ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 1, 2012

အာဏာရှင်နှင့်ပေါင်းသင်းခြင်း

>
မြောက်ကိုးရီးယား၊ ဇင်ဘာဘွေ နဲ့ မြန်မာနိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အဆိုးသွမ်းဆုံးအာဏာရှင်နိုင်ငံဘွဲ့ထူးဂုဏ်ထူးကို သူတလှည့်ငါတလှည့် အပြိုင်အဆိုင်ဆွတ်ခူးနေကြတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီ ၃ နိုင်ငံထဲမှာ ဇင်ဘာဘွေနဲ့ မြန်မာတို့ မှာတော့ လောက်လောက်လားလားအတိုက်အခံတွေရှိနေပြီး အာဏာရှင်နဲ့အတိုက်အခံ နိုင်ငံရေးကစားကြတာတွေ၊ နိုင်ငံတကာရဲ့ကစားကွက်တွေကိုတွေ့ရပါတယ်။ အထူးသဖြင့် အာဏာရှင်တွေက ပြည်တွင်းအခြေအနေတွေကို နိုင် နင်းအောင် မကိုင်တွယ်နိုင်တော့တဲ့အခါ အတိုက်အခံအင်အားစုတွေနဲ့ အပေးအယူလုပ် ကစားတာတွေ ရှိတတ်ပါ တယ်။ (ဒါပေမဲ့ အာဏာရှင်တွေဟာ သူတို့အကြပ်အတည်းဆိုက်တာကို ဘယ်တော့မှ ဝန်ခံလေ့မရှိပါဘူး။)

XXX
ဇင်ဘာဘွေနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၃,၀၀၀,၀၀၀,၀၀၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ် (ဇင်ဘာဘွေဒေါ်လာ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ တန်ငွေစက္ကူ ထုတ်ခဲ့ရတယ်)။ အလုပ်လက်မဲ့ ၉၅ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။ လူဦးရေ ၁၂ သန်းရှိတဲ့နိုင်ငံမှာ ပြည်သူ ၃ သန်း နိုင်ငံခြားထွက် အလုပ်လုပ်ကြရပါတယ်။ ကျန်းမာ ရေးစနစ်ပြိုလဲနေလို့ ကာလဝမ်းကပ်ဘေး တနှစ်ကြာဆိုက်ပြီး လူတသိန်း ဝမ်းရောဂါဖြစ်၊ ၅၀၀၀ လောက်သေခဲ့ပါ တယ်။

၂၀၀၈ ခု မတ်လ ပါလီမန်ရွေးကောက်ပွဲမှာ ရှဗန်ဂီရိုင်ခေါင်းဆောင်တဲ့ အတိုက်အခံအမ်ဒီစီပါတီက ၉၉ နေရာ၊ မူဂါဘီ ခေါင်းဆောင်တဲ့ အစိုးရပါတီ ဇာနူး-ပီအက်ဖ်က ၉၇ နေရာ၊ အမ်ဒီစီခွဲထွက်အဖွဲ့က ၁၀ နေရာရခဲ့ပြီး သမတရွေး ကောက်ပွဲမှာတော့ ရှဗန်ဂီရိုင် က ၄၇.၉ ရာခိုင်နှုန်း၊ မူဂါဘီက ၄၃.၂ ရာခိုင်နှုန်း ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် ကဆိုပြီး မဲ ၅၀ ရာခိုင်နှုန်းမရလို့ ဒုတိယအကြော့ရွေးကောက်ပွဲထပ်လုပ်ခိုင်းခဲ့ပါတယ်။ တကယ်တော့ ရှဗန်ဂီရိုင်ဟာ ၅၀.၃ ရာခိုင်နှုန်းရခဲ့ပေမဲ့ မူဂါဘီက မဲလိမ်ခဲ့တာဖြစ်လို့ ဒုတိယအကြော့ရွေးကောက်ပွဲကို အတိုက်အခံပါတီက သပိတ် မှောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကာလအတွင်း မူဂါဘီရဲ့ပါတီနဲ့ လုံခြုံရေးတွေက အတိုက်အခံနဲ့ ပြည်သူလူထု ၂၀၀ ကျော်ကို သတ်ခဲ့ပါတယ်။
(အာဏာရှင်မူဂါဘီ)

