ထားလိုက်ကြပါ
ရယ်ရတာလည်းဖတ်ဖတ်ကိုမောလို့
သူ့အကြောင်းတွေးရတာနဲ့တင်
စိတ်ထဲက ကလိကလိဖြစ်တယ် . . .
ခွင့်လွတ်ကြပါ
ခွင့်လွတ်လိုက်ကြပါ
သူ့မှာ သူတပါးကိုကန့်လန်တိုက်ချင်တဲ့
ညဉ်ဆိုးလေး တစ်ခုပဲ ရှိတာမို့
အားလုံးပဲ မတ်တပ်ရပ်
ဟက်ဟက်ပက်ပက် လက်ခုပ်တီး
တိုင်းပြည်ကြီးလည်းအေးအေး
ဘေးမဲ့ပေးလိုက်ကြပါ . . .
သူ့မှာ အသိညဏ်ရှိပါတယ်
သူ မသုံးတာပါ
သူ့မှာ အတွေးအခေါ်ရှိပါရဲ့နဲ့
သူမတွေးတာပါ
သူသုံးနိုင်တဲ့အထိစောင့်ပေးကြပါ
သူတွေးနိုင်တဲ့အထိ ငြိမ်ပေးကြပါ
သူ့ကို အရမ်းစိတ်ဆိုးလာရင်
အများနဲ့မသက်ဆိုင်သောသူရုပ်ရှင်က
ခန့်စည်သူကို ပြေးမြင်လိုက်ကြပါ
ကျနော်ကိုယ်တိုင်က ခန့်စည်သူကိုတွေ့လို့
ခဏခဏ ပြုံးပြနေရတယ် . . .
တကယ်တော့လည်း
သူ့အမှားမဟုတ်ရပါဘူး
ရှင်တော်ဘုရားဟောကြားသလို
ဥပေက္ခာမထားနိုင်တဲ့
ကျနော်မျိုး တို့အမှားဆိုတော့လည်း
ဥမ္မာတကော ဥမ္မာတကောလို့
ခပ်တိုးတိုးညည်းဆိုရင်းသာ
လျှောလျှောချမိ . . .
သူ့လိုလူမျိုးတွေနဲ့ ဆုံဖန်များတော့လည်း
နားလည်လာပါ၏ . . .
မာဃလုလင်
ထားလိုက်ပါ
ထားလိုက်ကြပါ
ရယ်ရတာလည်းဖတ်ဖတ်ကိုမောလို့
သူ့အကြောင်းတွေးရတာနဲ့တင်
စိတ်ထဲက ကလိကလိဖြစ်တယ် . . .
ခွင့်လွတ်ကြပါ
ခွင့်လွတ်လိုက်ကြပါ
သူ့မှာ သူတပါးကိုကန့်လန်တိုက်ချင်တဲ့
ညဉ်ဆိုးလေး တစ်ခုပဲ ရှိတာမို့
အားလုံးပဲ မတ်တပ်ရပ်
ဟက်ဟက်ပက်ပက် လက်ခုပ်တီး
တိုင်းပြည်ကြီးလည်းအေးအေး
ဘေးမဲ့ပေးလိုက်ကြပါ . . .
သူ့မှာ အသိညဏ်ရှိပါတယ်
သူ မသုံးတာပါ
သူ့မှာ အတွေးအခေါ်ရှိပါရဲ့နဲ့
သူမတွေးတာပါ
သူသုံးနိုင်တဲ့အထိစောင့်ပေးကြပါ
သူတွေးနိုင်တဲ့အထိ ငြိမ်ပေးကြပါ
သူ့ကို အရမ်းစိတ်ဆိုးလာရင်
အများနဲ့မသက်ဆိုင်သောသူရုပ်ရှင်က
ခန့်စည်သူကို ပြေးမြင်လိုက်ကြပါ
ကျနော်ကိုယ်တိုင်က ခန့်စည်သူကိုတွေ့လို့
ခဏခဏ ပြုံးပြနေရတယ် . . .
တကယ်တော့လည်း
သူ့အမှားမဟုတ်ရပါဘူး
ရှင်တော်ဘုရားဟောကြားသလို
ဥပေက္ခာမထားနိုင်တဲ့
ကျနော်မျိုး တို့အမှားဆိုတော့လည်း
ဥမ္မာတကော ဥမ္မာတကောလို့
ခပ်တိုးတိုးညည်းဆိုရင်းသာ
လျှောလျှောချမိ . . .
သူ့လိုလူမျိုးတွေနဲ့ ဆုံဖန်များတော့လည်း
နားလည်လာပါ၏ . . .
မာဃလုလင်


No comments:
Post a Comment