ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 16, 2012

ရွှေရည်စိမ်အပြောင်းအလဲလား လူထုလိုလားတဲ့ဒီမိုကရေစီရဲ့ခြေလှမ်းအစလား

>
စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်ရန် နှင့် ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော အမျိုးသားပြန်လည် သင့်မြတ်ရေး၏ ပထမခြေလှမ်းအဖြစ် နိုင်ငံရေးအကျဉ်းသားများကို တရားဝင် လွှတ်ပေးခြင်းသည် အပြုသဘောဆန်သော ပြောင်းလဲခြင်းပင်ဖြစ်သည် ။
နိုင်ငံရေးအကျဉ်းသားများကို မတရားဖမ်းဆီးထိမ်းသိမ်းထားသော အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးခြင်းအား ပြည်သူတရပ်လုံးမှ နေရာတိုင်းတွင် ၀မ်းမြောက်ဝမ်းသာကြိုဆိုကြသည် ။ယခုလို ဆင်းရဲတွင်းနက်နေသောလူထုက အနာဂတ်၌် တိုးတက် ငြိမ်းချမ်းသာယာသော တိုင်းပြည်တော့ ဖြစ်နိုင်ကောင်းရဲ့ဆိုပြီး မျှော်လင့်ချက် ရောင်ခြည်သန်းမှုတွေ လူထုမျက်လုံးများတွင် မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည် ။ တချိန်ထဲမှာပင် မှားယွင်းသောစနစ်၏ ရိုက်ချက်ကြောင့် နေ့စဉ်ကျဆင်းနေသော စီးပွားရေးနှင့်အတူ ဘ၀ဒဏ်ရာဒဏ်ချက်များကို လူထု၏ မျက်နှာတပြင်လုံးတွင် ထင်ဟပ်နေပေသည် ။
အတိတ်က စစ်ဝါဒီများ၏ မှားယွင်းသော စွပ်စွဲချက်များနှင့် ယုံကြည်ချက်ကြောင့် နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံရသူများမှာ အမှန်တကယ်ဆိုလျှင် မျိုးချစ်စိတ်ဓာတ်ပြင်းထန်ပြီး တိုင်းပြည်နှင့်လူထုကောင်းစားရေးအတွက် ဘ၀နှင့်အသက်ကို စတေးခဲ့သူများဖြစ်ခြင်းကြောင့်လည်း လူထုတရပ်လုံးက ၀မ်းနည်း ၀မ်းသာထိုက်ထိုက်တန်တန် ဂုဏ်ပြုကြိုဆိုကြခြင်းလည်းဖြစ်ပေသည် ။
ဝမ်းနည်းသည်ဆိုရာတွင် ခိုင်လုံသော သတင်းရပ်ကွက်များ၏ အဆိုအရ နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီပြီး ဆက်လက်ဖမ်းဆီးထိမ်းသိမ်းခံနေရဆဲကြောင့်ဖြစ်ပြီး တခြားတဖက်မှာ ရေရှည်ပြည်တွင်းစစ်ကြောင့် ကချင်ဒေသမှပြည်သူပြည်သားများနေ့စဉ်သေကြေ နေကာ ထောင်ပေါင်းများစွာမှာ ဒုက္ခသည်အဖြစ် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေရပေသည် ။ပွင့်ပွင့်လင်းလင်း သုံးသပ်ပြောဆို ဆွေးနွေးရလျှင် အမျိုးသားရင်ကြားစေ့ရေးအတွက် အတိတ်က အမုန်း အငြိုးအတေး အာဃာတတွေကင်းစင်ပြီး နှစ်ဦးနှစ်ဖက် သင်ပုန်းချေရေးမူအရ စစ်ခေါင်းဆောင်များကျူးလွန်ခဲ့သောရာဇ၀တ်ပြစ်မှုများကို ဒီမိုကရေစီအတိုက်အခံ အင်အားစုများမှ နိုင်ငံတကာ ခုံရုံးတွင်တရားစွဲဆိုမှုများ မလုပ်ဆောင်တော့သည့်နည်းတူ ဦးသိန်းစိန်အစိုးရဖက်မှလည်း နိုင်ငံရေးအကျဉ်းသားများ ဆိုရာ၌ ငြိမ်းချမ်းစွာ ဆန္ဒပြသော သူများကိုသာမက လက်နက်ကိုင်တော်လှန်မှုဖြင့်ဆက်နွယ်ဖမ်းဆီးထားသူအားလုံးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ပါသည်။အနာဂတ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုများကို နေရာတိုင်းတွင် လုပ်ဆောင်ရန် လူသားအရင်းအမြစ်များ အထူးလိုအပ်နေပေသည် ။

