(ဇန်န၀ါရီ ၂၆ ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ ဘော်နီရိုကျွန်း၌ မြေကျင်းအတွင်းကျနေသော တစ်လသားအရွယ် ဆင်ထီးကလေးအား ကယ်ဆယ်နိုင်ခဲ့ ကြောင်း သိရသည်။ အဆိုပါဆင်လေးမှာ အထီးဖြစ်ပြီး ဘော်နီကျွန်းဆာဘက်ပြည်နယ်ရှိ အုန်းပင်စိုက်ခင်းတစ်ခင်းအနီး အလွန်နက်သောမြေကျင်းအတွင်း ကျရောက်နေခြင်းဖြစ်သည်။ ယခုအဖြစ်အပျက်မျိုး ကယ်ဆယ်ခဲ့မှုမှာ ၂၀၀၉ ခုနှစ်ကတည်းက စတင်ပြီး ငါးကြိမ်မြောက်ဖြစ်သည်။ ယင်းသို့ ကယ်ဆယ်မှုများအနက် သုံးကြိမ်မှာ မြေကျင်းအတွင်း၌ ဆင်လေးများ သေဆုံးနေခဲ့သည်။ ဘော်နီရိုကျွန်းသစ်တောဧရိယာအတွင်း ဆင်ရိုင်းကောင်ရေ ၂၀၀၀ ခန့် ရှိကြောင်း၊ ယင်းတို့မှာ အာရှမျိုးကွဲဆင်မျိုးများဖြစ်ကြောင်း၊ အရွယ်အစားမှာ အခြားဆင်များထက် ခန္ဓာကိုယ်အရွယ်အစားသေးငယ်ကြောင်း ၄င်းတို့က ပြောကြားသည်။(အင်တာနက်)
ဖြစ်ရပ်-၂။ ။ထိုင်း-မြန်မာနယ်စပ်မြ၀တီမြို့ ဘက်မှ ခရီးသည်တင်ကားများသည်မဲဆောက်မြို့ သို့ သွားလာသောခရီးသည်များအားမြို့ ထဲအထိ ကြို ပို့ လုပ်နေခြင်းကြောင့်မဲဆောက်မြို့ ခံခရီးသည်တင်ကားများမှာခရီးသည်ပြတ်လပ်မှုနှင့်ကြုံတွေနေရကြောင်း။ဒီကိစ္စကိုဖြေရှင်းပေးရန်အတွက်မဲဆောက်မြို့ ကခရီးသည်တင်ကားပြေးဆွဲနေသူများ၏ကိုယ်စားတပ်ခရိုင်စက်မှုလုပ်ပ်ငန်းရှင်များနှင့်ကုန်သည်
ကြီးများအသင်းမှဇန်န၀ါရီလ၂၄ရက်နေ့ တွင်မြန်မာအာဏာပိုင်များနှင့်ညှိုနှိုင်းပေးခဲ့ကြောင်းသတင်းရရှိသည်။(DVB)
(ဇန်န၀ါရီ ၂၅ ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုသာ မဲပေးကြရန်ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် မြန်မာအလုပ်သမားများအရေး ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့တဖွဲ့က လှည့်လည် စည်းရုံးနေကြောင်း သတင်းရရှိသည်။Grassroots Human Rights Education and Development (GHRED) အဖွဲ့၏ ဒါရိုက်တာ ကိုထူးချစ်က အကျဉ်းထောင်အသီးသီးမှ မကြာသေးခင်က လွတ်မြောက်လာကြသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ၀န်းရံသွားမည်ဟု သဘောထား ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကလည်း နိုင်ငံသားတဦး အနေဖြင့် ၀န်းရံပေးလိုသည့်အတွက် ယခုကဲ့သို့ လက်တွေ့လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ပြောသည်။(Irrawaddy)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ချာတူချက်ခရိုင်တွင် ဇန်န၀ါရီ ၂၄ ရက်က အိမ်တစ်လုံးမိးလောင်မှုဖြစ်ပွားရာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ကယ်ဆယ်ရင်း မီးလောင်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အသက် ၅၃ နှစ်အရွယ် နာရောင်းတန်တီဂျာတာနာနွန့်အမည်ရှိ အမျိုးသားသည် နေအိမ်မီးလောင်မှုဖြစ်ပွားသည်နှင့် ဒုတိယထပ်မှခုန်ချကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားပြီးနောက် အိမ်အတွင်း