**ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက် အကောင်းဆုံးသရုပ်ဆောင်ဆုရရှိ**
(လော့စ်အိန်ဂျလိစ်၊ ဇန်န၀ါရီ ၁၈)
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ဇန်န၀ါရီ ၁၅ ရက်က ၂၀၁၂ ခုနှစ်အတွက် Golden Globe Awards ချီးမြှင့်ပွဲကျင်းပကာ ဆုများအသီးသီးချီးမြှင့်လိုက်ပြီဖြစ်သည်။ ထိုသို့ချီးမြှင့်ရာတွင် အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆု (ဒရာမာ) အတွက် ဂျော့ကလိုနေ (George Cloney)က The Descendants ဇာတ်ကားဖြင့်ဆွတ်ခူးရရှိသွားသည်။ ၄င်းဆုအတွက် ပဏာမအမည်စာရင်းတွင် ရုပ်ရှင်မင်းသားလီယိုနာဒိုနှင့် မိုက်ကယ်ဖယ်စ်ဘန်ဒါတို့လည်း တင်သွင်းခဲ့ရသည်။ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု (Miniseries or Mortion) ကို ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက်က Mildred Pierce ဇာတ်ကားဖြင့် ဆွတ်ခူးရရှိခဲ့သည်။ ၄င်းဆုအတွက် ရုပ်ရှင်မင်းသမီးရိုမိုလာဂါရေးနှင့် အဲလီဇဘတ်မက်ရိုဗင်တို့လည်း အမည်စာရင်းတင်သွင်းခံရသည်။ အကောင်းဆုံး ဒါရိုက်တာဆုကို Hugo ဇာတ်ကား ရိုက်ကူးသည့် မာတင်စကော့စ် စီစီ ( Martin Scorsese ) က ဆွတ်ခူးရရှိသွားသည်။် ၄င်းဆုအတွက် ၀ုဒ်အလန်နှင့် မိုက်ကယ်ဟာဇာနာဗီစီးရပ်စ်တို့လည်း အမည်စာရင်တင်သွင်းခံရသည်။ အကောင်းဆုံးရုပ်ရှင်ကားဆု (ဒရာမာ) ကို The Descendants ဇာတ်ကားက ဆွတ်ခူးရရှိသွားသည်။ ၄င်းဇာတ်ကားနှင့်အပြိုင် The Help/ Hugo/ Moneyball / The Ides of March/ War Horse Best Motion Picture ဇာတ်ကားများ အမည်စာရင်းတင်သွင်းခံရသည်။

Best Screenply ဇာတ်ကားကို Midnight in Paris ဇာတ်ကားက ဆွတ်ခူးရရှိခဲ့သည်။ ၄င်းဇာတ်ကားသည် The Artist/ The Desendants The Ides of March နှင့် Moneyball တို့နှင့်အပြိုင် အရွေးခံခဲ့ရခြင်းဖြစ်သည်။ အကောင်းဆုံး ရုပ်ရှင်တေးသီချင်းအဆိုတော်ဆုကို မက်ဒေါနးက(Masterpiece) ဖြင့် ရရှိခဲ့သည်။ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို (Beginners) ဇာတ်ကားမှ ခရစ္စတိုဖာပလမ်မာက ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် Golden Globe Awards များအတွက် အကောင်းဆုံးအနုပညာဆုပေါင်း ၂၀ ကျော်ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ (အင်တာနက်)