၈၈၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ၏ လွတ်မြောက်လာပြီးနောက် မီဒီယာများနှင့် တွေ့ဆုံမှုများအရ သူတို့၏တိုင်းပြည်နှင့်လူထုအပေါ်ထားရှိသော အနစ်နာခံမှု ၊ စေတနာတရားများသည် လူထု၏နှလုံးသားကို လှုပ်ခါနိုင်စွမ်းပြီး ပြည်သူများ မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရပေသည် ။ တိုင်းပြည်နှင့်လူထုကောင်းစားရေးအတွက် သူတို့ဘ၀ကို ဆက်လက်စတေးမည် ဖြစ်သလို အတိတ်သမိုင်းမှ သင်ခန်းစာများကို သုံးသပ်ပြီး လူထုလိုလား တောင့်တချက်များကို အနာဂတ်အတွက် ပုံဖော်ဆောင်ရွက်ကြမည် ဖြစ်ပေရာ ပြည်သူတရပ်လုံး ၀မ်းမြောက်မဆုံးဖြစ်နေပေသည် ။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနိုင်ငံရေးသမားများမရှိပါဘူးဟု အဆက်မပြတ်ငြင်းဆိုနေရာမှ မထင်မှတ်ပဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ၊ ဦးခွန်ထွန်းဦးလို တိုင်းရင်းသားခေါင်းဆောင်များ ၊ စသောနိုင်ငံရေးအကျဉ်းသားများနှင့်အတူ ဦးခင်ညွှန့်လို ထောက်လှမ်းရေးအုပ်စုများကိုဦးသိန်းစိန်ခေါင်းဆောင်သောမြန်မာအစိုးရမှ လွှတ်ပေးခဲ့မှုအပေါ်ထင်မြင်ယူဆချက်ပေါင်းများစွာကို ပြည်တွင်း ပြည်ပတွင် နေရာတကာမှ ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေပေသည် ။

>နိုင်ငံတကာမှ ကမ်းလှမ်းချက်များအရ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပါက စီးပွားရေး ပိတ်ဆို့များကို ရုပ်သိမ်းပေမည်ဖြစ်သဖြင့် အကောင်းဖက်မှရှုမြင်သုံးသပ်လျှင် အနာဂတ် တိုင်းပြည်၏စီးပွားရေးအတွက်ကောင်းမွန်လာမည်ဟုယူဆရသော်လည်း အတိတ်ကာလကလို လူတစ်စုမှသာ လက်ဝါးကြီးအုပ် ခြစားမှုများမဖြစ်ပေါ်ရေးအတွက် စီးပွားရေးဆိုင်ရာ ဥပဒေသများ နိုင်ငံတကာစံချိန်စံညွှန်းမီ ဖြစ်ရန်လိုအပ်ပေသည် ။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို အာမခံချက်ပေးသော တိုင်ပြည်၏နိုင်ငံရေးတည်ငြိမ်မှုမှာလည်း အထူးလိုအပ်ပေသည်။
၁၉၆၂ ကာလတုန်းကလို စစ်တပ်မှ အာဏာသိမ်းပြီး ၁၉၇၃ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကာ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကြောင့် တတိုင်းပြည်လုံး ဆင်းရဲမွဲတေလျက် ( ၈၈၈၈ )လူထုအုံကြွမှုကြီးဖြစ်ခဲ့သည့်သမိုင်းကို မမေ့သင့်ပေ ။ ထို့အတူ ၁၉၈၈ စစ်တပ်မှ အာဏာသိမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီး တိုင်းပြည်ကို ဟန်ပြပြောင်းလဲလျှင် ( ၈၈၈၈ ) တုန်းကလို လူထုအုံကြွမှုကြီးကို ဖိတ်ခေါ်သလို ဖြစ်နေပေမည် ။ သမိုင်းဘီးသည် တပတ်ပြန်လည်ပြီး တိုင်းပြည်သည် စစ်ရိပ် စစ်ငွေ့အမွေဆိုးများကို ရယူပိုင်ဆိုင်ကာ လူထုဘ၀မှာ ဆင်းရဲတွင်းနက်သထက်နက်နေပေမည်။
