ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 20, 2012

ဗင်းဆင့်ဗင်ဂိုးရဲ့

>
ဗင်းဆင့်ဗင်ဂိုးရဲ့
ပြတ်သွားတဲ့နားရွက်တစ်ဖက်ကို Google မှာတွေ့လိုက်
ရလို့တဲ့။ အဲဒါနဲ့ စားနေတဲ့ ပေါင်မုန့်မီးကင် ကို Facebook
ရဲ့ relationship မှာအက်လိုက်တယ်။ ပြီးတော့ Gtalk ကိုဖွင့်လိုက်တော့
အလန်ကွာတာမိန်း၊ မိုနာလီဇာ၊ရှားလော့ဟုမ်းနဲ့ဆားပုလင်းနှင်းမောင်
တို့ အွန်လိုင်းဖြစ်နေတယ်။ Mail ၀င်လာတယ်
ဟစ်တလာက တိုက်တန်းနစ်သင်္ဘောပေါ်ပါလာလို့တဲ့။
ဒါဆို အိုဘားမားတော့ အလုပ်ရှုပ်ပြီ မဟတ္တမဂန္ဓီက ထပြောတယ်။
မှန်တံခါးနက်ကြီးပွင့်လာပြီး လူတစ်ယောက်ဝင်လာတယ်
အင်တာနက်သုံးချင်လို့တဲ့ အသံလာရာကြည့်လိုက်တော့
အဲဘတ်အိုင်စတိုင်းဖြစ်နေတယ်။သူကနာမည်ကြီးတယ် ရီလေးတစ်ဗတီ သီအိုရီ
ဆိုတဲ့ ဆော့ဖ်ဝဲကို ထုတ်ထားတာ။ တစ်ခါတစ်လေ ဘီလ်ဂိတ်တောင်
အင်တာနက်ဖိုးစိုက်ပေးတာတွေ့တယ်။မိုးဇက် က တယောကို ဘေးချပြီး
အွန်စောပါတဲ့ ကိုရီးယားစတားဆိုက်ကိုကြည့်နေတယ်။
ဘီသိုဘင်က ၀ိုင်ဝိုင်းရဲ့ ကြိုးမဲ့စွန်ကို ဒေါင်းလုပ်ဆွဲ
နေတယ်။နံပါတ် ၁၅ မှာထိုင်နေတဲ့ ချာလီချက်ပလင်ကလှမ်းမေးလိုက်တယ်
လိုင်းမကောင်းဘူးလား၊သူက ဒီဆိုင်ရဲ့ဖောက်သည်။
လိုင်းလည်း သုံးလေးလိုင်းလောက်ချိန်းတတ်တယ်။အိမ်မှာလည်း ငါးသိန်းဖုန်းနဲ့
လည်းအင်တာနက်ချိတ်ထားသေးတယ်။လိုင်းကျရင် ဆိုင်ရောက်ရောက်လာ
တတ်တယ်။ငြိမ်နေတဲ့ နပိုလီယံက ဘဂ္ဂဒက် မှာစစ်ဖြစ်နေတယ် လို့ဖြေလိုက်တယ်
။သူ့အဖြေကြောင့်တစ်ဆိုင်လုံးတိတ်သွားတယ်။
စားစရာဘာရလည်း..နံပါတ်၂ မှာထိုင်တဲ့ ဂျူးလီးယက်ဆီဇာက
တိတ်ဆိတ်မှုကို တဖန်ဖြိုခွင်းလိုက်တယ်။ ဆိုင်ရှင်က ပေါင်မုန့်မီးကင်၊
ဖိုင်းယားဖော့စ်ကြော်၊ကွန်းဖြူးရှပ်နဲ့ ရေမရောတဲ့ Access Denine ရပါတယ်။
ဂျူးလီးယက်ဆီဇာ ရှုံ့မဲ့သွားတယ်။ထို့နောက် ယူကျုကို ကျော်ခွပြီး
ဂျပန်ဆူနာမီ အကြောင်းဖွင့်နေလိုက်တယ်။ဆိုင်က တော်တော်ရောင်းကောင်းတယ်။
။လူတွေလည်းဝင်လာမစဲပဲ..စတီဗင်စီးဂဲ ၊ဒေးဗစ်ဘက်ဟမ်း၊ ဂျေကေရိုးလင်း၊နဲ့ ရှက်ကီရာ
တို့လည်း ရှေ့ဆင့်နောက်ဆင့် ရောက်လာတယ်။ အကုန်လုံးတူညီတဲ့အချက်က ကော်နက်ရှင်
ကောင်းလားလို့မေးပြီးမှ သုံးကြတယ်။ ဆိုင်ပိုင်ရှင် အယ်ဒီဆင် ကလည်း မုသားမပါလင်္ကာမချောဆိုတဲ့မူကိုလက်ကိုင်ထားပြီးမဆိုးပါဘူးပဲတွင်တွင်ဖြေတယ်။နောက်စုံ တွဲနှစ်တွဲဝင်လာတယ်
ရိုမီရို ဂျူးလီးယက်နဲ့ ရှင်မွေးလွန်း မင်းနန္ဒာ တို့အတွဲ သူတို့က သူငယ်ချင်းတွေ