ဒီလိုနဲ့ တယောက်ထဲပြိုင်တာ ၈၅ ရာခိုင်နှုန်းကျော်မဲရပြီး သမတဖြစ်လာပေမဲ့ အဖက်ဖက်ကအကြပ်ဆိုက်နေတဲ့ အာဏာရှင်မူဂါဘီဟာ ၂၀၀၈ စက်တင်ဘာ ၁၅ ရက်မှာတော့ အာဖရိကတောင်ပိုင်းအသင်းရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အာဏာခွဲဝေရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ရပါတယ်။ လက်မှတ်ထိုးပြီး တလအကြာမှာ ဇင်ဘာဘွေ စစ်တပ်က နိုင်ငံပိုင်စိန်တွင်းကို အဓမ္မဝင်သိမ်းပိုက်ခဲ့ပါတယ်။
၂၀၀၉ ဖေဖော်ဝါရီလမှာပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာ မူဂါဘီက သမတ၊ ရှဗန်ဂီရိုင်က ဝန်ကြီးချုပ်၊ ဇာနူး-ပီအက်ဖ်ပါတီက ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ တရားရေး၊ ရဲ၊ အကျဉ်းဦးစီး၊ ထောက်လှမ်းရေး စတဲ့ ဌာနများ၊ အမ်ဒီစီက ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ အခြေခံဥပဒေရေးရာ စတဲ့ဝန်ကြီးနေရာများရပြီး ပြည်ထဲ ရေးဝန်ကြီးနေရာမှာ တပါတီကိုတယောက်နဲ့ ၂ ယောက်ထားပါတယ် (ပြည်ထဲရေးဝန်ကြီး ၂ ယောက်ထားတာ ကမ္ဘာ မှာ ဒီတနိုင်ငံဘဲရှိမယ်ထင်ပါတယ်)။ မကြာခင်မှာဘဲ မူဂါဘီက အမ်ဒီစီပြန်ကြားရေးဝန်ကြီးကို ဖြုတ်ပစ်လိုက်ပါတယ်။ အမ်ဒီစီ ပြည်နယ်အုပ်ချုပ်ရေးမှူး (ပြည်နယ်ဝန်ကြီးချုပ်) တွေကိုလဲ အသိအမှတ်မပြု၊ အာဏာလွှဲမပေးခဲ့သလို ဗဟို ဘဏ်ဥက္ကဌ နဲ့ ရှေ့နေချုပ်နေရာတွေကိုလဲ ဇွတ်အတင်းရယူခဲ့ပါတယ်။ တကယ်တော့ အမ်ဒီစီပါတီကို စီးပွားရေး ချွတ်ခြုံကျမှု ကယ်တင်ရေး၊ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားရေးအတွက်ဘဲ အဓိကအားဖြင့် နေရာပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုပူးပေါင်းမယ့်သဘောတူညီချက်ကို အမ်ဒီစီပါတီထဲမှာ အဲဒီအချိန်က ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။
XXX
ကောင်းကွက်တွေကတော့ သတ်တာ ဖြတ်တာတွေနည်းသွားတယ်၊ တခြားအကြမ်းဖက်မှုတွေ ဖမ်းဆီးထောင်ချမှုတွေ အရင်ထက်စာရင် လျော့သွားပါတယ်၊ ဖမ်းရင်လဲ ခဏနဲ့ပြန်လွတ် သို့မဟုတ် အာမခံပေးပါတယ်။ ၂၀၀၉ ဇူလိုင်လမှာ ဘီဘီစီ နဲ့ စီအဲန်အဲန် သတင်းဌာနတွေကို ဖွင့်ပေးလိုက်တာ၊ ဖေဖော်ဝါရီလမှာ အတိုက်အခံခေါင်းဆောင်ဘီတီကို နိုင်ငံ တော်သစ္စာဖောက်မှု နဲ့ တရားစွဲထားတာကို ပလပ်လိုက်တာ၊ ကမ္ဘာ့ဒုက္ခသည်များနေ့ဆန္ဒပြပွဲတုံးက အမျိုးသမီး ၄ ယောက် ဖမ်းဆီးခံရ ကိုယ်ထိလက်ရောက်စော်ကားခံရမှုကို ဇူလိုင်လမှာ တရားရုံးက စုံစမ်းစစ်ဆေးခိုင်းတာ၊ အောက် တိုဘာလမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ၈ ယောက်ကို တရားသေလွှတ်လိုက်တာတွေ ရှိပါတယ်။ ၂၀၁၀ မေလမှာ အမ်ဒီစီအမတ် ရွိုင်ဘင်းနက်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲထားရာက တရားသေလွှတ်ပေးလိုက်တယ် (ဒါပေမဲ့ ဝန်ကြီးရာထူးပေးဖို့ကိုတော့ မူဂါဘီက ဆက်လက်ပိတ်ပင်နေပါတယ်)။

(ဇင်ဘာဘွေဒေါ်လာ)

၂၀၀၉ နှစ်ဆန်းမှာ ဇင်ဘာဘွေဒေါ်လာကို တရားဝင်ဖျက်သိမ်းလိုက်ပြီး တောင်အာဖရိကငွေနဲ့ အမေရိကန် ဒေါ်လာတွေနဲ့ အစားထိုးသုံးစွဲလိုက်တဲ့အတွက် စီးပွားရေးတိုးတက်လာသလို အရင်ကပိတ်ဆို့ထားတဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ပြန်ဝင်လာတာတွေကြောင့်လဲ စီးပွားရေးနည်းနည်းအဆင်ပြေလာပါတယ်။ (ဇာနူး-ပီအက်ဖ် ခေါင်း ဆောင်ပိုင်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေတော့ မရုပ်သိမ်းသေးပါဘူး။) အလုပ်လက်မဲ့နှုန်းကတော့ ‘၇၀ ရာခိုင် နှုန်း’ ကို ကျသွားပါတယ်။
မီဒီယာကော်မရှင်သစ်ကလဲ သတင်းစာသစ် သတင်းဌာနသစ်လိုင်စင် ၈ ခုလောက် ချပေးခဲ့ပါတယ် (ကန့်သတ် ချုပ်ချယ်တဲ့ မီဒီယာဥပဒေဟောင်းတွေကိုတော့ မပယ်ဖျက်သေးပါဘူး)။

၂၀၁၀ ဖေဖော်ဝါရီမှာတော့ အခြေခံဥပဒေအသစ်ရေးဆွဲရေးလုပ်ငန်းစဉ် စတင်အသက်ဝင်လာပါတယ် (ဒါပေမဲ့ အကြမ်းဖက်ဟန့်တားနှောင့်ယှက်မှုတွေကြောင့် အောက်တိုဘာလမှာ ရပ်နားလိုက်ရတယ်)။ ၂၀၁၂ ရွေးကောက်ပွဲ အမှီ အခြေခံဥပဒေအသစ်ထွက်ဖို့ နှစ်ဖက်သဘောတူထားပါတယ်။
XXX