ဇနီးသည်ပိတ်မိနေခဲ့သည်ကိုသိရှိကာ မီးတောက်မီးလျှံများကြားမှ နေအိမ်အတွင်း ပြန်ဝင်ပြီးဇနီးသည်အား ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အိမ်အမိုးတန်းများပြုကျမှုနှင့် မီးလောင်မှုများခံရပြီး နရောင်းတန်တီဂျာနာမှ သေဆုံးခဲ့သည်။ ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ်ရှိ ဂျောင်ကိုလ်နေးမှာ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင်အနည်းငယ် မီးလောင်ခံရပြီး ခြေထောက်တစ်ချောင်းအရိုးကျိုးခဲ့သော်လည်း အသက်ရှင်ခဲ့သည်။ သူမအား ဘက်ဟာဗာဒီကိုဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှုခံယူစေလျက်ရှိသည်။ (အင်တာနက်)
ဖြစ်ရပ်-၃။ ။ထိုင်းနိုင်ငံအလယ်ပိုင်းဒေသဆလာဘူရီခရိုင်တွင် တရုတ်နှစ်သစ်ကူးပွဲတော်အကြိုအဖြစ် မီးလှူးမီးပန်းများဖောက်ခွဲရာမှ လူ (၄) ဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၂၄ ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်း ချင်းရိုင်ခရိုင်အတွင်းရှိ ရွာတစ်ရွာတွင် အခါလူမျိုးလူငယ် ၂ ဦးအား ထိုင်းရဲက ဖမ်းဆီးရန် ကြိုးပမ်းရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အခါ လူမျိုးလူငယ် ၂ ဦးသည် မူးယစ်ဆေးဝါးသယ်ဆောင်ရန်ကြိုးစားခဲ့ကြကြောင်း၊ ရွာသားများ၏ ကမူနတ်ဆရာလာပင့်ခြင်းဖြစ်သည်ဟုပြောဆိုကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၂၃ ရက်၊ ၂၀၁၂)
ထိုင်းနိုင်ငံဘန်ကောက်ရဲတွေ ဟာ မနေ့က ဆိုင်မိုင် ခရိုင်က အပေါ်ပိုင်းဗလာ ကျင်းထားတဲ့၊ ဟော်တယ်မယ်တွေ ရှိတဲ့ တရားမ၀င် လောင်းကစားရုံ ကို ၀င်ရောက်ရှာဖွေခဲ့ပေမဲ့ ဘာမှ မတွေ့ဘဲ ပြန်လာခဲ့ရပါတယ်။ ဒုမြို့တော်ရဲဗျူရိုအကြီးအကဲ ဆာရို့ခ်ျ ဖရွမ်ချာရုမ်းဦး ဆောင်တဲ့ အဖွဲ့ဟာ ဒုစရိုက်ရိပ်မြုံ လို့ ယုံကြည်ရတဲ့ စီးပွားရေး အဆောက်အဦကို ၀င်ရောက် စီးနင်းခဲ့ ပါတယ်။ ဒါပေမဲ့ ဘာမှ မတွေ့ခဲ့ပါဘူး။ သတင်းအရဆို ဒီအဆောက်အဦးဟာ ဒုစရိုက်ရိပ်မြုံဖြစ်ပြီး၊ ဒီအထဲမှာ အပေါ်ပိုင်း အ၀တ်ဗလာ ကျင်းထားတဲ့ မိန်းကလေးငယ်လေးတွေဟာ လောင်းကစားသမားတွေကို ဆွဲဆောင်ဖို့ စားပွဲတွေမှာ စောင့် နေရပါတယ်။ ဒီမိန်းကလေးတွေရဲဓါတ်ပုံတွေကို ပြီးခဲ့တဲ့အပတ်က အင်တာနက်ပေါ်မှာ အတော်များများ တင်ထားပါ တယ်။ ဒါပေမဲ့ ၀င်ရောက် စီးနင်းတော့ ဖျော်ရည်တွေထဲ့တဲ့ ရေခဲသေတ္တာတလုံးနဲ့ မှတ်တမ်းတင်စောင့်ကြည့် ရုပ်မြင်သံ ကြား ကင်မရာ (CCTV ) တွေပဲ တွေ့ရပြီး ဘာလောင်းကစား ပစ္စည်းမှ မတွေ့ခဲ့ပါဘူး။ ဒီအဆောက်အဦကို နှစ်သစ်ကူး တုန်းက ဖွင့်တဲ့ အထူးလောင်းကစားရုံအတွက် အသုံးပြုခဲ့တာဖြစ်ပြီး၊ နှစ်သစ်ကူးပြီးတော့ ပိတ်လိုက်ပြီလို့ စုံစမ်းစစ်ဆေး သူတွေကို ပြောပါတယ်။ ပိုင်ရှင်ကို မေးရမယ်လို့ ရဲဗိုလ်ချုပ် ဆာရို့ခ်ျက ပြောပါတယ်။(နေ့သစ်.)