ထို့ ကြောင့်အနာဂတ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အတိုက်အခံနှင့်လက်ရှိ ဦးသိန်းစိန်အစိုးရတို့အနေဖြင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုးကို နှစ်ဦးနှစ်ဖက်မှတိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ကို အခြေခံကာ နားလည်မှုဖြင့်တည်ဆောက်ကြရပေမည် ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးသည် အနာဂတ်မြန်မာပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးပေလိမ့်မည် ။ ဒီမိုကရေစီ နိုင်ငံရေး ပုံစံအရ မြန်မာ့ အနာဂတ်ကာလတွင် ရွေးကောက်ပွဲများကို မဖြစ်မနေ ဖြတ်သန်းရပေမည် ။ တရားမျှတသော ရွေးကောက်ပွဲများဖြစ်ရန် အရေးကြီးသလို အာလုံးပူးပေါင်းပါဝင် နိုင်ရန် လမ်းဖွင့် တည်ဆောက်ရပေမည် ။ လွှတ်တော်ထဲတွင် လက်ရှိအစိုးရမှ တရားဝင် မဲခွဲဆုံးဖြတ်လျှင် အသာစီးရနေအောင်ဖန်တီး တည်ဆောက် ထားခြင်းကိုလည်း ပြင်ဆင်ရပေမည် ။ သို့မဟုတ်ပါက မတရားဥပဒေသများကို အတိုက်အခံများဖက်မှ လူထုအင်အားနှင့်အတူ ပြုပြင် ပြင်ဆင် ပြောင်းလဲရမည့် အခြေအနေတရပ်သည် မဖြစ်မနေလိုအပ်နေပေသည် ။၂၀၁၂ ရွေးကောက်ပွဲမှတက်လာမည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံအမတ်များကို နိုင်ငံရေး ကစားကွက်တခုလို သဘောထားကာ နိုင်ငံတကာတွင် အမြင်ကောင်းရန် လွှတ်တော်ထဲတွင် နေရာပေးခြင်းမျိုးဟု ဒီမိုကရေစီအတိုက်အခံအင်အားစုတချို့၏ သုံးသပ်မှုများလည်း ထွက်ပေါ်နေပေသည် ။
ဦးသိန်းစိန် အစိုးရအနေဖြင့် အတိုက်အခံ အင်အားစုများ နည်းတူ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို တချိန်ထဲ တပြိုင်ထဲလွှတ်ပေးသင့်ပေသည် ။ ထို့ ပြင်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများဖြင့် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲပြီး စစ်မှန်သောငြိမ်းချမ်းရေးကို
စားပွဲဝိုင်းမှာ အဖြေရှာသင့်ပေသည် ။ သို့ မဟုတ်ပါက အင်္ဂလိပ်နယ်ချဲ့ များ၏လုပ်နည်းလုပ်ဟန်အတိုင်း ပြည်မနှင့်တောင်တန်းကို သွေးခွဲအုပ်ချုပ်သည့်အသွင်ဆောင်နေပေသည် ။
အနာဂတ်နိုင်ငံအတွက် တိကျ ပြတ်သားသည့် မူဝါဒများ စနစ်တကျ မရှိပါက ယနေ့ ခေတ်မီကမ္ဘာကြီးသည် နည်းပညာအသစ်များနှင့် အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲတိုးတက်နေပေရာ တိုင်းပြည်သည် ကမ္ဘာ့အလည်တွင် အစစအရာရာတွင် အောက်ကျနောက်ကျဖြစ်ပြီး ပြတ်ကျန်ခဲ့မည်မှာ အသေအချာပင်ဖြစ်သည်။ စီးပွားရေးအင်အားတောင့်တင်းသော အမေရိကန် နိုင်ငံပင်လျှင် စစ်အသုံးစားရိတ် အဆမတန်ကြီးမားမှုကြောင့် နောက်ဆုံးတွင် စီးပွားရေး ခြွတ်ခြုံကျမှုအောက်၌ အလုပ်လက်မဲ့ဦးရေများပြားလာခဲ့ရပေသည် ။ဆင်းရဲချမ်းသာကွာဟမှုလည်း တဆထက်တဆ ကြီးထွားလာကာ လူထုဆန္ဒပြမှုများနှင့် အိုဘားမားအစိုးရမှာ ရင်ဆိုင်ခဲ့ရသည် ။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ အိုဘားမားဦးဆောင်သော ဒီမိုကရက်စ်တစ်ပါတီကို အဓိကလူကြိုက်များသည့် အကြောင်းအရင်းထဲမှ တချက်မှာ ၂၀၀၈ ရွေးကောက်ပွဲ ဂတိအတိုင်း၂၀၁၂ အကုန်တွင် အမေရိကန်တပ်များ အိရတ်မှရုတ်သိမ်းခဲ့ခြင်းဖြစ်သည် ။ထို့ နောက်တိုင်းပြည်တွင် အလုပ်အကိုင် အသစ်များဖန်တီးပြီး တိုင်းပြည်၏စီးပွားရေး ဦးမော့လာအောင် ဆောင်ရွက်နေပေသည် ။မြန်မာနိုင်ငံမှ နိုင်ငံရေးအကြီးအကဲများမှာ ဒီမိုကရေစီကို လုပ်သက် နှစ်ရာကျော် နှင့်ချီပြီးလုပ်ဆောင်သော တခြားနိုင်ငံများလို မလုပ်ဆောင်နိုင်သေးဘူးဟု ပြောနေသော်လည်း စစ်အသုံးစားရိတ်သုံးစွဲခြင်းကိုတော့ဖြင့် ဒီမိုကရေစီနိုင်ငံတွေကို ပုံတူကူးနေသလား အောက်မေ့ရပေသည် ။
တိုင်းပြည်၏ဘဏ္ဍာငွေကြေးကို စစ်အသုံးစားရိတ်များကို လျော့ချပစ်ပြီး တိုင်းပြည်၏တိုးတက်ဖွံ့ ဖြိုးမှုလုပ်ငန်းများတွင် စနစ်တကျရင်းနှီးမြုပ်ခြင်းများ၊ အလုပ်အကိုင်အသစ်ဖန်တီးခြင်းများ၊လူထုကျန်းမာရေး ပညာရေးလုပ်ငန်းများတွင် သုံးစွဲခြင်းများကို လုပ်ဆောင်သင့်ပေသည် ။ ထိုကဲ့သို့ စစ်အသုံးစာရိတ်လျော့ချရန်အတွက် မလွဲအရှောင်သာလုပ်ရမည့် ကိစ္စမှာ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို မဖြေစ်မနေ ဖန်တီးတည်ဆောက်ရန် ဖြစ်ပေသည် ။
စီးပွာရေးနှင့် နိုင်ငံရေးသည် ဒွန်တွဲ တည်ရှိနေပေရာ နိုင်ငံခေါင်းဆောင်းများ၏ လုပ်ဆောင်ချက်များသည် လူထုအပေါ်တိုက်ရိုက် အကျိုးသက်ရောက်ကာ ကောင်းကျိုး ဆိုးကျိုးများအား လူထုမှ ခံစားကြရသည် ။
အကြံအဖန် အောက်စိုက်ကောင်းသော ရာထူးများမှလွဲပြီး ရသည့်လခ မလုံလောက်သဖြင့် ၀န်ထမ်းအားလုံး စာရိတ္တချို့ ယွင်းနေသည်မှာ တနိုင်ငံလုံးအတိုင်းအတာ တခုလိုဖြစ်နေပေသည် ။ ယခင်အစိုးရများလက်ထက်တွင် ၀န်ကြီးများက မြိုးမြိုးမြက်မြက်လာဘ်စားနေသဖြင့် အောက်ခြေကလည်း အပြိုင်အဆိုင်စားကြသည် ။အကျင့်ပျက် ခြစားမှုများတိုင်ဖျက်ပြီး သန့်ရှင်းသော အစိုးရအဖြစ်ရပ်တည်မည်ဟူသောကြွေးကြော်သံသည် အလွန်ကောင်းမွန်ပါသည် ။
လွတ်လပ်မှု၊ တရားမျှတမှု နှင့် ငြိမ်းချမ်းရေးစသော ဒီမိုကရေစီရေး ၊လူ့အခွင့်အရေးများ အနာဂတ် မြန်မာပြည်တွင် ဖြစ်ပေါ်ထွန်းကားမှသာလျှင် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲမှာပြောခဲ့သလို ဟိုလူလာလည်းမျက်နှာချိုသွေးရ ၊ ဒီလူလာလည်း မျက်နှာချိုသွေးရပြီး ဖာနိုင်ငံကြီးအဖြစ်မှ ကင်းလွတ်နိုင်မည် ဖြစ်ကြောင်း တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည် ။
သို့မဟုတ်ပါက ရွှေရည်စိမ်အပြောင်းအလဲလား လူထုလိုလားတဲ့ဒီမိုကရေစီရဲ့ခြေလှမ်းအစလား မေးခွန်းများ တသီတတန်းကြီး ထွက်ပေါ်နေပေသည် ။

**အောင်ခိုင်မြင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)