၂၀၀၉ ခုနှစ်ထဲမှာ အမ်ဒီစီလွှတ်တော်အမတ် အနည်းဆုံး ၁၆ ယောက်ကို ဓားပြမှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှု၊ ဓာတ်မြေ သြဇာရောင်းစားမှု စတဲ့ရာဇဝတ်မှုပုဒ်မတွေနဲ့ ဖမ်းထားပါတယ်။ ဒီထဲက ၇ ယောက်ကို ထောင်ချလိုက်ပြီး ၄ ယောက် ကို အမတ်အဖြစ်ကပယ်ဖျက်လိုက်ပါတယ်။ အမ်ဒီစီ ဒုဝန်ကြီးမာလန်ဂူကို လက်ကိုင်ဖုံးခိုးမှုနဲ့ တရားစွဲထားပါတယ်။ အထက်လွှတ်တော်အမတ် ရွိုင်ဘင်းနက်ကို တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုတို့နဲ့ တရား စွဲခဲ့ပါတယ်။
နှစ်ဖက်သဘောတူစာချုပ်အရ အခြေခံဥပဒေသစ်ဆွဲဖို့ ဆွေးနွေးညှိနှိုင်းတာကိုလဲ ဇာနူး-ပီအက်ဖ် စွမ်းအားရှင်တွေက ပုလိပ်တွေရှေ့မှောက်မှာဘဲ အကြမ်းဖက်ဖြိုခွဲပိတ်ပင်ခဲ့ပါတယ်။ အမ်ဒီစီခေါင်းဆောင်တယောက်ရဲ့အမေ အသက် ၇၃ နှစ်အရွယ် မလီလို ကိုလဲ ဝိုင်းရိုက်ခဲ့လို့ ဆေးရုံတင်ရပါတယ်။ ဒါပေမဲ့ အကြမ်းဖက်သူ ဘယ်သူမှ အရေးမယူခံရပါဘူး။ အမ်ဒီစီကဘဏ္ဍာရေးဝန်ကြီးဘီတီရဲ့ခြံစောင့်ကို သြဂုတ်လမှာ စစ်သား ၃ ယောက်က ဝိုင်းထိုးခဲ့ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဆီကိုလဲ စာအိပ်ထဲကျည်ဆံထည့်ပို့တာ ရှိခဲ့ပါတယ်။
အမ်ဒီစီပါတီဝင်တင်မက လူ့အခွင့်အရေးအဲန်ဂျီအိုအဖွဲ့ဝင် ၁၂ ယောက်လဲ အဖမ်းခံခဲ့ရပါတယ်။ လွတ်လပ်တဲ့သတင်း စာတွေ ထုတ်ဝေခွင့်မရအောင် အမျိုးမျိုးညစ်တာတွေ ဆက်လုပ်ခဲ့ပါတယ်။
၂၀၀၉ သြဂုတ်လမှာ ကျောင်းသားသမဂ္ဂခေါင်းဆောင် ၄ ယောက်ကို တရားဟောနေတုံး ဖမ်းခဲ့ပါတယ်။ နယ်တွေမှာ မဲရုံစောင့်လုပ်ခဲ့ဖူးတဲ့ ကျောင်းဆရာတွေ၊ သပိတ်မှောက်ရာမှာပါခဲ့တဲ့ ကျောင်းဆရာဆရာမတွေကို ရိုက်နှက်တာ၊ ခြိမ်း ခြောက်နှောင့်ယှက်တာတွေ တောက်လျှောက်လုပ်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ လယ်ယာလုပ်သားသမဂ္ဂ အတွင်းရေးမှူး အိမ်ကို စွမ်းအားရှင်တွေဝင်စီးခဲ့ပါတယ် (ကံကောင်းလို့ လွတ်သွားခဲ့ပါတယ်)။ အောက်တိုဘာလမှာ ဝန်ကြီးချုပ် ရှဗန် ဂီရိုင် ဖိတ်ခေါ်ထားတဲ့ ကုလသမဂ္ဂညှဉ်းပန်းနှိပ်စက်မှုစုံစမ်းရေးသမားကို မူဂါဘီက လေဆိပ်ကနေ ပြန်မောင်းထုတ်ခဲ့ပါ တယ်။
၂၀၀၉ ခု ဖေဖော်ဝါရီလထဲမှာ လူ့အခွင့်အရေးရှေ့နေ ၂ ယောက်ကိုဖမ်းခဲ့ပါတယ်။ မေလမှာတော့ နာမည်ကြီး လူ့ အခွင့်အရေးရှေ့နေ မုချဒယ်ဟာမာနဲ့ တရားစွဲခံနေရတဲ့ အမ်ဒီစီအမတ်တယောက်ရဲ့ရှေ့နေ ဆင်ဂွင်နီကိုဖမ်းခဲ့ပါ တယ်။ အမ်ဒီစီအထက်လွှတ်တော်အမတ် ရွိုင်ဘင်းနက်ကို အာမခံပေးလိုက်တဲ့ တရားသူကြီး ချီပတ်ဒ်ဇီကိုလဲ ရဲက မတ်လဆန်းမှာ ဖမ်းခဲ့ပါတယ်။
