ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 17, 2012

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း (၁၁)

>

**အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း**
အေဒီ (၆၀၀) ဘုရင် ဟာရှဝဒ္ဓန လက်ထက် အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ စတင်ကျဆင်းခဲ့ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ကြသည်။ ဟာရှဝဒ္ဓနမင်း သည် အာသောကမင်းကြီးကဲ့သို့ အိန္ဒိယပြည် ကို စုစည်းနိုင်ခဲ့သော ဘုရင်ဖြစ်၏။ ဗုဒ္ဓသာသာနာကို ချီးမြောက်ခဲ့ သလို စင်ပြိုင် ဟိန္ဒူဘာသာ နှင့် ဂျိန်းဘာသာတို့ ကိုလည်းထောက်ပံခဲ့သူဖြစ်၏
တရုပ်ရဟန်းတော် ရွှင်ကျန် အေဒီ ၆၃၃ တွင် အိန္ဒိယပြည် တစ်ဝှမ်းသို့ ရောက်ရှိခဲ့ရာဝယ် သာဝတ္ထိ ကပိလ၀တ် ကုသိနာရာ ဗာရာဏသီ ဝေသာလီ ပါဋလိပုတ် ဗုဒ္ဓဂယာ စသည့် နေရာများသို့ ဘုရားဖူးရောက်ရှိခဲ့လေသည်။ တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် စွန့်ပစ်ထားသော ဘုရားကျောင်းများစွာတွေ့ခဲ့ ကြောင်း ဗုဒ္ဓသာသာနာ ဆိုင်ရာ ကျောင်းတော်များ ထက် ဟိန္ဒူဘာသာဝင်တို့၏ နတ်ကွန်း (မန္ဒာလိ) များ ကို ပိုမိုများပြားစွာ တွေ့ခဲ့ ရကြောင်း ဟိန္ဒူဘာသာ နှင့် နိုင်းစာလျှင် ဗုဒ္ဓဘာသာ သည် များစွာ အင်အားချိနဲ့ နေခဲ့ပြီးဖြစ်ကြောင်း ရေးသားဖေါ်ပြထားလေ၏။

တရုပ်ရဟန်းတော် ရွှင်ကျန် သည် ဗုဒ္ဓဂယာ မှာ မြေကြီးထဲ တစ်ဝက်နစ်မြုပ်ဝင်နေသော အ၀လောကိတေသွာရ ဗောဓိသတ္တ ရုပ်ပွားတော်တစ်ဆူတွေ့ခဲ့ ပြီး ယင်း ဗောဓိသတ္တ ရုပ်ပွားတော် ကွယ်ပျောက်ချိန်တွင် ဗုဒ္ဓဘာသာ လည်း ကွယ်ပျောက်လိမ့်မည်ဟူသော တပေါင်စာချိုးရှိခဲ့ကြောင်း ကို မှတ်တမ်းတင်ခဲ့ပါသည်။

အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း သည် အဓိကအားဖြင့် ဟိန္ဒူဘာသာ၏ သိမ်းသွင်း ၀ါးမြိုမှုကြောင့် ဖြစ်ပြီး စစ်မက်ရေးရာနှင့် ပတ်သက်မှု မရှိလှကြောင်း ပညာရှင်တို့ ယူဆ ကြသည်။ အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း၏ ပင်မ အကြောင်းတရားများကို အောက်ပါ အတိုင်းလေ့လာတွေ့ရှိ ရပါသည်။
(၁) ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားခဲ့ကြခြင်း
တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် အေဒီ ၆-၇ ရာစု ကာလများတွင် အိန္ဒိယပြည်ရှိ ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားခဲ့ကြခြင်းအကြောင်း ကို မှတ်တမ်းတင်ထားလေသည်။ ဘိုလာ နှင့် ဘော်လတီ (Bolor and Balti) အရပ်တွင် ရှိသော ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ သည် ၀ိနည်းအကျင့်ကို မလေးစားကြကြောင်း စာပေပရိယတ် ကိုလည်းကောင်းစွာ သင်ယူလေ့လာမှု မရှိကြကြောင်း ဆင်းဒ် (Sindha) ဒေသမှာ သမ္မိတိယဂိုဏ်းသား ဗုဒ္ဓဘာသာ ရဟန်း သံဃာတို့သည် ရဟန်းတို့ နှင့် မအပ်စပ်သော လောကီကာမဂုဏ်တရားများကို ခံစားကြသည့်အပြင် သားသတ်ခြင်း အိမ်ထောင်သားမွေးအလုပ်များလုပ်ခြင်းတို့ ကိုပါ ရဲရဲဝံ့ဝံ့ကျူးလွန်သူများပင်တွေ့ခဲ့ရကြောင်း ကို တရုပ်ရဟန်းတော် ရွှင်ကျန် က မှတ်တမ်းတင်ထားလေသည်။

ရွှင်ကျန် နည်းတူစွာ ကသ္မီရမှ သမိုင်းပညာရှင် ကာလ်ဟာဏ (Kalhana) ၏ သမိုင်းမှတ်တမ်းတွင်လည်း မေဃ၀ါဟနမင်း၏ မိဖုရားယူကဒေ၀ီဆောက်လုပ်လှူဒါန်းသော ၀ိဟာရကျောင်းတော်တွင် သီတင်းသုံးသော ရဟန်းတော်များအနက် တစ်ဝက် ခန့်သည်သာ ၀ိနည်းအကျင့် ကို တင်းရင်းညီညွတ်စွာကျင့်သုံးကြကြောင်း ကျန်တစ်ဝက်မှာဝိနည်းအကျင့်ကို မလေးစားသော အလဇ္ဇီ ဒုဿီလ ရဟန်းများဖြစ်ကြကြောင်း မှတ်တမ်းတင်ခဲ့လေသည်။

