ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 26, 2012

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>
**အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ် စီးရီးအေ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုရရှိ**

(မီလန်၊ ဇန်န၀ါရီ ၂၅)
အီတလီစီးရီးအေကလပ် အေစီမီလန်အသင်း တိုက်စစ်မှူးအီဘရာ ဟီမိုဗစ်သည် ၂၀၁၁ ခုနှစ်အတွက် အီတလီစီးရီးအေ၏ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆု (Oscar del calico) ကို ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းကဲ့သို့ အကောင်းဆုံးဘောလုံးသမားဆုအပြင် အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးအသင်းဆုတို့ကိုပါ ချီးမြှင့်ခဲ့ရာ အကောင်းဆုံးနည်းပြဆုကို အေစီမီလန်နည်းပြ မက်ဆီမီလီယာနိုကယ်လီဂီက ဆွတ်ခူးနိုင်ခဲ့ပြီး အကောင်းဆုံးနောက်ခံကစားသမားဆုကို အေစီမီလန်နောက်ခံလူ သီယာဂို ဆေးလ်ဗားပကင် ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်သည် အေစီမီလန်အသင်း၏ အထင်ကရနှစ်ဟုပင် သတ်မှတ်၌ ရသည်။ သို့သော် အကောင်းဆုံးအသင်းဆုကိုမှု အူဒီးနိစ်အသင်းက ဆွတ်ခူးနိုင်ခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို အူဒီးနိစ်ဂိုးသမား ဟန်ဒါနိုဗစ်က ဆွတ်ခူးနိုင်ခဲ့သည်။ (အင်တာနက်)

**မန်ယူတိုက်စစ်မှူး မိုက်ကယ်အိုဝင်ကို ချန်ပီယံရှစ်ကလပ် ဘရိုက်တန်အသင်းခေါ်ယူလို**
(လန်ဒန်၊ ဇန်န၀ါရီ ၂၄)
ချန်ပီယံရှစ်ကလပ် ဘရိုက်တန်အသင်းသည် မန်ယူတိုက်စစ်မှူး မိုက်ကယ်အိုဝင်ကို ခေါ်ယူလိုကြောင်း မန်ယူအသင်းထံ ကမ်းလှမ်းမှုပြုလုပ်ခဲ့သည်။ ဘရိုက်တန်းအသင်းက မိုက်ကယ်အိုဝင်မှာ ၄င်းတို့အအသင်းအတွက် အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

အသက် (၃၂) နှစ်အရွယ် အိုဝင်သည် ၂၀၀၉ ခုနှစ်က နယူးကာဆယ်မှ မန်ယူသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူဖြစ်သည်။ ၄င်းသည် ယခုလက်ရှိ အချိန်တွင် ဒဏ်ရာပြဿနာများဖြင့် လုံးဝမ်းနေရသည်။ ၄င်းကြံ့ခိုင်မှုပြည့်ဝနေချိန်တွင်တွင်လည်း မန်ယူတိုက်စစ်တွင် ၀ိန်းရွန်းနီ၊ ဒန်နီဝဲလ်ဘက်၊ ဂျာဗီရာဟာနန်ဒက်ဇ်နှင့် ဘာဘာတော့ဗ်တို့ရှိနေသဖြင့် ပွဲထွက်ခွင့်တစ်နေရာအတွက် မရေမရာဖြစ်နေရသည်။ အိုဝင်သည် မန်ယူသို့ရောက်ရှိပြိး နောက် ၁၈ ပွဲသာ အပြည့်အ၀ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၃၄ ပွဲတွင် လူစားလဲအဖြစ်သာ ၀င်ကစားခဲ့ရသည်။ ၄င်း၏သွင်းဂိုးစုစုပေါင်းမှာ ၁၇ ဂိုးဖြစ်သည်။ (အင်တာနက်)

**သြစတြေးလျ အိုးပင်း ဖက်ဒဲယားအကြိုဗိုလ်လုပွဲတက်**
ကမ္ဘာ့အဆင့် (၄) ရှိ ရော်ဂျာဖက်ဒဲယားသည် ဒယ်ပိုထရိုနှင့် နှစ်နာရီကြာ ကစားခဲ့ပြီးနောက် ၆-၄၊ ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဖက်ဒဲယားသည် သြစတြေးလျအိုးပင်းတွင် တစ်ပွဲမျှရှုံးပွဲမရှိဘဲ အကြိုဗိုလ်လုပွဲသို့ တက်လာခြင်းဖြစ်သည်။ ရော်ဂျာဖက်ဒဲယားသည် အကြိုဗိုလ်လုပွဲတွင် ရာဖေးလ်နာဒယ်နှင့် သောမက်ဘာဒစ်တို့ထဲမှ အနိုင်ရသူနှင့် ကစားရမည်ဖြစ်သည်။ ဖက်ဒဲယားနှင့် ရာဖေးလ်နာဒယ်တို့သည် အကြိုဗိုလ်လုပွဲတွင် ဆုံတွေ့ဖွယ်များသည်။(အင်တာနက်)