(ဇန်န၀ါရီလ ၂၀ ရက်၊ ၂၀၁၂)
ပြည်ပအခြေစိုက်(ထိုင်းနိုင်ငံအခြေစိုက်) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု (FDB) တို့အား အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ဝင်များက တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ယမန်နေ့က ကမ်းလှမ်းလိုက်သည်။
မီးရထားဝန်ကြီး ဦးအောင်မင်းပါဝင်သည့် အဖွဲ့နှင့် အလွတ်သဘော ဆွေးနွေးရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးသူ ဒေါက်တာ ကျော်ရင်လှိုင်က ဆက်သွယ်လာခြင်း ဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့် လက္ခဏာဟု ယူဆကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။(Irrawaddy)
(ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၂)
ဖြစ်ရပ် ၁။ ။ ကရင်အမျိုးသားအစည်းအရုံး KNU မှ ၁၉ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် တရားဝင် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက် ဆွေးနွေးမှု စတင်ရန် ယနေ့နံနက်က နယ်စပ်မြ၀တီမြို့မှတဆင့် ကရင်ပြည်နယ် ဘားအံမြို့သို့ ထွက်ခွာသွားပြီး ဖြစ်သည်။
ဘားအံမြို့တွင် မြန်မာအစိုးရကိုယ်စားလှယ်များနှင့် သွားရောက်ဆွေးနွေးမည့် KNU အရပ်ဘက်နှင့် စစ်ဘက်ကိုယ်စားလှယ်အ ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဦးဆောင်ပြီး နှစ်ဘက်အပစ်အ ခတ် ရပ်စဲနိုင်ရေးအတွက် KNU ဘက်မှ အချက် ၁၁ချက်ကို ဆွေးနွေးတောင်းဆိုသွားမည်ဟု သိရသည်။(Irrawaddy)
ဖြစ်ရပ် ၂။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ မြန်မာသံရုံးတွင် မြန်မာအလုပ်သမား (၇၀၀) ခန့်သည် ပတ်စ်ပို့ရရှိရေးအတွက် တိုးဝှေ့ရယူကြရင်း မြန်မာအလုပ်သမတစ်ဦး မူးမေ့လဲကျသွားကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၂)
လိင်တူဆက်ဆံမှုဖြင့် တရားစွဲဆိုခံထားရသော မလေးရှားဒုတိယ၀န်ကြီးချုပ်ဟောင်း - အန်ဝါအီဗရာဟင်၏ အမှုကို အကျိုးအကြောင်းခိုင်လုံမှု မရှိဟု ဆုံးဖြတ်ကာ မလေးရှားတရားရုံးချုပ်က ယနေ့ ပလပ်လိုက်သည်။ ၂ နှစ်ကြာ စွဲဆိုလာခဲ့သောဤအမှုကို DNA (ခေါ်) မျိုးရိုးဗီဇဆိုင်ရာ အထောက်အထား ခိုင်လုံမှုမရှိဟုဆိုကာ ပလပ်ပေးလိုက်ခြင်းဖြစ်သည်။ (VOA)
ဖြစ်ရပ် ၂။ ။ ဘုရားပွဲတော် ပွဲခင်းအတွင်း ဗုံးပေါက်ကွဲခြင်းကြောင့် ၄ ဦး သေဆုံးပြီး ၅ဝ ကျော် ဒဏ်ရာ ရရှိသည့် ဖြစ်ရပ်တခု ဇန်န၀ါရီလ ၇ ရက်၊ည ၁ဝ နာရီကျော်တွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမြို့ အနန်းကွင်း ကျေးရွာ၌ ဖြစ်ပွားခဲ့သည်။
သေဆုံးသူ ၄ ဦးတွင် အသက် ၁၆ နှစ် အရွယ် ခုံခံရွာသားတဦး၊ ဝင်းခဏကျေးရွာမှ အသက် ၁ဝ နှစ်အောက် ဒုတိယတန်း ကျောင်းသူတဦးနှင့် တညင်ရွာမှ အသက် ၂ဝ ကျော် အမျိုးသမီးတဦးအပြင် အခြားကျေးရွာမှ တဦး ပါဝင်သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေ က မဇ္ဈိမကို ပြောသည်။(မဇ္ဈိမ)
(ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၂)
ယနေ့ ကျ ရောက်သော ၆၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းများတွင် ကျင်းပခဲ့ရာနေ့သစ်အလယ်တန်းကျောင်းတွင်လည်း ကျောင်း၏ ၆ နှစ်မြောက် ဖြတ်သန်းခြင်းအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို နေ့သစ်အလကနှင့် ငါတို့လမ်းသစ်အမကမှ ကျောင်းသားများပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
(မြန်မာပြည်သားသတင်းစဉ်)
(ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၂)
မလေးရှားနိုင်ငံတွင် ပညာရေးလွတ်လပ်ခွင့်ရရှိရေးအတွက် မလေးရှားတက္ကသိုလ်ကျောင်းသားထောင်ပေါင်းများစွာတို့က ဆန္ဒပြလျက်ရှိရာ ယနေ့ဆန္ဒပြပွဲ၌ ကျောင်းသား (၁၇) ဦးအား လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ (RFA)

No comments:
Post a Comment