အေဒီ ၇-၈ ရာစုများတွင် ပေါ်ပေါက်ခဲ့သော စာပေမှတ်တမ်းများအရလည်း လောကီရေး နိုင်ငံရေး ကိစ္စများ၌ တက်တက်ကြွကြွ ပါဝင်ခဲ့ကြကြောင်းသိရ၏။ ဘ၀ဘူတိ ရေးသားစီရင်သော မာလာတိမာဓ၀ ၀တ္တု တွင် ကာမန္ဒာကီ အမည်ရှိသော ဘိက္ခူနီမကြီး တစ်ပါးသည် ချစ်သူတို့ပေါင်းဖက်ရန် အောင်သွယ်တမန် လုပ်ခဲ့ကြောင်း ရေးသားထားသည် ကိုတွေ့ရ၏။ ကာမန္ဒာကီ အမည်ရှိသော ဘိက္ခူနီမကြီး အစစ်အမှန် ရှိခဲ့သည်ဖြစ်စေ စာရေးသူ၏ စိတ်ကူးယဉ် သက်သက် ဖြစ်သည် ဖြစ်စေ ထိုကာလ ၀န်းကျင်တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားနေပြီ ဖြစ်ကြောင်း ထောက်ဆ သိနိုင်ပေသည်။

ထို့အတူဒန္တီ ရေးသားသီကုံးသော ဒသကုမာရစရိတ တွင်လည်း ဘိက္ခူနီ တို့ အောင်သွယ်တမန်ပြုကြပုံ လောကီရေးတွင် ထွေးထွေးရှုပ်ရှုပ် ပတ်သက်ကြပုံ များ ကိုဖေါ်ပြခဲပလေသည်။ ကာလီဒါသ ဆရာ ၏ မာလ၀ိကာဂနိမိတ္တ တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ဖေါက်ပြန်ပျက်စီးပုံများ နှင့် ဗုဒ္ဓစာပေ နုတ်ငုံဆောင်ခြင်း (ဘာဏ) ဟူသော ဝေါဟာရ ကို ယုတ်မာ နိမ့်ကျသော ကာမဂုဏ်ခံစားမှုဖြင့် တင်စားရေးဖွဲ့ထားမှုများကိုပင်တွေ့ ရလေသည်။ အေဒီ ၈ ရာစုလက်ရာတစ်ခုဖြစ်သော စာတုဘာဏီ တွင် ကချေသည်ပြည့်တန်ဆာများထံ သို့ မင်းညီမင်းသားများ ဗြဟ္မဏပုရောဟိတ်များ အပြင် ဗုဒ္ဓဘာသာဝင် ရဟန်းများပင် သွားရောက်လည်ပတ်ကြကြောင်း ဖေါ်ပြထားလေ၏။

(၂)ဗုဒ္ဓဘာသာ ဂိုဏ်းကွဲပြားမှု များကြောင့် အင်အားချိနဲ့ခဲ့ရခြင်း
ဗုဒ္ဓဘာသာ၏ သမိုင်းသည် ဂိုဏ်းကွဲပြားမှုများ၏ သမိုင်းဟု ဆိုရမလောက်ပင် သာသနာနှစ် ၃၀၀ အတွင်း ဂိုဏ်းများ အစိတ်စိတ်အမွှာမွှာ ကွဲထွက် ခဲ့ ရလေသည်။ ဗုဒ္ဓ လက်ထက်တော် ကတည်းက ယောက်ဖတော် ဒေ၀ဒတ်၏ ဂိုဏ်းခွဲထွက်မှု ရှိခဲ့သည်ကို ထောက်၍ ဂိုဏ်းကွဲပြားမှုများ၏ ဇာစ်မြစ်သည် ဗုဒ္ဓဘာသာ၏ အတွင်းသဏ္ဍာန်ဝယ် နက်ရှိုင်းစွာ သန္ဓေတည်ခဲ့ဟန်ရှိလေသည်။ ဒေ၀ဒတ်၏ နောက်လိုက်နောက်ပါ ရဟန်းများ အေဒီ (၇) ရာစုထိ ရှင်သန်တည်ရှိနေခဲ့ပြီး ကာဏှသုဝဏ္ဏ တွင် ဘိက္ခုနီကျောင်းများထူထောင်ခဲ့ကြောင်း မှတ်တမ်းများရှိလေသည်။[1]

ရှေးဦး ဗုဒ္ဓဘာသာမှ ထာဝီရ၀ါဒ (ရှေးဦးထေရ၀ါဒ) နှင့် မဟာသံဃိက ဂိုဏ်းများ စတင်ကွဲထွက်လေသည်။ မဟာသံဃိကဂိုဏ်း မှ ဂေါကုလိက၊ဧကောဗျာဟာရိက၊စေတိယ၊ ဗဟုသုတိယ၊ပညတ္တိဝါဒ၊ဂိုဏ်းကွဲ ၅ခု ထွက်ပေါ်ခဲ့၍ ထာဝီရ၀ါဒ မှ မဟိသာသက၊ သဗ္ဗတ္တ၀ါဒ၊ ဟေမ၀တ၊၀ဇ္ဇီပုတ္တက၊ ဓမ္မဂုတ္တက၊ ကဿပိယ၊ သုတ္တန္တိက၊သမ္မိတိယ၊ ထေရ၀ါဒ(၀ိဘဇ္ဇ၀ါဒ) စသည်ဖြင့် ၁၁ ဂိုဏ်း ကွဲ ထွက်ပြန်သည်။ ဂိုဏ်းကွဲ အသေး အဖွဲ့များကိုပါ ထည့်သွင်းရေတွက်ပါက သံဃာဂိုဏ်းပေါင်း ၃၀ အထက် အကွဲ အပြဲခေတ်စားခဲ့ သည်။

တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် ခေတ်ပြိုင် သံဃာဂိုဏ်းပေါင်း (၁၈) ဂိုဏ်းတည်ရှိကြောင်းကို ဖေါ်ပြထား လေသည်။ ဗုဒ္ဓဘာသာတရားတော်၏ သန့်စင်မှု နှင့် ညစ်နွမ်းမှုတို့ သည် သက်ဆိုင်ရာ ဂိုဏ်းနှင့်သာ သက်ဆိုင်ကြောင်း သံဃာဂိုဏ်းပေါင်း (၁၈) ဂိုဏ်းစလုံး က လည်း မိမိ တို့ ဂိုဏ်း တရားသည်သာ စစ်မှန်သော ဗုဒ္ဓဘာသာတရားတော် ဖြစ်ကြောင်း ၀န်ခံပြောဆိုကြကြောင်း အချင်းချင်းလည်း အညီအညွတ်မရှိ ငြင်းခုန်နေကြကြောင်း ဟီနယာနနှင့် မဟာယာန ရဟန်းတော်များလည်း အယူအမြင် ကွဲပြားခြားနားနေကြကြောင်း ကို ပုံဖေါ်ရေးချယ် ခဲ့လေသည်။

ဟီနယာနဂိုဏ်းမှ ပညာဂုတ္တ အမည်ရှိသောရဟန်းတော်တစ်ပါးက ဂါထာ (၇၀၀) ပါရှိသော ကျမ်းတစ်စောင်ဖြင့် မဟာယာနအယူဝါဒ ကို တိုက်ခိုက်ခဲ့ကြောင်း မဂဓဒေသ မှ မဟာယာနရဟန်းတော်များ၏ အားပေးတိုက်တွန်းမှုကြောင့်တရုပ်ရဟန်းတော် ရွှင်ကျန် က ဂါထာ (၁၆၀၀) ပါသော တန်ပြန်ကျမ်းတစ်ဆူ ရေးသားစီရင်၍ ဟီနယာနဂိုဏ်း အယူအဆ ကို နှိပ်ကွပ်ခဲ့ရကြောင်း မဟာယာနအယူဝါဒ ကို ထွန်းလင်းပြခဲ့ရကြောင်း မှတ်တမ်းပြုထားလေသည်။

မဟာယာနဗုဒ္ဓဘာသာ၏ ပညာရှိက၀ိအကျော်အမော်များ ဖြစ်ကြသော သန္တိဒေ၀ စန္ဒကိတ္တိ သန္တရက္ခိတ စသော ရဟန်းတော်များသည် ဟီနယာနဂိုဏ်း အယူအဆများ ကို ဝေဖန်ထိုးနှက်သော ဓမ္မကျမ်းစာများ စီရင်ရေးသား ခဲ့ကြလေသည်။ ဗုဒ္ဓဘာသာဂိုဏ်းကွဲများအကြား ၀ိဝါဒကွဲပြားပြိုင်ဆိုင်မှုသည် ဗုဒ္ဓဘာသာ နှင့် အခြား ဘာသာဝါဒများ အကြား ရှိသော ၀ိဝါဒကွဲပြားပြိုင်ဆိုင်မှုများထက် ပို၍ ပြင်းထန်ခဲ့ပါသည်။ ဤသို့ ဂိုဏ်းကွဲပြားမှု များကြောင့် ဗုဒ္ဓဘာသာ သည် အင်အားချိနဲ့ခဲ့ရခြင်းဖြစ်သည်ဟူ၍ သုတေသီများ တွေးဆခဲ့ကြပါသည်။

(၃) ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာ အသွင်သဏ္ဍာန်ခြင်း ရောနှောလာခဲ့ခြင်း
မဟာယာနဗုဒ္ဓဘာသာ သည် ဟိန္ဒူဘာသာဝင်လူထုကို သိမ်းသွင်းနိုင်ရန် ဟိန္ဒူဘာသာမှ နတ်ဒေ၀တာများ ကို ဗုဒ္ဓဘာသာ နယ်ပယ်သို့ သွတ်သွင်းခဲ့ လေသည်။ သီဝ ဗိဿနိုး ကာလီ စသော ဟိန္ဒူ နတ်ဒေ၀တာများ သည် အ၀လောကိတေသွာရ တာရာဒေ၀ီ စသော ဗုဒ္ဓဘုရားများ အသွင် ကို ဆောင်လာခဲ့လေသည်။ ကာလရွေ့လျားလာသောအခါတွင် ဟိန္ဒူဘာသာဝင်လူထု က ဗုဒ္ဓဘာသာ ကို ဟိန္ဒူဘာသာ ၏ အကိုင်းအခက် တစ်ခုအနေနဲ့ သာမြင်ခဲ့ကြလေတော့သည်။
ဗုဒ္ဓသည် ဟိန္ဒူဘာသာ၏ ဗိဿနိုး ဆင်းသက်သော န၀မမြောက် အ၀တာရအသွင် ဘုရား အနေဖြင့် ကိုးကွယ်လာခဲ့ ကြလေသည်။ မဟာယာနဗုဒ္ဓဘာသာ သည် ဟိန္ဒူဘာသာဝင်လူထုကို သိမ်းသွင်းနိုင်ရန် ကြိုးစားရင်း တိုင်းရင်းသားရိုးရာ ယုံကြည်မှု ထုံးဓလေ့များ၏ တန်ပြန်ဝါးမြိုခြင်းကို ခံခဲ့ ပုံရကြောင်း ဗုဒ္ဓဘာသာသမိုင်းပညာရှင်များက ကောက်ချက်ဆွဲ ကြပါသည်။

တန္တရယောဂ ကျင့်စဉ်များ မဟာယာနဗုဒ္ဓဘာသာ အတွင်း ရောနှောပေါင်းစပ်လာခြင်းသည်လည်း မဟာယာနဗုဒ္ဓဘာသာ ဆုတ်ယုတ်ခဲ့စေကြောင်း လူထုအများ ကိုးကွယ်သော မဟာယာနဗုဒ္ဓဘာသာ သည် ဗောဓိသတ္တများကိုယုံကြည်ကိုးကွယ်မှု နှင့် မဟာယာနသုတ္တန်များကို ရွတ်ဆိုပူဇော်မှု သက်သက်အဆင့်သို့ ဆုတ်ယုတ်ခဲ့ ကြောင်း ယိချင်၏မှတ်တမ်းတွင် ဖေါ်ပြထား လေသည်။

