသော အဆစ် လှုပ်သော် နာသည်။ တစ်ညလုံး မနာ။ နံနက်ခင်း မိုးလင်းစ လှုပ်မှ နာလေ့ရှိ သည်။ လက်ချောင်းလေးများ တင်း နေတတ်သည်။ လှုပ်ပါများတော့ သွေးပူပြီး အနာသက်သာသွားလေ့ ရှိသည်။ ဤအုပ်စုတွင် ပိုးလေးဖက်နာ ခေါ် Rheumatic Fever, သွေးလေးဖက်နာ ဟု ခေါ်လေ့ရှိသော RA ခေါ် နာတာရှည် အဆစ်သေးများ ရောင် ရောဂါ၊ အရေပြား လေးဖက်နာဟု ခေါ်လေ့ ရှိသောSLE ခေါ် အရေပြား အဆစ်ရောင် ရောဂါများ ပါဝင်သည်။

**ဇီဝဓာတု ဓာတ်ပစ္စည်းများကြောင့် အဆစ်ရောင်ရောဂါ (Metabolic Arthritis) **

ယူရစ်အက်စစ် (Uric Acid) များအဆစ်အတွင်း အနည်ကျသဖြင့် နာသောဂေါက် (Gout) ရောဂါသည် ဤအုပ်စုဝင်ဖြစ်သည်။ ဤအုပ်စုသည် ဗြုန်းခနဲ နာလေ့ရှိသည်။ နာနေစဉ် အလွန်နာ၊ မခံနိုင်အောင်နာ၊ လှုပ်မရ အောင်နာလေ့ရှိပြီး ပျောက်သွားချိန် တွင် အကောင်းပကတိ ဖြစ်နေတတ် သည်။

**ဇရာနှင့် ဒဏ်ကြောင့်ဖြစ်သော အဆစ် ရောင်ရောဂါ (Degenerative Arthritis)**

သက်ကြီး ရွယ်အိုများနှင့် အဝလွန် သူများတွင် ခါးနာ၊ ဒူးနာ စသည်ဖြင့် နာလေ့ရှိသည်။ တစ်သက်လုံး လှုပ်ခဲ့ သမျှ၊ ခိုင်းခဲ့သမျှ ဒဏ်ကြောင့် ရသည့် ရောဂါဖြစ်သည်။ အထူးသဖြင့် ခန္ဓာ ကိုယ်၏ အလေးချိန်ကို ထမ်းရသည့် ဒူးအဆစ် များတွင် ပိုဖြစ်သည်။ သည်။ တစ်နေကုန် လှုပ်ရှားသမျှ ညနေစောင်းတွင် အလွန်နာတော့ သည်။ လှုပ်ရှားလျှင် ဂလောက်၊ ဂလက်နှင့် အသံမြည်သည်။ ဆောင့် ကြောင့်ထိုင်မရ၊ ပုဆစ်တုပ် ထိုင်မရ၊ အိမ်သာ ထိုင်မရနှင့် အလွန်ဒုက္ခပေး လေ့ရှိသည်။

**ပါမောက္ခနေဝင်း(ဆေးပညာ)**

**From-မေမွန်ကျော် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)