**အင်္ဂလိပ်ဟဲဗီးဝိတ်လက်ဝှေ့ပွဲဒေးဗစ်ပရိုက်စ် အလဲထိုးအနိုင်ယူ**
(လန်ဒန်၊ ဇန်န၀ါရီ ၂၄)
အင်္ဂလိပ် ဟဲဗီးဝိတ်လက်ဝှေ့ပြိုင်ပွဲကို လန်ဒန်မြို့၌ ထိုးသတ်ကြရာ လီဗာပူးမြို့သား ဒေးဗစ်ပရိုက်စ်က ပြိုင်ဘက်ဂျွန်မက်ဒါမော့အား ၇၃ စက္ကန့်အတွင်း အလဲထိုးပြီး ချန်ပီယံခါးပတ်ကိုရယူလိုက်သည်။ ဒေးဗစ်ပရိုက်စ်သည် မက်ဒါမော့ကို ပြိုင်ပွဲအဆုံးမသတ်မီ သုံးကြိမ်တိုင်တိုင်ကြမ်းပြင်သို့ထိုးချနိုင်ခဲ့သည်။ ပရိုက်စ်သည် ယင်းပွဲအနိုင်ရလိုက်သဖြင့် မန်ချက်စတာလက်ဝှေ့သမား တိုင်စန်ဖြူရိုင်းကို ဗြိတိသျှနှင့် ဓနသဟာယ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်လုပွဲအတွက် စိတ်ခေါ်လိုက်သည်။ ဖြူရိုင်းကိုလည်း မက်ဒါမော့ရဲ့ သွားရာလမ်းအတိုင်းပို့ရလိမ့်မည်ဖြစ်ကြောင်း ပရိုက်စ်က ပြောကြားသည်။ သို့သော် ဖြူရိုင်းအား ပထမအချီတွင် အလဲထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါကြောင်း ပရိုက်စ်က ဆက်လက်ပြောကြားသည်။ (အင်တာနက်)

**ဘယ်လ်ဂျီယံတင်းနစ်မယ် ကလစ္စတားကမ္ဘာ့နံပါတ်တစ်ကို အနိုင်ရ**
(မဲလ်ဘုန်း၊ ဇန်န၀ါရီ ၂၄)
အသက် ၂၈ နှစ်ရှိ ကင်လကစ္စတားသည် အသက် ၂၁ နှစ်ရှိ ဒိန်းမတ်တင်းနစ်မယ် ဝေါ့ဇ်နီယာစတီးအား ၆-၃၊ ၇-၆(၇-၄) ဖြင့်နိုင်ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သြစတြေးလျအိုးပင်းလို ကစားနေသည်ဟု ပြောကြားသော ဘယ်လ်ဂျီယံတင်းနှစ်မယ်သည် အကြိုဗိုလ်လုပွဲတွင် ဗစ်တိုရီးယားအဇာရင်ကာနှင့် ကစားရမည်ဖြစ်သည်။ စောစောပိုင်းပြိုင်ပွဲတွင် ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာက ပိုလန်နိုင်ငံမှ ရက်ဝမ်စတားအား ၆-၇၊ ၀-၇၊ ၆-၀၊ ၆-၂ ဖြင့် အနိုင်ရခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

**ပီအက်စ်ဂျီအသင်းက လမ်းပတ်အတွက် အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်ခဲ့**
(ပါရီ၊ ဇန်န၀ါရီ ၂၄)
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမားဖရန့်လမ်းပတ်အား စာချုပ်ချုပ်ဆုခေါ်ယူရန် အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်လိုက်ကြောင်း ဇန်န၀ါရီ ၂၄ ရက် သတင်းများက ဆိုသည်။ အင်္ဂလန်ကြယ်ပွင့် လက်ရှိ စတမ်းဖို့ဒ်စာချုပ်သက်တမ်းမှာ ၁၈ လကျန်ရှိနေပြီး အံ့သြဖွယ်ရာကမ်းလှမ်းမှု တစ်ခုအနေဖြင့် မန်ယူအသင်းကလည်း ကမ်းလှမ်းထားပြီးဖြစ်သည်။ ချယ်လ်ဆီးအသင်း၏ ဂိုးအများဆုံးသွင်းထားသူများစရင်းတွင် တတိယနေရာ၌ ရပ်တည်ခဲ့သော အသက် (၃၃) နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားလမ်းပတ်သည် အသင်းမန်နေဂျာ ဘိုအာ့စ်ရောက်ရှိလာချိန်မှစ၍ ခြေစွမ်းကျလာပြီး ယခုနှစ်ရာသီတွင်လည်း ချယ်လ်ဆီး၏ ပထမအသင်းတွင် နည်းပြ၏ကန့်သတ်မှုများရှိခဲ့ခြင်းကြောင့် ပျော်ရွှင်မှုမရရှိခဲ့ကြောင်း သတင်းများလည်း ပေါ်ထွက်ခဲ့သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - ဟိန်းထက်လင်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)