ရုပ်ပွားဆင်းတု ကိုးကွယ်မှု ဂါထာမန္တန်များ ရွတ်ဖတ်ဖြင်း ဆုတောင်းပတ္ထနာပြုခြင်း တို့ သည် မူလ ပါရမီ ကျင့်စဉ်များ၏ နေရာတွင် အစားယူလာကြကာ တိုင်းရင်းသားရိုးရာ ယုံကြည်မှု ထုံးဓလေ့များ နှင့် အသွင်သဏ္ဍာန် အားဖြင့် ရောနှောခဲ့ သည် မှာလည်း အကြောင်းတရားတစ်ခု ဖြစ်လေသည်။

(၄) ဗြဟ္မဏ တို့ ဗုဒ္ဓဘာသာ ကိုမုန်းတီးမှု နှင့် ဗြဟ္မဏ၀ါဒ ပြန်လည် နိုးထလာခဲ့ခြင်း

အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း ၏ ပြင်ပအကြောင်းတရားများ အနက် ဗြဟ္မဏ တို့ ဗုဒ္ဓဘာသာ ကိုမုန်းတီးမှု သည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ရှင်တော်ဗုဒ္ဓ လက်ထက် အခါ ကတည်းက ဗြဟ္မဏ တို့ နှင့် ထိပ်တိုက်တွေ့ ရခြင်းများ ရှိခဲ့ လေသည်။ ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်တွင် ပဉ္စသာလ ဟူသော ဗြဟ္မဏ ရွာနိဂုံးသို့ ဆွမ်းခံကြွခဲ့ ရာဝယ် ဆွမ်းတစ်လုပ်စာမျှ မရခဲ့ကြောင်း မှတ်တမ်းရှိလေသည်။

ဗြဟ္မဏ တို့သည် ဗုဒ္ဓဘာသာ ရဟန်းများ ကို ဦးပြည်းယုတ် သူတောင်းစား စသဖြင့် နှိမ်ချခေါ်ဆိုမှု များရှိခဲ့ သည့် အပြင်ဗုဒ္ဓ၏ အနတ္တ၀ါဒ ကမ္မ၀ါဒ အနိဿရ၀ါဒ နှင့် ပဋိစ္စသမုပ္ပါဒ၀ါဒ များ အပေါ် ဗြဟ္မဏ တို့ မျက်မုန်းကျိုးခဲ့လေသည်။ ဗုဒ္ဓ၏ အနတ္တ၀ါဒ သည် ဗုဒ္ဓ၏ အနတ္တ၀ါဒ ဗြဟ္မဏ၀ါဒ ၏ အခြေအမြစ်မှ တူးဖြိုဖျက်စီး ခဲ့သောကြောင့် ဤမျှ မျက်မုန်းကျိုးခဲ့ ရခြင်းဖြစ်ပါ၏။ ဗြဟ္မဏ၀ါဒ တွေးခေါ်ရှင် ယာဇညဗာလကျ အလိုအရ ဗုဒ္ဓဘာသာ ရဟန်းများ ကို အိပ်မက်ထဲတွင် ဆုံတွေ့ရလျှင်သော်တောင် အမင်္ဂလာကြီးဖြစ်ကြောင်း ဆိုထားပါသည်။

ဗြဟန္နာရာဒီယ ပူရာဏ် ကျမ်း ဗြဟ္မဏတစ်ယောက် အတွက် အကြီးမားဆုံးသော အပြစ်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေအိမ်အတွင်းသို့(အတိဒုက္ခ ရောက်ရှိချိန်တွင်၌ပင်) ၀င်ရောက်မိခြင်းဖြစ်သည်ဟု ဆို၏။ အဂ္ဂနိပူရာဏ် တွင် သုဒ္ဓေါဓနမင်း၏သား (ဂေါတမဗုဒ္ဓ) သည် ဗြဟ္မဏ၀ါဒီ များ ကို သွေးဆောင်၍ ဗုဒ္ဓဘာသာဝင်ဖြစ်စေခဲ့ကြောင်း ရေးသားပါရှိလေသည်။

ဗုဒ္ဓဘာသာ ရဟန်းတော်တို့ ကို နှိမ်ချ၍ “ဖြူစင်သောသွား ထိန်းချုပ်သောမျက်လုံးများ အနီရောင်သင်္ကန်းကိုဝတ်ဆင်လျှက် ဦးပြည်းကတုံး တို့သည် ဘာသာရေး အမှုတို့ ပြုကြကုန်၏ ” ဟူ၍ ၀ါယုပူရာဏ် တွင် ရေးထား လေ၏။ ဗိဿနိုးပူရာဏ် တွင်မူ ဂေါတမဗုဒ္ဓ သည် ဖျားယောင်းလှည့်စားတတ်သူ ဟု စွပ်စွဲထားပေသည်။ ၎င်း ကျမ်းစာ၌ ပင် ဆက်လက်၍ ဂေါတမဗုဒ္ဓ သည် ကြီးမားသော အမိုက်အမှောင် (မဟာမောဟ) ဖြစ်သည်ဟူ၍ ရက်ရက်စက်စက် ထောမနာပြုထား လေ၏။ ဂေါတမဗုဒ္ဓသည် မညင်းဆဲမှု (အဟိံသာဓမ္မ) နှင့် ငြိမ်းအေးမှု (နိဗ္ဗာန) တရားများဟောကြား၍ ဝေဒ ယဉ်ကျေးမှု အစဉ်အလာများကို ဖျက်ဆီးသူ ဖြစ်ပြီး ဤ ကြီးမားသော အမိုက်အမှောင် (မဟာမောဟ) ၏ နောက်လိုက် (ဗုဒ္ဓဘာသာဝင်များ) ကို နတ်ဒေ၀တာများက အပြစ်ဒဏ်ခတ်လိမ့်မည်ဖြစ်ကြောင်း သတိပေးထားသေး၏။