၂၀၀၉ မတ်လ ၃၁ ရက်မှာ အလွတ်သတင်းထောက် မူဆင်ဂီကို ဗီအိုအေကလွှင့်တဲ့ မြေသိမ်းမှုသတင်းကြောင့် ဖမ်းခဲ့ပါတယ်။ မေလထဲမှာ လူ့အခွင့်အရေး နဲ့ နိုင်ငံရေးလှုပ်ရှားသူ ၁၈ ယောက်ကို အကြမ်းဖက်မှုပုဒ်မတပ် ထောင်ချခဲ့ပါတယ်။ တရားရုံးသတင်းဖော်ပြခဲ့တဲ့ ဇင်ဘာဘွေလွတ်လပ်ရေး စာစောင်အယ်ဒီတာ ချီမာကုရီ နဲ့ ကာဟိယ တို့ကို မေ ၁၁ ရက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲခဲ့ပါတယ်။ မူဂါဘီဟာ ဇာနူး-ပီအက်ဖ် စွမ်းအားရှင်တသောင်းကို လူငယ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းတွေအဖြစ် လစာပေးထားတာ အောက်တိုဘာ လမှာ ပေါ်ထွက်လာပါတယ်။ ဇူလိုင်လမှာ အမ်ဒီစီလှုပ်ရှားသူ ကာတိယို ဆိုတဲ့အမျိုးသမီးကို ဇာနူး-ပီအက်ဖ် ကြံ့ဖွတ် တွေက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကန်ကျောက်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ်အစောပိုင်းမှာ အလွတ်တန်းဓာတ်ပုံသတင်းထောက် အင်ဒါဆန်မန်ယေးရီကို ၃ ခါဖမ်းခဲ့ပါတယ်။ တကြိမ် က တရားရုံးရှေ့မှာ ဓာတ်ပုံရိုက်လို့၊ တကြိမ်က အမျိုးသမီးအဖွဲ့ချီတက်ပွဲကို ဓာတ်ပုံရိုက်လို့၊ တကြိမ်က ဇင်ဘာဘွေ ကြံ့ဖွတ်တွေရဲ့ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်လို့ဆိုပြီး ဖမ်းခဲ့တာတွေဖြစ်ပါတယ်။ ဇန်နဝါရီလထဲမှာဘဲ တောင်အာဖရိကနိုင်ငံမှာထုတ်တဲ့ ဇင်ဘာဘွေသား အပတ်စဉ်ဂျာနယ်ဖြန့်ချိရေးကုမ္ပဏီ ဒါရိုက် တာ မဒ်ဇီမူရီ နဲ့ မုတန်ဒီရို တို့ကို ဇင်ဘာဘွေပုလိပ်က ဖမ်းပြီး တရားရုံးတင်ခဲ့ပါတယ်။ ၂၀၁၀ ပထမလေးလအတွင်း သတင်းစာဆရာ အနည်းဆုံး ၁၅ ယောက် ဖမ်းဆီး သို့မဟုတ် ရိုက်နှက် သို့မဟုတ် နှောင့်ယှက်ခံခဲ့ရပါတယ်။ ဇန်နဝါရီ လထဲမှာဘဲ ပုလိပ်တွေက အမျိုးသမီးဆန္ဒပြသမားတွေကို ရိုက်နှက်ခဲ့ပါတယ်။
လွတ်လပ်တယ်ဆိုတဲ့ မီဒီယာကော်မရှင်ကို ၂၀၁၀ ဖေဖော်ဝါရီကျမှ ထူထောင်ခွင့်ပေးခဲ့ပေမဲ့ အရင်အစိုးရထိန်းချုပ်ခံ မီဒီယာကော်မရှင်ဟောင်းရဲ့ ဥက္ကဌကဘဲ ကော်မရှင်သစ်မှာ ဥက္ကဌလုပ်ပါတယ်။
ဖေဖော်ဝါရီလထဲမှာ ဇင်ဘာဘွေအလုပ်သမားသမဂ္ဂရုံးကို ပုလိပ်တွေဝင်စီးခဲ့တဲ့အတွက် အလုပ်သမားခေါင်းဆောင် ဟမ်ဘီရာ ထွက်ပြေးပုန်းအောင်းခဲ့ရတယ်။

