ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 1, 2012

ဘဝ အမောတွေပြေစေချင်-

>
ကျုပ်က ဘုန်းကြီးကျောင်းနဲ့ ဘယ်လိုရေစက်ရှိလဲမသိဘူး ။ (၇) တန်းရောက်တာတောင် ဘုန်းကြီးကျောင်းမှာ အဆောင်လိုနေပြီး ကျောင်းတတ်ရတယ် ။ ဘုန်းကြီးကျောင်းက နေပြီးကျောင်းတတ်တဲ့ ကျောင်းသားတွေကလည်း စာတော်ကြသကိုး -- ဒီတော့ အချိန်မှန် ဘုရားရှိခိုး စာကျက် အိပ် ဆွမ်းခံလိုက် စတာတွေကို စနစ်နဲ့ ဇယားနဲ့ ပုံစံသွင်းထားတော့ ဘုန်းကြီးကျောင်းကို ကျုပ်မိဘတွေက ထားပြီပေါ့ ------
နေ့စဉ်လုပ်ရတဲ့ အထဲမှာ ဘုရားဝတ်ပြုစာကျက်တာနဲ့ အတူ မအိပ်ခင် ဘုန်းကြီးကိုလဲ ဝတ်ဖြည့်ရတယ်(နှိပ် ပေးရတယ်)။ ကုသိုလ်ရသလို ငရဲလဲ ရခဲ့ရတဲ့ အဖြစ်လေးကို ရီချင်လို့ ပြန်ပြောပြပါရစေ---ကျုပ်တို့နေတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကြီး“ဟာ နှယ်နှယ်ရရ မဟုတ်ဘူး -- မြို့နယ် သံဃ နာယက ဥက္ကဌ ဖြစ်သလို ဘွဲ့ထူး ဂုဏ်ထူးတွေလဲရှိတဲ့ သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးပါ-----
ဘုန်းကြီးက သူ့ကို ဝတ်ဖြည့်တိုင်း ဆုံးမစကား တရားစကားလေးတွေ ပြောဆိုဆုံးမပါတယ် --အဲဒီလိုဆုံးမရင်း အနှိပ်ခံရင်းနဲ့ အိပ်ပျော်သွားတတ်တယ် -- ဘုန်းကြီးလိုပြောရင် ကျိန်းတယ်ပေါ့ -- မျက်စိထဲမြင်အောင် နှိပ်ပေးရပုံကိုပြောပြမယ် -- အမြဲတန်းကျောင်းသား ၆ယေက်လောက် ဝတ်ဖြည့်ရတယ် အလှည့်ကျပေါ့ လက်နှစ်ဖက် ပေါင်နှစ်ဖက် ချေသလုံးနှစ်ဖက် ပေါင်း၆ယောက် မျက်နှာချင်းဆိုင် နှိပ်တယ် -- အလယ်မှာ ဘုန်းတော်ကြီးက ပက်လက်အနှိပ်ခံရင်း အိပ်ပျော်နေတတ်တယ်--

ဘုန်းကြီးအဲသလို အိပ်ပျော်သွားပြီဆိုရင် နှိပ်ရတာလဲကြာနေပြီဆိုရင် ဘုန်းကြီးကို မနှိုးရဲတဲ့အခါ ပေါင်ရင်းကို တံတောင်နဲ့ နာနာလေး လှိမ့်ပြီးထောင်းရတယ် --- အဲဒီအခါမှ ဘုန်းကြီးကနိုးပြီး အထာပေါက်ကာ --ကဲ ကဲ တော်ကြတော့ တော်ကြတော့ သွားအိပ်ချေတော့ လို့ပြောပြီး သူလဲ သွားကျိမ်းတယ်----
အဲသလိုမလုပ်ရင်လဲ ဘုန်းကြီးဘေးမှာ ကျမ်းတစ်ပြေးတဲ ကိုယ်ပါရောအိပ် လိုက်ကြတယ် --ဘုန်းကြီး နီုးလာတဲ့အခါ ဘုန်းကြီးက ကျောင်းသားတွေကို ခေါင်းအုန်း ခုပေးရ စောင်ခြုံပေးရ နဲ့ သူတို့ကိုပြန်ပြုစုရပြန်ရော ----
ပြောချင်တာက ခုမှစမှာ --အဲဒီညက ကျုပ်ရယ် မောင်မှုး ရယ် သက်ထွန်းဦးရယ် အေးကိုရယ် နောက်နှစ်ယောက် မမှတ်မိတော့ဘူး ၆ယောက်ဝတ်ဖြည့်ရင်း ရောက်တတ်ရာရာပြောကြတယ် ဘုန်းကြီးကလဲ အနှိပ်ခံရင်း အိပ်ပျော်နေပြီ---
အဲဒီအချိန်မှာ အသံတိတ် ဗုံးတစ်လုံးပေါက်ကွဲလာတယ် -- ဟုတ်ကဲ့ အီးပေါက်တာပြောတာပါ အသံမကြားပေမယ့် အနံ့ကတော့သက်သေပေါ့ --လက်မှာ နှိပ်ပေးနေတဲ့တစ်ယောက်က ဘုန်းကြီး မနံအောင် ယပ်တောင်နဲ့ ဖြည်းဖြည်းရင်းခပ်ရင်း သူပေါက်တယ် မင်းပေါက်တယ်နဲ့ ငြင်းနေကြတယ်---
နောက်ဆုံးခြောက်ယောက်ရှိတာ ငါးယောက်က မိတ်ဖွဲ့မိသွားပြီး တစ်ယောက်တည်းသမား မောင်မှုးကိုဝိုင်းစွတ်စွဲတော့တ.ယ် ပထမတော့ မဟုတ်ကြောင်း အေးအေးဆေးဆေုးငြင်းပါသေးတယ် --- ငြင်းလေ စွတ်စွဲလေလုပ်တော့ သူလဲ ဘယ်လိုမှစိတ်မထိမ်းနိုင်တော့ဘဲ----
---- အီးပေါက်တဲ့အကောင် မအေပေး ---နှမပေး --- ဘာဖြစ်တယ် --ညာဖြစ်မယ် -------------------- ဆိုပြီး ယုတ်ယုတ် မာမာတွေ ဆဲရော -----
အသံလဲနည်းနည်းကျယ်လာတာပေါ့
ဒီတော့မှ အိပ်နေတဲ့ဘုန်းကြီးနိုးလာပြီး ပြောလိုက်တဲ့စကားကြောင့် အားလုံးခေါင်းတွေကြီးကုန်ကြတယ်---

---- ဟ ကောင်တွေ တော်ကြတော့ တိတ်ကြတော့ အီးပေါက်တာ ငါ ဟ ----- တဲ့

( ဟုတ်ကဲ့ ဘုန်းကြီးကို ကျုပ်တို့ အီးပြသ၁နာ မှာထည့်မှ မစဉ်းစား မိဘဲကိုး )
ရွှင်လန်းချမ်းမြေ့ကြပါစေ--

**ကိုစိုးနိုင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)