ဗြဟ္မဏ၀ါဒီ ကုမာရိလ သည် ဗုဒ္ဓဘာသာဝင်များ ကို အလွန်ရွံ့ရှာစက်ဆုပ်မုန်းတီးခဲ့ကြောင်း “ရှလောက၀ါတ္တိက” တွင် ဖေါ်ပြထား၏။ ကုမာရိလ သည် ဥဇ္ဇေနီမင်း ကို ဗုဒ္ဓဘာသာဝင်များအား သတ်ဖြတ်သုတ်သင်ရန် တိုက်တွန်းခဲ့ကြောင်း (ဤအချက်နှင့်ပတ်သက်၍ ပညာရှင်အများ လက်မခံ-ခိုင်လုံသောသမိုင်း အထောက်အထား မတွေ့ ရကြောင်း) ကုမာရိလ နည်းတူ ဗုဒ္ဓဘာသာဝင်များ ကို ခါးခါးသီး မုန်းတီးသူမှာ ဝေဒန္တဒဿနပညာရှင် ရှန်ကာရ ဖြစ်၏။

ရှန်ကာရ ၏ ဗုဒ္ဓဘာသာဝင်များ ကို နှိပ်စက်ခဲ့မမှု များ သမိုင်းတွင်ခဲ့၏။ သူသည် ဗုဒ္ဓဘာသာဝင်များ ကို မတရားလက်နက် ဓါးလက်နက် စကားလက်နက် များဖြင့် တိုက်ခိုက်ခဲ့သူဖြစ်၏။ ရှန်ကာရသည် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ ကို မင်းအမိန့် အာဏာဖြင့် အတင်းအဓမ္မ ၀ါဒပြိုင်စေ ရှုံးသူတို့ ကို ဗုဒ္ဓဘာသာအယူ ကို စွန့်လွှတ်စေ မလိုက်နာသူများ ကို ရာဇ၀တ်သားများပမာ သတ်မှတ်၍ ကျက်ကျက်ပူသော ထောပတ်ဆီအိုးတွင် နှစ်သတ်စေခြင်း စသော အကုသိုလ်များ ကျူးလွန်ခဲ့ လေသည်။ ထို့ကြောင့် တိဗက်အစဉ်အလာ မှတ်တမ်းများ အရ ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ သည် ရှန်ကာရ ၏ အသံကိုကြားရလျှင်ပင် လွန်စွာ ထိတ်လန့်တုန်လှုပ်ချောက်ခြားကြရကြောင်း ရေးသားထားသည်ကို ထောက်ချင့်၍ ရှန်ကာရ ၏ ဗုဒ္ဓဘာသာဝင်များ အပေါ် ရက်စက်ကြမ်းကြုတ်ခဲ့မှုများကို သိရှိနိုင်ပါသည်။ ရှန်ကာရ ရေးသားသော “ဗြဟ္မသုတ္တဘာသ” တွင် ဂေါတမဗုဒ္ဓ သည် ပြည်သူတို့၏ ရန်သူ ဖြစ်ကြောင်း အတွင်းသဘော ၀ိရောဓိ ဆန့်ကျင်နေသာ ရှုပ်ရှုပ်ထွေးထွေးတရားများ ကို သာ ဟောပြောသူဖြစ်ကြောင်း ဖေါ်ပြထားလေသည်။

ဤသို့ ဗုဒ္ဓဘာသာဝင်များ ကို သတ်ဖြတ်နှိပ်စက်နေခဲ့ သည့် တစ်ချိန်တည်းမှာပင် ဗြဟ္မဏ၀ါဒ ပြန်လည် နိုးထလာခဲ့ခြင်း လည်း ဖြစ်ပေါ်နေခဲ့၏။ ဥဒ္ဒေါတကာရ ကုမာရိလဘဒ္ဒ ရှန်ကာရ ဥဒါယန ၀ါစာပတိ မိရှရ စသော အကျော်ဒေးယျ ဗြဟ္မဏပညာရှင်များ ထွန်းတောက် နေခဲ့ချိန်လည်းဖြစ်ရာ ဗြဟ္မဏ၀ါဒ ကို ပိုမို ခိုင်မာသော အခြေခံသစ်များဖြင့် အားယူတည်ဆောက်နေခဲ့သော ကာလ ဖြစ်၏။ ဗုဒ္ဓဘာသာ ကို လှောင်ပြောင်သရော်လေ့ရှိသော ပူရာဏ် ကျမ်းများ ကို မြင့်မြတ်သော မုက္ခပတ်ဘာသာရေး ကျမ်းစာများ အဖြစ် တရားဝင် အတည်ပြုပေးခဲ့ သည်ကိုတွေ့ရ၏။

