(၀ါရှင်တန်၊ ဇန်န၀ါရီ ၂၇)
ပြင်းထန်သော နေမုန်တိုင်း (Sun Storm) တိုက်ခတ်မှုကြောင့်ပေါ်ထွက်လာသော နေစွမ်းအင်လှိုင်းများသည် ဇန်န၀ါရီ ၂၅ ရက်က ကမ္ဘာ့လေထုလွှာနှင့် ပွတ်တိုက်မိရာ နိုင်ငံတကာ၌ ပျံသန်းနေသောလေကြောင်းခရီးစဉ်များကို လမ်းကြောင်းပြောင်းကာ မောင်းနှင်ခဲ့ရကြောင်း ယနေ့သတင်းတွင် ဖော်ပြသည်။ နေမုန်တိုင်းတိုက်ခတ်မှု၏ အကျိုးဆက်တစ်ရပ်အဖြစ် အမေရိကန် ဒဲလ်တာလေကြောင်းဌာနသည် အာရှနှင့် အမေရိကန်နိုင်ငံအကြား ၀င်ရိုးစွန်းဖြတ်ကျော်ခရီးစဉ်များ၏ လေယာဉ်များကို လမ်ကြောင်း ၀င်ရိုးစွန်းဖြတ်ကျော်ခရီးစဉ်များ၏ လေယာဉ်များကို လမ်းကြောင်းပြောင်းကာ မောင်းနှင်စေခဲ့ရကြောင်း လေကြောင်းဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
**အင်ဒိုနီးရှားနှင့် သံတမန်ဆက်ဆံရေးနှစ်(၆၀)ပြည့် အိန္ဒိယသံရုံးဓာတ်ပုံပြပွဲခင်ကျင်းပြသ**
(ဂျကာတာ၊ ဇန်န၀ါရီ ၂၇)
အိန္ဒိယနှင့် အင်ဒိုနီးရှား သံတမန်ဆက်ဆံရေးထူထောင်မှုနှင့် နှစ်(၆၀)ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ၌ သံတမန်ဆက်ဆံရေးဆိုင်ရာ ရှားပါးဓာတ်ပုံများနှင့် သမိုင်းဝင်ဓာတ်ပုံများကို ခင်းကျင်းပြသထားသည်။ ပြသထားသော ဓာတ်ပုံများတွင် ၁၉၅၀ ပြည့်နှစ်နှင့် ၁၉၅၈ ခုနှစ်တို့တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သော အင်ဒိုနီးရှားသမ္မတ ဆူဟာတို၏ သမိုင်းဝင်ခရီးစဉ် မှတ်တမ်းပုံများ ပါဝင်သည်။ အလားတူပင် ၁၉၅၀ ပြည့်နှစ်တွင် အိန္ဒိယ၀န်ကြီးချုပ် ဂျပါဟာလာနေရူး အင်ဒိုနီးရှားသို့ လာရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကိုလည်း ခင်းကျင်းပြသထားသည်။ (ဆင်ဟွာ)
**ကမ္ဘာ့နိုင်ငံများ၏ ရေနံထုတ်လုပ်မှုအခြေအနေ အမေရိကန်စွမ်းအင် သတင်းအေဂျင်စီ ထုတ်ပြန်ကြေညာ**
(ဟူစတန်၊ ဇန်န၀ါရီ ၂၇)
၁၉၈၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်အကြား ကာလတွင် ကမ္ဘာ့နိုင်ငံများ၏ ရေနံစိမ်းနှင့် ဓာတ်ငွေ့ရည်ထုတ်လုပ်မှုသည် တစ်ရက်လျှင် စည်ပေါင်း ၁၄ သန်းကျော်ရှိကြောင်း ဖော်ပြပါကာလအတွင်း ရေနံထုတ်လုပ်မှု ၂၄ ရာခိုင်နှုန်း ပိုမိုတိုးတက်လာကြောင်း အမေရိကန် စွမ်းအင်လုပ်ငန်းဆိုင်ရာ သတင်းအေဂျင်စီက ဇန်န၀ါရီ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အမေရိကတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၊ အာဖရိကနှင့် အာရှတိုက်၌ ရေနံထုတ်လုပ်မှုမှာ အမြင့်ဆုံးနှုန်းဖြင့် လျင်မြန်စွာတိုးတက်ခဲ့ကြောင်း ယင်းကမ္ဘာ့ဒေသများ၏ စုစုပေါင်းရေနံစိမ့်ထုတ်လုပ်မှုသည် ၁၉၈၀ ပြည့်နှစ်တွင် ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် ၃၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အဆိုပါအေဂျင်စီ၏ အစီရင်ခံစားတွင် ဖော်ပြသည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
**နေမုန်တိုင်းတိုက်ခတ်မှုကြောင့် လေယာဉ်များ လမ်းကြောင်းပြောင်းမောင်းနှင်**

No comments:
Post a Comment