(ဝန်ကြီးချုပ်-ရှဗန်ဂီရိုင်)

၂၀၁၀ မတ်လထဲမှာ ဝန်ကြီးချုပ်ကို အကြောင်းမကြား ခွင့်မတောင်းဘဲ ပြန်ကြားရေး၊ အခြေခံဥပဒေရေးရာ၊ သိပ္ပံနဲ့ နည်းပညာ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတို့ကိုကိုင်တဲ့ အမ်ဒီစီဝန်ကြီး ၄ ယောက်ကို ဖြုတ်ပစ်လိုက်ပြီး ဇာနူး-ပီအက်ဖ်ပါတီကို ဒီဝန်ကြီးဌာနတွေ ပေးလိုက်တယ်။ ဒီလထဲမှာဘဲ ပန်းချီဆရာမာဆီကို ကို ဆူပူမှုလှုံ့ဆော်တဲ့ ပန်းချီ ပြပွဲလုပ်လို့ ဆိုပြီး ၂ ရက်ကြာဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဓာတ်ပုံပြပွဲ ၃ ပွဲကိုလဲ အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပါတယ်။
အခြေခံဥပဒေရေးဆွဲရေး လူထုဆွေးနွေးပွဲတွေကို ဇာနူး-ပီအက်ဖ်စွမ်းအားရှင်တွေက အကြမ်းဖက်တာတွေ၊ အမ်ဒီစီ ပါတီဝင်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတရားစွဲတာတွေ၊ အိုးအိမ်မြေယာဖျက်ဆီးမှုတွေ ၂၀၁၀ ခုနှစ် အတွင်း အကြိမ် ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမျိုးသမီးအရေးလှုပ်ရှားသူ ၈၃ ယောက် ဖမ်းခံရပါတယ်။ အခြေခံဥပဒေ ဆွေးနွေးပွဲကို ဇာနူးစွမ်းအားရှင်တွေ တိုက်ခိုက်ရာမှာ တယောက်သေခဲ့ပါတယ်။
၂၀၁၁ ခု ဖေဖော်ဝါရီ ၂၁ ရက်မှာ အာရပ်အုံကြွမှုလေ့လာရေးဆွေးနွေးပွဲကို ပုလိပ်တွေကစီးနင်းပြီး အစည်းအဝေး တက်သူ ၄၆ ယောက်ကို ဖမ်းခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့မှာ လူတသန်းချီတက်ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ပုလိပ်တွေ အင်အားအလုံးအရင်းနဲ့ မြို့ထဲချထားပြီး ၂၈ ရက်နေ့မှာ ညမထွက်ရ အမိန့်ထုတ်ခဲ့လို့ ချီတက်ပွဲ မဖြစ်ခဲ့ပါဘူး။
ဇွန်လဆန်းမှာ အမ်ဒီစီပါတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဇင်ဘာဘွေဘဏ္ဍာရေးဝန်ကြီးဘီတီရဲ့အိမ်ကို ဗုံးပစ်သွင်း တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ် (အမ်ဒီစီဝန်ကြီးနေအိမ်တွေကို ရဲက လုံခြုံရေးအစောင့် ပေးမထားပါ)။
ဇင်ဘာဘွေမီဒီယာစောင့်ကြည့်ရေးပရောဂျက်က ဒါရိုက်တာအင်ဒရူးမွိုင်စီနဲ့ အရာထမ်း ၃ ယောက်ကို ၂၀၁၁ ဒီဇင်ဘာ ပထမပတ်ထဲမှာ ဖမ်းသွားခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ လွတ်လပ်တဲ့ စတင်းဒတ်သတင်းစာအယ်ဒီတာ မဒန်ဟိုင်းယား နဲ့ သတင်းထောက် မတ်ရှာဇီတို့ကို ခိုးရာပါ ကျန်းမာရေးအာမခံကုမ္ပဏီစာရွက်စာတမ်းတွေ လက်ခံထားရှိမှုနဲ့ ဖမ်းခဲ့ပါ တယ်။ အဲဒီကျန်းမာရေးကုမ္ပဏီကို ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးရဲ့အကြံပေးအရာရှိ ကီရီကီ ပိုင်ပါတယ်။ လွတ်လပ်တဲ့ ဒေးလီးနယူးစ်သတင်းစာအယ်ဒီတာ စတန်လီဂါမာ နဲ့ သတင်းထောက် အင်စူဘီ တို့ကိုလဲ မူဂါဘီရဲ့ ဝန်ကြီးချွမ်ဘိုကို အသရေဖျက်မှုနဲ့ ဖမ်းခဲ့တယ်။
၂၀၁၁ ခု နိုဝင်ဘာ ၁ ရက်နေ့မှာ ပုလိပ်တွေက အမ်ဒီစီပါတီဗဟိုဌာနချုပ်ရုံးကို မျက်ရည်ယိုဗုံးတွေပစ်ခတ် လူရှင်းပြီး ပိတ်ပစ်လိုက်ပါတယ်။ ဒီဇင်ဘာလဆန်းမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ၃ ယောက်ကို ဖမ်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ အမျိုးသမီးသမဂ္ဂဝင် ၂၁ ယောက်အဖမ်းခံခဲ့ရပြီး ငြိမ်းချမ်းစွာချီတက်ဆန္ဒပြတဲ့ အမျိုးသမီး ၄၀ ကို ပုလိပ်တွေက ရိုက်နှက်ဖြိုခွဲခဲ့ပါတယ်။
XXX
ဇာနူး-ပီအက်ဖ်ပါတီက လူထုစည်းဝေးပွဲတွေ အလွယ်တကူလုပ်နေနိုင်ချိန်မှာ အမ်ဒီစီပါတီဟာ ပုလိပ်ခွင့်ပြုချက်ရဖို့ မနည်းတောင်းနေရပါတယ်။ တခါတလေလဲ အမ်ဒီစီဝန်ကြီးတွေကို ရဲကဆဲရေးတိုင်းထွာတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ထိန်းထားတာ ရှိတတ်ပါတယ်။ ထောက်လှမ်းရေးတွေဟာ နိုင်ငံထဲ ကြီးစိုးနေဆဲဖြစ်ပြီး ပြည်တွင်းရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေကိုလဲ မူဂါဘီကဘဲ ဆက်ထိန်းချုပ်ထားသလို မာတာဘီလီ (အဲန်ဒီဘီလီ) တိုင်းရင်းသားတွေကို နိုင်ငံရေး စီးပွားရေးဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။ သဘောတူချက်မှာပါတဲ့ ခြစားမှုတိုက်ဖျက် ရေးကော်မရှင်ကိုတော့ ၂၀၁၁ စက်တင်ဘာကျမှ ဖွဲ့စည်းခဲ့ပြီး ဘယ်လောက်လှုပ်ရှားနိုင်မလဲ မသိသေးပါဘူး။ မတရား ချုပ်ချယ်တဲ့ မီဒီယာဥပဒေတွေ၊ လုံခြုံရေးဥပဒေတွေကိုလဲ မဖျက်သိမ်းသေးပါ။
၂၀၀၉ ခုနိုင်ငံရေးဖြေရှင်းချက်အပြီး နိုင်ငံထဲအလုအယက် တန်းစီဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ဇာနူး-ပီအက်ဖ်ရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးပေါ်လစီကြောင့် အခုတော့ ပြန်ထွက်နေကြပါပြီ။