ဆရာစံလမ်းက မစ်(စ)်စတာဂစ်တာကထလာပုံရတယ်။သူတို့ကို အဲဒီ့မှာ ခနခနတွေ့တယ်လို့
ချာလီချက်ပလင်က ပြောတယ်။ဆိုင်ကတော့ လူပြည့်သွားတယ်။
သူတို့အတွဲကိုအာရုံစိုက်နေတုန်း ရော်ဘင်ဟုဒ်က "ကောင်မလေးအကောင့်ရှိလားတဲ့"
အဲဒါနဲ့မိုနာလီဇာအက်ဂျီမေးဒေါ့ကွန်းကိုပေးလိုက်တယ်။ကျွန်တော့်ကောင်မလေးအကောင့်တော့
မပေးဖြစ်လိုက်ဘူး။ ပျင်းတာနဲ့ Gtalk မှာ ရှားလော့ဟုမ်းကို "ဘာလုပ်နေလည်း မစ္စတာဟုမ်း"
လှမ်းမေးလိုက်တယ်။.အိုစမာဘင်လာဒင်ရဲ့ပရိုဖိုင်ကို တွစ်တာမှာ ရှာနေတာ။
အလုပ်ရှုပ်နေပုံရတဲ့အတွက်။ ဆားပုလင်းနှင်းမောင်ဘက်လှည့်
လိုက်တယ်။ အိုင်ဆေး ကိုနှင်းမောင် ဘာလုပ်နေတုန်းဆိုတော့ လူဆိုးကြီးမရမ်းသီးရဲ့ပုံကို
facebook မှာ upload တင်နေတယ်ဗျ။အလန်ကွာတာမိန်းတော့ ဆက်မမေးဖြစ်တော့ဘူး။
သီချင်းသံကျယ်ကြီးရုတ်တရက်ထွက်လာတယ်..အဖိုးကြီးလည်း Net အဖွားကြီးလည်း Net မွေးကင်းစ အာပြဲလေးလည်း Netခွေးကိုက်လည်း Net ကြောင်အော်လည်း Net ...အပေအတေကလေကချေ ထိုင်လည်းNetတဲ့..ဆိုင်ထဲကလူတွေရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ကြည့်လိုက်တော့ ဘီသိုဘင်၊ ဒေါင်းလုပ်ဆွဲထားတဲ့သီချင်းကိုပြန်ဖွင့်ကြည့်နေတာ၊
သူဒေါင်းလုပ်ဆွဲတာက ၀ိုင်ဝိုင်းရဲ့ကြိုးမဲ့စွန်ထွက်လာတာက ရက်ပ်သီချင်း..အင်တာနက်မှာဒီလိုပဲ
ဖြစ်တတ်တယ်။ဟက်ဖုန်းမတတ်ထားတော့အသံထွက်လာတာ။ ဆိုင်ရှင် အယ်ဒီဆင်ကအမြန်
ဂန္ဓီဆီက ဟက်ဖုန်းကို မသုံးဘူးမလား လို့မေးပြီး ဘီသိုဘင်ကိုပေးလိုက်တယ်။
ဆိုင်ထဲကို ရွမ်းမဲ၊ဂျန်ဂျစ်ခန်၊မောင့်ဂိုမာရီ၊ဆွန်ဇူး နဲ့ ဗန္ဓုလတို့ ၀င်လာတယ်။ လူပြည့်နေလို့
ခဏတော့စောင့်ရမယ်။ ၁၅မိနစ်လောက်ဆိုရမယ် အယ်ဒီဆင်က ပြောလိုက်တယ်။
ရွမ်းမဲက..ကောင်တာတို့ ၊ ဂျင်နရယ်တို့၊ဒိုတာတို့ ရှိလား။အော..ဒါဆိုရင်
တော့ ဟိုဘက်တစ်လမ်းကျော်မှာ နယူတန်ရဲ့နက်ဝေါ့ဂိမ်းဆိုင်ရှိတယ်။ ဒါဆိုလည်း သွားကြစို့ .
.ဗန္ဓုလကပြောပြီးရှေ့ကထွက်သွားတယ်။ရွမ်းမဲ၊ဂျန်ဂျစ်ခန်၊မောင့်ဂိုမာရီ နဲ့ ဆွန်ဇူးတို့လည်း
နောက်ကနေလိုက်သွားကြတယ်။ ရွမ်းမဲတို့အဖွဲ့ ထွက်သွားပြီးရှေ့ဆင့်နောက်ဆင့်ပဲ ဖေ့စ်ဘုတ်
ကိုအပျင်းပြေလုပ်ထားတဲ့ မက်ဇကာဘတ် ၀င်လာပြီး ပြောလိုက်တယ်။ ငါ့ဖေ့စ်ဘုတ် အကောင့်
ဘယ်သူဟက်သွားလည်းမသိဘူးတဲ့။မက်ဇကာဘတ်၏စကားကြောင့်အားလုံးအံ့သြသွားကြတယ်။
................. ထိုအချိန်မှာပဲဘီလ်ဂိတ်ကရုတ်တရက် ၀င်းဒိုး8 ကို ထုတ်ရောင်းလိုက်လေသည်။...

**Naing Min.**.

-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)