ဂုတ္တခေတ် နှင့် နောက်ပိုင်းကာလတွင် ခေတ်စားလာခဲ့ ကြသော ဘဂ၀တ (ဗိဿနိုးဂိုဏ်း) နှင့် သီဝဂိုဏ်း တို့၏ လွမ်းမိုးမှု များကလည်း ဗုဒ္ဓဘာသာ ကို များစွာ မှေးမှိန်စေခဲ့၏။ ဗုဒ္ဓဘာသာ ၏ ဝေဒကျမ်းများအပေါ် မယုံကြည်မှု ဇာတ်ခွဲခြားရေး စံနစ် ကို လက်မခံမှု နှင့် ဗြဟ္မဏသျှတ္တရ ကျမ်းပြုဆရာတို့၏ စစ်မှန်သောတန်ဖိုးကို လက်မခံခြင်း များသည် ဗုဒ္ဓဘာသာ အပေါ် ဗြဟ္မဏတို့ အနေဖြင့် ပို၍ မုန်းတီးစရာဖြစ်ခဲ့၏။ အသောက ကနိရှက ဟာရှဝဒ္ဓန စသော ဗုဒ္ဓဘာသာ သာသနာ ပြုမင်းများကြောင့် ဗုဒ္ဓဘာသာ ကောင်းစားခဲ့စဉ်က ဗြဟ္မဏတို့ အနေဖြင့် နောက်ဆုတ်ကာ ခပ်ရို့ရို့လေး နေခဲ့ ရသည်ကို မမေ့နိုင်ပဲ အသာစီးရခိုက်ဝယ် ဗုဒ္ဓဘာသာ ကို လက်စားချေတော့၏။ ဗုဒ္ဓဘာသာ နှင့် ဆန့်ကျင်သော ဝေဒကျမ်းများ အပေါ်အကြွင်းမဲ့ယုံကြည်မှု ဇာတ်ခွဲခြားရေးစံနစ် နှင့် အိမ်ရာထောင်သော လူ့ဘောင်ဘ၀၏ တာဝန် ကျေပွန်မှု တရားများ ကို အဓိက ပေါ်လွင်အောင် ဟောပြောခဲ့ကြလေသည်။ ဗြဟ္မဏ တို့၏ တရားဓမ္မ ကို ဆန့်ကျင်၍ သမဏလမ်းစဉ် (အိမ်ယာစွန့်ခွာရေးလမ်းစဉ်) ကို လိုက်နာကျင့်သုံးသူတို့အား ကြီးလေးသော ပြစ်ဒဏ်များ ပေးရန် သတ်မှတ်ခဲ့လေသည်။

(၅) ဗုဒ္ဓဘာသာ ကို ဗြဟ္မဏဘုရင်များ၏ နှိပ်ကွပ်ဖျက်စီးမှု
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရခြင်း၏ အဓိကအကြောင်းတရားများ အနက်ဗုဒ္ဓဘာသာကို ဗြဟ္မဏဘုရင်များ၏ နှိပ်ကွပ်ဖျက်စီးမှုသည် အရေးပါသော အကြောင်းတရားတစ်ခုဖြစ်လေသည်။

ရွှင်ကျန် ၏ မှတ်တမ်းတွင် ဗုဒ္ဓဒဿနပညာရှင် ၀သုဗန္ဓု ၏ ဆရာ ဖြစ်သော မနောရဋ္ဌ ကို ဘုရင် ၀ိကြမာဒိတျ ၏ အနိုင်ကျင့် နှိပ်စက်မှု ကို ဖော်ပြထား၏။ တစ်ခါက မနောရဋ္ဌ သည် သူ၏ ဆတ္တာသည် ကို လုပ်အားခ အဖိုးတစ်သိန်း ပေးသည်ဟူ၏။ ထိုသတင်း ကို ဘုရင် ၀ိကြမာဒိတျ ကြားလတ်သော မနောရဋ္ဌ အပေါ် ကြီးစွာသော မနာလို စိတ် ဖြစ်လေသည်။ ၀ိကြမာဒိတျ သည် မနောရဋ္ဌ ၏ ဂုဏ်သိက္ခာ ကို ကျဆင်းစေလျှက် ဗိုလ်ပုံအလည် တွင် အရှက် ရစေရန် မနောရဋ္ဌ ကို မင်းအမိန့်အာဏာဖြင့် နန်းတော်သို့ ဆင့်ခေါ်စေလျှက် မိစ္ဆာဝါဒီ (၁၀၀) ဖြင့် ၀ါဒ အခြေအတင် ပြိုင်ဆိုင် စေခဲ့၏။ အကယ်၍ ၀ါဒပြိုင်ဆိုင်မှုတွင် ရှုံးနိမ့်ခဲ့ပါလျှင် အသတ်ခံရမည်ဖြစ်ကြောင်း မတရား အမိန့်ထုတ်လေ၏။ မနောရဋ္ဌ သည် မိစ္ဆာဝါဒီ (၉၉) ယောက်ကို အနိုင်ယူခဲ့ပြီးသော အခါ ကောက်ကျစ်ယုတ်မာသော ဘုရင် ၀ိကြမာဒိတျ သည် မိစ္ဆာဝါဒီ တို့ နှင့်အတူ ပွဲသဘင်ကို ပျက်အောင် ဆူညံသောင်းကျန်းနှောက်ယှက်စေ၏။ ထိုအခါ မနောရဋ္ဌ မိမိ လျှာကို ကိုက်ဖြတ်၍ တပည့်ဖြစ်သူ ၀သုဗန္ဓုအား ဂိုဏ်းဂဏ အားကိုးဖြင့် အနိုင်ကျင့်သူများအလယ်တွင် တရားမျှတစစ်မှန်မှုဟူသည် မရှိပေ-ဟု စာဖြင့်ရေးသားပြောခဲ့လျှက် ကွယ်လွန်ခဲ့ရလေသည်။ ရွှင်ကျန် က ထပ်လောင်းဖြည့်စွက်ရေးသားခဲ့ရာတွင် ဘုရင် ၀ိကြမာဒိတျ ထီးနန်းကျ၍ သူ့ အရိုက်အရာ ကို ဆက်ခံသော မင်းသစ် သည် ပညာရှိပဏ္ဍိတ များကို လေးစားမှု ရှိသူ ဖြစ်သောကြောင့် ဗုဒ္ဓဒဿနပညာရှင် ၀သုဗန္ဓု သည် ထို ဘုရင်၏ လက်ထက်တွင် ဗုဒ္ဓဘာသာ ၏ ဂုဏ်ကို ပြန်လည်ဆောင်ကြဉ်းခွင့် ရခဲ့လေသည်။
ဤ ဇာတ်ကြောင်းသည် ဒဏ္ဍာရီဆန်ဆန် ဖြစ်နေသော်လည်း တကယ်ဖြစ်ရပ်မှန် သမိုင်းနောက်ခံ အကြောင်းအရာများပေါ် အခြေခ့ခဲ့ပုံရ၏။ ဘုရင် ၀ိကြမာဒိတျ ဆိုသူသည် အေဒီ (၅) ရာစုကာလ က စိုးစံခဲ့သော ဂုတ္တမင်းဆက်မှ ဘုရင် ခန္ဒဂုတ္တ ဖြစ်နိုင်ကြောင်း မှန်းဆကြ၏။ ဘုရင် ခန္ဒဂုတ္တ သည် ဗုဒ္ဓဘာသာကို မုန်းတီးသူ အဖြစ်နာမည်ကျော်ခဲ့၍ သူ့ နန်းဆက်ကို ဟူဏ (ဟုဏ်း) လူမျိုးတို့က ဖျက်ဆီးခဲ့ပြီး နောက်တွင် ဗုဒ္ဓဘာသာကို ထောက်ပံ့ချီးမြောက်သော ဘုရင် နရသီဟဂုတ္တ ဗာလာဒိတျ နန်းတက်ခဲ့လေသည်။ နရသီဟဂုတ္တ သည် ဟူဏ (ဟုဏ်း) လူမျိုးတို့ကို မောင်းထုတ်နိုင်ခဲ့၏။