(အာဏာရှင်မူဂါဘီ-ဝန်ကြီးချုပ်-ရှဗန်ဂီရိုင်)

လူ့အခွင့်အရေးပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်လို့ အားကြိုးမာန်တက် ကြွေးကြော် လုံးပမ်းခဲ့တဲ့ အမ်ဒီစီဝန်ကြီးတွေ-အမတ်တွေအတော်များများဟာလဲ အာဏာရှင်မူဂါဘီအုပ်စုရဲ့ အဟန့်အတား အခက် အခဲတွေကို ရေရှည်ဆက်ရင်မဆိုင်ချင်တော့ဘဲ လက်ရှိအနေအထားလေးကို ထိန်းသိမ်းထားဖို့လောက်ကိုဘဲ အာရုံ စိုက်လာပါတော့တယ်။ ဒါပေမဲ့ အများပြည်သူကိုတော့ အာဏာရှင်နဲ့အာဏာခွဲဝေရေးတွေ အောင်မြင်နေကြောင်း ချဲ့ကားပြောနေကြပါတယ်။
XXX
ကမ္ဘောဒီးယားနိုင်ငံမှာလဲ ၁၉၉၃ ခုမှာ ကုလသမဂ္ဂရဲ့ ရှေ့ဆောင်ကြီးကြပ်မှုနဲ့ အာဏာရှင်နဲ့အတိုက်အခံ ပေါင်းသင်းခဲ့ ပေမဲ့ ဒီနေ့အထိ သာယာဝပြောတဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်မလာဘဲ အာဏာရှင်ဟောင်းက သဏ္ဍာန်နောက်တမျိုးနဲ့ ဆက် လက်ကြီးစိုးနေတဲ့အကြောင်း နောင်အလျဉ်းသင့်တဲ့အခါ တင်ပြပါအုံးမယ်။
ကိုယ့်သဘောနဲ့ကိုယ် ပလ္လင်ပေါ်က အေးအေးဆေးဆေးဆင်းသွားတဲ့အာဏာရှင် ကမ္ဘာပေါ်မှာ တယောက်မှမရှိဘူးလို့ ဝါရင့်သတင်းစာဆရာကြီးလူထုစိန်ဝင်းပြောတာ ကြားဖူးသလိုလိုဘဲ။

**ဂါမဏိ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)