**အာဆင်နယ်သို့ အငှားစာချုပ်ဖြင့် ရောက်ရှိနေသည့် ဟင်နရီ အာဆင်နယ်ပရိသတ်တစ်ဦးနှင့် ကတောက်ကဆတ်ဖြစ်**
(လန်ဒန်၊ ဇန်န၀ါရီ ၁၈)
ယင်းပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ဆွမ်ဆီးအသင်းအား နှစ်ဂိုး - သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါပွဲစဉ်ပြီး ဆုံးချိန်တွင် ဟင်နရီက ၄င်း၏အသင်းဖော်များအား ပရိသတ်များကို လေးစားသည့်အနေဖြင့် လိုက်လံနှုတ်ဆက်ရန်တိုက်တွန်းခဲ့ပြီး ၄င်းကိုယ်တိုင်လည်း လိုက်လံနှုတ်ဆက်ခဲ့သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာဖြင့် ပရိသတ်တစ်ဦး၏စိတ်ပျက်မှုကို ဖော်ထုတ်သည့်အနေဖြင့် ဟင်နရီအားကျယ်လောင်စွာ အော်ဟစ်ဝေဖန်ပြောဆိုခဲ့သည်။ ယင်းကြောင့် ဟင်နရီက အသင်းဘက်မှ မားမားမတ်မတ်ရပ်တည်ကြရန်၊ ကစားသမားများကို အားပေးထောက်ခံကြရန်နှင့် ပြန်လည်အော်ဟစ်မလုပ်ကြရန် ပြန်လည်အော်ဟစ်ပြောဆိုခဲ့သည်။ အဆိုပါ ပွဲစဉ်အတွင်း ဟင်နရီသည် ပွဲချိန် ၆၃ မိနစ်မှသာ လူစားလဲဝင်ကစားခဲ့ရသည်။ ယင်းပြဿနာနှင့် ပတ်သက်၍ အာစင်ဝင်းဂါးက မိမိသည် ဟင်နရီအား ပွဲစတင်ကတည်းက ပွဲထုတ်သင့်ခဲ့ကြောင်း ယင်းသို့ဆိုလျှင် ယခုလို ပဋိပက္ခလည်း ဖြစ်လာမည်မဟုတ်ကြောင်း၊ ဟင်နရီအနေဖြင့်လည်း မိနစ်အနည်းငယ်အတွင်း ပွဲ၏အဖြေကိုပြောင်းလဲရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်း ပရိသတ်များဘက်ကလည်း ပထမဆုံးပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုဂိုးမသွင်းနိုင်ခဲ့၍ အားမလိုအားမရဖြစ်ကာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။ (အင်တာနက်
**ဘာဘာတော့ဗ်က အသင်းဟောင်းလေဗာကူဆင်သို့ပြန်ရေး ဆွေးနွေးမည်ဟုဆို**
(မန်ချက်စတာ၊ ဇန်န၀ါရီ ၁၈)
မန်ယူတိုက်စစ်မှူး ဒီမီတာာဘာတော့ဗ်သည် ဘိုင်ယန်မြူးနစ်နှင့် အန်ဖီအသင်းတို့အား စိတ်ဝင်တစားရှိ နေစဉ်အသင်းဟောင် ဘေယာလေဗာကူဆင်အသင်းသို့ ပြန်လည်ကစားရေးနှင့် ပတ်သတ်၍ ဆွေးနွေးညှိနှိုင်းများ ပြုလုပ်လျက်ရှိကြောင်း SKY SPORTS က သတင်းဖော်ပြသည်။
ဘာဘာတော့ဗ်သည် ယခုနှစ်နွေရာသီတွင် မန်ယူနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ ပြောင်းရွှေ့ကစားရန်
ချိတ်ဆက်ထားပြီး မန်ယူအသင်းနည်းပြ ဆာအဲလက်စ်ဖာဂူဆန်၏ ပွဲထွက်ကစားခွင့် အစီအစဉ်တွင်လည်း နောက်ကောက်ကျလျက်ရှိသည်။ မန်ယူတိုက်စစ်မှူး ဘာဘာတော့ဗ်က အိုးထရက်ဖို့ဒ်မှ ထွက်ခွာရန် အစီအစဉ်မရှိကြောင်း၊ သို့သော်လည်း လေဗာကူဆင်အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ထားခဲ့ကြောင်း ဒီဇင်ဘာလအတွင်းက ပြောကြားခဲ့သည်။ (အင်တာနက်)
**ဝေလငါးကျောက်ဖြစ်ရုပ်ြဲကွင်းများကို ချီလီသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ**
(ဆန်တီယေဂို၊ ဇန်န၀ါရီ ၁၈)
သက်တမ်း နှစ်ပေါင်း ခုနစ်သန်းရှိဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းများကို ချီလီသိပ္ပံပညာရှင်များက မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇန်န၀ါရီ ၁၆ ရက် သတင်းတွင် ဖော်ပြသည်။ ချီလီနိုင်ငံ မြို့တော်ဆန်တီယေဂိုမှ မိုင် ၅၄၀ အကွာတွင် အဆိုပါ ဝေလငါးကျောက်ဖြစ်ရုပ်ဲကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ ဝေလငါး အကောင် ၈၀ ၏ ရုပ်ကြွင်းများကို နေရာတစ်နေရာတည်း၌ တစုတ၀းတွေ့ရှိရခြင်းမှာ ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယင်းသို့ တွေ့ရှိရသော နေရာကို ဒေသခံပြည်သူများက “ဝေလငါးသင်္ချိင်း” ဟု ခေါ်တွင်လျက်ရှိကြောင်း ကျောက်ဖြစ်ရုပ်ကြွှင်းကျွမ်းကျင်သူ ပညာရှင်များအဖွဲ့အမှ သုတေသီ ဂျွန်ဗီပါက ပြောကြားသည်။ အလွန်တရားထူးသော ရှာဖွေတွေ့ရှိချက်ဖြစ်သဖြင့် သုတေသနလုပ်ငန်းများကို ဆက်လက်ပြုလုပ်သွာမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ ချီလီပညာရှင်များသည် အမေရိကန်သိပ္ပွံပညာရှင်များနှင့်အတူ ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းဝေလငါးများ၊ မိကျောင်းများနှင့် လင်းပိုင်ငါးများကို အများပြည်သူတို့ လေ့လာကြည့်ရှုနိုင်ရန် အစိုးရအဖွဲ့က ပြတိုက်သစ်တစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ ၊ဧရာမောင်

No comments:
Post a Comment