ဗုဒ္ဓဘာသာ ကို နှိပ်ကွပ်ဖျက်စီးမှုအရာတွင် ဗြဟ္မဏဘုရင်များအနက် ဟူဏ (ဟုဏ်း) လူမျိုး ဘုရင် မိဟိရကုလ ဖြစ်၏။ ဤ ဘုရင်၏ ဗုဒ္ဓဘာသာကို ရက်စက်စွာ နှိပ်ကွပ်ဖျက်စီးမှု အကြောင်းများကို ကသ္မီရသမိုင်းပညာရှင် ကာဠာဏ က မှတ်တမ်းတင်းထားခဲ့သလို ရွှင်ကျန်၏ မှတ်တမ်းများ က လည်း ထောက်ခံအတည်ပြုနေ၏။ မိဟိရကုလ သည် ငရဲညပည်ကို အစိုးရသော ယမမင်းကြီးနှင့် အလားတူဖြစ်ကြောင်း ဤမင်းဆိုးမင်းညစ်၏ အကုသိုလ်ဒုစရိုက်မှုများကို ပြောဆိုရသော လျှာသည်ပင် ညစ်ထေးယုတ်ညံ့ရကြောင်း ကာဠာဏ က ရေးသားခဲ့၏။

ကသ္မီရသမိုင်းပညာရှင် ကာဠာဏ ၏ အလိုအရ မိဟိရကုလ သည် ဗြဟ္မဏဘာသာကို များစွာချီးမြောက်၍ ဗြဟ္မဏပညာရှိ များကို သူကောင်းပြုခဲ့၏။ မိဟိရကုလ သည် သီဝနတ်မင်း ကို ကိုးကွယ်၏။ သူ့အမည် မိဟိရ (=မိတြ) သည် နေမင်းနတ်ဘုရားနှင့် ဆက်စပ်မှုရှိကြောင်း ထောက်ဆ၍ ဤအချက်မှန်ကန်ကြောင်း သက်သေထူနေပါသည်။ တစ်ခါက ဘုရင် မိဟိရကုလ သည် ဗုဒ္ဓဘာသာကို လေ့လာသင်ကြားရန် ရဟန်းတော်တစ်ပါးစေလွှတ်ပေးရန် တောင်းဆိုရာ ၀ါနည်းသော ရဟန်းငယ်တစ်ပါးကို သာ စေလွှတ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာကို များစွာ အမျက်သိုခဲ့သည်ဟုဆိုပါသည်။ မိမိ အုပ်ချုပ်မင်းလုပ်သော အာဏာစက်ဖြန့်ကျက်ရာ တိုင်းပြည်မြို့ရွာ အနှံ့တွင် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ရှိရှိသမျှသော ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်မှန်သမျှ တစ်ပါးမကျန် သုတ်သင်သတ်ဖြတ်ရန် မင်းအမိန့်အာဏာပြဋ္ဌာန်း ခဲ့သည်ဟုဆို၏။

ထိုအခါ မဂဓတိုင်းမှ ဗုဒ္ဓဘာသာကို ထောက်ပံ့ချီးမြောက်သော ဘုရင် နရသီဟဂုတ္တ ဗာလာဒိတျ က မိဟိရကုလ ၏ အမိန့် ကို ဆန့်ကျင်ကန့်ကွက်ခဲ့ သဖြင့် မင်းနှစ်ပါး စစ်မက်ဖြစ်ပွားခဲ့ရလေသည်။ မိဟိရကုလ စစ်ရှုံး၍ ဘုရင် နရသီဟဂုတ္တ ၏ အကျဉ်းစံဖြစ်ရလေသည်။ သို့သော်လည်း အချုပ်အနှောင်မှ လွတ်မြောက်၍ မိဟိရကုလ သည် ကသ္မီရတိုင်း သို့ရောက်ရှိခိုလှုံခဲ့၏။ ကျေးဇူးကန်းသော မိဟိရကုလ သည် ကသ္မီရ ဘုရင်ကို သတ်ဖြတ်၍ ထီးနန်းကို လုာူခဲ့ပြန်သည်။ ထိုအချိန်က ကသ္မီရတိုင်းတွင် ဗုဒ္ဓဘာသာထွန်းကားနေဆဲဖြစ်လေရာ မိဟိရကုလ သည် ဗုဒ္ဓဘာသာ ကို ဖျက်ဆီးရန် အခွင့်ရလေ၏။ ကျောင်းကန်ဘုရားစေတီပေါင်း (၁၆၀၀) ခန့် ကို မြေလှန်ဖျက်ဆီးခဲ့၏။ ဗုဒ္ဓဘာသာဝင် ဥပသကာပေါင်း သိန်းသန်းချီ၍ သုတ်သင်သတ်ဖြတ်ခဲ့၏။ မိဟိရကုလ သည် ဗုဒ္ဓဘာသာဝင် သုံးကုဋေခန့် သတ်ဖြတ်ပြီးနောက် မိမိကိုယ်လည်း အဆုံးစီရင်လျှက် ငရဲလမ်းသို့ ကြွမြန်းခဲ့လေတော့၏။ မိဟိရကုလ သည်ဗုဒ္ဓဘာသာဝင် တို့ အထွဋ်အမြတ်ထားရာ မြတ်ဗုဒ္ဓ၏ သပိတ်တော် ကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း ပုဏ္ဍရိကမုခ သုတ္တန်တွင် မှတ်တမ်းတင်ထားလေသည်။

မိဟိရကုလနည်းတူ ဥဇ္ဇေနီမင်း သုဓာဝန် ဟူဏ (ဟုဏ်း) လူမျိုး ဘုရင် တောရမာဏ ဂေါဍ ဘုရင် ရှရှန်က တို့သည်လည်း ဗုဒ္ဓဘာသာကို အငြိုးအတေးကြီးစွာ တိုက်ခိုက်ဖျက်ဆီးခဲ့ကြသော ဗြဟ္မဏဘုရင်များ ဖြစ်လေသည်။

(၆) ကျူးကျော်ဝင်ရောက်လာသော တူရကီတို့ ဗုဒ္ဓဘာသာ ကို သုတ်သင်ဖျက်စီးခဲ့ကြခြင်း
ခေတ်ပြိုင် သမိုင်းမှတ်တမ်းများအရ မိုဟာမက်ဂေါရီ ဟူသော အာဖဂန်စစ်ဗိုလ်ချုပ်သည် အေဒီ ၁၁၉၁ တွင် အိန္ဒိယထဲ ၀င်ရောက်တိုက်ခိုက် နယ်မြေများသိမ်းပိုက်ခဲ့ ၃ ပုံ ၂ ပုံ ခန့်သော နယ်မြေများ သိမ်းခဲ့ ရာတွင် ဗာရာဏသီ ထိ သိမ်းပိုက်ခဲ့ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ကျောင်းကန် ဘုရားများစွာ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဗာရာဏသီမြို့ကြီး ၁၅ ရက် တိုင်တိုင် မီးတဟုန်းဟုန်းလောင်ကျွမ်းခဲ့ကြောင်း ဖေါ်ပြထား၏။
တူရကီစစ်သည်တို့ ဖျက်ဆီးခဲ့သော ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများမှာ
• မိဂဒါဝုန်မှာ စေတီငယ် ၅၂ ဆူ ကျောင်းတိုက်ပေါင်း ၄၅
• မိဂဒါဝုန်မှာ ကျောက် ခန္တီ စေတီ နှင့် ကစ်တိုးကျောင်းတော်ကြီး
• မိဂဒါဝုန်မှာ ရှိသော ဓမ္မာရာဇိက စေတီတော်ကြီး
• မိဂဒါဝုန်မှာ နန္ဒိယ ကျောင်းတော် ဓမ္မစက္ကဇိန၀ိဟာရ ကျောင်းတိုက်ကြီး
• မိဂဒါဝုန်မှာ ရှိသော ဓမ္မေခ စေတီကြီး
• ကုသိနာရုံ ကျောင်းတော်ကြီး
• သာဝတ္ထိ နှင့် ပါဋလိပုတ် မှ ကျောင်းတိုက်များ
• ရာဇဂြိုဟ် မှ ဝေဠုဝန်ကျောင်းတော် နှင့် ပိပ္ပလိလိုဏ်ဂူ

တူရကီစစ်သည်တို့၏ ကျူးကျော်စစ်ပွဲများ သည် ဟိန္ဒူဘာသာကြောင့် အင်အားချိနဲ့နေပြီဖြစ်သော ဗုဒ္ဓဘာသာ ကို အပြီးသတ်ထိုးနှက်ချက်ပေးခဲ့ လေသည်။ တူရကီတို့ ကျူးကျော်ဝင်ရောက်လာချိန် အေဒီ ၁၀၀၀ ၀န်းကျင်ခန့်တွင် ဗုဒ္ဓဘာသာ သည် အလွန်အားနည်းနေခဲ့ အဆုံးသတ်လုနီးအခြေကို ရောက်နေသော အနေအထားဖြစ်လေသည်။

အိန္ဒိယပြည် မြောက်ပိုင်းမှ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးများ တက္ကသိုလ် ကြီးများသည် ထင်းရှားစွာတည်နေသော ပစ်မှတ်များဖြစ်ခဲ့ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရ၏။ စူလတန် မာမွတ် ရှာဘဒ္ဒင် ဂိုရီ (Mahmud Shabuddin Ghori (Muhammad Ghori-1162–1206) သည် ၁၁၉၇ တွင် နာလန္ဒာတက္ကသိုလ် ကို၎င်း ၁၂၀၃ တွင် ၀ိကြမသီလတက္ကသိုလ် ကို၎င်း မီးရှို့ဖျက်ဆီးခဲ့ ၏။ ဗုဒ္ဓဘာသာသည် ဟိန္ဒူဘာသာကဲ့ သို့ ရပ်ရွာအခြေပြုဘာသာ မဟုတ်ပဲ တက္ကသိုလ်ကြီးများကို အခြေပြုသော ဘာသာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးများ တက္ကသိုလ် ကြီးများ ပျက်စီးသည်နှင့် တမဟုတ်ချင်းချုပ်ငြိမ်းခဲ့ရ လေတော့၏။

(ဆက်လက်ဖေါ်ပြပါမည်။)

စုဆောင်းတင်ပြသူ- လင်းထက်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)